ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများ ပြင်းထန်စွာခံစားနေရသည့်သူနာပြုကို စစ်ဆေးရာ ၃ ကြိမ်တိုင် ရောဂါမရှိကြောင်း အဖြေထွက်နေပြီး CT Scan ဖြင့် စစ်ဆေးသည့်အခါတွင်မှ ရောဂါရှိနေကြောင်း ပေါ်ပေါက်

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများ ပြင်းထန်စွာခံစားနေရသည့်သူနာပြုကို စစ်ဆေးရာ ၃ ကြိမ်တိုင် ရောဂါမရှိကြောင်း အဖြေထွက်နေပြီး CT Scan ဖြင့် စစ်ဆေးသည့်အခါတွင်မှ ရောဂါရှိနေကြောင်း ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
18 Apr 2020 11:55 am တွင် တင်ခဲ့သည်
33298 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန (NHS) မှ သူနာပြုဆရာမတစ်ဦးဖြစ်သူ Nicole Williams သည် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ပြင်းထန်စွာခံစားခဲ့ရပြီး ဆေးရုံတွင် နှစ်ကြိမ် ကုသမှုခံယူခဲ့ရာသည်။

ဆေးစစ်ကြည့်ရာတွင်မူ ၃ ကြိမ်စစ်ရာ ၃ ကြိမ်လုံး ရောဂါမရှိကြောင်း (negative) သာပြနေသည်။

နောက်ဆုံးတွင် ဝေလပြည်နယ်၏မြို့တော် ကာဒစ်ဖ်ရှိ University Hospital of Wales တွင် ဆေးရုံတက်ခဲ့ပြီး CT Scan ဖြင့် အဖြေရှာကြည့်မှသာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စတုတ္ထအကြိမ်မြောက် သလိပ်စစ်ဆေးမှုတွင်လည်း positive ပြခဲ့သည်ဟုဆို၏။ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ခံစားနေရပြီး ရက်သတ္တ ၃ ပတ်နီးပါးကြာမှ positive ပြခဲ့ခြင်း ဖြစ်သည်။

တောင်ပိုင်းဝေလပြည်နယ်၊ Caerphilly မြို့သူတစ်ဦးဖြစ်သော Nicole က သူ၏အတွေ့အကြုံကို ဖေ့စ်ဘုတ်တွင်ရေးသားခဲ့ရာ၌ “ပြီးခဲ့တဲ့ ၁၅ ရက်တာဟာ တကယ့်ကြောက်စရာအချိန်ပါ” ဟု ရေးသားထားသည်။

ငယ်ရွယ်ပြီး ကျန်းမာသည့်အပြင် မည်သည့်ရောဂါအခံမျှ မရှိသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်ဟု တွက်မထားရန်လည်း Nicole က ရေးသားခဲ့၏။

Nicole သည် ပြီးခဲ့သော ၁၉ ရက်က ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ ခံစားခဲ့ရပြီး နောက် ၃ ရက်အကြာတွင် သလိပ်စစ်ဆေးမှုခံယူခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် သူနာပြုတစ်ဦး ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

စမ်းသပ်ပြီးနောက်နေ့တွင် မနက်နိုးလာသောအခါ ရင်ဘတ်တွင် တင်းကြပ်နေပြီး ချောင်းခြောက်လည်း မပြတ်ဆိုးလာသည်။ ခက်ခက်ခဲခဲ အသက်ရှူလာရပြီး အသက်ရှူချိန်တွင်လည်းနာကျင်မှု ခံစားလာရသည်။

“ရင်ဘတ်ထဲမှာ တစ်ခါမှ ဒီလိုမဖြစ်ဖူးခဲ့ဘူး။ ဒါကြောင့် ကျွန်မအတွက် ဒါက သာမာန်မဟုတ်တဲ့ ဖြစ်ရပ်ပါ” ဟု သူမကဆိုသည်။

ထိုသို့ အခြေအနေဆိုးလာသည့်အပြင် ကိုယ်ပူချိန်များလည်း မြင့်တက်လာပြီးနောက်နေ့တွင်ကား သူမ၏ ဆေးစစ်ချက် အဖြေရသည်။ ကိုရိုနာဗိုင်းရပ်စ် မရှိဟူသော အဖြေဖြစ်၏။

“ကျွန်မလည်း စိတ်မသက်မသာခံစားရပြီး ဆရာဝန်ဆီဖုန်းဆက်ခဲ့ပါတယ်။ သူက ကျွန်မကို လာမကြည့်အားကြောင်း ပြောပါတယ်။ ကျွန်မဟာ negative အဖြေထွက်တယ်ဆိုပေမယ့် covid-19 ရောဂါလက္ခဏာတွေခံစားနေရတယ်လို့ ပြောတော့ သူက အဖြေမှားထွက်တာတွေ အများကြီးရှိနေတယ်လို့ ပြောပါတယ်” ဟု Nicole က ပြောကြားသည်။

Nicole က ဆက်လက်ပြောကြားရာတွင် သူမအား ဘက်တီးရီးယားကိုကုသရာတွင်သာ အသုံးဝင်သည့် ပဋိဇီဝဆေးများပေးကြောင်း၊ ထိုဆေးများသည် ဗိုင်းရပ်စ်ကုသမှုအတွက် အလုပ်မဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သော ရက်သတ္တ ၂ ပတ်တာကာလအတွင်း Nicole သည် ဆေးရုံ ၂ ကြိမ်တက်ခဲ့ရပြီး covid-19 ရောဂါလက္ခဏာများဖြင့် ဆေးကုသမှု ခံယူနေစဉ်တွင်ပင် သလိပ်စမ်းသပ်မှု ၂ ကြိမ် ထပ်မံပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ဆေးမှု ၂ ကြိမ်တွင်လည်း negative သာ ပြနေသည်။

ယင်းနောက်တွင်ကား CT Scan ဖြင့် စစ်ဆေးမှုခံယူသောအခါတွင်မှ covid-19 ကူးစက်ခံထားရကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် အဆုတ်များတွင်လည်း ဗိုင်းရပ်စ်ကြောင့် အဆုပ်ရောင်ရောဂါဖြစ်နေကြောင်း တွေ့ခဲ့ရသည်။

ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ပန်းနာရောဂါဖြစ်လာသည့်အပြင် နှလုံးနှင့် အဆုတ်တို့လည်း ထိခိုက်ကျန်ခဲ့ရကြောင်း Nicole က ပြောကြားသည်။

“ဒီဗိုင်းရပ်စ်က တကယ်ဆိုးရွားပါတယ်။ ကျွန်မက ကံကောင်းတဲ့သူတွေထဲမှာ တစ်ယောက်ပါပါတယ်။ ဒီမှာထိုင်ပြီး ဒီပို့စ်ကို ရေးနိုင်နေတုန်းပါ။ အခြားသူတွေကတော့ ကံမကောင်းရှာဘူး။ ဒါပေမယ့်လည်း အထိအခိုက်မရှိဘဲ ပျောက်ကင်းသွားတာတော့ မဟုတ်ပါဘူး။ ပန်းနာရောဂါက ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ ကျန်ခဲ့ပါတယ်။ သွေးတိုးလည်း ခံစားနေရပါပြီ။ သွေးလွှတ်ကြော ကြီးလာတာကြောင့် နှလုံးရောဂါဆက်လိုက်လာဖွယ် ရှိပါတယ်။ ကျေးဇူးပြုပြီး အစိုးရရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြပါ” ဟု Nicole က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nurse fighting coronavirus despite testing negative three times (Metro )

[Zawgyi]

ျဗိတိန္တြင္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါလကၡဏာမ်ား ျပင္းထန္စြာခံစားေနရသည့္သူနာျပဳကို စစ္ေဆးရာ ၃ ၾကိမ္တိုင္ ေရာဂါမရွိေၾကာင္း အေျဖထြက္ေနျပီး CT Scan ျဖင့္ စစ္ေဆးသည့္အခါတြင္မွ ေရာဂါရွိေနေၾကာင္း ေပၚေပါက္

ျဗိတိန္အမ်ဳိးသားက်န္းမာေရးေစာင့္ေရွာက္မႈဌာန (NHS) မွ သူနာျပဳဆရာမတစ္ဦးျဖစ္သူ Nicole Williams သည္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ား ျပင္းထန္စြာခံစားခဲ့ရျပီး ေဆးရံုတြင္ ႏွစ္ၾကိမ္ ကုသမႈခံယူခဲ့ရာသည္။

ေဆးစစ္ၾကည့္ရာတြင္မူ ၃ ၾကိမ္စစ္ရာ ၃ ၾကိမ္လံုး ေရာဂါမရွိေၾကာင္း (negative) သာျပေနသည္။

ေနာက္ဆံုးတြင္ ေဝလျပည္နယ္၏ျမိဳ ႔ေတာ္ ကာဒစ္ဖ္ရွိ University Hospital of Wales တြင္ ေဆးရုံတက္ခဲ့ျပီး CT Scan ျဖင့္ အေျဖရွာၾကည့္မွသာ ဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း ေတြ႔ရွိခဲ့သည္ဟု ဆိုသည္။

ထို႔အျပင္ စတုတၳအၾကိမ္ေျမာက္ သလိပ္စစ္ေဆးမႈတြင္လည္း positive ျပခဲ့သည္ဟုဆို၏။ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ား ခံစားေနရျပီး ရက္သတၱ ၃ ပတ္နီးပါးၾကာမွ positive ျပခဲ့ျခင္း ျဖစ္သည္။

ေတာင္ပိုင္းေဝလျပည္နယ္၊ Caerphilly ျမိဳ ႔သူတစ္ဦးျဖစ္ေသာ Nicole က သူ၏အေတြ႔အၾကံဳကို ေဖ့စ္ဘုတ္တြင္ေရးသားခဲ့ရာ၌ “ျပီးခဲ့တဲ့ ၁၅ ရက္တာဟာ တကယ့္ေၾကာက္စရာအခ်ိန္ပါ” ဟု ေရးသားထားသည္။

ငယ္ရြယ္ျပီး က်န္းမာသည့္အျပင္ မည္သည့္ေရာဂါအခံမွ် မရွိသူမ်ားအေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ မကူးစက္ႏိုင္ဟု တြက္မထားရန္လည္း Nicole က ေရးသားခဲ့၏။

Nicole သည္ ျပီးခဲ့ေသာ ၁၉ ရက္က ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္းတို႔ ခံစားခဲ့ရျပီး ေနာက္ ၃ ရက္အၾကာတြင္ သလိပ္စစ္ေဆးမႈခံယူခဲ့ရ၏။ အဘယ့္ေၾကာင့္ဆိုေသာ္ သူနာျပဳတစ္ဦး ျဖစ္ေနျခင္းေၾကာင့္ ျဖစ္သည္။

စမ္းသပ္ျပီးေနာက္ေန႔တြင္ မနက္ႏိုးလာေသာအခါ ရင္ဘတ္တြင္ တင္းၾကပ္ေနျပီး ေခ်ာင္းေျခာက္လည္း မျပတ္ဆိုးလာသည္။ ခက္ခက္ခဲခဲ အသက္ရွဴလာရျပီး အသက္ရွဴခ်ိန္တြင္လည္းနာက်င္မႈ ခံစားလာရသည္။

“ရင္ဘတ္ထဲမွာ တစ္ခါမွ ဒီလိုမျဖစ္ဖူးခဲ့ဘူး။ ဒါေၾကာင့္ ကၽြန္မအတြက္ ဒါက သာမာန္မဟုတ္တဲ့ ျဖစ္ရပ္ပါ” ဟု သူမကဆိုသည္။

ထိုသို႔ အေျခအေနဆိုးလာသည့္အျပင္ ကိုယ္ပူခ်ိန္မ်ားလည္း ျမင့္တက္လာျပီးေနာက္ေန႔တြင္ကား သူမ၏ ေဆးစစ္ခ်က္ အေျဖရသည္။ ကိုရိုနာဗိုင္းရပ္စ္ မရွိဟူေသာ အေျဖျဖစ္၏။

“ကၽြန္မလည္း စိတ္မသက္မသာခံစားရျပီး ဆရာဝန္ဆီဖုန္းဆက္ခဲ့ပါတယ္။ သူက ကၽြန္မကို လာမၾကည့္အားေၾကာင္း ေျပာပါတယ္။ ကၽြန္မဟာ negative အေျဖထြက္တယ္ဆိုေပမယ့္ covid-19 ေရာဂါလကၡဏာေတြခံစားေနရတယ္လို႔ ေျပာေတာ့ သူက အေျဖမွားထြက္တာေတြ အမ်ားၾကီးရွိေနတယ္လို႔ ေျပာပါတယ္” ဟု Nicole က ေျပာၾကားသည္။

Nicole က ဆက္လက္ေျပာၾကားရာတြင္ သူမအား ဘက္တီးရီးယားကိုကုသရာတြင္သာ အသံုးဝင္သည့္ ပဋိဇီဝေဆးမ်ားေပးေၾကာင္း၊ ထိုေဆးမ်ားသည္ ဗိုင္းရပ္စ္ကုသမႈအတြက္ အလုပ္မျဖစ္ေၾကာင္း ေျပာၾကားသည္။

ျပီးခဲ့ေသာ ရက္သတၱ ၂ ပတ္တာကာလအတြင္း Nicole သည္ ေဆးရံု ၂ ၾကိမ္တက္ခဲ့ရျပီး covid-19 ေရာဂါလကၡဏာမ်ားျဖင့္ ေဆးကုသမႈ ခံယူေနစဥ္တြင္ပင္ သလိပ္စမ္းသပ္မႈ ၂ ၾကိမ္ ထပ္မံျပဳလုပ္ခဲ့သည္။ အဆိုပါ စစ္ေဆးမႈ ၂ ၾကိမ္တြင္လည္း negative သာ ျပေနသည္။

ယင္းေနာက္တြင္ကား CT Scan ျဖင့္ စစ္ေဆးမႈခံယူေသာအခါတြင္မွ covid-19 ကူးစက္ခံထားရေၾကာင္း ေပၚေပါက္ခဲ့သည့္အျပင္ အဆုတ္မ်ားတြင္လည္း ဗိုင္းရပ္စ္ေၾကာင့္ အဆုပ္ေရာင္ေရာဂါျဖစ္ေနေၾကာင္း ေတြ႔ခဲ့ရသည္။

ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ပန္းနာေရာဂါျဖစ္လာသည့္အျပင္ ႏွလံုးႏွင့္ အဆုတ္တို႔လည္း ထိခိုက္က်န္ခဲ့ရေၾကာင္း Nicole က ေျပာၾကားသည္။

“ဒီဗိုင္းရပ္စ္က တကယ္ဆိုးရြားပါတယ္။ ကၽြန္မက ကံေကာင္းတဲ့သူေတြထဲမွာ တစ္ေယာက္ပါပါတယ္။ ဒီမွာထိုင္ျပီး ဒီပို႔စ္ကို ေရးႏိုင္ေနတုန္းပါ။ အျခားသူေတြကေတာ့ ကံမေကာင္းရွာဘူး။ ဒါေပမယ့္လည္း အထိအခိုက္မရွိဘဲ ေပ်ာက္ကင္းသြားတာေတာ့ မဟုတ္ပါဘူး။ ပန္းနာေရာဂါက ေဘးထြက္ဆိုးက်ဳိးတစ္ခုအေနနဲ႔ က်န္ခဲ့ပါတယ္။ ေသြးတိုးလည္း ခံစားေနရပါျပီ။ ေသြးလႊတ္ေၾကာ ၾကီးလာတာေၾကာင့္ ႏွလံုးေရာဂါဆက္လိုက္လာဖြယ္ ရွိပါတယ္။ ေက်းဇူးျပဳျပီး အစိုးရရဲ ႔ လမ္းညႊန္ခ်က္ေတြကို လိုက္နာၾကပါ” ဟု Nicole က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nurse fighting coronavirus despite testing negative three times (Metro )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service