အမေရိကန်ရေနံစိမ်းဈေးကွက်တွင် တစ်စည်လျှင် ၁ ဒေါ်လာဝန်းကျင်အထိ ၂၁ ရာစုအတွင်း မကြုံဖူးအောင်ထိုးကျသွား၊ လာမည့်မေလ တွင် ဈေးနှုန်း သုညအောက်သို့ရောက်ရှိကာ ဝယ်ယူကို ငွေပြန်ပေးရမည့်အခြေအနေဖြစ်တော့မည်
အမေရိကန်ရေနံစိမ်းဈေးကွက်တွင် တစ်စည်လျှင် ၁ ဒေါ်လာဝန်းကျင်အထိ ၂၁ ရာစုအတွင်း မကြုံဖူးအောင်ထိုးကျသွား၊ လာမည့်မေလ တွင် ဈေးနှုန်း သုညအောက်သို့ရောက်ရှိကာ ဝယ်ယူကို ငွေပြန်ပေးရမည့်အခြေအနေဖြစ်တော့မည် - Property News in Myanmar from iMyanmarHouse.com
21 Apr 2020 12:23 pm တွင် တင်ခဲ့သည်
11812 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာတစ်ဝန်း covid-19 ပျံ့နှံ့မှုကြောင့် lockdown ချမှတ်ထားကြသည့်ကာလတွင် ရေနံဝယ်လိုအား ပျောက်ကွယ်သွားခဲ့ရာ အမေရိကန်ရေနံစိမ်းဈေးကွက် West Texas Intermediate –WTI တွင် ရေနံတစ်စည်လျှင် ၁ ဒသမ ၃ ဒေါ်လာ ဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။
ရေနံတစ်စည်လျှင် ၄၂ ဂါလံ (၁၅၈ ဒသမ ၉၈၇ လီတာ-အမေရိကန်) ဖြစ်ရာ ရေနံစိမ်း ၁ လီတာလျှင် မြန်မာငွေအားဖြင့် (၁၈၃၃ကျပ် / ၁၅၈=) ၁၁ ကျပ် ၅၀ ပြားသာ ရှိတော့ရာ ရေသန့်တစ်ဘူးမှာ ရေနံတစ်လီတာထက် အဆ ၃၀ ဆန့် ဈေးကြီးနေသည်။
လာမည့်မေလတွင် WTI ၏ ရေနံဈေးမှာ 0 အောက်သို့ ကျဆင်းဖွယ်ရာရှိနေရာ ၁၉၈၃ ခုနှစ်၊ မေလနောက်ပိုင်း စံချိန်တင်ကျဆင်းမှု ဖြစ်ကြောင်း Dow Jones ၏ ဈေးကွက်အချက်အလက်များတွင် ဖော်ပြသည်။
WTI ဝင်ရောက် ရောင်းဝယ်မှုပြုလုပ်နေသော စတော့ဈေးကွက်ကို ကွပ်ကဲသည့် CME Group က ပြောကြားရာတွင် ရေနံဈေးနှုန်းများ သည် သုညအောက်သို့ ဆက်လက်ကျဆင်းသွားမည်ဆိုပါက ထုတ်လုပ်သူတို့အနေဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်ရပ်တည်နိုင်ရန်အတွက် ရေနံထုတ်လုပ်မှုများ ရပ်ဆိုင်းမပစ်ရရေး ရည်ရွယ်ကာ ဝယ်ယူသူတို့ကို ငွေပြန်ပေးရမည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Price Group Future မှ အကြီးတန်းဈေးကွက်သုတေသီ Phil Flynn က Fox News သို့ ပြောကြားရာတွင် မေလ အရောင်းအဝယ်မှာ ကြောက်မက်ဖွယ်ပြကွက်တစ်ခုဖြစ်လာမည်ဖြစ်ပြီး သမိုင်းတွင် အဆိုးရွားဆုံး ရောင်းချရမှု အခြေအနေသို့ ဦးတည်နေကြောင်း ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် ကမ္ဘာ့ပင်မစီးပွားရေးနိုင်ငံများစွာမှာ lockdown ချထားဆဲဖြစ်ရာ ရေနံစိမ်းဝယ်လိုအား ပျောက်ကွယ်နေသောကြောင့် ကမ္ဘာ့ဈေးကွက်ဈေးကွက်ကြီး ပြိုလဲခဲ့ရခြင်းလည်း ဖြစ်သည်။
ရေနံဈေးကွက်အခြေအနေ အလွန်ဆိုးရွားနေသောကြောင့် အမေရိကန်စွမ်းအင်ဦးစီးဌာနက ရေနံထုတ်လုပ်သူများကို ငွေထုတ်ပေးကာ ရေနံများ သိုလှောင်ထားကြစေရန် သုံးသပ်နေသည်။
လက်ရှိဖြစ်ပေါ်နေသော ရေနံဈေးကွက်အခြေအနေများကို အိုပက်အဖွဲ့ကြီး (OPEC) သည်ပင်လျှင် မည်သို့မျှ ကုစားမပေးနိုင်ဘဲ ရှိနေသည်။
ရေနံထုတ်လုပ်သူတို့အကြား တစ်ရက်လျှင် ရေနံစိမ်းစည် ၉ ဒသမ ၇ သန်း ထုတ်လုပ်မှုလျှော့ချရန် သဘောတူထားကြသော်လည်း ဈေးကွက်ပြိုလဲမှုကုစားရန်မှာ ထိုမျှဖြင့် မလုံလောက်ချေ။
အမေရိကန် စက်သုံးဆီဈေးနှုန်း (ရေနံစိမ်းမဟုတ်) မှာလည်း တစ်စည်လျှင် ၄ ဒသမ ၀၄ ဒေါ်လာအထိ ထိုးကျသွားရာ ၁၉၈၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကျဆင်းမှုဖြစ်သည်။
ရေနံဈေးကွက်အထူးပြုလေ့လာသည့် Vanda Insights တည်ထောင်သူ Vandana Hari က ပြောကြားရာတွင် အမေရိကန်တွင် lockdown ချမှတ်မှုများ ရုတ်သိမ်းချိန်အထိ ရေနံဈေးနှုန်းမှာ ဆက်လက်ကျဆင်းနေနိုင်ကြောင်းနှင့် လက်ရှိနှုန်းထားမှာပင် ရပ်တန့်နေခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Oil prices crash below $0 per barrel in worst trading day on record (RT, Metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service