တရုတ်ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ COVID-19 အစပြုခဲ့ခြင်း ဟုတ်မဟုတ်ကို အမေရိကန် စစ်ဆေးနေ
တရုတ်ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ COVID-19 အစပြုခဲ့ခြင်း ဟုတ်မဟုတ်ကို အမေရိကန် စစ်ဆေးနေ - Property News in Myanmar from iMyanmarHouse.com
16 Apr 2020 12:45 pm တွင် တင်ခဲ့သည်
33429 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်အသစ်သည် တရုတ်ဈေးတစ်ခုထက် တရုတ်ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ အစပြုခဲ့ခြင်းဖြစ်နိုင်သည့်ကိစ္စအား အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးနေသည်ဟု အမေရိကန်ုစုံစမ်းထောက်လှမ်းရေးနှင့်အမျိုးသားလုံခြုံရေးတာဝန်ရှိသူများက ပြောကြားလိုက်ကြောင်း ထိုကိစ္စနှင့်ရင်းနှီးနီးစပ်သည့် သတင်းရင်းမြစ်များစွာ၏ ပြောကြားချက်အရ သိရသည်။
လူထောင်းပေါင်းရာချီကို သေဆုံးစေခဲ့ပြီဖြစ်ကာ ကပ်ဘေးအသွင်းသို့ ဆိုက်ရောက်လာခဲ့သည့် ၎င်းကိုရိုနာဗိုင်းရပ်စ်၏ အစပြုရာနေရာကို တိကျမှန်ကန်သေချာစွာသိရှိရရန် စုံစမ်းစစ်ဆေးသူများက ကြိုးပမ်းနေကြသည်ဖြစ်ရာ အဆိုပါထင်မြင်ချက်သည် စုံစမ်းစစ်ဆေးသူများ လိုက်လံစုံစမ်းစစ်ဆေးနေသည့် ထင်မြင်ယူဆချက်များစွာအနက် တစ်ခုဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်သုတေသနနှင့် ဆက်နွှယ်မှုရှိခဲ့သည်ဟူ၍မူ အမေရိကန်က မယူဆပေ။
အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူများ စုံစမ်းစစ်ဆေးနေသည့် ထင်မြင်ယူဆချက်တစ်ခုမှာ COVID-19 သည် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ အစပြုခဲ့သည်ဟူသော ထင်မြင်ယူဆချက်ဖြစ်ကြောင်း ထိုစုံစမ်းစစ်ဆေးမှုနှင့်ရင်းနှီးသည့် ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်သည် အများပြည်သူသို့ မတော်တဆပေါက်ကြားသွားခဲ့ခြင်းသည်။
အခြားရင်းမြစ်များကလည်း အမေရိကန်စုံစမ်းထောက်လှမ်းရေးသည် ထိုထင်မြင်ယူဆချက်အား အတည်ပြုမထောက်ခံနိုင်သေးသော်လည်း ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုတွင် တစ်စုံတစ်ဦးမှ မတော်တဆကူးစက်ခံရကာ အခြားသူများသို့ ထပ်ဆင့်ကူးစက်စေခဲ့ခြင်း ဟုတ်မဟုတ်ကို သိရှိရရန် ကြိုးပမ်းနေကြကြောင်း စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့ကြသည်။
အမေရိကန်စုံစမ်းထောက်လှမ်းရေးသည် တရုတ်အစိုးရကို ရည်ရွယ်သော အကဲဆတ်သည့် စုံစမ်းထောက်လှမ်းမှုများကို ပြန်လည်ဆန်းစစ်သုံးသပ်လျက်ရှိကြောင်း အမေရိကန်ထောက်လှမ်းရေးရင်းမြစ်ပြောကြားချက်အရ သိရသည်။
သို့သော် အချို့စုံစမ်းထောက်လှမ်းရေးတာဝန်ရှိသူများကလည်း ဗိုင်းရပ်စ်ကူးစက်မှုစတင်ရာအကြောင်းရင်းမှန်သည် မည်သည့်အခါမျှ မသိရှိနိုင်သည့်လည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။
အမေရိကန်သမ္မတကို အကြံပေးရသည့် အမေရိကန်ကာကွယ်ရေးဌာနအကြီးတန်းခေါင်းဆောင်များအဖွဲ့ Joint Chief of Staff ၏ ဥက္ကဋ္ဌ မာ့က်မီလီကလည်း အမေရိကန်စုံစမ်းထောက်လှမ်းရေးသည် ‘ကိုရိုနာဗိုင်းရပ်စ်အသစ်သည် ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ စတင်ခဲ့ခြင်း ဟုတ်မဟုတ် မေးခွန်းအား အကြိတ်အနယ်အဖြေရှာနေကြောင်း ယခုသီတင်းပတ်အတွင်း အသိပေးခဲ့သည်။
ထိုထင်မြင်ယူဆချက်အား တရုတ်အစိုးရမှ ငြင်းပယ်ထားပြီးဖြစ်သော်လည်း တရုတ်နှင့်အမေရိကန်ပြင်ပမှ ပညာရှင်အများအပြားကလည်း ၎င်းထင်မြင်ယူဆချက်နှင့်ပတ်သက်၍ သံသယဖြစ်နေကြသည်ဟု စီအင်န်အင်န်က တင်ပြခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: US explores possibility that coronavirus started in Chinese lab, not a market (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service