ပြည်သူအားလုံးသို့ COVID-19 ကယ်ဆယ်ရေးထောက်ပံ့ငွေ ယန်း ၁ သိန်း ဂျပန်ပေးမည်

ပြည်သူအားလုံးသို့ COVID-19 ကယ်ဆယ်ရေးထောက်ပံ့ငွေ ယန်း ၁ သိန်း ဂျပန်ပေးမည် - Property News in Myanmar from iMyanmarHouse.com
17 Apr 2020 12:26 pm တွင် တင်ခဲ့သည်
3281 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်သည် ကိုရိုနာဗိုင်းရပ်စ်အသစ်ပျံ့နှံ့ဖြစ်ပွားမှုဆိုးကျိုးကို ခံစားရခြင်းမှ သက်သာရရအောင် ကူညီပေးရန် အစီအစဥ်တစ်စိတ်တစ်ပိုင်းအရ ဝင်ငွေအခြေအနေမည်သို့ပင်ရှိစေကာမူ ပြည်သူအယောက်စီတိုင်းသို့ ယန်း ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၃၀) ငွေသားကို (တစ်ကြိမ်တည်းအပြတ်) ထုတ်ပေးရန် စီစဥ်နေကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဧပြီ ၁၆ တွင် ပြောကြားခဲ့သည်။

ခန့်မှန်းခြေ ယန်း ၁၂ ထရီလျံကျော် ကုန်ကျမည့် ၎င်းအစီအစဥ်သည် COVID-19 ကပ်ဘေးကြောင့် ဝင်ငွေသိသိသာသာကျဆင်းသွားသော အိမ်ထောင်စုများသို့ ယန်း ၃ သိန်း ပေးမည့် အစောပိုင်းအစီအစဥ်မှ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ယခုအစီအစဥ်သည် ဂျပန်တွင် တရိပ်ရိပ်တိုးပွားလာသည့် ကူးစက်မှုများကို ထိန်းချုပ်ရန် အာဘေး၏ ယခုနောက်ဆုံးကြိုးပမ်းချက်အဖြစ် စီရင်စု ၄၇ ခုစလုံးသို့ အရေးပေါ်အခြေအနေကို တိုးချဲ့ရန် ဆုံးဖြတ်ချက်ချလိုက်သည့်ရက်နှင့် တစ်ရက်တည်း၌ ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

အရေးပေါ်အခြေအနေဧရိယာချဲ့ထွင်မှုအား ကြေညာပြီးနောက် အာဘေးက “ပြည်သူအားလုံးကို အပြင်ထွက်ခြင်းကနေ ရှောင်ကြဥ်ကြဖို့ တောင်းဆိုမှာဖြစ်ပြီး အခြားလှုပ်ရှားမှုတွေကို တားမြစ်မှာ ဖြစ်တာကြောင့် ဒီအရေးပေါ်အခြေအနေကြေညာချက်မှာအကျုံးဝင်တဲ့ ပြည်သူအားလုံး အယောက်စီတိုင်းကို ယန်း ၁ သိန်း ပေးဖို့ စဥ်းစားကြဖို့ အာဏာရပါတီတွေကို ကျွန်တော်တောင်းဆိုမှာဖြစ်ပါတယ်။” ဟု ကိုရိုနာဗိုင်းရပ်စ်ရေးရာတုံံ့ပြန်ရေးတာဝန်ပေးထားသည့် အစိုးရအဖွဲ့တစ်ဖွဲ့ထံသို့ ပြောကြားခဲ့သည်။

ယန်း ၃ သိန်း ပေးမည့်အစီအစဥ်အစား သူသည် ဖြည့်စွက်ဘတ်ဂျက်တွင် အဆိုပါယန်း ၁ သိန်း ပေးဝေမည့်အစီအစဥ်ကို ထည့်သွင်းရန် စီစဥ်နေကြောင်းလည်း အာဘေးက အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ညွန့်ပေါင်းမိတ်ဖက်ပါတီ Komeito ၏ အကြီးအကဲ နာဆူအိုယာမာဂူချီသို့ အဆိုပါနေ့အစောပိုင်းတွင် ဖုန်းမှတစ်ဆင့်ပြောကြားခဲ့ကြောင်း ထိုကိစ္စနှင့်နီးစပ်သည့် ရင်းမြစ်များက ပြောကြားခဲ့သည်။

အာဘေးသည် ယခင် ထိုအစီအစဥ်မျိုးနှင့်ပတ်သက်၍ သဘောမတူခဲ့ဖွယ်ရှိခဲ့သော်လည်း ယခုအခါ သူသည် ယန်း ၁ သိန်းအစီအစဥ်သစ်အတွက် ဘဏ္ဍာငွေရရှိရန် တာဝန်ရှိသူများအား ညွန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ယန်း ၁ သိန်းအစီအစဥ်သည် စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံများအကြား အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရသည့် ဂျပန်စီးပွားရေးကို ပိုမိုဆိုးရွားသွားစေနိုင်သည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan to give 100,000 yen to all citizens for virus relief (mainichi)

[Zawgyi]

ျပည္သူအားလုံးသို႔ COVID-19 ကယ္ဆယ္ေရးေထာက္ပံ့ေငြ ယန္း ၁ သိန္း ဂ်ပန္ေပးမည္

ဂ်ပန္သည္ ကို႐ိုနာဗိုင္းရပ္စ္အသစ္ပ်ံ႕ႏွံ႔ျဖစ္ပြားမႈဆိုးက်ိဳးကို ခံစားရျခင္းမွ သက္သာရရေအာင္ ကူညီေပးရန္ အစီအစဥ္တစ္စိတ္တစ္ပိုင္းအရ ဝင္ေငြအေျခအေနမည္သို႔ပင္ရွိေစကာမူ ျပည္သူအေယာက္စီတိုင္းသို႔ ယန္း ၁၀၀,၀၀၀ (အေမရိကန္ေဒၚလာ ၉၃၀) ေငြသားကို (တစ္ႀကိမ္တည္းအျပတ္) ထုတ္ေပးရန္ စီစဥ္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးက ဧၿပီ ၁၆ တြင္ ေျပာၾကားခဲ့သည္။

ခန႔္မွန္းေျခ ယန္း ၁၂ ထရီလ်ံေက်ာ္ ကုန္က်မည့္ ၎အစီအစဥ္သည္ COVID-19 ကပ္ေဘးေၾကာင့္ ဝင္ေငြသိသိသာသာက်ဆင္းသြားေသာ အိမ္ေထာင္စုမ်ားသို႔ ယန္း ၃ သိန္း ေပးမည့္ အေစာပိုင္းအစီအစဥ္မွ ေျပာင္းလဲသြားခဲ့ျခင္းျဖစ္သည္။

ယခုအစီအစဥ္သည္ ဂ်ပန္တြင္ တရိပ္ရိပ္တိုးပြားလာသည့္ ကူးစက္မႈမ်ားကို ထိန္းခ်ဳပ္ရန္ အာေဘး၏ ယခုေနာက္ဆုံးႀကိဳးပမ္းခ်က္အျဖစ္ စီရင္စု ၄၇ ခုစလုံးသို႔ အေရးေပၚအေျခအေနကို တိုးခ်ဲ႕ရန္ ဆုံးျဖတ္ခ်က္ခ်လိုက္သည့္ရက္ႏွင့္ တစ္ရက္တည္း၌ ထြက္ရွိလာခဲ့ျခင္းျဖစ္သည္။

အေရးေပၚအေျခအေနဧရိယာခ်ဲ႕ထြင္မႈအား ေၾကညာၿပီးေနာက္ အာေဘးက “ျပည္သူအားလုံးကို အျပင္ထြက္ျခင္းကေန ေရွာင္ၾကဥ္ၾကဖို႔ ေတာင္းဆိုမွာျဖစ္ၿပီး အျခားလႈပ္ရွားမႈေတြကို တားျမစ္မွာ ျဖစ္တာေၾကာင့္ ဒီအေရးေပၚအေျခအေနေၾကညာခ်က္မွာအက်ဳံးဝင္တဲ့ ျပည္သူအားလုံး အေယာက္စီတိုင္းကို ယန္း ၁ သိန္း ေပးဖို႔ စဥ္းစားၾကဖို႔ အာဏာရပါတီေတြကို ကြၽန္ေတာ္ေတာင္းဆိုမွာျဖစ္ပါတယ္။” ဟု ကို႐ိုနာဗိုင္းရပ္စ္ေရးရာတုံံ့ျပန္ေရးတာဝန္ေပးထားသည့္ အစိုးရအဖြဲ႕တစ္ဖြဲ႕ထံသို႔ ေျပာၾကားခဲ့သည္။

ယန္း ၃ သိန္း ေပးမည့္အစီအစဥ္အစား သူသည္ ျဖည့္စြက္ဘတ္ဂ်က္တြင္ အဆိုပါယန္း ၁ သိန္း ေပးေဝမည့္အစီအစဥ္ကို ထည့္သြင္းရန္ စီစဥ္ေနေၾကာင္းလည္း အာေဘးက အာဏာရလစ္ဘရယ္ဒီမိုကရက္တစ္ပါတီ၏ ၫြန႔္ေပါင္းမိတ္ဖက္ပါတီ Komeito ၏ အႀကီးအကဲ နာဆူအိုယာမာဂူခ်ီသို႔ အဆိုပါေန႔အေစာပိုင္းတြင္ ဖုန္းမွတစ္ဆင့္ေျပာၾကားခဲ့ေၾကာင္း ထိုကိစၥႏွင့္နီးစပ္သည့္ ရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။

အာေဘးသည္ ယခင္ ထိုအစီအစဥ္မ်ိဳးႏွင့္ပတ္သက္၍ သေဘာမတူခဲ့ဖြယ္ရွိခဲ့ေသာ္လည္း ယခုအခါ သူသည္ ယန္း ၁ သိန္းအစီအစဥ္သစ္အတြက္ ဘ႑ာေငြရရွိရန္ တာဝန္ရွိသူမ်ားအား ၫြန္ၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

ယန္း ၁ သိန္းအစီအစဥ္သည္ စီးပြားေရးအဖြံ႕ၿဖိဳးဆုံးႏိုင္ငံမ်ားအၾကား အဆိုး႐ြားဆုံးအေျခအေနႏွင့္ ရင္ဆိုင္ေနရသည့္ ဂ်ပန္စီးပြားေရးကို ပိုမိုဆိုး႐ြားသြားေစႏိုင္သည္ဟူေသာ စိုးရိမ္မႈမ်ားကို ျမင့္တက္ေစေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan to give 100,000 yen to all citizens for virus relief (mainichi)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service