ဒေါ်နယ်ထရမ့်က ဟားဘတ်တက္ကသိုလ်သို့ပေးအပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ငွေ ပြန်ပေးရန်တောင်းရာ တက္ကသိုလ်က လက်မခံ

ဒေါ်နယ်ထရမ့်က ဟားဘတ်တက္ကသိုလ်သို့ပေးအပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ငွေ ပြန်ပေးရန်တောင်းရာ တက္ကသိုလ်က လက်မခံ - Property News in Myanmar from iMyanmarHouse.com
23 Apr 2020 1:01 pm တွင် တင်ခဲ့သည်
2534 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟားဘတ်တက္ကသိုလ်သို့ ပေးအပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာလထောက်ပံ့ငွေများကို အစိုးရသို့ ပြန်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုမှုကို တက္ကသိုလ်က ငြင်းပယ်လိုက်သည်။

CARES Act ဥပဒေဖြင့် အဆင့်မြင့်ပညာစီမံကိန်းတစ်ခုဖြင့် ၇ရှိလာသော အဆိုပါငွေများကို ထိန်းသိမ်းထားပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် ငွေကြေးအခက်ကြုံရသည့် ကျောင်းသားများကို တိုက်ရိုက်ထောက်ပံ့မှုများပေးရန် အသုံးပြုလျက်ရှိသည်။

ဟားဘတ်တက္ကသိုလ်သည် အစိုးရထံမှငွေများကို ရယူနေကြောင်း စွပ်စွဲလိုက်ပြီး အဆိုပါငွေများ ပြန်ပေးရန် ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့သည်။

CARES Act ဥပဒေဖြင့် စီစဉ်ခဲ့သော Paycheck Protection Program –PPP ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ်ကာလ ချေးငွေပေးမည့် အစီအစဉ်ကို စေ့စပ်စွာ စစ်ဆေးခြင်းများ ဖြစ်ပေါ်နေချိန်တွင် ဟားဘတ်တက္ကသိုလ်သို့ ထောက်ပံ့ငွေကိစ္စ အငြင်းပွားမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

(PPP သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် ဘဏ္ဍာရေးထိခိုက်နေသည့် စီးပွားရေးလုပ်ငန်းငယ်များ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ နှင့် အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းမျှဖြင့် ၃၄၉ ဘီလီယံ ချေးငွေပေးမည့်စီမံကိန်း ဖြစ်သည်။ ဝန်ထမ်းအင်အားနှင့် လစာကို ထိန်းထားပေးနိုင်မည်ဆိုပါက အတိုးမပေးရန် တစိတ်တပိုင်း (သို့) အပြည့်အဝ ခွင့်လွှတ်နိုင်သည်ဟု ဆိုသည်။)

ဟားဘတ်တက္ကသိုလ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် အဆိုပါထောက်ပံ့ငွေသည် PPP စီမံကိန်းမှလာသည့်ငွေမဟုတ်ဘဲ CARES Act ၏ အဆင့်မြင့်ပညာရေးအရေးပေါ် ကုစားရေးရန်ပုံငွေမှ လာခြင်းသာဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေဖြင့် တက္ကသိုလ်နှင့် ကောလိပ်များစွာကို ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဟားဘတ်တက္ကသိုလ်ဟာ အမေရိကန်အသေးစားလုပ်ငန်းများအုပ်ချုပ်ရေးအဖွဲ့ (SBA) က အသေးစားလုပ်ငန်းတွေကိုပေးတဲ့ PPP ချေးငွေအစီအစဉ်ကို လျှောက်ထားခဲ့ခြင်းမရှိသလို မည်သည့်ငွေကြေးမှလည်း ရယူခဲ့တာမရှိပါဘူး” ဟု ဟားဘတ်တက္ကသိုလ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Jason Newton က ပြောကြားသည်။

Newton က ဆက်လက်ပြောကြားရာတွင် အခြားတက္ကသိုလ်နှင့် ကောလိပ်အများစုနည်းတူ ဟားဘတ်တက္ကသိုလ်သည်လည်း အဆင့်မြင့်ပညာရေး အရေးပေါ်ကုစားရေးရန်ပုံငွေ (HEERF) မှတဆင့် ထောက်ပံ့ငွေရရှိခဲ့ကြောင်း ပြောကြားသည်။ HEERF ရန်ပုံငွေသည် ကန်ဒေါ်လာ ၁၄ ဘီလီယံရှိပြီး တက္ကသိုလ်များကို ထောက်ပံ့ကူညီမည့် ရန်ပုံငွေ ဖြစ်သည်။

CARES Act ဥပဒေပြဌာန်းချက်အရ ယခုပေးအပ်သည့် ထောက်ပံ့ငွေ၏ ၅၀ ရာခိုင်နှုန်းကို ကျောင်းသားများအား တိုက်ရိုက်ထောက်ပံ့ငွေအဖြစ် ပေးအပ်ရမည်ဟု လမ်းညွှန်ထားသည်။

ကျန် ၅၀ ရာခိုင်နှုန်းကိုမူ covid-19 ပျံ့ပွားမှုကြောင့် တက္ကသိုလ်များ၊ ကောလိပ်များ၏ ထိခိုက်နစ်နာရမှုများအတွက် အသုံးပြုနိုင်သည်ဟု ဆိုသည်။

“ဟားဘတ်တက္ကသိုလ်အနေနဲ့ကတော့ ရရှိလာတဲ့ရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းလုံးကို covid-19 ကြောင့် ငွေကြေးအခက်ကြုံနေတဲ့ ကျောင်းသားတွေကို တိုက်ရိုက်ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပါတယ်” ဟု Newton က ပြောကြားသည်။ အဆိုပါထောက်ပံ့မှုမျိုးရရှိသည်မှာ ဟားဘတ်တက္ကသိုလ်တစ်ခုတည်း မဟုတ်ချေ။

နယူးယောက်တိုင်းမ်သတင်းစာတွင် ဖော်ပြချက်အရ ဟားဘတ်တက္ကသိုလ်သည် Cornell ၊ Columbia တက္ကသိုလ်များနှင့်အတူ ကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်းခန့်စီဖြင့်လည်းကောင်း၊ စတန်းဖို့ တက္ကသိုလ်က ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းနှင့် ယေးတက္ကသိုလ်က ကန်ဒေါ်လာ ၆ ဒသမ ၈ သန်း အသီးသီး ရရှိခဲ့ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Harvard clashes with Trump over coronavirus relief, rebuffs call to return money (Fox News)

[Zawgyi]

ေဒၚနယ္ထရမ့္က ဟားဘတ္တကၠသိုလ္သို႔ေပးအပ္ထားသည့္ ကိုရိုနာဗိုင္းရပ္စ္ေထာက္ပံ့ေငြ ျပန္ေပးရန္ေတာင္းရာ တကၠသိုလ္က လက္မခံ

ဟားဘတ္တကၠသိုလ္သို႔ ေပးအပ္ထားသည့္ ကိုရိုနာဗိုင္းရပ္စ္ကာလေထာက္ပံ့ေငြမ်ားကို အစိုးရသို႔ ျပန္ေပးရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေတာင္းဆိုမႈကို တကၠသိုလ္က ျငင္းပယ္လိုက္သည္။

CARES Act ဥပေဒျဖင့္ အဆင့္ျမင့္ပညာစီမံကိန္းတစ္ခုျဖင့္ ၇ရွိလာေသာ အဆိုပါေငြမ်ားကို ထိန္းသိမ္းထားျပီး ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈေၾကာင့္ ေငြေၾကးအခက္ၾကံဳရသည့္ ေက်ာင္းသားမ်ားကို တိုက္ရိုက္ေထာက္ပံ့မႈမ်ားေပးရန္ အသံုးျပဳလ်က္ရွိသည္။

ဟားဘတ္တကၠသိုလ္သည္ အစိုးရထံမွေငြမ်ားကို ရယူေနေၾကာင္း စြပ္စြဲလိုက္ျပီး အဆိုပါေငြမ်ား ျပန္ေပးရန္ ေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့သည္။

CARES Act ဥပေဒျဖင့္ စီစဥ္ခဲ့ေသာ Paycheck Protection Program –PPP ဟုေခၚေသာ ကိုရိုနာဗိုင္းရပ္စ္ကာလ ေခ်းေငြေပးမည့္ အစီအစဥ္ကို ေစ့စပ္စြာ စစ္ေဆးျခင္းမ်ား ျဖစ္ေပၚေနခ်ိန္တြင္ ဟားဘတ္တကၠသိုလ္သို႔ ေထာက္ပံ့ေငြကိစၥ အျငင္းပြားမႈ ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

(PPP သည္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈေၾကာင့္ ဘ႑ာေရးထိခိုက္ေနသည့္ စီးပြားေရးလုပ္ငန္းငယ္မ်ား၊ ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္သူမ်ား ႏွင့္ အက်ဳိးအျမတ္အတြက္မဟုတ္ေသာ အဖြဲ႔အစည္းမ်ားကို အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းမွ်ျဖင့္ ၃၄၉ ဘီလီယံ ေခ်းေငြေပးမည့္စီမံကိန္း ျဖစ္သည္။ ဝန္ထမ္းအင္အားႏွင့္ လစာကို ထိန္းထားေပးႏိုင္မည္ဆိုပါက အတိုးမေပးရန္ တစိတ္တပိုင္း (သို႔) အျပည့္အဝ ခြင့္လႊတ္ႏိုင္သည္ဟု ဆိုသည္။)

ဟားဘတ္တကၠသိုလ္၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားရာတြင္ အဆိုပါေထာက္ပံ့ေငြသည္ PPP စီမံကိန္းမွလာသည့္ေငြမဟုတ္ဘဲ CARES Act ၏ အဆင့္ျမင့္ပညာေရးအေရးေပၚ ကုစားေရးရန္ပံုေငြမွ လာျခင္းသာျဖစ္ေၾကာင္း၊ အဆိုပါရန္ပံုေငြျဖင့္ တကၠသိုလ္ႏွင့္ ေကာလိပ္မ်ားစြာကို ေထာက္ပံ့ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ဟားဘတ္တကၠသိုလ္ဟာ အေမရိကန္အေသးစားလုပ္ငန္းမ်ားအုပ္ခ်ဳပ္ေရးအဖြဲ႔ (SBA) က အေသးစားလုပ္ငန္းေတြကိုေပးတဲ့ PPP ေခ်းေငြအစီအစဥ္ကို ေလွ်ာက္ထားခဲ့ျခင္းမရွိသလို မည္သည့္ေငြေၾကးမွလည္း ရယူခဲ့တာမရွိပါဘူး” ဟု ဟားဘတ္တကၠသိုလ္ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Jason Newton က ေျပာၾကားသည္။

Newton က ဆက္လက္ေျပာၾကားရာတြင္ အျခားတကၠသိုလ္ႏွင့္ ေကာလိပ္အမ်ားစုနည္းတူ ဟားဘတ္တကၠသိုလ္သည္လည္း အဆင့္ျမင့္ပညာေရး အေရးေပၚကုစားေရးရန္ပံုေငြ (HEERF) မွတဆင့္ ေထာက္ပံ့ေငြရရွိခဲ့ေၾကာင္း ေျပာၾကားသည္။ HEERF ရန္ပံုေငြသည္ ကန္ေဒၚလာ ၁၄ ဘီလီယံရွိျပီး တကၠသိုလ္မ်ားကို ေထာက္ပံ့ကူညီမည့္ ရန္ပံုေငြ ျဖစ္သည္။

CARES Act ဥပေဒျပဌာန္းခ်က္အရ ယခုေပးအပ္သည့္ ေထာက္ပံ့ေငြ၏ ၅၀ ရာခိုင္ႏႈန္းကို ေက်ာင္းသားမ်ားအား တိုက္ရိုက္ေထာက္ပံ့ေငြအျဖစ္ ေပးအပ္ရမည္ဟု လမ္းညႊန္ထားသည္။

က်န္ ၅၀ ရာခိုင္ႏႈန္းကိုမူ covid-19 ပ်ံ ႔ပြားမႈေၾကာင့္ တကၠသိုလ္မ်ား၊ ေကာလိပ္မ်ား၏ ထိခိုက္နစ္နာရမႈမ်ားအတြက္ အသံုးျပဳႏိုင္သည္ဟု ဆိုသည္။

“ဟားဘတ္တကၠသိုလ္အေနနဲ႔ကေတာ့ ရရွိလာတဲ့ရန္ပံုေငြ ၁၀၀ ရာခိုင္ႏႈန္းလံုးကို covid-19 ေၾကာင့္ ေငြေၾကးအခက္ၾကံဳေနတဲ့ ေက်ာင္းသားေတြကို တိုက္ရိုက္ေထာက္ပံ့ေပးသြားမယ္လို႔ ကတိျပဳထားပါတယ္” ဟု Newton က ေျပာၾကားသည္။ အဆိုပါေထာက္ပံ့မႈမ်ဳိးရရွိသည္မွာ ဟားဘတ္တကၠသိုလ္တစ္ခုတည္း မဟုတ္ေခ်။

နယူးေယာက္တိုင္းမ္သတင္းစာတြင္ ေဖာ္ျပခ်က္အရ ဟားဘတ္တကၠသိုလ္သည္ Cornell ၊ Columbia တကၠသိုလ္မ်ားႏွင့္အတူ ကန္ေဒၚလာ ၁၂ ဒသမ ၈ သန္းခန္႔စီျဖင့္လည္းေကာင္း၊ စတန္းဖို႔ တကၠသိုလ္က ကန္ေဒၚလာ ၇ ဒသမ ၃ သန္းႏွင့္ ေယးတကၠသိုလ္က ကန္ေဒၚလာ ၆ ဒသမ ၈ သန္း အသီးသီး ရရွိခဲ့ၾကသည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Harvard clashes with Trump over coronavirus relief, rebuffs call to return money (Fox News)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service