ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ခြင်းမဟုတ်ဘဲ တိရစ္ဆာန်မှလာခြင်းဖြစ်ကြောင်း WHO အခိုင်အမာပြောကြား

ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ခြင်းမဟုတ်ဘဲ တိရစ္ဆာန်မှလာခြင်းဖြစ်ကြောင်း WHO အခိုင်အမာပြောကြား - Property News in Myanmar from iMyanmarHouse.com
22 Apr 2020 12:02 pm တွင် တင်ခဲ့သည်
17487 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အခိုင်အမာပြောကြားခဲ့ရာတွင် ရရှိနိုင်သမျှ အထောက်အထားအားလုံးအရ ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတစ်ခုတွင် ထုတ်လုပ်ခဲ့ခြင်းမဟုတ်ကြောင်းညွှန်ပြနေသည်ဟု ပြောကြားလိုက်သည်။

အနောက်ပစိဖိတ်ဒေသဆိုင်ရာ WHO ၏ နယ်မြေဒါရိုက်တာ တားကက်ရှိ ကားဆိုင်း (Takeshi Kasai ) က ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်သည့် ရင်းမြစ်အတိအကျကို ဖော်ထုတ်ရန် မဖြစ်နိုင်သော်လည်း အဆိုပါရောဂါသည် တိရ စ္ဆာန်များမှလာခြင်းဖြစ်ကြောင်း ပြောကြားသည်။

မူလက WHO မှ ပြောကြားထားသည်မှာ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇသည် လင်းနို့များတွင် တွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် နီးကပ်စွာ ဆက်နွှယ်နေကြောင်း၊ လင်းနို့မှတဆင့်လူသားများသို့ ကူးစက်လာခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်မြို့အနီးရှိ ဓာတ်ခွဲခန်းမှ ပျံ့ထွက်လာခြင်းဟုတ်၊ မဟုတ် အဖြေရှာနေကြောင်း ပြောကြားလိုက်ပြီးနောက်ပိုင်း မစ္စတာ ကားဆိုင်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ဝူဟန်မြို့မှ ဓာတ်ခွဲခန်းသည် လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးဗီဇနီးစပ်သော ဆားစ်ဗိုင်းရပ်စ် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်များကို သုတေသနလုပ်နေသည့် ဓာတ်ခွဲခန်း ဖြစ်သည်။

ဂျာမာန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်က တရုတ်နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်စတင်ပေါ်ပေါက်မှုနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ပိုရှိရန် တောင်းဆိုခဲ့သည်။

ရုရှားကျန်းမာရေးဝန်ကြီးဟောင်း ဗီရိုညိက စခရော့ဆိုဗာ (Veronika Skvortsova) က ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတစ်ခုမှ ပေါ်ပေါက်ခြင်းဖြစ်နိုင်သည်ဟူသောအချက်ကို ချန်လှပ်တွက်ချက်ရန် ငြင်းပယ်ခဲ့ပြီး စေ့စပ်သေချာသည့် လေ့လာမှုတစ်ခုပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ဝူဟန်မြို့ရှိ ဟူနန် ပင်လယ်စာရောင်းချသောဈေးတွင် ကိုရိုနာဗိုင်းရပ်စ်သည် တိရ စ္ဆာန်များမှ လူသို့ ကူးစက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ဝူဟန်သည် ကိုရိုနာဗိုင်းရပ်စ် အစောဆုံးလူနာကို စတင်တွေ့ရှိရာနေရာ ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံသည် patient zero ဟုခေါ်သော ပထမဆုံးစတင်ကူးစက်ခံရသူကို ဖော်ထုတ်ပေးရန် ပျက်ကွက်နေဆဲ ဖြစ်သည်။

patient zero မည်သူဖြစ်သည် (သို့မဟုတ်) မည်သို့ကူးစက်ခံရသည်ကိုမသိဘဲ ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို ဖော်ထုတ်ရန် မဖြစ်နိုင်ချေ။

WHO ကိုယ်တိုင်က ဝန်ခံထားသည်မှာ ကိုရိုနာဗိုင်းရပ်စ်သည် ဟွာနန်ဈေးသို့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦးမှတဆင့် သယ်ဆောင်ခြင်းခံရပြီး အခြားသူများထံ ပျံ့နှံ့စေခဲ့ခြင်းဖြစ်နိုင်ကြောင်း ဝန်ခံထားသည်။

လက်ရှိအားဖြင့် စုံစမ်းစစ်ဆေးသူတို့သည် မူလကတွေးထင်ထားသည့် ကာလထက် တစ်လစောသည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလလယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ဖွယ်ရှိသော cases များကို ခြေရာခံနေသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: WHO insists 'all available evidence' suggests coronavirus came from an animal and was not created in a lab (dailymail)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္သည္ ဓာတ္ခြဲခန္းတြင္ ထုတ္လုပ္ျခင္းမဟုတ္ဘဲ တိရစၦာန္မွလာျခင္းျဖစ္ေၾကာင္း WHO အခိုင္အမာေျပာၾကား

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က အခိုင္အမာေျပာၾကားခဲ့ရာတြင္ ရရွိႏိုင္သမွ် အေထာက္အထားအားလံုးအရ ကိုရိုနာဗိုင္းရပ္စ္သည္ ဓာတ္ခြဲခန္းတစ္ခုတြင္ ထုတ္လုပ္ခဲ့ျခင္းမဟုတ္ေၾကာင္းညႊန္ျပေနသည္ဟု ေျပာၾကားလိုက္သည္။

အေနာက္ပစိဖိတ္ေဒသဆိုင္ရာ WHO ၏ နယ္ေျမဒါရိုက္တာ တားကက္ရွိ ကားဆိုင္း (Takeshi Kasai ) က ကိုရိုနာဗိုင္းရပ္စ္ ေပၚေပါက္သည့္ ရင္းျမစ္အတိအက်ကို ေဖာ္ထုတ္ရန္ မျဖစ္ႏိုင္ေသာ္လည္း အဆိုပါေရာဂါသည္ တိရ စၦာန္မ်ားမွလာျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

မူလက WHO မွ ေျပာၾကားထားသည္မွာ ကိုရိုနာဗိုင္းရပ္စ္၏ မ်ဳိးဗီဇသည္ လင္းႏို႔မ်ားတြင္ ေတြ႔ရသည့္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ နီးကပ္စြာ ဆက္ႏႊယ္ေနေၾကာင္း၊ လင္းႏို႔မွတဆင့္လူသားမ်ားသို႔ ကူးစက္လာျခင္းျဖစ္ေၾကာင္း ေျပာၾကားထားသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကိုရိုနာဗိုင္းရပ္စ္သည္ ဝူဟန္ျမိဳ ႔အနီးရွိ ဓာတ္ခြဲခန္းမွ ပ်ံ ႔ထြက္လာျခင္းဟုတ္၊ မဟုတ္ အေျဖရွာေနေၾကာင္း ေျပာၾကားလိုက္ျပီးေနာက္ပိုင္း မစၥတာ ကားဆိုင္းက ယခုကဲ့သို႔ ေျပာၾကားလိုက္ျခင္းလည္း ျဖစ္သည္။

ဝူဟန္ျမိဳ ႔မွ ဓာတ္ခြဲခန္းသည္ လက္ရွိျဖစ္ပြားေနေသာ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ မ်ဳိးဗီဇနီးစပ္ေသာ ဆားစ္ဗိုင္းရပ္စ္ အပါအဝင္ ကိုရိုနာဗိုင္းရပ္စ္ မ်ဳိးစိတ္မ်ားကို သုေတသနလုပ္ေနသည့္ ဓာတ္ခြဲခန္း ျဖစ္သည္။

ဂ်ာမာန္ဝန္ၾကီးခ်ဳပ္ အင္ဂ်လာမာကယ္က တရုတ္ႏိုင္ငံအေနျဖင့္ ဗိုင္းရပ္စ္စတင္ေပၚေပါက္မႈႏွင့္ပတ္သက္ျပီး ပြင့္လင္းျမင္သာမႈ ပိုရွိရန္ ေတာင္းဆိုခဲ့သည္။

ရုရွားက်န္းမာေရးဝန္ၾကီးေဟာင္း ဗီရိုညိက စခေရာ့ဆိုဗာ (Veronika Skvortsova) က ကိုရိုနာဗိုင္းရပ္စ္သည္ ဓာတ္ခြဲခန္းတစ္ခုမွ ေပၚေပါက္ျခင္းျဖစ္ႏိုင္သည္ဟူေသာအခ်က္ကို ခ်န္လွပ္တြက္ခ်က္ရန္ ျငင္းပယ္ခဲ့ျပီး ေစ့စပ္ေသခ်ာသည့္ ေလ့လာမႈတစ္ခုျပဳလုပ္ရန္ ေတာင္းဆုိခဲ့သည္။

ဝူဟန္ျမိဳ ႔ရွိ ဟူနန္ ပင္လယ္စာေရာင္းခ်ေသာေစ်းတြင္ ကိုရိုနာဗိုင္းရပ္စ္သည္ တိရ စၦာန္မ်ားမွ လူသို႔ ကူးစက္ျခင္းျဖစ္သည္ဟု ယူဆခဲ့ၾကသည္။ ဝူဟန္သည္ ကိုရိုနာဗိုင္းရပ္စ္ အေစာဆံုးလူနာကို စတင္ေတြ႔ရွိရာေနရာ ျဖစ္သည္။

သို႔ေသာ္ တရုတ္ႏိုင္ငံသည္ patient zero ဟုေခၚေသာ ပထမဆံုးစတင္ကူးစက္ခံရသူကို ေဖာ္ထုတ္ေပးရန္ ပ်က္ကြက္ေနဆဲ ျဖစ္သည္။

patient zero မည္သူျဖစ္သည္ (သို႔မဟုတ္) မည္သို႔ကူးစက္ခံရသည္ကိုမသိဘဲ ဗိုင္းရပ္စ္၏ ဇာစ္ျမစ္ကို ေဖာ္ထုတ္ရန္ မျဖစ္ႏိုင္ေခ်။

WHO ကိုယ္တိုင္က ဝန္ခံထားသည္မွာ ကိုရိုနာဗိုင္းရပ္စ္သည္ ဟြာနန္ေစ်းသို႔ ဗိုင္းရပ္စ္ကူးစက္ခံထားရသူတစ္ဦးမွတဆင့္ သယ္ေဆာင္ျခင္းခံရျပီး အျခားသူမ်ားထံ ပ်ံ ႔ႏွံ႔ေစခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ဝန္ခံထားသည္။

လက္ရွိအားျဖင့္ စံုစမ္းစစ္ေဆးသူတို႔သည္ မူလကေတြးထင္ထားသည့္ ကာလထက္ တစ္လေစာသည့္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလလယ္အတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခဲ့ဖြယ္ရွိေသာ cases မ်ားကို ေျခရာခံေနသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: WHO insists 'all available evidence' suggests coronavirus came from an animal and was not created in a lab (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service