နိုင်ဂျီးရီးယားသမ္မတဘူဟာရီ၏ အစွမ်းထက်သောလက်ထောက် COVID-19 ဖြင့် ကွယ်လွန်

နိုင်ဂျီးရီးယားသမ္မတဘူဟာရီ၏ အစွမ်းထက်သောလက်ထောက် COVID-19 ဖြင့် ကွယ်လွန် - Property News in Myanmar from iMyanmarHouse.com
19 Apr 2020 9:32 am တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ဂျီးရီးယားသမ္မတ မူဟမ်မက်ဒူ ဘူဟာရီ၏ ယုံကြည်ရသောလက်ထောက် Abba Kyari သည် COVID-19 ကူးစက်မြန်ရောဂါကို တစ်လနီးပါးကြာ တိုက်ပွဲဝင်ခဲ့ရပြီးနောက် ၎င်းရောဂါကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲရောဂါလက္ခဏာများဖြင့်ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

Kyari ကို အာဖရိက၏ စီးပွားရေးအကောင်းဆုံးသောနိုင်ငံ နိုင်ဂျီးရီးယားတွင် သြဇာတိက္ကမအရှိဆုံးသူသုံးဦးအနက် တစ်ဦးအဖြစ် အများက ယူဆထားကြပြီး သမ္မတဘူဟာရီ၏ ယုံကြည်မှုကို အပြည့်အဝရရှိထားသူဟုလည်း ဆိုကြသည်။ အချို့ကလည်း သူ့အား လက်တွေ့တွင်ဆောင်ရွက်နေသော အစိုးရအဖွဲ့ခေါင်းဆောင်ဟုပင် ဖော်ညွှန်းခဲ့ကြသည်။

ထိုသို့ရှိခဲ့သည့်တိုင် Kyari သည် နိုင်ငံရေးလောကတွင် ကျော်ဇောခြင်း၊ ရေပန်းစားခဲ့ခြင်း မရှိခဲ့ပေ။ အွန်လိုင်းတွင် သူ၏တရားဝင်ဓာတ်ပုံများ နည်းပါးခဲ့ပြီး သူ၏တရားဝင်အသက်ကိုပင် အလွယ်တကူသိရှိနိုင်ခဲ့ခြင်းမရှိပေ။ သမ္မတဘူဟာရီက စနေနေ့က လူမှုကွန်ယက်တွစ်တာတွင် ရေးသားခဲ့သောအခါမှပင် Kyari ကွယ်လွန်ချိန်တွင် ၆၇ နှစ်ရှိပြီဖြစ်ကြောင်း သိခဲ့ရခြင်းဖြစ်သည်။

အမေရိကန်ရှိ Cambridge တက္ကသိုလ်နှင့် ယူကေရှိ Warwick တက္ကသိုလ်များမှ ၁၉၈၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် ဘွဲ့ရခဲ့သည့် Kyari သည် ယင်းအခြေအနေနှင့်လိုက်ဖက်လှသည့် ပညာတတ်တစ်ဦးအဖြစ် သူနှင့်ဆက်ဆံဖူးသူများ၏ မကြာခဏမှတ်ချက်ပေးခံခဲ့ရသူဖြစ်သည်။

သူသည် မတ်လတုန်းက ဂျာမနီသို့ တာဝန်ဖြင့် ခရီးသွားရောက်စဥ် ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကူးစက်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

သူ့တွင် ရောဂါပိုးကူးစက်ခံထားရကြောင်းကို မတ် ၂၃ တွင် အတည်ပြုခဲ့ပြီး ထိုအချိန်က သူသည် စိတ်ဓာတ်တက်ကြွဆဲဖြစ်ကာ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု အများက ခန့်မှန်းခဲ့ကြသည်။

Kyari သေဆုံးမှုသည် သမ္မတဘူဟာရီ၏ ရာထူးအတွက် ကြီးမားသည့်ထိုးနှက်ခံရမှုတစ်ခုဖြစ်သည်။

သူသည် နိုင်ဂျီးရီးယားတွင် ၎င်းဗိုင်းရပ်စ်ကူးစက်ခံထားရသည့်နိုင်ငံရေးအထင်ကရပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးသုံးဦးလည်း မတ်လတွင်ပင် ရောဂါကူးစက်ခံခဲ့ရပြီး နှစ်ဦးမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ တစ်ဦးမှာ ကုသမှုခံယူနေရဆဲဖြစ်သည်။

နိုင်ဂျီးရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၄၉၃ နှင့် ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၇ ဦးရှိပြီဖြစ်ပြီး နိုင်ငံလူဦးရေ သန်း ၂၀၀ နှင့်ယှဥ်လျှင် နိမ့်ပါးသည်ကို တွေ့ရသည်။

သို့သော်လည်း စစ်ဆေးမှု ၇,၀၀၀ သာ ပြုလုပ်ရသေးသည့် သူတို့နိုင်ငံသည် ရောဂါစမ်းသပ်စစ်ဆေးမှုများ လုံလုံလောက်လောက်မလုပ်ဆောင်သေး၍လားဟူသော စိုးရိမ်မှုများ သိသိသာသာ ရှိနေပေသည်။

ယခုအခါ COVID-19 ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းမှုသည် နိုင်ဂျီးရီးယားအတွက် နှစ် ၃၀ အတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်သွားနိုင်ခြေရှိနေသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်ထားကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The powerful chief of staff to Nigeria’s president Buhari has died of Covid-19 (quartzafrica)

[Zawgyi]

ႏိုင္ဂ်ီးရီးယားသမၼတဘူဟာရီ၏ အစြမ္းထက္ေသာလက္ေထာက္ COVID-19 ျဖင့္ ကြယ္လြန္

ႏိုင္ဂ်ီးရီးယားသမၼတ မူဟမ္မက္ဒူ ဘူဟာရီ၏ ယုံၾကည္ရေသာလက္ေထာက္ Abba Kyari သည္ COVID-19 ကူးစက္ျမန္ေရာဂါကို တစ္လနီးပါးၾကာ တိုက္ပြဲဝင္ခဲ့ရၿပီးေနာက္ ၎ေရာဂါေၾကာင့္ ျဖစ္ပြားေသာ ေနာက္ဆက္တြဲေရာဂါလကၡဏာမ်ားျဖင့္ကြယ္လြန္သြားခဲ့ၿပီျဖစ္သည္။

Kyari ကို အာဖရိက၏ စီးပြားေရးအေကာင္းဆုံးေသာႏိုင္ငံ ႏိုင္ဂ်ီးရီးယားတြင္ ၾသဇာတိကၠမအရွိဆုံးသူသုံးဦးအနက္ တစ္ဦးအျဖစ္ အမ်ားက ယူဆထားၾကၿပီး သမၼတဘူဟာရီ၏ ယုံၾကည္မႈကို အျပည့္အဝရရွိထားသူဟုလည္း ဆိုၾကသည္။ အခ်ိဳ႕ကလည္း သူ႔အား လက္ေတြ႕တြင္ေဆာင္႐ြက္ေနေသာ အစိုးရအဖြဲ႕ေခါင္းေဆာင္ဟုပင္ ေဖာ္ၫႊန္းခဲ့ၾကသည္။

ထိုသို႔ရွိခဲ့သည့္တိုင္ Kyari သည္ ႏိုင္ငံေရးေလာကတြင္ ေက်ာ္ေဇာျခင္း၊ ေရပန္းစားခဲ့ျခင္း မရွိခဲ့ေပ။ အြန္လိုင္းတြင္ သူ၏တရားဝင္ဓာတ္ပုံမ်ား နည္းပါးခဲ့ၿပီး သူ၏တရားဝင္အသက္ကိုပင္ အလြယ္တကူသိရွိႏိုင္ခဲ့ျခင္းမရွိေပ။ သမၼတဘူဟာရီက စေနေန႔က လူမႈကြန္ယက္တြစ္တာတြင္ ေရးသားခဲ့ေသာအခါမွပင္ Kyari ကြယ္လြန္ခ်ိန္တြင္ ၆၇ ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိခဲ့ရျခင္းျဖစ္သည္။

အေမရိကန္ရွိ Cambridge တကၠသိုလ္ႏွင့္ ယူေကရွိ Warwick တကၠသိုလ္မ်ားမွ ၁၉၈၀ ျပည့္လြန္အေစာပိုင္းႏွစ္မ်ားတြင္ ဘြဲ႕ရခဲ့သည့္ Kyari သည္ ယင္းအေျခအေနႏွင့္လိုက္ဖက္လွသည့္ ပညာတတ္တစ္ဦးအျဖစ္ သူႏွင့္ဆက္ဆံဖူးသူမ်ား၏ မၾကာခဏမွတ္ခ်က္ေပးခံခဲ့ရသူျဖစ္သည္။

သူသည္ မတ္လတုန္းက ဂ်ာမနီသို႔ တာဝန္ျဖင့္ ခရီးသြားေရာက္စဥ္ ကို႐ိုနာဗိုင္းရပ္စ္အသစ္ကို ကူးစက္ခံခဲ့ရျခင္းျဖစ္သည္ဟု သိရသည္။

သူ႔တြင္ ေရာဂါပိုးကူးစက္ခံထားရေၾကာင္းကို မတ္ ၂၃ တြင္ အတည္ျပဳခဲ့ၿပီး ထိုအခ်ိန္က သူသည္ စိတ္ဓာတ္တက္ႂကြဆဲျဖစ္ကာ ျပန္လည္ေကာင္းမြန္လာလိမ့္မည္ဟု အမ်ားက ခန႔္မွန္းခဲ့ၾကသည္။

Kyari ေသဆုံးမႈသည္ သမၼတဘူဟာရီ၏ ရာထူးအတြက္ ႀကီးမားသည့္ထိုးႏွက္ခံရမႈတစ္ခုျဖစ္သည္။

သူသည္ ႏိုင္ဂ်ီးရီးယားတြင္ ၎ဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ႏိုင္ငံေရးအထင္ကရပုဂၢိဳလ္မ်ားအနက္ တစ္ဦးျဖစ္သည္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးသုံးဦးလည္း မတ္လတြင္ပင္ ေရာဂါကူးစက္ခံခဲ့ရၿပီး ႏွစ္ဦးမွာ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ကာ တစ္ဦးမွာ ကုသမႈခံယူေနရဆဲျဖစ္သည္။

ႏိုင္ဂ်ီးရီးယားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၄၉၃ ႏွင့္ ၎ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရ ၁၇ ဦးရွိၿပီျဖစ္ၿပီး ႏိုင္ငံလူဦးေရ သန္း ၂၀၀ ႏွင့္ယွဥ္လွ်င္ နိမ့္ပါးသည္ကို ေတြ႕ရသည္။

သို႔ေသာ္လည္း စစ္ေဆးမႈ ၇,၀၀၀ သာ ျပဳလုပ္ရေသးသည့္ သူတို႔ႏိုင္ငံသည္ ေရာဂါစမ္းသပ္စစ္ေဆးမႈမ်ား လုံလုံေလာက္ေလာက္မလုပ္ေဆာင္ေသး၍လားဟူေသာ စိုးရိမ္မႈမ်ား သိသိသာသာ ရွိေနေပသည္။

ယခုအခါ COVID-19 ေၾကာင့္ ႏိုင္ငံ့စီးပြားေရးက်ဆင္းမႈသည္ ႏိုင္ဂ်ီးရီးယားအတြက္ ႏွစ္ ၃၀ အတြင္း အဆိုး႐ြားဆုံးအေျခအေနျဖစ္သြားႏိုင္ေျခရွိေနသည္ဟု ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF က ထုတ္ျပန္ထားေၾကာင္း လည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The powerful chief of staff to Nigeria’s president Buhari has died of Covid-19 (quartzafrica)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service