Covid-19 ကြောင့် အသက် ၃၀ နှင့် ၄၀ ကြား လူလတ်ပိုင်းများတွင် လေဖြတ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဆရာဝန်တို့ ပြောကြား
Covid-19 ကြောင့် အသက် ၃၀ နှင့် ၄၀ ကြား လူလတ်ပိုင်းများတွင် လေဖြတ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဆရာဝန်တို့ ပြောကြား - Property News in Myanmar from iMyanmarHouse.com
23 Apr 2020 1:15 pm တွင် တင်ခဲ့သည်
1512 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော်လည်း ပြင်းထန်သည့်ရောဂါလက္ခဏာ မခံစားရသော အသက် ၃၀ မှ ၄၀ ကြားအရွယ်များတွင် ရုတ်တရက်လေဖြတ်ခြင်းများ ပေါ်ပေါက်နေကြောင်း ဆရာဝန်တို့က ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သွေးအတွင်းတွင် မူမမှန်သော သွေးခဲခြင်းပေါ်ပေါက်ရာမှ အခြေပြုကာ အကျိုးဆက်အားဖြင့် လေဖြတ်ခြင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နယူးယောက်မြို့၊ Mount Sinai Health အာရုံကြောခွဲစိတ်သမားတော်ကြီး ဒေါက်တာ Thomas Oxley နှင့်အဖွဲ့က ၎င်းတို့ကုသမှုပေးခဲ့သည့် လူနာ ၅ ဦး၏ အချက်အလက်များကို ချပြခဲ့ကြသည်။
အဆိုပါလူနာအားလုံးသည် အသက် ၅၀ အောက်ဖြစ်ပြီး covid-19 မပြင်းထန်သည့်ရောဂါလက္ခဏာရှိသူနှင့် ရောဂါလက္ခဏာမရှိသူများ သာ ဖြစ်သည်။
“ဗိုင်းရပ်စ်ကြောင့် ကြီးမားတဲ့ သွေးလွှတ်ကြောတွေထဲမှာ သွေးခဲမှုတွေ မြင့်တက်လာစေပုံရပါတယ်။ သတင်းတွေမှာဆိုရင်လည်း လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ငယ်ရွယ်တဲ့လူနာတွေမှာ ရုတ်တရက်လေဖြတ်တာတွေ ၇ ဆလောက်ရှိလာနေတယ်ဆိုတာ ပြသနေတယ်။ ဒီလိုလူနာတွေရဲ့ အများစုဟာ အရင်က ရောဂါကြီးကြီးမားမားမရှိသူများဖြစ်ပါတယ်” ဟု ဒေါက်တာ Oxley က CNN သို့ ပြောကြားသည်။
ငယ်ငယ်ရွယ်ရွယ်ဖြင့် လေဖြတ်ခြင်းမှာ ပုံမှန်အားဖြင့် ဖြစ်လေ့ဖြစ်ထမရှိချေ။ အထူးသဖြင့် ဦးနှောက်သွေးကြောကြီးများတွင် လေဖြတ်ခြင်းမျိုး ဖြစ်သည်။
လူနာတစ်ဦးမှာ သေဆုံးခဲ့ပြီး အခြားသူတို့မှာ ပြန်လည်ထူထောင်ရေးဌာနများ၊ အထူးကြပ်မတ်ကုသဆောင်နှင့် လေဖြတ်လူနာဌာန တို့တွင် ရှိနေကြောင်း၊ တစ်ဦးသာလျှင် အိမ်ပြန်သွားနိုင်ပြီး အဆိုပါတစ်ဦးမှာလည်း အထူးဂရုစိုက် စောင့်ရှောက်မှုပေးရန် လိုအပ်ဦးမည် ဖြစ်ကြောင်း ဒေါက်တာ Oxley က ပြောကြားသည်။
“သွေးကြောကြီးတွေမှာ သွေးခဲပြီး လေဖြတ်တဲ့လူနာတွေမှာ ပြင်းထန်တဲ့ထိခိုက်မှုတွေ ရင်ဆိုင်ရပါတယ်။ သွေးခဲမှု ပိုမိုကြီးမားစွာ ကြုံရတာကို ပြပါတယ်။”
သွေးလည်ပတ်မှု ရပ်ဆိုင်းခြင်းဖြစ်ပေါ်လျှင် ဦးနှောက်ထဲမှ ဆဲလ်များသေဆုံးပြီး သွေးကြောပိတ်ဆို့မှု ကြာရှည်လေလေ ဦးနှောက်တွင် ထိခိုက်မှု ကြီးမားလေလေ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းကုသမှုပေးရန် အရေးကြီးသည်။
“သွေးကြောကြီးတွေကြောင့်လေဖြတ်မှုကို အကောင်းဆုံးကုသမှုကတော့ သွေးခဲနေတာတွေကို ဖယ်ရှားဖို့ပါပဲ။ ဒါပေမယ့် ၆ နာရီအတွင်း၊ တခါတရံမှာ ၂၄ နာရီအတွင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ Oxley က ပြောကြားသည်။
ဒေါက်တာ Oxley က ၎င်းတို့အဖွဲ့အနေဖြင့် ပြည်သူများကို ပြောကြားလိုသည်မှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာများကို မိမိတို့ကိုယ်တိုင် စောင့်ကြည့်နေပြီး အရေးပေါ်ဌာနသို့ ဖုန်းဆက်ရန်နှင့် လေဖြတ်မည့်လက္ခဏာများ ပြသပါကလည်း ဖုန်းခေါ်ရန် အကြံပြုထားသည်။
“လက်ရှိအချိန်အထိတော့ ပြည်သူတွေကို အကြံပေးနေကြတာက အသက်ရှူရခက်လာရင် (ဒါမှမဟုတ်) အဖျားကြီးလာရင် လူနာတင်ယာဉ်ခေါ်ဖို့ အကြံပေးတာမျိုးပဲရှိပါတယ်”
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Covid-19 causes sudden strokes in young adults, doctors say (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service