ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံကို မနှစ်သက်သောကြောင့် အမေရိကန်က ထည့်ဝင်နေသည့် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ကို ရပ်ဆိုင်းမည်

ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံကို မနှစ်သက်သောကြောင့် အမေရိကန်က ထည့်ဝင်နေသည့် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ကို ရပ်ဆိုင်းမည် - Property News in Myanmar from iMyanmarHouse.com
16 Apr 2020 11:02 am တွင် တင်ခဲ့သည်
648 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) သို့ အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထည့်ဝင်နေသည့် ရန်ပုံငွေ အားလုံးကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအရေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အလွန်ဆိုးရွားသော စီမံပုံအလွဲများကြောင့် ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။

ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်တွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ၎င်းစီမံကိုင်တွယ်ပုံများအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေမှုကို ဒေါသတကြီး ခုခံကာကွယ်ပြောဆိုမှုများ ပြုလုပ်နေပြီး ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာ့အဆိုးရွားဆုံးကပ်ရောဂါကြီး ပေါ်ပေါက်နေချိန်တွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

ယခုဗိုင်းရပ်စ်ကူးစက်မှုမှာ အခြေအနေဆိုးရွားနိုင်သည်ဟု သူ၏အစိုးရအဖွဲ့ဝင်များက သတိပေးခဲ့မှုများကိုလည်း ထရမ့်က လစ်လျူရှုခဲ့ပြီး WHO နှင့် သတင်းမီဒီယာတို့ အပါအဝင် အခြားသူများအပေါ်တွင်သာ အပြစ်ဖို့ခြင်းများ ပြုလုပ်လာသည်။

ထရမ့်က တရုတ်နှင့်အမေရိကန်အကြား ရန်ပုံငွေထည့်ဝင်မှု ခြားနားချက်ကိုလည်း ထောက်ပြခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို နှစ်စဉ် ကန်ဒေါ်လာ သန်း ၄၀၀ မှ သန်း ၅၀၀ အကြား ရန်ပုံငွေ ထည့်ဝင်နေကြောင်း၊ တရုတ်နိုင်ငံမှာ ထိုပမာဏာအောက် ၁၀ ပုံ ၁ ပုံမျှသာ ထည့်ဝင်နေပြီး ဒေါ်လာ သန်း ၄၀ ခန့်သာ ထည့်ဝင်ကြောင်း ပြောကြားသည်။

ထရမ့်က ဆက်လက်ပြောကြားရာတွင် မြေပြင်အခြေအနေများအထိ ဝင်ရောက်သိရှိနိုင်ရန် WHO အနေဖြင့် တရုတ်နိုင်ငံသို့ ဆေးဘက်ကျွမ်းကျင်ပညာရှင်အဖွဲ့များစေလွှတ်ခြင်းနှင့် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိခြင်းကို သတိပေးခြင်းများ ပြုခဲ့လျှင် ရောဂါပေါ်ပေါက်ရာနေရာတွင်ပင် အသေအဆုံးနည်းပါးစွာဖြင့် ထိန်းချုပ်နိုင်ခဲ့သင့်ကြောင်း ပြောကြားသည်။

ဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ရောဂါကပ်ကြီး မပေါ်ပေါက်မီကတည်းက ကမ္ဘာ့အဖွဲ့အစည်းများအပေါ် သံသယဖြစ်နေပြီးနောက် ယခုအခါ WHO ကို ရန်ပုံငွေ ထည့်ဝင်နေခြင်းမှ ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

ထရမ့်က ကုလသမဂ္ဂသို့ အမေရိကန်ပြည်ထောင်စုက ရန်ပုံငွေထည့်ဝေနေရခြင်းအပေါ်တွင်ပင် မေးခွန်းထုတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအရေး သဘောတူညီချက်မှ နှုတ်ထွက်ခဲ့ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) ကိုလည်း အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့သည်။

အဆိုပါ အဖွဲ့အစည်းအားလုံးသည် အမေရိကန်ပြည်ထောင်စုကို ဝိုင်းဝန်းနှပ်ချနေခြင်းဖြစ်ကြောင်း ထရန့်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump halts World Health Organization funding over handling of coronavirus outbreak (CNN)

[Zawgyi]

ေဒၚနယ္ထရမ့္က ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး၏ ကိုရိုနာဗိုင္းရပ္စ္အေရး ကိုင္တြယ္ပံုကို မႏွစ္သက္ေသာေၾကာင့္ အေမရိကန္က ထည့္ဝင္ေနသည့္ ရန္ပံုေငြ ေဒၚလာ သန္း ၅၀၀ ကို ရပ္ဆိုင္းမည္

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) သို႔ အေမရိကန္ျပည္ေထာင္စုက ႏွစ္စဥ္ထည့္ဝင္ေနသည့္ ရန္ပံုေငြ အားလံုးကို ရပ္ဆိုင္းေတာ့မည္ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားလိုက္သည္။

ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈအေရးတြင္ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး၏ အလြန္ဆုိးရြားေသာ စီမံပံုအလဲြမ်ားေၾကာင့္ ရပ္ဆိုင္းရျခင္းျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာၾကားသည္။

ေဒၚနယ္ထရမ့္က အေမရိကန္ျပည္တြင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈကို ၎စီမံကိုင္တြယ္ပံုမ်ားအေပၚ ေဝဖန္မႈမ်ား ထြက္ေပၚေနမႈကို ေဒါသတၾကီး ခုခံကာကြယ္ေျပာဆိုမႈမ်ား ျပဳလုပ္ေနျပီး ဆယ္စုႏွစ္မ်ားစြာအတြင္း ကမၻာ့အဆုိးရြားဆံုးကပ္ေရာဂါၾကီး ေပၚေပါက္ေနခ်ိန္တြင္ ယခုကဲ့သို႔ ေၾကညာလိုက္ျခင္းလည္း ျဖစ္သည္။

ယခုဗိုင္းရပ္စ္ကူးစက္မႈမွာ အေျခအေနဆိုးရြားႏိုင္သည္ဟု သူ၏အစိုးရအဖြဲ႔ဝင္မ်ားက သတိေပးခဲ့မႈမ်ားကိုလည္း ထရမ့္က လစ္လ်ဴရႈခဲ့ျပီး WHO ႏွင့္ သတင္းမီဒီယာတို႔ အပါအဝင္ အျခားသူမ်ားအေပၚတြင္သာ အျပစ္ဖို႔ျခင္းမ်ား ျပဳလုပ္လာသည္။

ထရမ့္က တရုတ္ႏွင့္အေမရိကန္အၾကား ရန္ပံုေငြထည့္ဝင္မႈ ျခားနားခ်က္ကိုလည္း ေထာက္ျပခဲ့ရာတြင္ အေမရိကန္ျပည္ေထာင္စုသည္ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးကုိ ႏွစ္စဥ္ ကန္ေဒၚလာ သန္း ၄၀၀ မွ သန္း ၅၀၀ အၾကား ရန္ပံုေငြ ထည့္ဝင္ေနေၾကာင္း၊ တရုတ္ႏိုင္ငံမွာ ထိုပမာဏာေအာက္ ၁၀ ပံု ၁ ပံုမွ်သာ ထည့္ဝင္ေနျပီး ေဒၚလာ သန္း ၄၀ ခန္႔သာ ထည့္ဝင္ေၾကာင္း ေျပာၾကားသည္။

ထရမ့္က ဆက္လက္ေျပာၾကားရာတြင္ ေျမျပင္အေျခအေနမ်ားအထိ ဝင္ေရာက္သိရွိႏိုင္ရန္ WHO အေနျဖင့္ တရုတ္ႏိုင္ငံသုိ႔ ေဆးဘက္ကၽြမ္းက်င္ပညာရွင္အဖြဲ႔မ်ားေစလႊတ္ျခင္းႏွင့္ တရုတ္ႏိုင္ငံ၏ ပြင့္လင္းျမင္သာမႈမရွိျခင္းကို သတိေပးျခင္းမ်ား ျပဳခဲ့လွ်င္ ေရာဂါေပၚေပါက္ရာေနရာတြင္ပင္ အေသအဆံုးနည္းပါးစြာျဖင့္ ထိန္းခ်ဳပ္ႏိုင္ခဲ့သင့္ေၾကာင္း ေျပာၾကားသည္။

ေဒၚနယ္ထရမ့္သည္ ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကူးစက္ေရာဂါကပ္ၾကီး မေပၚေပါက္မီကတည္းက ကမၻာ့အဖြဲ႔အစည္းမ်ားအေပၚ သံသယျဖစ္ေနျပီးေနာက္ ယခုအခါ WHO ကို ရန္ပံုေငြ ထည့္ဝင္ေနျခင္းမွ ရပ္ဆိုင္းလိုက္ျခင္းလည္း ျဖစ္သည္။

ထရမ့္က ကုလသမဂၢသို႔ အေမရိကန္ျပည္ေထာင္စုက ရန္ပံုေငြထည့္ေဝေနရျခင္းအေပၚတြင္ပင္ ေမးခြန္းထုတ္ခဲ့ျပီး ကမၻာလံုးဆိုင္ရာ ရာသီဥတုေျပာင္းလဲမႈအေရး သေဘာတူညီခ်က္မွ ႏႈတ္ထြက္ခဲ့ကာ ကမၻာ့ကုန္သြယ္ေရးအဖြဲ႔ၾကီး (WTO) ကိုလည္း အျပင္းအထန္ ေဝဖန္ရႈတ္ခ်ခဲ့သည္။

အဆိုပါ အဖြဲ႔အစည္းအားလံုးသည္ အေမရိကန္ျပည္ေထာင္စုကို ဝိုင္းဝန္းႏွပ္ခ်ေနျခင္းျဖစ္ေၾကာင္း ထရန္႔က ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump halts World Health Organization funding over handling of coronavirus outbreak (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service