ထိုင်းနိုင်ငံရှိ တိရ စ္ဆာန်ရုံတွင် ချင်ပန်ဇီမျောက်ကို စက်ဘီးစီးခိုင်းကာ တိရ စ္ဆာန်ရုံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပိုးသတ်ဆေးများ ဖြန်းခိုင်း

ထိုင်းနိုင်ငံရှိ တိရ စ္ဆာန်ရုံတွင် ချင်ပန်ဇီမျောက်ကို စက်ဘီးစီးခိုင်းကာ တိရ စ္ဆာန်ရုံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပိုးသတ်ဆေးများ ဖြန်းခိုင်း - Property News in Myanmar from iMyanmarHouse.com
18 Apr 2020 11:29 am တွင် တင်ခဲ့သည်
2189 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံရှိ တိရ စ္ဆာန်ရုံတွင် ချင်ပန်ဇီမျောက်ကို စက်ဘီးစီးခိုင်းကာ တိရ စ္ဆာန်ရုံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပိုးသတ်ဆေးများ ဖြန်းခိုင်းနေပုံ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ Samutprakarn မိချောင်းမွေးမြူရေးစခန်းနှင့် တိရ စ္ဆာန်ရုံတွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုကာလအတွင်း တိရ စ္ဆာန်ရုံအကြီးအကဲတို့က ၎င်းတို့လုပ်ဆောင်နေသည့်လုပ်ငန်းတွင် ချင်ပန်ဇီမျောက်ကို အသုံးချခဲ့ခြင်း ဖြစ်သည်။

လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့သော အဆိုပါဗွီဒီယိုဖိုင်တွင် လိမ္မာထက်မြက်သော ချင်ပန်ဇီမျောက်သည် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို တပ်ဆင်ပြီး ဂျင်းဘောင်းဘီအတို၊ လိမ္မော်ရောင် ဟာဝေယံရှပ်တို့ ဝတ်ဆင်ထားကာ ကျောတွင်လည်း ပိုးသတ်ဆေးဖြန်းပုံးတစ်ခု လွယ်၍ ကလေးစီးစက်ဘီးတစ်စင်းဖြင့် စီးနင်းသွားလာနေပုံကို တွေ့ရသည်။ တိရ စ္ဆာန်အခွင့်အရေး စုံစမ်းသူများက အဆိုပါတိရ စ္ဆာန်ရုံတွင် ပြီးခဲ့သောနှစ်အတွင်း တိရ စ္ဆာန်အခွင့်အရေးပြင်းထန်စွာ ဖောက်ဖျက်မှုများ ပြုလုပ်ခဲ့ပုံကို ဖော်ထုတ်ခဲ့ဖူးသည်။ ၎င်းတို့၏ ဖော်ထုတ်ချက်များတွင် တိရ စ္ဆာန်များကို ဝါးလုံးများဖြင့် ရိုက်နှက်သည်ဟုလည်း ပါရှိသည်။

ပြီးခဲ့သော ဒီဇင်ဘာလကလည်း အဆိုပါတိရ စ္ဆာန်ရုံတွင်ပင် အလွန်ပိန်ချိနေသော ဆင်တစ်ကောင်ကို ပရိသတ်အား ဖျော်ဖြေစေပုံ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့မှုမှာလည်း လူမှုကွန်ရက်သုံးစွဲသူတို့အား များစွာအမျက်ထွက်စေခဲ့သည်။

တိရ စ္ဆာန်အခွင့်အရေး လှုပ်ရှားသူတို့က ပြောကြားရာတွင် အဆိုပါတိရ စ္ဆာန်ရုံတွင် အခြားတွေ့ရှှိရသည်များမှာ ပိန်ချုံးချိနဲ့နေသော ဆင်များကို နှိပ်စက်ညှင်းပန်းမှုအပြင် ညစ်ပတ်နေသော ရေအိုင်များအတွင်း ရှေ့တိုးနောက်ဆုတ် ဂယိမ်းဂယိုင်ဖြစ်နေသော ဝက်ဝံများ၊ အာဟာရမပြည့်ဝသော မိချောင်းများကို တွေ့ရသည်ဟုလည်း ပြောကြသည်။

ချင်ပန်ဇီမျောက်ကို ပိုးသတ်ဆေးဖြန်းခိုင်းခြင်းနှင့် စပ်လျဉ်းပြီး မိချောင်းမွေးမြူရေးစခန်း ဒါရိုက်တာ Uthen Yangpraphakorn က ပြောကြားရာတွင် covid-19 အတွက် အစိုးရက တင်းကြပ်ကန့်သတ်ထားသည်များ ရုတ်သိမ်းသည်နှင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် တိရ စ္ဆာန်ရုံကို ပိုးသတ်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။

Uthen က ပြောကြားရာတွင် “ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အစိုးရက အမိန့်တွေထုတ်ကတည်းက ကျွန်တော်တို့ ပိတ်ထားခဲ့ရတာပါ။ လက်ရှိအချိန်မှာ လုပ်စရာအလုပ် သိပ်မရှိပါဘူး။ ဒီနေရာကို ကျွန်တော်တို့က တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ် သန့်ရှင်းရေးလုပ်ပါတယ်။ ဒါမှ အစိုးရက ပြန်ဖွင့်ခွင့်ပေးရင် လာရောက်လည်ပတ်သူတွေကို လက်ခံဖို့ အသင့်ဖြစ်နေမှာပါ” ဟု ပြောကြားသည်။

“ဒီ ချင်ပန်ဇီက ဒီမှာပဲ လေ့ကျင့်ပေးထားတာပါ။ အခုလို ရပ်နားထားတဲ့ကာလမှာ သူ့ကို ကိုယ်လက်လှုပ်ရှားမှုရှိအောင် ကျွန်တော်တို့က လုပ်ပေးတာသာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူပေါင်း ၂၇၀၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ၄၇ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ကြေညာထားသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် တင်းကြပ်သည့်အစီအမံများ ဆောင်ရွက်ထားရာ တိရ စ္ဆာန်ရုံများနှင့် အခြား စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းစေခြင်း၊ ခရီးသည်တင် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းစေခြင်း၊ ညမထွက်ရ အမိန့်များ ထုတ်ပြန်ခြင်း၊ ခရီးသွားလာမှုများကို ကျယ်ကျယ်ပြန့်ပြန့်တားမြစ်ခြင်းနှင့် အရက်သေစာ ပိတ်ပင်ခြင်းတို့လည်း ပါဝင်သည်။

ချင်ပန်ဇီမျောက်အား ပိုးသတ်ဆေးဖြန်းခိုင်းသည့် ဗွီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက်ပိုင်း တိရ စ္ဆာန်အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့ဖြစ်သော PETA က ပြောကြားရာတွင် ယခုကဲ့သို့ ပြုမူသည်မှာ နှလုံးကြေကွဲဖွယ်ရာကောင်းကြောင်းပြောကြားပြီး အဆိုပါတိရ စ္ဆာန်ရုံသည် ငရဲတွင်းကြီးတစ်ခုဖြစ်ကြောင်း ခိုင်းနှိုင်းပြောကြားခဲ့သည်။

PETA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Nirali Shah က ပြောကြားရာတွင် “Samutprakarn မိချောင်းစခန်းနဲ့ တိရ စ္ဆာန်ဥယျာဉ်လို နေရာမျိုးဟာ ငရဲတွင်းတွေပါပဲ။ အဲဒီနေရာမျိုးမှာ အခုချင်ပန်ဇီလို တိရ စ္ဆာန်တွေဟာ နေ့စဉ်နေ့တိုင်း စိတ်မချမ်းမြေ့စရာ အခြေအနေမျိုးနဲ့ ရှင်သန်နေကြရတယ်” ဟု ပြောကြားသည်။

PETA က အဆိုပါတိရ စ္ဆာန်သို့ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း တိရ စ္ဆာန်စီမံခန့်ခွဲရေးအဖွဲ့က တစုံတရာတုံ့ပြန်ခဲ့ခြင်း မရှိဟု ဆိုသည်။

PETA က ၎င်းတို့ စုံစမ်းသိရှိရသည့် တွေ့ရှိရချက်များကို ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး အဆိုပါတိရ စ္ဆာန်ရုံအား ဝင်ရောက်စစ်ဆေးရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World’s worst zoo forces chimpanzee to ride a bike while spraying anti-coronavirus disinfectant (The Sun)

[Zawgyi]

ထိုင္းႏိုင္ငံရွိ တိရ စၦာန္ရံုတြင္ ခ်င္ပန္ဇီေမ်ာက္ကို စက္ဘီးစီးခိုင္းကာ တိရ စၦာန္ရံုအတြင္း ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရး ပိုးသတ္ေဆးမ်ား ျဖန္းခိုင္း

ထိုင္းႏိုင္ငံရွိ တိရ စၦာန္ရံုတြင္ ခ်င္ပန္ဇီေမ်ာက္ကို စက္ဘီးစီးခိုင္းကာ တိရ စၦာန္ရံုအတြင္း ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရး ပိုးသတ္ေဆးမ်ား ျဖန္းခိုင္းေနပံု ဗီြဒီယိုဖိုင္တစ္ခု လူမႈကြန္ရက္တြင္ ပ်ံ ႔ႏွံ႔လာသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ ႔အနီးရွိ Samutprakarn မိေခ်ာင္းေမြးျမဴေရးစခန္းႏွင့္ တိရ စၦာန္ရံုတြင္ အဆိုပါျဖစ္ရပ္ျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး ကမၻာ့ကပ္ေရာဂါပ်ံ ႔ႏွံ႔မႈကာလအတြင္း တိရ စၦာန္ရံုအၾကီးအကဲတို႔က ၎တို႔လုပ္ေဆာင္ေနသည့္လုပ္ငန္းတြင္ ခ်င္ပန္ဇီေမ်ာက္ကို အသံုးခ်ခဲ့ျခင္း ျဖစ္သည္။

လူမႈကြန္ရက္တြင္ ဂယက္ရိုက္ခဲ့ေသာ အဆိုပါဗီြဒီယိုဖိုင္တြင္ လိမၼာထက္ျမက္ေသာ ခ်င္ပန္ဇီေမ်ာက္သည္ ခြဲစိတ္ခန္းသံုး မ်က္ႏွာဖံုးကို တပ္ဆင္ျပီး ဂ်င္းေဘာင္းဘီအတို၊ လိေမၼာ္ေရာင္ ဟာေဝယံရွပ္တို႔ ဝတ္ဆင္ထားကာ ေက်ာတြင္လည္း ပိုးသတ္ေဆးျဖန္းပံုးတစ္ခု လြယ္၍ ကေလးစီးစက္ဘီးတစ္စင္းျဖင့္ စီးနင္းသြားလာေနပံုကို ေတြ႔ရသည္။ တိရ စၦာန္အခြင့္အေရး စံုစမ္းသူမ်ားက အဆိုပါတိရ စၦာန္ရံုတြင္ ျပီးခဲ့ေသာႏွစ္အတြင္း တိရ စၦာန္အခြင့္အေရးျပင္းထန္စြာ ေဖာက္ဖ်က္မႈမ်ား ျပဳလုပ္ခဲ့ပံုကို ေဖာ္ထုတ္ခဲ့ဖူးသည္။ ၎တို႔၏ ေဖာ္ထုတ္ခ်က္မ်ားတြင္ တိရ စၦာန္မ်ားကို ဝါးလံုးမ်ားျဖင့္ ရိုက္ႏွက္သည္ဟုလည္း ပါရွိသည္။

ျပီးခဲ့ေသာ ဒီဇင္ဘာလကလည္း အဆိုပါတိရ စၦာန္ရံုတြင္ပင္ အလြန္ပိန္ခ်ိေနေသာ ဆင္တစ္ေကာင္ကို ပရိသတ္အား ေဖ်ာ္ေျဖေစပံု ဗြီဒီယိုဖိုင္တစ္ခု ပ်ံ ႔ႏွံ႔ခဲ့မႈမွာလည္း လူမႈကြန္ရက္သံုးစြဲသူတို႔အား မ်ားစြာအမ်က္ထြက္ေစခဲ့သည္။

တိရ စၦာန္အခြင့္အေရး လႈပ္ရွားသူတို႔က ေျပာၾကားရာတြင္ အဆိုပါတိရ စၦာန္ရံုတြင္ အျခားေတြ႔ရွိွရသည္မ်ားမွာ ပိန္ခ်ံဳးခ်ိနဲ႔ေနေသာ ဆင္မ်ားကို ႏွိပ္စက္ညွင္းပန္းမႈအျပင္ ညစ္ပတ္ေနေသာ ေရအိုင္မ်ားအတြင္း ေရွ ႔တိုးေနာက္ဆုတ္ ဂယိမ္းဂယိုင္ျဖစ္ေနေသာ ဝက္ဝံမ်ား၊ အာဟာရမျပည့္ဝေသာ မိေခ်ာင္းမ်ားကို ေတြ႔ရသည္ဟုလည္း ေျပာၾကသည္။

ခ်င္ပန္ဇီေမ်ာက္ကို ပိုးသတ္ေဆးျဖန္းခိုင္းျခင္းႏွင့္ စပ္လ်ဥ္းျပီး မိေခ်ာင္းေမြးျမဴေရးစခန္း ဒါရိုက္တာ Uthen Yangpraphakorn က ေျပာၾကားရာတြင္ covid-19 အတြက္ အစိုးရက တင္းၾကပ္ကန္႔သတ္ထားသည္မ်ား ရုတ္သိမ္းသည္ႏွင့္ ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ တိရ စၦာန္ရံုကို ပိုးသတ္ထားရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။

Uthen က ေျပာၾကားရာတြင္ “ဒီဗိုင္းရပ္စ္နဲ႔ပတ္သက္ျပီး အစိုးရက အမိန္႔ေတြထုတ္ကတည္းက ကၽြန္ေတာ္တို႔ ပိတ္ထားခဲ့ရတာပါ။ လက္ရွိအခ်ိန္မွာ လုပ္စရာအလုပ္ သိပ္မရွိပါဘူး။ ဒီေနရာကို ကၽြန္ေတာ္တို႔က တစ္ပတ္ကို ၂ ၾကိမ္ ၃ ၾကိမ္ သန္႔ရွင္းေရးလုပ္ပါတယ္။ ဒါမွ အစိုးရက ျပန္ဖြင့္ခြင့္ေပးရင္ လာေရာက္လည္ပတ္သူေတြကို လက္ခံဖုိ႔ အသင့္ျဖစ္ေနမွာပါ” ဟု ေျပာၾကားသည္။

“ဒီ ခ်င္ပန္ဇီက ဒီမွာပဲ ေလ့က်င့္ေပးထားတာပါ။ အခုလို ရပ္နားထားတဲ့ကာလမွာ သူ႔ကို ကိုယ္လက္လႈပ္ရွားမႈရွိေအာင္ ကၽြန္ေတာ္တုိ႔က လုပ္ေပးတာသာ ျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

ထိုင္းႏိုင္ငံတြင္ လူေပါင္း ၂၇၀၀ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီး ၄၇ ဦး ေသဆံုးခဲ့ျပီျဖစ္ေၾကာင္း ေၾကညာထားသည္။

ထိုင္းႏိုင္ငံတြင္ ကိုရိုနာဗုိုင္းရပ္စ္ ပ်ံ ႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ တင္းၾကပ္သည့္အစီအမံမ်ား ေဆာင္ရြက္ထားရာ တိရ စၦာန္ရံုမ်ားႏွင့္ အျခား စီးပြားေရးလုပ္ငန္းမ်ား ပိတ္သိမ္းေစျခင္း၊ ခရီးသည္တင္ ေလေၾကာင္းခရီးစဥ္မ်ား ရပ္ဆိုင္းေစျခင္း၊ ညမထြက္ရ အမိန္႔မ်ား ထုတ္ျပန္ျခင္း၊ ခရီးသြားလာမႈမ်ားကို က်ယ္က်ယ္ျပန္႔ျပန္႔တားျမစ္ျခင္းႏွင့္ အရက္ေသစာ ပိတ္ပင္ျခင္းတို႔လည္း ပါဝင္သည္။

ခ်င္ပန္ဇီေမ်ာက္အား ပိုးသတ္ေဆးျဖန္းခိုင္းသည့္ ဗြီဒီယိုဖိုင္ထြက္ေပၚလာျပီးေနာက္ပိုင္း တိရ စၦာန္အခြင့္အေရးလႈပ္ရွားသည့္အဖြဲ႔ျဖစ္ေသာ PETA က ေျပာၾကားရာတြင္ ယခုကဲ့သို႔ ျပဳမူသည္မွာ ႏွလံုးေၾကကြဲဖြယ္ရာေကာင္းေၾကာင္းေျပာၾကားျပီး အဆိုပါတိရ စၦာန္ရံုသည္ ငရဲတြင္းၾကီးတစ္ခုျဖစ္ေၾကာင္း ခိုင္းႏႈိင္းေျပာၾကားခဲ့သည္။

PETA ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Nirali Shah က ေျပာၾကားရာတြင္ “Samutprakarn မိေခ်ာင္းစခန္းနဲ႔ တိရ စၦာန္ဥယ်ာဥ္လို ေနရာမ်ဳိးဟာ ငရဲတြင္းေတြပါပဲ။ အဲဒီေနရာမ်ဳိးမွာ အခုခ်င္ပန္ဇီလို တိရ စၦာန္ေတြဟာ ေန႔စဥ္ေန႔တိုင္း စိတ္မခ်မ္းေျမ ႔စရာ အေျခအေနမ်ဳိးနဲ႔ ရွင္သန္ေနၾကရတယ္” ဟု ေျပာၾကားသည္။

PETA က အဆိုပါတိရ စၦာန္သို႔ ဆက္သြယ္ရန္ၾကိဳးစားခဲ့ေသာ္လည္း တိရ စၦာန္စီမံခန္႔ခြဲေရးအဖြဲ႔က တစံုတရာတံု႔ျပန္ခဲ့ျခင္း မရွိဟု ဆိုသည္။

PETA က ၎တို႔ စံုစမ္းသိရွိရသည့္ ေတြ႔ရွိရခ်က္မ်ားကို ရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားခဲ့ျပီး အဆိုပါတိရ စၦာန္ရံုအား ဝင္ေရာက္စစ္ေဆးရန္ တိုက္တြန္းထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World’s worst zoo forces chimpanzee to ride a bike while spraying anti-coronavirus disinfectant (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service