ကမ္ဘောဒီးယားတွင် မီသနောဖြင့် ပြုလုပ်ထားသော လက်သန့်ဆေးရည် တန်ချိန် ၈၀ ဖမ်းဆီးရမိ
ကမ္ဘောဒီးယားတွင် မီသနောဖြင့် ပြုလုပ်ထားသော လက်သန့်ဆေးရည် တန်ချိန် ၈၀ ဖမ်းဆီးရမိ - Property News in Myanmar from iMyanmarHouse.com
21 Apr 2020 12:13 pm တွင် တင်ခဲ့သည်
1049 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းရှိ ဈေးကွက်များတွင် မီသနော (Methanol) ဖြင့် ပြုလုပ်ထားသော လက်သန့်ဆေးရည် တန်ချိန် ၈၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူကာကွယ်ရေးနှင့် အတုအပ နှိမ်နင်းရေး ဌာနက ထုတ်ပြန်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌ ဖမ်းဆီးသိမ်းဆည်းခဲ့သော လက်သန့်ဆေးရည်များတွင် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) က တားမြစ်ထားသည့် မီသနော ပါဝင်နေကြောင်း ဖော်ပြထားသည်။
သိမ်းဆည်းရရှိခဲ့သည့် လက်သန့်ဆေးအများစုမှာ ကမ္ဘောဒီးယား၏မြို့တော်၊ ဖနွမ်းပင်တွင်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားပြည်နယ်များတွင်လည်း သိမ်းဆည်းရရှိမှု များစွာရှိနေသည်။
“မီသနောသည် အရောင်၊ အနံ့ကင်းမဲ့သော alcohol တစ်မျိုးဖြစ်ပြီး သာမန် alcohol နဲ့ များစွာတူညီသည်။ အဓိကအသုံးပြုသည်မှာ အခြားအရာတို့ကို ပျော်ဝင်စေသောအရည်အဖြစ် အသုံးပြုခြင်း ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Methanol သည် ရေတွင် လွယ်ကူစွာပျော်ဝင်နိုင်ပြီး မီးတောက်အား အလွန်ကောင်းသည်။
WHO ၏ လမ်းညွှန်ချက်တွင် မီသနောသည် သုံးစွဲသူတု့ိ၏ ကျန်းမာရေးကို ဘေးဥပဒ်ဖြစ်စေနိုင်သောကြောင့်လက်သန့်ဆေးရည်များ တွင် ထည့်သွင်းရန် ခွင့်မပြုချေ။
ရေတိုဆိုးကျိုးအားဖြင့် အရေပြားလောင်ခြင်း၊ မျက်လုံးများ ကျိန်းစပ်စေခြင်း၊ ခေါင်းကိုက်ခြင်း၊ ငိုက်မြည်းစေခြင်း၊ စိတ်ရှုပ်ထွေးစေခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အစာခြေမှု ကမောက်ကမဖြစ်ခြင်း၊ အမြင်အာရုံမကြည်လင်စေခြင်းတို့ဖြစ်စေနိုင်ကြောင်း WHO က လမ်းညွှန်ထားသည်။
ရေရှည်တွင် ရင်ဆိုင်ရမည့် ဆိုးကျိုးများကား ပိုမိုဆိုးရွားသည်။
“အရက် (သို့မဟုတ်) အခြားအဖျော်ယမကာများနှင့် ရောစပ်မည်ဆိုပါက ခန္ဓာကိုယ်၏အာရုံကြောစနစ်အတွက် အန္တရာယ်ရှိစေနိုင်သည်။ အမြင်အာရုံကို ထိခိုက်စေနိုင်ပြီး မျက်စိကွယ်သည်အထိပင် ဖြစ်စေနိုင်သည်” ဟု WHO ၏ လမ်းညွှန်ချက်တွင် ဖော်ပြသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Seang Thay က မီသနောပါဝင်သည့် ထုတ်ကုန် ရောင်းချသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်သူများသို့ ဖြန့်ချိနေခြင်းများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
အကယ်၍ အဆိုပါတရားမဝင်လုပ်ဆောင်နေမှုများကို မရပ်တန့်ပါက ဝန်ကြီးဌာနမှ ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ကျူးလွန်သူများကို ဒဏ်ငွေချမှတ်ခြင်း (သို့မဟုတ်) လုပ်ငန်းလိုင်စင်ပိတ်သိမ်းစေခြင်းတို့ ပြုလုပ်ခံရမည် ဖြစ်သည်။ ထို့အပြင် သိမ်းဆည်းရမိသော ပမာဏအပေါ်မူတည်ပြီး တရားရုံးတွင် တရားစွဲဆိုခြင်းများလည်း ပြုလုပ်ခံရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Authorities impound 80 tonnes of fake sanitiser (phnompenhpost)
[Zawgyi]
WHO ၏ လမ်းညွှန်ချက်တွင် မီသနောသည် သုံးစွဲသူတို့၏ ကျန်းမာရေးကို ဘေးဥပဒ်ဖြစ်စေနိုင်သောကြောင့်လက်သန့်ဆေးရည်များ တွင် ထည့်သွင်းရန် ခွင့်မပြုချေ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service