COVID-19 ကြောင့် အသက်အငယ်ဆုံးသေဆုံးသူအဖြစ် ငါးလအရွယ်သမီးငယ် သေဆုံး

COVID-19 ကြောင့် အသက်အငယ်ဆုံးသေဆုံးသူအဖြစ် ငါးလအရွယ်သမီးငယ် သေဆုံး - Property News in Myanmar from iMyanmarHouse.com
25 Apr 2020 11:43 am တွင် တင်ခဲ့သည်
1692 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံ နယူးယောက်စီးတီးမြို့ရှိ မီးသတ်သမားတစ်ဦး၏ လသားသမီးငယ်လေးသည် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမမိသားစု၏ ပြောကြားချက်အရ သိရသည်။

သို့ဖြစ်ရာ သူမသည် ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူများအနက် အသက်အငယ်ဆုံးသူတစ်ဦးဖြစ်လာခဲ့ပြီဖြစ်သည်။

နယူးယောက်စီးတီးမီးသတ်သမား ဂျရယ်လာဆန်တာနှင့် ပညာရေးဘုတ်အဖွဲ့ဝန်ထမ်း လင်ဆေးလာဆန်တာတို့၏ သမီးဖြစ်သူ ငါးလအရွယ် ‌ဂျေးနာတာလီသည် ဧပြီ ၂၀ တွင် မကွယ်လွန်မီ ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက် တစ်လကြာ ကုသမှုခံယူခဲ့သည်။

Hispanic Society of FDNY ၏ ဥက္ကဋ္ဌ ဟိုဆေးပရော့စ်ပါက သူမ၏ကွယ်လွန်မှုကို ဖေ့စ်ဘွတ်မှတစ်ဆင့် ကြေညာပေးခဲ့သည်။

သူမ၏အဖေသည် သူမကိုမွေးသည့်လတွင်ပင် မီးသတ်သမားတစ်ဦးဖြစ်လာခဲ့ခြင်းဖြစ်သဖြင့် သူမအား “စစ်သည်တော်နတ်သမီး” ဟု ချစ်စနိုးခေါ်ဝေါ်ခဲ့ကြောင်း ပရော့စပါက ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။

ဂျေးနာတာလီသည် မတ် ၂၁ တွင် ကိုယ်ပူအဖျားတက်ခဲ့သဖြင့် သူမ၏မိဘများက သူမအား Bronx ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သူမ၏အဘွားဖြစ်သူ ဝမ်ဒါလာဆန်တာက စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ်သည် နှလုံးပိုင်းဆိုင်ရာ အားနည်းသဖြင့် မိဘများက သူမ၏ကျန်းမာရေးအတွက် နဂိုကတည်းက စိုးရိမ်ခဲ့ကြသည်။

သူမသည် ဆေးရုံ၌ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး သူမနံဘေး သူမ၏မိဘများ တစ်ချိန်လုံးရှိခဲ့ကြကြောင်း သူမ၏အဘွားဖြစ်သူက ပြောကြားခဲ့သည်။ သူမသည် မိဘများအတွက် သားဦးဖြစ်ကာ အဘွားဖြစ်သူအတွက် မြေးဦးဖြစ်သည်။

သူမ၏အဆုတ်ထဲရှိ အရည်များ ကင်းစင်သွားခဲ့ပြီး အခြေအနေတိုးတက်ကောင်းမွန်ခဲ့သည့် အခိုက်အတန့်ရှိခဲ့သဖြင့် သူမမိသားစုမှာ သူမပြန်လည်ကျန်းမာအသက်ရှင်ရန် မျှော်လင့်ချက်ရှိခဲ့ကြသည်။

သို့သော်လည်း သူမသည် ရုတ်တရက်နှလုံးရပ်တန့်သွားခဲ့ပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သူမမိသားစုအား သူမ၏ဆေးရုံစရိတ်ကူညီပေးရန် ဖခင်ဖြစ်သူ၏အဒေါ် ဒန်နီယယ်လာဆန်တာက အလှူငွေတောင်းခံသည့်အွန်လိုင်းစာမျက်နှာတစ်ခု ဖွင့်လှစ်ခဲ့သည်။ ကောက်ခံရရရှိသည့် အလှူငွေပမာဏသည် ဒေါ်လာ ၄၁,၀၀၀ ရှိခဲ့ပြီး မှန်းထားသည်ထက် လေးဆကျော်ပိုမိုခဲ့သည်။

သူမ၏မိသားစုက ဆေးရုံစရိတ်ကို သူတို့၏အာမခံငွေဖြင့် ရှင်း၍လုံလောက်သည်ကို သိရှိခဲ့ပြီးနောက် အလှူငွေအချို့ကို သူမ၏နာရေးစရိတ်အတွက် အသုံးပြုမည်ဖြစ်သည်။

ကျန်ငွေများကို သူမမွေးကင်းစတုန်းက မွေးဖွား၊ ပို့ဆောင်ခံခဲ့ရသည့် Montefiore ရှိ ကလေးဆေးရုံနှင့် အဲလ်ဘတ်အိုင်းစတိုင်းမွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်တို့သို့လှူဒါန်းမည်ဖြစ်သည်။

ဂျေးနာတာလီသည် ယခုလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သည့် ဒုတိယ‌မြောက်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်းတစ်ဦး၏ ကလေးဖြစ်သည်။

အမေရိကန်၌ပင် ဒဲထရိုက်မြို့တွင်လည်း အသက် ၅ နှစ်ရှိ မိန်းကလေးတစ်ဦးသည် ထိုဗိုင်းရပ်စ်ကြောင့်ပင် ယခုလအတွင်း သေဆုံးခဲ့သည်။ သူမ၏မိခင်သည် ဒဲထရိုက်မြို့ရဲတပ်ဖွဲ့တွင် ရဲအရာရှိတစ်ဦးအဖြစ်၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်လာခဲ့ပြီး သူမ၏ဖခင်မှာလည်း ထိုမြို့တွင် မီးသတ်သမားတစ်ဦးအဖြစ် ၁၈ နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အမေရိကန်တွင် ဧပြီ ၂ အထိ ထိုဗိုင်းရပ်စ်ကြောင့် အသက် ၁ နှစ်မှ ၁၄ နှစ်အကြား ကလေးသုံးဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ကာကွယ်တားဆီးရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The 5-month-old daughter of a New York firefighter dies from coronavirus (CNN)

[Zawgyi]

COVID-19 ေၾကာင့္ အသက္အငယ္ဆုံးေသဆုံးသူအျဖစ္ ငါးလအ႐ြယ္သမီးငယ္ ေသဆုံး

အေမရိကန္ႏိုင္ငံ နယူးေယာက္စီးတီးၿမိဳ႕ရွိ မီးသတ္သမားတစ္ဦး၏ လသားသမီးငယ္ေလးသည္ ကို႐ိုနာဗိုင္းရပ္စ္ျဖင့္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သူမမိသားစု၏ ေျပာၾကားခ်က္အရ သိရသည္။

သို႔ျဖစ္ရာ သူမသည္ ထိုဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူမ်ားအနက္ အသက္အငယ္ဆုံးသူတစ္ဦးျဖစ္လာခဲ့ၿပီျဖစ္သည္။

နယူးေယာက္စီးတီးမီးသတ္သမား ဂ်ရယ္လာဆန္တာႏွင့္ ပညာေရးဘုတ္အဖြဲ႕ဝန္ထမ္း လင္ေဆးလာဆန္တာတို႔၏ သမီးျဖစ္သူ ငါးလအ႐ြယ္ ‌ေဂ်းနာတာလီသည္ ဧၿပီ ၂၀ တြင္ မကြယ္လြန္မီ ေဆး႐ုံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအတြက္ တစ္လၾကာ ကုသမႈခံယူခဲ့သည္။

Hispanic Society of FDNY ၏ ဥကၠ႒ ဟိုေဆးပေရာ့စ္ပါက သူမ၏ကြယ္လြန္မႈကို ေဖ့စ္ဘြတ္မွတစ္ဆင့္ ေၾကညာေပးခဲ့သည္။

သူမ၏အေဖသည္ သူမကိုေမြးသည့္လတြင္ပင္ မီးသတ္သမားတစ္ဦးျဖစ္လာခဲ့ျခင္းျဖစ္သျဖင့္ သူမအား “စစ္သည္ေတာ္နတ္သမီး” ဟု ခ်စ္စႏိုးေခၚေဝၚခဲ့ေၾကာင္း ပေရာ့စပါက ေဖ့စ္ဘြတ္တြင္ ေရးသားခဲ့သည္။

ေဂ်းနာတာလီသည္ မတ္ ၂၁ တြင္ ကိုယ္ပူအဖ်ားတက္ခဲ့သျဖင့္ သူမ၏မိဘမ်ားက သူမအား Bronx ေဆး႐ုံတစ္႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သူမ၏အဘြားျဖစ္သူ ဝမ္ဒါလာဆန္တာက စီအင္န္အင္န္သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ကေလးငယ္သည္ ႏွလုံးပိုင္းဆိုင္ရာ အားနည္းသျဖင့္ မိဘမ်ားက သူမ၏က်န္းမာေရးအတြက္ နဂိုကတည္းက စိုးရိမ္ခဲ့ၾကသည္။

သူမသည္ ေဆး႐ုံ၌ပင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ၿပီး သူမနံေဘး သူမ၏မိဘမ်ား တစ္ခ်ိန္လုံးရွိခဲ့ၾကေၾကာင္း သူမ၏အဘြားျဖစ္သူက ေျပာၾကားခဲ့သည္။ သူမသည္ မိဘမ်ားအတြက္ သားဦးျဖစ္ကာ အဘြားျဖစ္သူအတြက္ ေျမးဦးျဖစ္သည္။

သူမ၏အဆုတ္ထဲရွိ အရည္မ်ား ကင္းစင္သြားခဲ့ၿပီး အေျခအေနတိုးတက္ေကာင္းမြန္ခဲ့သည့္ အခိုက္အတန႔္ရွိခဲ့သျဖင့္ သူမမိသားစုမွာ သူမျပန္လည္က်န္းမာအသက္ရွင္ရန္ ေမွ်ာ္လင့္ခ်က္ရွိခဲ့ၾကသည္။

သို႔ေသာ္လည္း သူမသည္ ႐ုတ္တရက္ႏွလုံးရပ္တန႔္သြားခဲ့ၿပီး ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။

သူမမိသားစုအား သူမ၏ေဆး႐ုံစရိတ္ကူညီေပးရန္ ဖခင္ျဖစ္သူ၏အေဒၚ ဒန္နီယယ္လာဆန္တာက အလႉေငြေတာင္းခံသည့္အြန္လိုင္းစာမ်က္ႏွာတစ္ခု ဖြင့္လွစ္ခဲ့သည္။ ေကာက္ခံရရရွိသည့္ အလႉေငြပမာဏသည္ ေဒၚလာ ၄၁,၀၀၀ ရွိခဲ့ၿပီး မွန္းထားသည္ထက္ ေလးဆေက်ာ္ပိုမိုခဲ့သည္။

သူမ၏မိသားစုက ေဆး႐ုံစရိတ္ကို သူတို႔၏အာမခံေငြျဖင့္ ရွင္း၍လုံေလာက္သည္ကို သိရွိခဲ့ၿပီးေနာက္ အလႉေငြအခ်ိဳ႕ကို သူမ၏နာေရးစရိတ္အတြက္ အသုံးျပဳမည္ျဖစ္သည္။

က်န္ေငြမ်ားကို သူမေမြးကင္းစတုန္းက ေမြးဖြား၊ ပို႔ေဆာင္ခံခဲ့ရသည့္ Montefiore ရွိ ကေလးေဆး႐ုံႏွင့္ အဲလ္ဘတ္အိုင္းစတိုင္းေမြးကင္းစကေလးအထူးၾကပ္မတ္ကုသေဆာင္တို႔သို႔လႉဒါန္းမည္ျဖစ္သည္။

ေဂ်းနာတာလီသည္ ယခုလအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့သည့္ ဒုတိယ‌ေျမာက္အေရးေပၚကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္းတစ္ဦး၏ ကေလးျဖစ္သည္။

အေမရိကန္၌ပင္ ဒဲထ႐ိုက္ၿမိဳ႕တြင္လည္း အသက္ ၅ ႏွစ္ရွိ မိန္းကေလးတစ္ဦးသည္ ထိုဗိုင္းရပ္စ္ေၾကာင့္ပင္ ယခုလအတြင္း ေသဆုံးခဲ့သည္။ သူမ၏မိခင္သည္ ဒဲထ႐ိုက္ၿမိဳ႕ရဲတပ္ဖြဲ႕တြင္ ရဲအရာရွိတစ္ဦးအျဖစ္၂၅ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္လာခဲ့ၿပီး သူမ၏ဖခင္မွာလည္း ထိုၿမိဳ႕တြင္ မီးသတ္သမားတစ္ဦးအျဖစ္ ၁၈ ႏွစ္ ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။

အေမရိကန္တြင္ ဧၿပီ ၂ အထိ ထိုဗိုင္းရပ္စ္ေၾကာင့္ အသက္ ၁ ႏွစ္မွ ၁၄ ႏွစ္အၾကား ကေလးသုံးဦး ေသဆုံးခဲ့ၿပီးျဖစ္ေၾကာင္း အေမရိကန္ကူးစက္ေရာဂါထိန္းခ်ဳပ္ကာကြယ္တားဆီးေရးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The 5-month-old daughter of a New York firefighter dies from coronavirus (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service