နယူးယောက်မှပြန်လာသော ကျောင်းသားတစ်ဦးမှတဆင့် လူပေါင်း ၇၀ ကျော်ထံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီးနောက် တရုတ်ပြည်အရှေ့မြောက်ပိုင်းရှိ လူဦးရေ ၁၀ သန်းကျော်နေထိုင်သော ပြည်နယ်မြို့တော်ကြီးကို lockdown ချလိုက်ရပြီ

နယူးယောက်မှပြန်လာသော ကျောင်းသားတစ်ဦးမှတဆင့် လူပေါင်း ၇၀ ကျော်ထံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီးနောက် တရုတ်ပြည်အရှေ့မြောက်ပိုင်းရှိ လူဦးရေ ၁၀ သန်းကျော်နေထိုင်သော ပြည်နယ်မြို့တော်ကြီးကို lockdown ချလိုက်ရပြီ - Property News in Myanmar from iMyanmarHouse.com
24 Apr 2020 12:14 pm တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်အရှေ့မြောက်ပိုင်း ဟိုင်လောင်ကျန်းပြည်နယ် (Heilongjiang) ၏ မြို့တော် ဟာဘင် (Harbin) တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုအသစ်တစ်ခု ပေါ်ပေါက်နေကြောင်း တွေ့ရှိလိုက်ရပြီးနောက် ကြမ်းတမ်းသော ကိုင်တွယ်စီမံမှုများ ပြုလုပ်လာသည်။

ဟာဘင်မြို့တော်တွင် လူပေါင်း ၄၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ၇၀ မှာ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် နယူးယောက်မှ ပြန်လာသော ကျောင်းသားတစ်ဦးမှတဆင့် ဟာဘင်မြို့သို့ ကူးစက်ခံခဲ့ရသည့် imported case ဖြစ်ကြောင်း ယုံကြည်ရသည်ဟု သတင်းမီဒီယာတို့တွင် ဖော်ပြသည်။

ဟာဘင်သည် လူဦးရေ ၁၀ သန်းဝန်းကျင်နေထိုင်သော မြို့ကြီးဖြစ်ပြီး ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဟိုင်လောင်ကျန်း ပြည်နယ်၏ မြို့တော်ဖြစ်သည့်အပြင် ပြည်နယ်အတွင်း အကြီးမားဆုံးမြို့ကြီးလည်းဖြစ်သည်။

ဟာဘင်းမြို့တွင် လူစုလူဝေးများ ပြုလုပ်ခြင်းကို အာဏာပိုင်တို့က တားမြစ်လိုက်ပြီး ဒေသခံမဟုတ်သော လည်ပတ်သူများနှင့် ယာဉ်များကို အနီးကပ်စစ်ဆေးစောင့်ကြည့်ရန် အမိန့်ထုတ်ထားသည်။

မြို့တော်အတွင်း သွားလာနေသူများကို စောင့်ကြည့်ရန်အတွက် လေဆိပ်နှင့် ရထားဘူတာရုံများတွင် စစ်ဆေးရေးဂိတ်များ ထားရှိလိုက်ပြီ ဖြစ်သည်။

ယခင်က ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားရာ ဗဟိုချက်ဖြစ်ခဲ့သော ဝူဟန်မြို့တွင် အပြင်းအထန်နာမကျန်းဖြစ်နေသူ ၂ ဦးသာရှိတော့ကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်း ဟာဘင်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အတည်ပြုလူနာများ၊ သံသယရှိသူများ၊ ရောဂါလက္ခဏာမပြသူများနှင့် ၎င်းတို့နှင့်အနီးကပ်ထိတွေ့ခဲ့သူအားလုံးကို တင်းကြပ်သည့် quarantine အစီအမံအောက်တွင် ထားရှိမည် ဖြစ်သည်။

အဆောက်အအုံတစ်ခုတည်းတွင် နေထိုင်သော အိမ်နီးချင်းအားလုံးကိုလည်း ရက်သတ္တ ၂ ပတ်ကြာ နေအိမ်တွင် သီးခြားနေထိုင်စေမည် ဖြစ်ပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်သွားမည် ဖြစ်သည်။

နေအိမ် quarantine ချမှတ်ခံရသူတို့သည် တရုတ်ပြည်တွင် စစ်ဆေးနေသည့် စစ်ဆေးမှုတစ်ခုဖြစ်သော nucleic acid စစ်ဆေးမှု (ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးခြင်း) ၂ ကြိမ်ခံယူရမည့်အပြင် ရောဂါကာကွယ်သော ပဋိပစ္စည်း ရှိ၊ မရှိ ( ယခင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း) စစ်ဆေးမှု ၁ ကြိမ်ခံယူရမည်ဟု ဆိုသည်။

မိသားစုအမည် ဆန်ဟု ခေါ်သည့် အသက် ၃၄ နှစ်အရွယ် ဟာဘင်မြို့သူတစ်ဦးက ပြောကြားရာတွင် “ကျွန်မက သမီးနဲ့ မိဘတွေကို အပြင်ခေါ်မသွားတော့ဘူး။ အစားအစာ၊ ဟင်းသီးဟင်းရွက်လိုချင်ရင် ယောကျ်ားဖြစ်သူ အိမ်အပြန်မှာ တစ်ခါတည်း ဝယ်လာခဲ့ဖို့ မှာလိုက်ပါတယ်။ ဘယ်သူဖြစ်ဖြစ် အပြင်ထွက်ရမယ်ဆိုရင် ရောဂါပိုးတွေ ပြန်ပါမလာစေဖို့အတွက် ဖိနပ်တွေကို တံခါးအပြင်ဘက်မှာပဲ ချွတ်ခိုင်းပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China puts a city of 10 million 'on lockdown' to curb a new coronavirus outbreak after a student returning from New York 'infected more than 70' (dailymail)

[Zawgyi]

နယူးေယာက္မွျပန္လာေသာ ေက်ာင္းသားတစ္ဦးမွတဆင့္ လူေပါင္း ၇၀ ေက်ာ္ထံ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရျပီးေနာက္ တရုတ္ျပည္အေရွ ႔ေျမာက္ပိုင္းရွိ လူဦးေရ ၁၀ သန္းေက်ာ္ေနထိုင္ေသာ ျပည္နယ္ျမိဳ ႔ေတာ္ၾကီးကို lockdown ခ်လိုက္ရျပီ

တရုတ္ျပည္အေရွ ႔ေျမာက္ပိုင္း ဟိုင္ေလာင္က်န္းျပည္နယ္ (Heilongjiang) ၏ ျမိဳ ႔ေတာ္ ဟာဘင္ (Harbin) တြင္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈအသစ္တစ္ခု ေပၚေပါက္ေနေၾကာင္း ေတြ႔ရွိလိုက္ရျပီးေနာက္ ၾကမ္းတမ္းေသာ ကိုင္တြယ္စီမံမႈမ်ား ျပဳလုပ္လာသည္။

ဟာဘင္ျမိဳ ႔ေတာ္တြင္ လူေပါင္း ၄၀၀၀ ေက်ာ္ကို ကိုရိုနာဗိုင္းရပ္စ္သံသယျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာတြင္ ၇၀ မွာ ေရာဂါကူးစက္ခံထားရေၾကာင္း ေတြ႔ရွိခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္သည္ နယူးေယာက္မွ ျပန္လာေသာ ေက်ာင္းသားတစ္ဦးမွတဆင့္ ဟာဘင္ျမိဳ ႔သို႔ ကူးစက္ခံခဲ့ရသည့္ imported case ျဖစ္ေၾကာင္း ယံုၾကည္ရသည္ဟု သတင္းမီဒီယာတို႔တြင္ ေဖာ္ျပသည္။

ဟာဘင္သည္ လူဦးေရ ၁၀ သန္းဝန္းက်င္ေနထိုင္ေသာ ျမိဳ ႔ၾကီးျဖစ္ျပီး ရုရွားႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနေသာ ဟိုင္ေလာင္က်န္း ျပည္နယ္၏ ျမိဳ ႔ေတာ္ျဖစ္သည့္အျပင္ ျပည္နယ္အတြင္း အၾကီးမားဆံုးျမိဳ ႔ၾကီးလည္းျဖစ္သည္။

ဟာဘင္းျမိဳ ႔တြင္ လူစုလူေဝးမ်ား ျပဳလုပ္ျခင္းကို အာဏာပိုင္တို႔က တားျမစ္လိုက္ျပီး ေဒသခံမဟုတ္ေသာ လည္ပတ္သူမ်ားႏွင့္ ယာဥ္မ်ားကို အနီးကပ္စစ္ေဆးေစာင့္ၾကည့္ရန္ အမိန္႔ထုတ္ထားသည္။

ျမိဳ ႔ေတာ္အတြင္း သြားလာေနသူမ်ားကို ေစာင့္ၾကည့္ရန္အတြက္ ေလဆိပ္ႏွင့္ ရထားဘူတာရံုမ်ားတြင္ စစ္ေဆးေရးဂိတ္မ်ား ထားရွိလိုက္ျပီ ျဖစ္သည္။

ယခင္က ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားရာ ဗဟိုခ်က္ျဖစ္ခဲ့ေသာ ဝူဟန္ျမိဳ ႔တြင္ အျပင္းအထန္နာမက်န္းျဖစ္ေနသူ ၂ ဦးသာရွိေတာ့ေၾကာင္း ေၾကညာလိုက္ျပီးေနာက္ပိုင္း ဟာဘင္တြင္ ဗိုင္းရပ္စ္ပ်ံ ႔ႏွံ႔မႈ ေပၚေပါက္လာျခင္း ျဖစ္သည္။

အတည္ျပဳလူနာမ်ား၊ သံသယရွိသူမ်ား၊ ေရာဂါလကၡဏာမျပသူမ်ားႏွင့္ ၎တို႔ႏွင့္အနီးကပ္ထိေတြ႔ခဲ့သူအားလံုးကို တင္းၾကပ္သည့္ quarantine အစီအမံေအာက္တြင္ ထားရွိမည္ ျဖစ္သည္။

အေဆာက္အအံုတစ္ခုတည္းတြင္ ေနထိုင္ေသာ အိမ္နီးခ်င္းအားလံုးကိုလည္း ရက္သတၱ ၂ ပတ္ၾကာ ေနအိမ္တြင္ သီးျခားေနထိုင္ေစမည္ ျဖစ္ျပီး ၂၄ နာရီပတ္လံုး ေစာင့္ၾကည့္သြားမည္ ျဖစ္သည္။

ေနအိမ္ quarantine ခ်မွတ္ခံရသူတို႔သည္ တရုတ္ျပည္တြင္ စစ္ေဆးေနသည့္ စစ္ေဆးမႈတစ္ခုျဖစ္ေသာ nucleic acid စစ္ေဆးမႈ (ကိုရိုနာဗိုင္းရပ္စ္ရွိ၊ မရွိ စစ္ေဆးျခင္း) ၂ ၾကိမ္ခံယူရမည့္အျပင္ ေရာဂါကာကြယ္ေသာ ပဋိပစၥည္း ရွိ၊ မရွိ ( ယခင္က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရျခင္း ရွိ၊ မရွိ စစ္ေဆးျခင္း) စစ္ေဆးမႈ ၁ ၾကိမ္ခံယူရမည္ဟု ဆိုသည္။

မိသားစုအမည္ ဆန္ဟု ေခၚသည့္ အသက္ ၃၄ ႏွစ္အရြယ္ ဟာဘင္ျမိဳ ႔သူတစ္ဦးက ေျပာၾကားရာတြင္ “ကၽြန္မက သမီးနဲ႔ မိဘေတြကို အျပင္ေခၚမသြားေတာ့ဘူး။ အစားအစာ၊ ဟင္းသီးဟင္းရြက္လိုခ်င္ရင္ ေယာက်္ားျဖစ္သူ အိမ္အျပန္မွာ တစ္ခါတည္း ဝယ္လာခဲ့ဖို႔ မွာလိုက္ပါတယ္။ ဘယ္သူျဖစ္ျဖစ္ အျပင္ထြက္ရမယ္ဆိုရင္ ေရာဂါပိုးေတြ ျပန္ပါမလာေစဖို႔အတြက္ ဖိနပ္ေတြကို တံခါးအျပင္ဘက္မွာပဲ ခၽြတ္ခိုင္းပါတယ္” ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China puts a city of 10 million 'on lockdown' to curb a new coronavirus outbreak after a student returning from New York 'infected more than 70' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service