အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဌာန (DHS) ၏ စမ်းသပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်သည် နေရောင်ဖြင့်တွေ့လျှင် လျင်မြန်စွာသေဆုံးနိုင်သည်ဟုဆို

အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဌာန (DHS) ၏ စမ်းသပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်သည် နေရောင်ဖြင့်တွေ့လျှင် လျင်မြန်စွာသေဆုံးနိုင်သည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Apr 2020 10:54 am တွင် တင်ခဲ့သည်
20882 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဌာန (DHS) က ပြုလုပ်ခဲ့သော စမ်းသပ်ချက်များအရ ကိုရိုနာဗိုင်းရပ်စ်သည် နေရောင်ဖြင့်တွေ့လျှင် လျင်မြန်စွာသေဆုံးနိုင်သည်ဟုဆိုသည်။

Yahoo News က ရရှိခဲ့သော စာရွက်စာတမ်းများအရ ကိုရိုနာဗိုင်းရပ်စ်သည် မြင့်မားသောအပူချိန်နှင့် စွတ်စိုသော မျက်နှာပြင်များပေါ်တွင် ရှင်သန်နိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

အဆိုပါအချက်အရဆိုလျှင် ကမ္ဘာ့အအေးပိုင်းဒေသများစွာတွင် နွေဥတုသို့ ချဉ်းကပ်လာနေပြီဖြစ်ရာ ကမ္ဘာ့ပြည်သူများအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာသည်။

သို့သော် အများပြည်သူသို့ ထုတ်ပြန်ချပြခြင်းမရှိသေးသော အဆိုပါစာရွက်စာတမ်းများတွင် ဆက်လက်ဖော်ပြထားသည်မှာ ယခုတွေ့ရှိချက်များကို သက်သေပြန်နိုင်ရန် လိုအပ်ဦးမည်ဖြစ်ပြီး ယခုအချက်ကြောင့် ကမ္ဘာကြီးတွင် လူနာသစ်တွေ့ရှိမှုများ ကျဆင်းသွားမည်ဟု မဆိုလိုကြောင်းလည်း ဖော်ပြထားသည်။

DHS မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က dailymail သို့ အီးမေးလ်ဖြင့် ပေးပို့ပြောကြားခဲ့ရာတွင် “မိမိတို့ဌာနသည် covid-19 တိုက်ဖျက်ရေးကို ရည်ရွယ်ပါသည်။ ထို့အပြင် အမေရိကန်ပြည်သူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားပါသည်။” ဟု ဖြေကြားထားသည်။ DHS က ပေါက်ကြားလာသည့်ယခုစာရွက်စာတမ်းများနှင့် စပ်လျဉ်း၍မူ မှတ်ချက်တစုံတရာ မပေးခဲ့ချေ။

DHS ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဆက်လက်ရေးသားခဲ့ရာတွင် သိပ္ပံနည်းကျသုံးသပ်ခြင်း၊ အသေးစိတ် စနစ်တကျစစ်ဆေးခြင်းတို့ မပြုလုပ်ရသေးသည့် စာရွက်စာတမ်းများကို အခြေပြုပြီး ပြည်သူများအပေါ် လွှမ်းမိုးမှုရရန် အမှုမဲ့ကြိုးစားခြင်း (သို့မဟုတ်) ထင်ကြေးပေး ကောက်ချက်ဆွဲခြင်းတို့မှာ တာဝန်မဲ့လှကြောင်းလည်း တုံ့ပြန်ရေးသားထားသည်။

နေရောင်ခြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို ထိခိုက်မှုများဖြစ်စေနိုင်သည်ဟူသော အတွေးအမြင်မှာ အင်တာနက်တွင် ပျံ့နှံ့နေသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။

ဖေ့စ်ဘုတ်တွင် “Goodbye Corona Virus” ဟု ခေါင်းစဉ်တပ်ထားသော ပို့စ်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကို ကုသမှုပေးရန် နေ့စဉ်လုပ်ဆောင်ရမည့်အချက်များ ဖော်ပြထားရာ၌ နေပူစာလှုံပေးရမည်ဟူသော အချက်တစ်ခုလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။

အဆိုပါအချက်သည် အမှန်တကယ်အလုပ်ဖြစ်မည်ဟု ယုံကြည်ကာ လက်တွေ့လုပ်ဆောင်ကြသူ များစွာရှိနေနိုင်သည်။

သို့သော် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) က ထုတ်ပြန်ထားရာတွင် covid-19 ကို ကုသမှုပေးရန်အတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) က အတည်ပြုထားသည့် ကုသမှုနည်းလမ်း၊ နေ့စဉ်လုပ်ဆောင်ရမည့် အချက်တို့ ရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုစာရွက်စာတမ်းများတွင် ဖော်ပြထားသော တွေ့ရှိချက်များသည် အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဌာန (DHS) ၏ သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ တွေ့ရှိချက်များဖြစ်ပြီး အမျိုးသား ဇီဝကာကွယ်ရေးစမ်းစစ်မှုနှင့် တုံ့ပြန်မှုစင်တာ (National Biodefense Analysis and Countermeasures Center) မှ ပြုလုပ်ခဲ့သော စမ်းသပ်ချက်များ ပါဝင်သည်။

ရာသီတုပ်ကွေးနှင့် ဝက်သက်ရောဂါများအပါအဝ် ကူးစက်ရောဂါ အများစုသည် ရာသီဥတုအေးစက်သောလများတွင် ရောက်ရှိလာလေ့ ရှိပြီး ရာသီဥတုပူနွေးလာသည်နှင့် ပြန်လည်ပျောက်ကွယ်သွားတတ်ရာ လက်ရှိပျံ့ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ် တွင်လည်း အလားတူ ဖြစ်လာနိုင်မည်လောဟူသည်ကို ကျွမ်းကျင်ပညာရှင်တို့ လေ့လာသုံးသပ်ဖွယ် ဖြစ်လာသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: US government experiments with simulations to show the coronavirus can 'quickly' be destroyed by SUNLIGHT, but notes the results are yet to be proven (Dailymail)

[Zawgyi]

အေမရိကန္အစိုးရ အမိေျမလုံၿခဳံေရးဌာန (DHS) ၏ စမ္းသပ္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္သည္ ေနေရာင္ျဖင့္ေတြ႕လွ်င္ လ်င္ျမန္စြာေသဆုံးႏိုင္သည္ဟုဆို

အေမရိကန္အစိုးရ အမိေျမလုံၿခဳံေရးဌာန (DHS) က ျပဳလုပ္ခဲ့ေသာ စမ္းသပ္ခ်က္မ်ားအရ ကို႐ိုနာဗိုင္းရပ္စ္သည္ ေနေရာင္ျဖင့္ေတြ႕လွ်င္ လ်င္ျမန္စြာေသဆုံးႏိုင္သည္ဟုဆိုသည္။

Yahoo News က ရရွိခဲ့ေသာ စာ႐ြက္စာတမ္းမ်ားအရ ကို႐ိုနာဗိုင္းရပ္စ္သည္ ျမင့္မားေသာအပူခ်ိန္ႏွင့္ စြတ္စိုေသာ မ်က္ႏွာျပင္မ်ားေပၚတြင္ ရွင္သန္ႏိုင္ျခင္းမရွိေၾကာင္း ေဖာ္ျပထားသည္။

အဆိုပါအခ်က္အရဆိုလွ်င္ ကမာၻ႔အေအးပိုင္းေဒသမ်ားစြာတြင္ ေႏြဥတုသို႔ ခ်ဥ္းကပ္လာေနၿပီျဖစ္ရာ ကမာၻ႔ျပည္သူမ်ားအတြက္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္တစ္ခု ျဖစ္လာသည္။

သို႔ေသာ္ အမ်ားျပည္သူသို႔ ထုတ္ျပန္ခ်ျပျခင္းမရွိေသးေသာ အဆိုပါစာ႐ြက္စာတမ္းမ်ားတြင္ ဆက္လက္ေဖာ္ျပထားသည္မွာ ယခုေတြ႕ရွိခ်က္မ်ားကို သက္ေသျပန္ႏိုင္ရန္ လိုအပ္ဦးမည္ျဖစ္ၿပီး ယခုအခ်က္ေၾကာင့္ ကမာၻႀကီးတြင္ လူနာသစ္ေတြ႕ရွိမႈမ်ား က်ဆင္းသြားမည္ဟု မဆိုလိုေၾကာင္းလည္း ေဖာ္ျပထားသည္။

DHS မွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က dailymail သို႔ အီးေမးလ္ျဖင့္ ေပးပို႔ေျပာၾကားခဲ့ရာတြင္ “မိမိတို႔ဌာနသည္ covid-19 တိုက္ဖ်က္ေရးကို ရည္႐ြယ္ပါသည္။ ထို႔အျပင္ အေမရိကန္ျပည္သူမ်ား၏ က်န္းမာေရးႏွင့္ လုံၿခဳံေရးကို ထိပ္တန္းဦးစားေပးအျဖစ္ သတ္မွတ္ထားပါသည္။” ဟု ေျဖၾကားထားသည္။ DHS က ေပါက္ၾကားလာသည့္ယခုစာ႐ြက္စာတမ္းမ်ားႏွင့္ စပ္လ်ဥ္း၍မူ မွတ္ခ်က္တစုံတရာ မေပးခဲ့ေခ်။

DHS ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ဆက္လက္ေရးသားခဲ့ရာတြင္ သိပၸံနည္းက်သုံးသပ္ျခင္း၊ အေသးစိတ္ စနစ္တက်စစ္ေဆးျခင္းတို႔ မျပဳလုပ္ရေသးသည့္ စာ႐ြက္စာတမ္းမ်ားကို အေျချပဳၿပီး ျပည္သူမ်ားအေပၚ လႊမ္းမိုးမႈရရန္ အမႈမဲ့ႀကိဳးစားျခင္း (သို႔မဟုတ္) ထင္ေၾကးေပး ေကာက္ခ်က္ဆြဲျခင္းတို႔မွာ တာဝန္မဲ့လွေၾကာင္းလည္း တုံ႔ျပန္ေရးသားထားသည္။

ေနေရာင္ျခည္သည္ ကို႐ိုနာဗိုင္းရပ္စ္ကို ထိခိုက္မႈမ်ားျဖစ္ေစႏိုင္သည္ဟူေသာ အေတြးအျမင္မွာ အင္တာနက္တြင္ ပ်ံ႕ႏွံ႔ေနသည္မွာ အတန္ၾကာခဲ့ၿပီ ျဖစ္သည္။

ေဖ့စ္ဘုတ္တြင္ “Goodbye Corona Virus” ဟု ေခါင္းစဥ္တပ္ထားေသာ ပို႔စ္တစ္ခုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသမႈေပးရန္ ေန႔စဥ္လုပ္ေဆာင္ရမည့္အခ်က္မ်ား ေဖာ္ျပထားရာ၌ ေနပူစာလႈံေပးရမည္ဟူေသာ အခ်က္တစ္ခုလည္း ထည့္သြင္းထားသည္ကို ေတြ႕ရသည္။

အဆိုပါအခ်က္သည္ အမွန္တကယ္အလုပ္ျဖစ္မည္ဟု ယုံၾကည္ကာ လက္ေတြ႕လုပ္ေဆာင္ၾကသူ မ်ားစြာရွိေနႏိုင္သည္။

သို႔ေသာ္ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဗဟို (CDC) က ထုတ္ျပန္ထားရာတြင္ covid-19 ကို ကုသမႈေပးရန္အတြက္ အေမရိကန္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး (FDA) က အတည္ျပဳထားသည့္ ကုသမႈနည္းလမ္း၊ ေန႔စဥ္လုပ္ေဆာင္ရမည့္ အခ်က္တို႔ ရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ယခုစာ႐ြက္စာတမ္းမ်ားတြင္ ေဖာ္ျပထားေသာ ေတြ႕ရွိခ်က္မ်ားသည္ အေမရိကန္အစိုးရ အမိေျမလုံၿခဳံေရးဌာန (DHS) ၏ သိပၸံႏွင့္ နည္းပညာဦးစီးဌာနမွ ေတြ႕ရွိခ်က္မ်ားျဖစ္ၿပီး အမ်ိဳးသား ဇီဝကာကြယ္ေရးစမ္းစစ္မႈႏွင့္ တုံ႔ျပန္မႈစင္တာ (National Biodefense Analysis and Countermeasures Center) မွ ျပဳလုပ္ခဲ့ေသာ စမ္းသပ္ခ်က္မ်ား ပါဝင္သည္။

ရာသီတုပ္ေကြးႏွင့္ ဝက္သက္ေရာဂါမ်ားအပါအဝ္ ကူးစက္ေရာဂါ အမ်ားစုသည္ ရာသီဥတုေအးစက္ေသာလမ်ားတြင္ ေရာက္ရွိလာေလ့ ရွိၿပီး ရာသီဥတုပူေႏြးလာသည္ႏွင့္ ျပန္လည္ေပ်ာက္ကြယ္သြားတတ္ရာ လက္ရွိပ်ံ႕ပြားေနေသာ ကို႐ိုနာ ဗိုင္းရပ္စ္ တြင္လည္း အလားတူ ျဖစ္လာႏိုင္မည္ေလာဟူသည္ကို ကြၽမ္းက်င္ပညာရွင္တို႔ ေလ့လာသုံးသပ္ဖြယ္ ျဖစ္လာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: US government experiments with simulations to show the coronavirus can 'quickly' be destroyed by SUNLIGHT, but notes the results are yet to be proven (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service