ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈ ရာခိုင်နှုန်းတွင် ရောဂါလက္ခဏာမပြကြောင်း ဗြိတိသျှဆေးပညာဂျာနယ်တွင် ဖော်ပြ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈ ရာခိုင်နှုန်းတွင် ရောဂါလက္ခဏာမပြကြောင်း ဗြိတိသျှဆေးပညာဂျာနယ်တွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
17 Apr 2020 11:28 am တွင် တင်ခဲ့သည်
1329 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိသျှ ဆေးပညာဂျာနယ် (British Medical Journal) တွင် ဖော်ပြခဲ့သော မကြာသေးမီက လေ့လာချက်တစ်ရပ်အရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် ၇၈ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြသနိုင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းတွင် အတည်ပြုထားသော ကူးစက်ခံရသူပေါင်း ၂ သန်းနီးပါးသို့ ချဉ်းကပ်လာနေသည် ။ ထို့အပြင် အလွန်များပြားသော အခြားလူပေါင်းများစွာတွင်လည်း ကူးစက်ခံထားရနိုင်ဖွယ် ရှိသည်။

အဘယ့်ကြောင့်ဆိုလျှင် များစွာသောသူတို့မှာ ရောဂါကူးစက်ခံရသော်လည်း မည်သည့်ရောဂါလက္ခဏာမျှ မပြသခြင်းကြောင့် ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့က တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နေ့စဉ်တွေ့ရှိမှု ပမာဏကို တရုတ်အာဏာပိုင်တို့က ထုတ်ပြန်သည့် အချက်အလက်များအပေါ် အခြေခံကာ ယခုသုတေသနစာတမ်းကို ရေးသားခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါစာတမ်းတွင် ဖော်ပြချက်အရ ဧပြီလ ၁ ရက်တွင် တွေ့ရှိခဲ့သော လူနာ ၁၆၆ ဦးအနက် ၁၃၀ ဦး (၇၈ ရာခိုင်နှုန်း) မှာ ရောဂါလက္ခဏာ မပြသကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ကျန်ရှိသော ရောဂါလက္ခဏာပြသည့် ၃၆ ဦးတွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် လူနာများပါဝင်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်သည်။

ကူးစက်ရောဂါပျံ့ပွားမှုဆိုင်ရာပညာရှင်/ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ Centre for Evidence-Based Medicine ၏ ဂုဏ်ထူးဆောင် သုတေသန အဖွဲ့ဝင်တစ်ဦးဖြစ်သူ Tom Jefferson က ယခုတွေ့ရှိချက်သည် အလွန့်အလွန် အရေးကြီးကြောင်း၊ နမူနာ ရယူထားမှုမှာ နည်းပါးသေးပြီး အချက်အလက်များ ထပ်မံရရှိလာနိုင်ဦးမည် ဖြစ်ကြောင်း၊ သို့သော် ယေဘုယျ ကောက်ချက်ဆွဲနိုင်ကြောင်း၊ ၁၀ ရာခိုင်နှုန်းခန့် လျော့ပါးသည်ဆိုလျှင်ပင် ဗိုင်းရပ်စ်သည် နေရာတကာတွင် ရှိနေသည်ဟု ယူဆနိုင်ကြောင်း ပြောကြားသည်။

“ဒီတွေ့ရှိချက်ရလဒ်တွေသာ အခြေအနေမှန်ကို ကိုယ်စားပြုတယ်ဆိုရင် ကျွန်တော်တို့ မေးစရာရှိတာက ကျွန်တော်တို့တွေ lockdown လုပ်နေတာတွေက ဘာအတွက်များလဲလို့ မေးစရာရှိပါတယ်” ဟု Tom Jefferson က ဆိုသည်။

ထို့ကြောင့် ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ လူပေါင်းများစွာကို ကျယ်ကျယ်ပြန့်ပြန့် ပဋိပစ္စည်းစမ်းသပ်စစ်ဆေးနိုင်မှ သာလျှင် မည်မျှကူးစက်ခံထားရသည်ကို သိနိုင်မည် ဖြစ်သည်။

South China Morning Post တွင် ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် ထိတွေ့မှုခြေရာခံခြင်း (contact tracing) မှတဆင့် ရောဂါလက္ခဏာမပြသည့် ကူးစက်ခံထားရသူပေါင်း ၄၃၀၀၀ ဦးကျော် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ရောဂါလက္ခဏာမပြသူများနှင့်စပ်လျဉ်းသည့် ယခုစာတမ်းမှာ University of Florence မှ clinical immunology ပါမောက္ခတစ်ဦးဖြစ်သူ Sergio Romagnani က ဖော်ထုတ်တင်ပြခဲ့မှုများနှင့်လည်း တူညီနေသည်။

Romagnani သည် အီတလီနိုင်ငံတောင်ပိုင်းရှိ လူသူအရောက်ပေါက်နည်းသော ကျေးရွာကလေးတစ်ခုရှိ လူပေါင်း ၃၀၀၀ ခန့်ကို လေ့လာမှုပြုလုပ်ခဲ့သည့် သုတေသနကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

ပါမောက္ခ Romagnani သည် အဆိုကျေးရွာကလေးတွင် ရောဂါလက္ခဏာပြသူများကိုသာမက မပြသူများကိုပါ ဖော်ထုတ်ပြီး သီးခြားထားရှိစေခြင်းအားဖြင့် ကျေးရွာလေးအတွင်း ကိုရိုနာဗိုင်းရပ်စ်ကိုအပြီးတိုင် ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။

ယခုအချက်အလက်များသာ မှန်ကန်နေပြီး ကမ္ဘာပေါ်တွင် ရောဂါလက္ခဏာမပြသူ များစွာရှိနေမည်ဆိုပါက လက်ရှိတွင် ကမ္ဘာတစ်ဝန်း ကျင့်သုံးနေသော lockdown ချနေမှုများမှာ အချည်းနှီးသာဖြစ်သည်ဟု BMJ တွင် စာတမ်းတင်သွင်းခဲ့သူတို့က ယုံကြည်နေသည်။

Centre for Evidence-Based Medicine ၏ ဒါရိုက်တာ Jefferson နှင့် BMJ ၏ အယ်ဒီတာ Carl Heneghan တို့ ရေးသားသော ဆောင်းပါးတစ်ပုဒ်တွင် “covid-19 သည် လူတို့ယူဆနေသည့်အတိုင်းအတာထက် များစွာပျံ့နှံ့နေနိုင်သည်ဟု သံသယဖြစ်ဖွယ်ရာ ရှိနေသည်။ lockdown ချခြင်းသည် ကျွနု်ပ်တို့အပြင် ကျွနု်ပ်တို့မှ ဆင်းသက်ပေါက်ဖွားလာသူအားလုံးကို လူမွဲဖြစ်အောင် လုပ်ရုံသာဖြစ်ပြီး ဗိုင်းရပ်စ်ပျံ့ပွားမှု နှေးကွေး၊ ရပ်တန့်အောင်ကား လုပ်ဆောင်ပေးနိုင်ဖွယ်မရှိချေ။ အဘယ်ကြောင့်ဆိုလျှင် ကျားသည် လှောင်အိမ်အပြင်ဘက်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်၏” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 78% of people with coronavirus don’t show symptoms, claims BMJ (Metro)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၇၈ ရာခိုင္ႏႈန္းတြင္ ေရာဂါလကၡဏာမျပေၾကာင္း ၿဗိတိသွ်ေဆးပညာဂ်ာနယ္တြင္ ေဖာ္ျပ

ၿဗိတိသွ် ေဆးပညာဂ်ာနယ္ (British Medical Journal) တြင္ ေဖာ္ျပခဲ့ေသာ မၾကာေသးမီက ေလ့လာခ်က္တစ္ရပ္အရ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားအနက္ ၇၈ ရာခိုင္ႏႈန္းမွာ ေရာဂါလကၡဏာမျပသႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ကမာၻတစ္ဝန္းတြင္ အတည္ျပဳထားေသာ ကူးစက္ခံရသူေပါင္း ၂ သန္းနီးပါးသို႔ ခ်ဥ္းကပ္လာေနသည္ ။ ထို႔အျပင္ အလြန္မ်ားျပားေသာ အျခားလူေပါင္းမ်ားစြာတြင္လည္း ကူးစက္ခံထားရႏိုင္ဖြယ္ ရွိသည္။

အဘယ့္ေၾကာင့္ဆိုလွ်င္ မ်ားစြာေသာသူတို႔မွာ ေရာဂါကူးစက္ခံရေသာ္လည္း မည္သည့္ေရာဂါလကၡဏာမွ် မျပသျခင္းေၾကာင့္ ျဖစ္သည္။

ဧၿပီလ ၁ ရက္ေန႔က တ႐ုတ္ျပည္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေန႔စဥ္ေတြ႕ရွိမႈ ပမာဏကို တ႐ုတ္အာဏာပိုင္တို႔က ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအေပၚ အေျခခံကာ ယခုသုေတသနစာတမ္းကို ေရးသားခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါစာတမ္းတြင္ ေဖာ္ျပခ်က္အရ ဧၿပီလ ၁ ရက္တြင္ ေတြ႕ရွိခဲ့ေသာ လူနာ ၁၆၆ ဦးအနက္ ၁၃၀ ဦး (၇၈ ရာခိုင္ႏႈန္း) မွာ ေရာဂါလကၡဏာ မျပသေၾကာင္း ေတြ႕ရွိရသည္ဟု ေဖာ္ျပထားသည္။

က်န္ရွိေသာ ေရာဂါလကၡဏာျပသည့္ ၃၆ ဦးတြင္ ႏိုင္ငံျခားမွ ျပန္ေရာက္လာသည့္ လူနာမ်ားပါဝင္ေၾကာင္း တ႐ုတ္အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ထုတ္ျပန္သည္။

ကူးစက္ေရာဂါပ်ံ႕ပြားမႈဆိုင္ရာပညာရွင္/ ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွ Centre for Evidence-Based Medicine ၏ ဂုဏ္ထူးေဆာင္ သုေတသန အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Tom Jefferson က ယခုေတြ႕ရွိခ်က္သည္ အလြန႔္အလြန္ အေရးႀကီးေၾကာင္း၊ နမူနာ ရယူထားမႈမွာ နည္းပါးေသးၿပီး အခ်က္အလက္မ်ား ထပ္မံရရွိလာႏိုင္ဦးမည္ ျဖစ္ေၾကာင္း၊ သို႔ေသာ္ ေယဘုယ် ေကာက္ခ်က္ဆြဲႏိုင္ေၾကာင္း၊ ၁၀ ရာခိုင္ႏႈန္းခန႔္ ေလ်ာ့ပါးသည္ဆိုလွ်င္ပင္ ဗိုင္းရပ္စ္သည္ ေနရာတကာတြင္ ရွိေနသည္ဟု ယူဆႏိုင္ေၾကာင္း ေျပာၾကားသည္။

“ဒီေတြ႕ရွိခ်က္ရလဒ္ေတြသာ အေျခအေနမွန္ကို ကိုယ္စားျပဳတယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေမးစရာရွိတာက ကြၽန္ေတာ္တို႔ေတြ lockdown လုပ္ေနတာေတြက ဘာအတြက္မ်ားလဲလို႔ ေမးစရာရွိပါတယ္” ဟု Tom Jefferson က ဆိုသည္။

ထို႔ေၾကာင့္ ေရာဂါလကၡဏာ ျပသည္ျဖစ္ေစ၊ မျပသည္ျဖစ္ေစ လူေပါင္းမ်ားစြာကို က်ယ္က်ယ္ျပန႔္ျပန႔္ ပဋိပစၥည္းစမ္းသပ္စစ္ေဆးႏိုင္မွ သာလွ်င္ မည္မွ်ကူးစက္ခံထားရသည္ကို သိႏိုင္မည္ ျဖစ္သည္။

South China Morning Post တြင္ ေဖာ္ျပခ်က္အရ တ႐ုတ္ႏိုင္ငံတြင္ ထိေတြ႕မႈေျခရာခံျခင္း (contact tracing) မွတဆင့္ ေရာဂါလကၡဏာမျပသည့္ ကူးစက္ခံထားရသူေပါင္း ၄၃၀၀၀ ဦးေက်ာ္ ေတြ႕ရွိခဲ့သည္ဟု ဆိုသည္။

ေရာဂါလကၡဏာမျပသူမ်ားႏွင့္စပ္လ်ဥ္းသည့္ ယခုစာတမ္းမွာ University of Florence မွ clinical immunology ပါေမာကၡတစ္ဦးျဖစ္သူ Sergio Romagnani က ေဖာ္ထုတ္တင္ျပခဲ့မႈမ်ားႏွင့္လည္း တူညီေနသည္။

Romagnani သည္ အီတလီႏိုင္ငံေတာင္ပိုင္းရွိ လူသူအေရာက္ေပါက္နည္းေသာ ေက်း႐ြာကေလးတစ္ခုရွိ လူေပါင္း ၃၀၀၀ ခန႔္ကို ေလ့လာမႈျပဳလုပ္ခဲ့သည့္ သုေတသနကို ဦးေဆာင္ခဲ့သူ ျဖစ္သည္။

ပါေမာကၡ Romagnani သည္ အဆိုေက်း႐ြာကေလးတြင္ ေရာဂါလကၡဏာျပသူမ်ားကိုသာမက မျပသူမ်ားကိုပါ ေဖာ္ထုတ္ၿပီး သီးျခားထားရွိေစျခင္းအားျဖင့္ ေက်း႐ြာေလးအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကိုအၿပီးတိုင္ ေခ်မႈန္းႏိုင္ခဲ့သည္ဟု ဆိုသည္။

ယခုအခ်က္အလက္မ်ားသာ မွန္ကန္ေနၿပီး ကမာၻေပၚတြင္ ေရာဂါလကၡဏာမျပသူ မ်ားစြာရွိေနမည္ဆိုပါက လက္ရွိတြင္ ကမာၻတစ္ဝန္း က်င့္သုံးေနေသာ lockdown ခ်ေနမႈမ်ားမွာ အခ်ည္းႏွီးသာျဖစ္သည္ဟု BMJ တြင္ စာတမ္းတင္သြင္းခဲ့သူတို႔က ယုံၾကည္ေနသည္။

Centre for Evidence-Based Medicine ၏ ဒါ႐ိုက္တာ Jefferson ႏွင့္ BMJ ၏ အယ္ဒီတာ Carl Heneghan တို႔ ေရးသားေသာ ေဆာင္းပါးတစ္ပုဒ္တြင္ “covid-19 သည္ လူတို႔ယူဆေနသည့္အတိုင္းအတာထက္ မ်ားစြာပ်ံ႕ႏွံ႔ေနႏိုင္သည္ဟု သံသယျဖစ္ဖြယ္ရာ ရွိေနသည္။ lockdown ခ်ျခင္းသည္ ကြၽႏု္ပ္တို႔အျပင္ ကြၽႏု္ပ္တို႔မွ ဆင္းသက္ေပါက္ဖြားလာသူအားလုံးကို လူမြဲျဖစ္ေအာင္ လုပ္႐ုံသာျဖစ္ၿပီး ဗိုင္းရပ္စ္ပ်ံ႕ပြားမႈ ေႏွးေကြး၊ ရပ္တန႔္ေအာင္ကား လုပ္ေဆာင္ေပးႏိုင္ဖြယ္မရွိေခ်။ အဘယ္ေၾကာင့္ဆိုလွ်င္ က်ားသည္ ေလွာင္အိမ္အျပင္ဘက္သို႔ ေရာက္ရွိေနျခင္းေၾကာင့္ ျဖစ္၏” ဟု ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 78% of people with coronavirus don’t show symptoms, claims BMJ (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service