အင်ဒိုနီးရှားတွင် quarantine စည်းမျဉ်းဖောက်ဖျက်သူများကို သရဲခြောက်သော နေအိမ်ကြီးများတွင် ထားရှိ

အင်ဒိုနီးရှားတွင် quarantine စည်းမျဉ်းဖောက်ဖျက်သူများကို သရဲခြောက်သော နေအိမ်ကြီးများတွင် ထားရှိ - Property News in Myanmar from iMyanmarHouse.com
22 Apr 2020 12:44 pm တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် ချမှတ်ထားသော quarantine စည်းမျဉ်းဖောက်ဖျက်သူ များပြားလာသည့် အခြေအနေများအပေါ် စိတ်ပျက်လာသောကြောင့် ရပ်ရွာအကြီးအကဲတစ်ဦးက စည်းမျဉ်းချိုးဖောက်သူများ ကြောက်လန့်စေရန် ရည်ရွယ်ကာ ၎င်းတို့ကို တစ္ဆေခြောက်သောနေအိမ်ကြီးတစ်လုံးတွင် ထားရှိရန် ဆုံးဖြတ်လိုက်သည်။

Sragen ဒေသအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲဖြစ်သူ Kusdinar Untung Yuni Sukowati က ပြောကြားရာတွင် မြို့တော် ဂျကာတာနှင့် အခြားမြို့ကြီးပြကြီးများတွင် lockdown ချမှတ်လိုက်ပြီးနောက် ဒေသတွင်းသို့ စုပြုံရောက်ရှိလာသူများကို ကိုင်တွယ်နိုင်ရန် quarantine နေရမည့် အမိန့်တစ်ခုကို ယခု ရက်သတ္တပတ်အတွင်း သူမအနေဖြင့် ထုတ်ပြန်ခဲ့ရကြောင်း ပြောကြားသည်။

သို့သော် အချို့သော ရောက်ရှိလာသူတို့သည် ၁၄ ရက် quarantine နေထိုင်ရမည့်အမိန့်ကို လေးစားလိုက်နာခြင်းမရှိကြချေ။

quarantine ထားရှိရခြင်းမှာ အင်ဒိုနီးရှား၏ လူဦးရေထူထပ်သော ဂျာဗားကျွန်းပေါ်မှ အဆိုပါဒေသတွင်းတခွင်တွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားသွားမည်ကို ကာကွယ်ရန်ဖြစ်သည်။

ထို့ကြောင့် မစ္စ Sukowati က သရဲခြောက်သည်ဟုနာမည်ကြီးနေသော လူမနေသည့် အိမ်ကြီးများကို အသုံးပြုကာ ကိုင်တွယ်သွားရန် လမ်းညွှန်ခဲ့သည်။

အင်ဒိုနီးရှားသည် စုန်း၊ တစ္ဆေများကို များစွာယုံကြည်ကြသည့် နိုင်ငံတစ်ခု ဖြစ်သည်။

လက်ရှိအချိန်အထိ အဆိုပါသရဲခြောက်သည်ဟု နာမည်ကြီးသော နေအိမ်ကြီးများတွင် လူ ၅ ဦးကို အပြစ်ပေးပိတ်လှောင်ထားရှိပြီး ဖြစ်သည်။

အဆိုပါအချက်နှင့်စပ်လျဉ်းပြီး AFP သတင်းဌာနက မေးမြန်းရာတွင် မစ္စ Sukowati က “ရွာထဲမှာ နေထိုင်သူမရှိဘဲ သရဲခြောက်တဲ့အိမ် ရှိတယ်ဆိုရင် သူတို့ကို အဲဒီမှာထားပြီး ပိတ်ထားစေတာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

Sepat ကျေးရွာလူကြီးများက ကာလတာရှည်လူမနေဘဲ စွန့်ပစ်ထားသည့် နေအိမ်ကြီးတစ်လုံးကို ရွေးချယ်လိုက်ပြီး ကုတင်များကို ခပ်ခွာခွာ ထားရှိကာ လိုက်ကာများဖြင့် ကာရံပေးထားလိုက်သည်။

အဆိုပါကျေးရွာတွင် မကြာသေးမီက ပြန်လည်ရောက်ရှိလာသူ ၃ ဦးကို ၎င်းတို့၏ ကျန်ရှိသော quarantine ကာလ ၂ ပတ်အား သရဲခြောက်သော နေအိမ်ကြီးတွင် နေထိုင်စေခဲ့သည်။

ထိုသို့နေထိုင်ရသူများတွင် ပါဝင်သော Heri Susanto က ပြောကြားရာတွင် သူ့အားထိုသို့ အပြစ်ပေးခဲ့သော်လည်း မည်သည့် တစ္ဆေ သရဲနှင့်မျှ တွေ့ဆုံရသေးခြင်းမရှိကြောင်း ပြောကြားသည်။

မစ္စတာ Susanto သည် ကပ်လျက်ရှိသော ဆူမတြားကျွန်းမှ လာရောက်သူဖြစ်ပြီး ၎င်းက ပြောကြားရာတွင် “ဒါပေမယ့် ဘာတွေပဲ ဖြစ်လာ ဖြစ်လာပါစေ။ ဒါက လူတိုင်းအတွက် ဘေးကင်းစေဖို့ဆိုတာ ကျွန်တော်သိပါတယ်။ သင်ခန်းစာလည်း ရပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indonesia locks virus violators in 'haunted house' (Todayonline)

[Zawgyi]

အင္ဒိုနီးရွားတြင္ quarantine စည္းမ်ဥ္းေဖာက္ဖ်က္သူမ်ားကို သရဲေျခာက္ေသာ ေနအိမ္ႀကီးမ်ားတြင္ ထားရွိ

အင္ဒိုနီးရွားႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈေၾကာင့္ ခ်မွတ္ထားေသာ quarantine စည္းမ်ဥ္းေဖာက္ဖ်က္သူ မ်ားျပားလာသည့္ အေျခအေနမ်ားအေပၚ စိတ္ပ်က္လာေသာေၾကာင့္ ရပ္႐ြာအႀကီးအကဲတစ္ဦးက စည္းမ်ဥ္းခ်ိဳးေဖာက္သူမ်ား ေၾကာက္လန႔္ေစရန္ ရည္႐ြယ္ကာ ၎တို႔ကို တေစၦေျခာက္ေသာေနအိမ္ႀကီးတစ္လုံးတြင္ ထားရွိရန္ ဆုံးျဖတ္လိုက္သည္။

Sragen ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕ အႀကီးအကဲျဖစ္သူ Kusdinar Untung Yuni Sukowati က ေျပာၾကားရာတြင္ ၿမိဳ႕ေတာ္ ဂ်ကာတာႏွင့္ အျခားၿမိဳ႕ႀကီးျပႀကီးမ်ားတြင္ lockdown ခ်မွတ္လိုက္ၿပီးေနာက္ ေဒသတြင္းသို႔ စုၿပဳံေရာက္ရွိလာသူမ်ားကို ကိုင္တြယ္ႏိုင္ရန္ quarantine ေနရမည့္ အမိန႔္တစ္ခုကို ယခု ရက္သတၱပတ္အတြင္း သူမအေနျဖင့္ ထုတ္ျပန္ခဲ့ရေၾကာင္း ေျပာၾကားသည္။

သို႔ေသာ္ အခ်ိဳ႕ေသာ ေရာက္ရွိလာသူတို႔သည္ ၁၄ ရက္ quarantine ေနထိုင္ရမည့္အမိန႔္ကို ေလးစားလိုက္နာျခင္းမရွိၾကေခ်။

quarantine ထားရွိရျခင္းမွာ အင္ဒိုနီးရွား၏ လူဦးေရထူထပ္ေသာ ဂ်ာဗားကြၽန္းေပၚမွ အဆိုပါေဒသတြင္းတခြင္တြင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ပြားသြားမည္ကို ကာကြယ္ရန္ျဖစ္သည္။

ထို႔ေၾကာင့္ မစၥ Sukowati က သရဲေျခာက္သည္ဟုနာမည္ႀကီးေနေသာ လူမေနသည့္ အိမ္ႀကီးမ်ားကို အသုံးျပဳကာ ကိုင္တြယ္သြားရန္ လမ္းၫႊန္ခဲ့သည္။

အင္ဒိုနီးရွားသည္ စုန္း၊ တေစၦမ်ားကို မ်ားစြာယုံၾကည္ၾကသည့္ ႏိုင္ငံတစ္ခု ျဖစ္သည္။

လက္ရွိအခ်ိန္အထိ အဆိုပါသရဲေျခာက္သည္ဟု နာမည္ႀကီးေသာ ေနအိမ္ႀကီးမ်ားတြင္ လူ ၅ ဦးကို အျပစ္ေပးပိတ္ေလွာင္ထားရွိၿပီး ျဖစ္သည္။

အဆိုပါအခ်က္ႏွင့္စပ္လ်ဥ္းၿပီး AFP သတင္းဌာနက ေမးျမန္းရာတြင္ မစၥ Sukowati က “႐ြာထဲမွာ ေနထိုင္သူမရွိဘဲ သရဲေျခာက္တဲ့အိမ္ ရွိတယ္ဆိုရင္ သူတို႔ကို အဲဒီမွာထားၿပီး ပိတ္ထားေစတာ ျဖစ္ပါတယ္” ဟု ျပန္လည္ေျဖၾကားသည္။

Sepat ေက်း႐ြာလူႀကီးမ်ားက ကာလတာရွည္လူမေနဘဲ စြန႔္ပစ္ထားသည့္ ေနအိမ္ႀကီးတစ္လုံးကို ေ႐ြးခ်ယ္လိုက္ၿပီး ကုတင္မ်ားကို ခပ္ခြာခြာ ထားရွိကာ လိုက္ကာမ်ားျဖင့္ ကာရံေပးထားလိုက္သည္။

အဆိုပါေက်း႐ြာတြင္ မၾကာေသးမီက ျပန္လည္ေရာက္ရွိလာသူ ၃ ဦးကို ၎တို႔၏ က်န္ရွိေသာ quarantine ကာလ ၂ ပတ္အား သရဲေျခာက္ေသာ ေနအိမ္ႀကီးတြင္ ေနထိုင္ေစခဲ့သည္။

ထိုသို႔ေနထိုင္ရသူမ်ားတြင္ ပါဝင္ေသာ Heri Susanto က ေျပာၾကားရာတြင္ သူ႔အားထိုသို႔ အျပစ္ေပးခဲ့ေသာ္လည္း မည္သည့္ တေစၦ သရဲႏွင့္မွ် ေတြ႕ဆုံရေသးျခင္းမရွိေၾကာင္း ေျပာၾကားသည္။

မစၥတာ Susanto သည္ ကပ္လ်က္ရွိေသာ ဆူမၾတားကြၽန္းမွ လာေရာက္သူျဖစ္ၿပီး ၎က ေျပာၾကားရာတြင္ “ဒါေပမယ့္ ဘာေတြပဲ ျဖစ္လာ ျဖစ္လာပါေစ။ ဒါက လူတိုင္းအတြက္ ေဘးကင္းေစဖို႔ဆိုတာ ကြၽန္ေတာ္သိပါတယ္။ သင္ခန္းစာလည္း ရပါတယ္” ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indonesia locks virus violators in 'haunted house' (Todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service