ပြည်နယ်များကို တစ်ဆင့်ချင်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အား ထရန့် ချပြ

ပြည်နယ်များကို တစ်ဆင့်ချင်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အား ထရန့် ချပြ - Property News in Myanmar from iMyanmarHouse.com
18 Apr 2020 12:26 pm တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံတစ်ဝန်း COVID-19 ကူးစက်မှုများ ဆက်လက်ပျံ့နှံ့နေစဉ် သမ္မတ‌ဒေါ်နယ်ထရန့်က လာမည့်လများအတွင်း ပြည်နယ်စီးပွားရေးများကို ပြန်လည်ဖွင့်လှစ်မည့်အရေးနှင့်ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးများအား လမ်းညွှန်ချက်ပေးလိုက်ပြီဖြစ်သည်။

ယင်း “အမေရိကတစ်ဖန်ဖွင့်လှစ်ခြင်း” လမ်းညွှန်ချက်တွင် ပြည်နယ်များအတွက် lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း) ချထားမှုများအား တဖြည်းဖြည်းဖြေလျှော့ရန် အဆင့်သုံးဆင့်ကို ဖော်ပြထားကြောင်း သိရသည်။

၎င်းလုပ်ငန်းစဉ်အား ဖက်ဒရယ်အစိုးရ၏အကူအညီနှင့်အတူ ကိုယ်တိုင်ကိုင်တွယ်ရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများအား မစ္စတာထရန့်က ကတိပေးထားသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၆၅၄,၃၀၁ ရှိပြီဖြစ်ပြီး ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂,၁၈၉ ဦး ရှိပြီဖြစ်သည်။

သို့သော်လည်း ထရန့်က “အမေရိကဟာ ဖွင့်လှစ်ခံရချင်နေပါပြီ။ အမေရိကန်ပြည်သူတွေကလည်း ဒါကိုလိုလားနေကြပါပြီ။ တစ်နိုင်ငံလုံးကိုပိတ်ထားတာဟာ ရေရှည်အဆင်ပြေမယ့် ဖြေရှင်းနည်းမဟုတ်ပါဘူး။” ဟု ဧပြီ ၁၆ မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။

အချိန်ကြာကြာ lockdown ချထားခြင်းသည် ပြည်သူ့ကျန်းမာရေးကို ဒုက္ခပေးရာရောက်နိုင်ကြောင်း သူက ဆိုထားပြီး ထိုအချိန်ကြာကြာ lockdown ကြောင့် မူးယစ်ဆေးဝါး၊ အရက်သုံးစွဲမှုများ သိသိသာသာမြင့်တက်လာနိုင်ပြီး နှလုံးရောဂါနှင့် အခြားရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ မြင့်တက်လာစေနိုင်ကြောင်းလည်း ထရန့်က သတိပေးခဲ့သည်။

ကျန်းမာ‌သောပြည်သူများသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် social distancing (ရောဂါပိုးကူးစက်မှုထိန်းချုပ်ရန်အတွက် လူသားချင်းတစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုဖြင့် ခပ်ခွာခွာနေခြင်းနှင့် ထိတွေ့ပတ်သက်ဆက်ဆံရသည့် အကြိမ်အရေအတွက် နည်းနိုင်သမျှနည်းအောင်လျှော့ချခြင်း) စီမံချက်ကို ဆက်လက်လိုက်နာကြရမည်ကာ နေမကောင်းပါက အိမ်တွင်နေရန် ညွှန်ကြားခံရမည်ဖြစ်ကြောင်းလည်း ထရန့်က သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း သိရသည်။

တစ်ဆင့်လျှင် အနည်းဆုံး ၁၄ ရက်ကြာမြင့်မည့် အဆင့်သုံးဆင့်တွင် အဆင့် ၁ မှာ မဖြစ်မနေလိုအပ်သည်မဟုတ်သော ခရီးသွားလာမှုကို ရှောင်ကြဉ်ခြင်းနှင့် လူစုဝေးခြင်းမှ ရှောင်ကြဉ်ခြင်းကဲ့သို့သော လက်ရှိချမှတ်ထားသည့် lockdown စီမံချက်အများစု ပါဝင်သည်။ သို့သော် စားသောက်ဆိုင်များ၊ ဝတ်ပြုရာနေရာများနှင့် အားကစားအဆောက်အအုံများကဲ့သို့သော အဆောက်အအုံကြီးများသည် တင်းကျပ်သော physical distancing (ရောဂါပိုးကူးစက်မှုထိန်းချုပ်ရန်အတွက် လူသားချင်းတစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုဖြင့် ခပ်ခွာခွာနေခြင်း) နည်းလမ်းများဖြင့် ဖွင့်လှစ်နိုင်ကြောင်း ပါရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ထကြွနိုးကြားခြင်းမရှိပါက အဆင့် ၂ က မဖြစ်မနေလိုအပ်သည်မဟုတ်သော ခရီးသွားလာမှုကို ပြန်လည်စတင်ခွင့်ပြုမည်ဖြစ်သည်။ စာသင်ကျောင်းများနှင့် ဘားများကိုလည်း အခန်းတွင်း လူဦးရေကန့်သတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

အဆင့် ၃ က ရောဂါလက္ခဏာနှင့် ကူးစက်မှုများ အကျဘက်သို့ ဆက်တိုက်ဦးတည်လာဆဲဖြစ်သည့် ပြည်နယ်များတွင် physical distancing နည်းလမ်းဖြင့် public interaction (အများပြည်သူတုံ့ပြန်မှု) များကို ခွင့်ပြုနိုင်ပြီး လုပ်ငန်းခွင်များတွင် ဝန်ထမ်းဆိုင်ရာကန့်သတ်ချက်များမပြုလုပ်မှုကိုလည်း ခွင့်ပြုနိုင်သည်။ စောင့်ရှောက်မှုဂေဟာများနှင့် ဆေးရုံများသို့ လည်ပတ်မှုများကို ပြန်လည်စတင်နိုင်မည်ဖြစ်ကာ ဘားများတွင် အခန်းတွင်းခွင့်ပြုသည့်လူဦးရေကို တိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus: Trump unveils plan to reopen states in phases (BBC)

[Zawgyi]

ျပည္နယ္မ်ားကို တစ္ဆင့္ခ်င္းျပန္လည္ဖြင့္လွစ္မည့္ အစီအစဥ္အား ထရန႔္ ခ်ျပ

အေမရိကန္ႏိုင္ငံတစ္ဝန္း COVID-19 ကူးစက္မႈမ်ား ဆက္လက္ပ်ံ႕ႏွံ႔ေနစဥ္ သမၼတ‌ေဒၚနယ္ထရန႔္က လာမည့္လမ်ားအတြင္း ျပည္နယ္စီးပြားေရးမ်ားကို ျပန္လည္ဖြင့္လွစ္မည့္အေရးႏွင့္ပတ္သက္၍ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားအား လမ္းၫႊန္ခ်က္ေပးလိုက္ၿပီျဖစ္သည္။

ယင္း “အေမရိကတစ္ဖန္ဖြင့္လွစ္ျခင္း” လမ္းၫႊန္ခ်က္တြင္ ျပည္နယ္မ်ားအတြက္ lockdown (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာမွ ထြက္ခြာခြင့္မျပဳျခင္း) ခ်ထားမႈမ်ားအား တျဖည္းျဖည္းေျဖေလွ်ာ့ရန္ အဆင့္သုံးဆင့္ကို ေဖာ္ျပထားေၾကာင္း သိရသည္။

၎လုပ္ငန္းစဥ္အား ဖက္ဒရယ္အစိုးရ၏အကူအညီႏွင့္အတူ ကိုယ္တိုင္ကိုင္တြယ္ရမည္ျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးမႉးမ်ားအား မစၥတာထရန႔္က ကတိေပးထားသည္။

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ၆၅၄,၃၀၁ ရွိၿပီျဖစ္ၿပီး ၎ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၂,၁၈၉ ဦး ရွိၿပီျဖစ္သည္။

သို႔ေသာ္လည္း ထရန႔္က “အေမရိကဟာ ဖြင့္လွစ္ခံရခ်င္ေနပါၿပီ။ အေမရိကန္ျပည္သူေတြကလည္း ဒါကိုလိုလားေနၾကပါၿပီ။ တစ္ႏိုင္ငံလုံးကိုပိတ္ထားတာဟာ ေရရွည္အဆင္ေျပမယ့္ ေျဖရွင္းနည္းမဟုတ္ပါဘူး။” ဟု ဧၿပီ ၁၆ မိန႔္ခြန္းအတြင္း ေျပာၾကားခဲ့သည္။

အခ်ိန္ၾကာၾကာ lockdown ခ်ထားျခင္းသည္ ျပည္သူ႔က်န္းမာေရးကို ဒုကၡေပးရာေရာက္ႏိုင္ေၾကာင္း သူက ဆိုထားၿပီး ထိုအခ်ိန္ၾကာၾကာ lockdown ေၾကာင့္ မူးယစ္ေဆးဝါး၊ အရက္သုံးစြဲမႈမ်ား သိသိသာသာျမင့္တက္လာႏိုင္ၿပီး ႏွလုံးေရာဂါႏွင့္ အျခား႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ား ျမင့္တက္လာေစႏိုင္ေၾကာင္းလည္း ထရန႔္က သတိေပးခဲ့သည္။

က်န္းမာ‌ေသာျပည္သူမ်ားသည္ လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္းႏွင့္ social distancing (ေရာဂါပိုးကူးစက္မႈထိန္းခ်ဳပ္ရန္အတြက္ လူသားခ်င္းတစ္ဦးႏွင့္တစ္ဦး အကြာအေဝးတစ္ခုျဖင့္ ခပ္ခြာခြာေနျခင္းႏွင့္ ထိေတြ႕ပတ္သက္ဆက္ဆံရသည့္ အႀကိမ္အေရအတြက္ နည္းႏိုင္သမွ်နည္းေအာင္ေလွ်ာ့ခ်ျခင္း) စီမံခ်က္ကို ဆက္လက္လိုက္နာၾကရမည္ကာ ေနမေကာင္းပါက အိမ္တြင္ေနရန္ ၫႊန္ၾကားခံရမည္ျဖစ္ေၾကာင္းလည္း ထရန႔္က သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

တစ္ဆင့္လွ်င္ အနည္းဆုံး ၁၄ ရက္ၾကာျမင့္မည့္ အဆင့္သုံးဆင့္တြင္ အဆင့္ ၁ မွာ မျဖစ္မေနလိုအပ္သည္မဟုတ္ေသာ ခရီးသြားလာမႈကို ေရွာင္ၾကဥ္ျခင္းႏွင့္ လူစုေဝးျခင္းမွ ေရွာင္ၾကဥ္ျခင္းကဲ့သို႔ေသာ လက္ရွိခ်မွတ္ထားသည့္ lockdown စီမံခ်က္အမ်ားစု ပါဝင္သည္။ သို႔ေသာ္ စားေသာက္ဆိုင္မ်ား၊ ဝတ္ျပဳရာေနရာမ်ားႏွင့္ အားကစားအေဆာက္အအုံမ်ားကဲ့သို႔ေသာ အေဆာက္အအုံႀကီးမ်ားသည္ တင္းက်ပ္ေသာ physical distancing (ေရာဂါပိုးကူးစက္မႈထိန္းခ်ဳပ္ရန္အတြက္ လူသားခ်င္းတစ္ဦးႏွင့္တစ္ဦး အကြာအေဝးတစ္ခုျဖင့္ ခပ္ခြာခြာေနျခင္း) နည္းလမ္းမ်ားျဖင့္ ဖြင့္လွစ္ႏိုင္ေၾကာင္း ပါရွိသည္။

ကို႐ိုနာဗိုင္းရပ္စ္ျပန္လည္ထႂကြႏိုးၾကားျခင္းမရွိပါက အဆင့္ ၂ က မျဖစ္မေနလိုအပ္သည္မဟုတ္ေသာ ခရီးသြားလာမႈကို ျပန္လည္စတင္ခြင့္ျပဳမည္ျဖစ္သည္။ စာသင္ေက်ာင္းမ်ားႏွင့္ ဘားမ်ားကိုလည္း အခန္းတြင္း လူဦးေရကန႔္သတ္ခ်က္ျဖင့္ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမည္ျဖစ္သည္။

အဆင့္ ၃ က ေရာဂါလကၡဏာႏွင့္ ကူးစက္မႈမ်ား အက်ဘက္သို႔ ဆက္တိုက္ဦးတည္လာဆဲျဖစ္သည့္ ျပည္နယ္မ်ားတြင္ physical distancing နည္းလမ္းျဖင့္ public interaction (အမ်ားျပည္သူတုံ႔ျပန္မႈ) မ်ားကို ခြင့္ျပဳႏိုင္ၿပီး လုပ္ငန္းခြင္မ်ားတြင္ ဝန္ထမ္းဆိုင္ရာကန႔္သတ္ခ်က္မ်ားမျပဳလုပ္မႈကိုလည္း ခြင့္ျပဳႏိုင္သည္။ ေစာင့္ေရွာက္မႈေဂဟာမ်ားႏွင့္ ေဆး႐ုံမ်ားသို႔ လည္ပတ္မႈမ်ားကို ျပန္လည္စတင္ႏိုင္မည္ျဖစ္ကာ ဘားမ်ားတြင္ အခန္းတြင္းခြင့္ျပဳသည့္လူဦးေရကို တိုးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus: Trump unveils plan to reopen states in phases (BBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service