ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် မတူညီသောမျိုးသစ်ပေါင်း ၃၀ ခန့်အထိ သန္ဓေပြောင်းသွားပြီဖြစ်ကြောင်း တရုတ်ပြည်မှ လေ့လာချက်တွင် တွေ့ရှိ
ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် မတူညီသောမျိုးသစ်ပေါင်း ၃၀ ခန့်အထိ သန္ဓေပြောင်းသွားပြီဖြစ်ကြောင်း တရုတ်ပြည်မှ လေ့လာချက်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
23 Apr 2020 12:49 pm တွင် တင်ခဲ့သည်
72273 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ်သည် မျိုးဗီဇကွဲပေါင်း အနည်းဆုံး ၃၀ ခန့်အထိ သန္ဓေပြောင်းသွားပြီဖြစ်ကြောင်း တရုတ်ပြည်တွင် ပြုလုပ်သော လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိခဲ့သည်။
ယခုတွေ့ရှိချက်က ညွှန်ပြနေသည်မှာ ဆေးပညာနယ်မှပုဂ္ဂိုလ်တို့သည် ကိုရိုနာဗိုင်းရပ်စ်၏ သန္ဓေပြောင်းနိုင်စွမ်းကို လျှော့တွက်ခဲ့ကြောင်း တွေ့ရသည်။
ယခုတွေ့ရှိချက်အရ ကမ္ဘာပေါ်ရှိ နေရာအမျိုးမျိုးတွင် မတူညီသော ဗိုင်းရပ်စ်မျိုးဗီဇအမျိုးမျိုး ပျံ့နှံ့နေခြင်းဖြစ်ရာ ဗိုင်းရပ်စ်အားလုံးကို ကုသပုံတစ်မျိုးတည်းဖြင့် ကုသနိုင်ရန် အခက်အခဲများ ရှိလာဖွယ် ရှိနေပြီ ဖြစ်သည်။
ယခုလေ့လာချက်ကို တရုတ်ပြည်၊ ဟန်ကျိုးပြည်နယ်၊ Zhejiang University မှ ပါမောက္ခ Li Lanjuan ဦးဆောင်သောအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောတနင်္ဂနွေနေ့တွင် စာတမ်းထုတ်ပြန်ခဲ့သည်။
သုတေသနပညာရှင်တို့သည် ဟန်ကျိုးမြို့ရှိ ကျပန်းရွေးချယ်ထားသော ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၁ ဦးထံမှ မျိုးဗီဇများကို စမ်းစစ်ခဲ့ကြ သည်။ အဆိုပါဒေသမှ ဗိုင်းရပ်စ်တို့၏ ကူးစက်ပုံနှင့် ဆဲလ်များအား သတ်ဖြတ်ပုံ မည်မျှအတိုင်းအတာရှိသည်ကို လေ့လာခဲ့ကြခြင်း ဖြစ်သည်။ ဟန်ကျိုးသည် လက်ရှိအားဖြင့် ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၂၆၄ ဦးရှိသည့် နေရာဖြစ်သည်။
ထိုသို့လေ့လာရာတွင် ကိုရိုနာဗိုင်းရပ်စ်၏ မတူညီသော သန္ဓေမျိုးပေါင်း ၃၀ ကျော် တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၉ မျိုးမှာ ယခင်က မတွေ့ခဲ့ဖူးသော မျိုးဗီဇများ ဖြစ်သည်။
“Sars-CoV-2 ဗိုင်းရပ်စ်ဟာ သူ့ရဲ့ရောဂါပစ္စည်းသဘာဝကို ကြီးကြီးမားမား ပြောင်းလဲနိုင်တဲ့ သန္ဓေပြောင်းနိုင်စွမ်းရှိနေပါပြီ ” ဟု Li က သူ၏ စာတမ်းတွင် ရေးသားဖော်ပြသည်။
ယခုအထိ အမေရိကန်ပြည်ထောင်စုတွင် လူပေါင်း ၈၃ရရ၁၉ ဦး ကူးစက်ခံထားရပြီး ၄၆၇၇၁ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။ ပြန်လည်ကျန်းမာသွားသူမှာ ၈၃၄၆၂ ဦး ဖြစ်သည်။
အမေရိကန်ပြည်တွင် လူပေါင်း ၄ သန်းကျော်ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း တားမြစ်ကန့်သတ်ထားမှု များ ပြန်လည်ဖွင့်လှစ်ပေးခြင်း ပြုလုပ်နေရာ စစ်ဆေးမှုများကို မြှင့်တင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တို့က သုံးသပ်သည်။
ကမ္ဘာတစ်ဝန်းတွင်မူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဒသမ ၅ သန်းခန့် ရှိနေပြီ ဖြစ်သည်။
ပါမောက္ခ Li နှင့်အဖွဲ့၏ တွေ့ရှိချက်အရ အားအကောင်းဆုံးဗိုင်းရပ်စ်တို့သည် အဆ ၂၇၀ ခန့် ထုတ်လုပ်နိုင်ပြီး ထိုသို့ ထုတ်လုပ်မှုများမှာမူ အားနည်းသော မျိုးဗီဇများဖြစ်သည်။ အားကောင်းသောမျိုးဗီဇတို့သည် လူ့ဆဲလ်များကို အလျင်မြန်ဆုံးသတ်ဖြတ်နိုင်စွမ်းရှိကြသည်။
၎င်းတို့၏ တွေ့ရှိချက်အရ ဗိုင်းရပ်စ်မျိုးများ၏ မျိုးကွဲပြားမှုကို လုံလုံလောက်လောက်မတွက်ချက်နိုင်ခဲ့ကြခြင်းကို တွေ့ရကြောင်း၊ ကုသရန် နည်းလမ်း (သို့မဟုတ်) ကာကွယ်ဆေးတစ်ခုခု ရှာဖွေရန်အတွက်ဆိုလျှင် ဗိုင်းရပ်စ်မျိုးကွဲများစွာရှိနေခြင်းကို နားလည်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus has mutated into at least 30 different strains, Chinese study finds  (Newyork Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service