IAEA က covid-19 ကို အမြန်စစ်ဆေးနိုင်မည့် စမ်းသပ်စက်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံသို့ ပထမအသုတ် ဖြန့်ဝေပေးမည့်စာရင်းတွင် မြန်မာနိုင်ငံပါဝင်

IAEA က covid-19 ကို အမြန်စစ်ဆေးနိုင်မည့် စမ်းသပ်စက်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံသို့ ပထမအသုတ် ဖြန့်ဝေပေးမည့်စာရင်းတွင် မြန်မာနိုင်ငံပါဝင် - Property News in Myanmar from iMyanmarHouse.com
16 Apr 2020 10:52 am တွင် တင်ခဲ့သည်
1551 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) က covid-19 ကို အမြန်စစ်ဆေးနိုင်မည့် စမ်းသပ်စက်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံသို့ ပထမအသုတ် ဖြန့်ဝေပေးမည့်စာရင်းတွင် မြန်မာနိုင်ငံပါဝင်လာသည်။

အဆိုပါစမ်းသပ်ပစ္စည်းသည် အနုမြူမှ ဆင်းသက်လာသည့် နည်းပညာများကို အသုံးပြုထားပြီး covid-19 ကို လျင်မြန်စွာ စစ်ဆေးနိုင်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် covid-19 ကူးစက်ပျံ့နှံ့မှုများ မြင့်တက်လာနေမှုကို ထိန်းချုပ်ရန်အတွက် အဖွဲ့ဝင်နိုင်ငံပေါင်း ၉၀ခန့်၏ တောင်းဆိုချက်အရ သြစထရီးယားနိုင်ငံ အခြေစိုက် IAEA က အရေးအပေါ်ကူညီရန် စီစဉ်လာခြင်း ဖြစ်သည်။

ပထမအသုတ် အကူအညီပေးမည့်ပစ္စည်းများသည် ပေါင် ၄ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၄ သန်း) တန်ကြေးရှိသည်။

အဆိုပါ စက်ပစ္စည်းများသည် Real- time reverse transcription –polymerase chain reaction (RT-PCR) ဟုခေါ်သော နည်းပညာကိုအသုံးပြုထားပြီး လက်ရှိကမ္ဘာပေါ်တွင် ရနိုင်သော ဗိုင်းရပ်စ်စမ်းသပ်ကိရိယာများအနက် အတိကျဆုံးစမ်းသပ်နိုင်သည့် နည်းပညာဖြစ်သည်။

IAEA ကပြောကြားရာတွင် RT-PCR နည်းပညာကို မူလက အသုံးပြုခဲ့သည်မှာ ဗိုင်းရပ်စ်တစ်ခု၏ မျိုးဗီဇပစ္စည်းများကို ထောက်လှမ်းရန် ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် ထုတ်လုပ်သူများက အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုစမ်းသပ်ပစ္စည်းထုတ်လုပ်ရန် နိုင်ငံပေါင်းများစွာထံမှ အားကောင်းသည့်ထောက်ပံ့မှုများ ရရှိခဲ့ကြောင်း၊ ယခုစီမံကိန်းအတွက် ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း IAEA ကပြောကြားသည်။

Philippine Daily Inquirer သို့ IAEA က ပေးပို့ခဲ့သောစာရင်းတွင် အာရှ-ပစိဖိတ်ဒေသမှ ဗိုင်းရပ်စ်စမ်းသပ်ပစ္စည်း ရရှိမည့် ၁၂ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံပါဝင်နေသည်။

အရှေ ့တောင်အာရှမှ အခြားရရှိမည့် နိုင်ငံများမှာ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအိုနှင့်မလေးရှားတို့ဖြစ်ကြသည်။

ပထမအသုတ် စမ်းသပ်ပစ္စည်းပေးပို့မည့် အခြားနိုင်ငံများမှာ အာဖရိကတိုက်မှ ၁၄ နိုင်ငံ ၊ လက်တင်အမေရိကတိုက်မှ ၁၂ နိုင်ငံ၊ ဥရောပမှ ၃ နိုင်ငံတို့အပြင် ပါလက်စတိုင်းလည်းပါဝင်သည်။

လက်ခံရရှိမည့် နိုင်ငံများမှ ဓာတ်ခွဲခန်းများသည် ရောဂါရှာဖွေရေးစက်များအပြင် အသုံးအဆောင်ပစ္စည်းကိရိယာများ ၊ စမ်းသပ်ရာတွင် အသုံးပြုရမည့် ဓာတ်ပစ္စည်းများ ၊ဇီဝလုံခြုံရေးပစ္စည်းများ (PPE ဝတ်စုံနှင့် ဓာတ်ခွဲနမူနာများစစ်ဆေးရာတွင် အန္တရာယ်ကင်းရန်အတွက် ဓာတ်ခွဲခန်း Cabinet များ ) ပါဝင်သည်။

လာမည့်ရက်သတ္တပတ်များအတွင်း အခြားနိုင်ငံများက အကူအညီတောင်းလာပါက ပေးပို့မှုများပြုလုပ်သွားမည်ဟု IAEA ကပြောကြားသည်။

IAEA အထွေထွေညွှန်ကြားရေးမှူး ရာဖဲမာရီယာနိုက ပြောကြားရာတွင် “ကမ္ဘာ့နိုင်ငံတွေကို ဒီလိုကူညီထောက်ပံ့ရေးဟာ IAEA ရဲ ့ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ရက်ရက်ရောရောလှူဒါန်းပေးမှုအတွက် အမေရိကန်၊ ကနေဒါ၊ တရုတ်၊ နယ်သာလန်နဲ့သြစတေးလျ အစိုးရတွေကို ကျွန်တော့အနေနဲ့အလွန်ကျေးဇူးတင်ရှိပါတယ်။” ဟုပြောကြားသည်။

ပထမအသုတ်စမ်းသပ်ပစ္စည်းများ ရရှိမည့် အာဖရိက ၁၄ နိုင်ငံမှာ ဘာကီနာဖာဆို ၊ ကွန်ဂို၊ ကိုတီ ဒီအိုင်ဗော ၊အီဂျစ်၊ အီသီယိုးပီးယား ၊ဂါနာ၊ ကင်ညာ ၊ လိုင်ဘေးရီးယား ၊ မာဒါဂါစကာ ၊ နမီးဘီးယား ၊ နိုင်ဂျီးရီးယား ၊ ဆီနီဂေါ၊ ဆူဒန်နှင့်တိုဂို တို့ဖြစ်ကြသည်။

အာရှ -ပစိဖိတ်ဒေသရှိ ၁၂ နိုင်ငံမှာ ကမ္ဘောဒီးယား ၊ အီရန် ၊လာအို ၊ လက်ဘနွန် ၊ မလေးရှား၊ မွန်ဂိုလီးယား ၊ မြန်မာ ၊ နီပေါ ၊ဖိလစ်ပိုင် ၊သီရိလင်္ကာ ၊ထိုင်းနှင့်ဗီယက်နမ်တို့ဖြစ်ကြသည်။

လက်တင်အမေရိကနှင့်ကာရစ်ဘီယန် ဒေသရှိ ၁၂ နိုင်ငံမှာ အင်တီဂွာနှင့် ဘာဘူဒါ ၊ ကိုလံဘီယာ၊ ကျူးဘား ၊ ဒိုမီနီကန်၊ အီကွေဒေါ ၊ ဂွါတီမာလာ ၊ ဟွန်ဒူးရပ်စ် ၊ ဂျမေကာ ၊ ပါရာဂွေး ၊ပီရူး ၊ ဥရုဂွေး နှင့် ဗင်နီဇွဲလား တို့ဖြစ်ကြသည်။

ဥရောပနိုင်ငံများမှာ အာမေးနီးယား ၊ ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား နှင့် ဂျော်ဂျီယာတို့ဖြစ်ကြပြီး ပါလက်စတိုင်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cambodia to get IAEA tools for Covid-19 rapid testing (phnompenhpost)

[Zawgyi]

IAEA က covid-19 ကို အျမန္စစ္ေဆးႏိုင္မည့္ စမ္းသပ္စက္ပစၥည္းမ်ားကို ကမၻာ့ႏိုင္ငံေပါင္း ၄၂ ႏိုင္ငံသို႔ ပထမအသုတ္ ျဖန္႔ေဝေပးမည့္စာရင္းတြင္ ျမန္မာႏိုင္ငံပါဝင္

ႏိုင္ငံတကာ အႏုျမဴေအဂ်င္စီ (IAEA) က covid-19 ကို အျမန္စစ္ေဆးႏိုင္မည့္ စမ္းသပ္စက္ပစၥည္းမ်ားကို ကမၻာ့ႏိုင္ငံေပါင္း ၄၂ ႏိုင္ငံသို႔ ပထမအသုတ္ ျဖန္႔ေဝေပးမည့္စာရင္းတြင္ ျမန္မာႏိုင္ငံပါဝင္လာသည္။

အဆိုပါစမ္းသပ္ပစၥည္းသည္ အႏုျမဴမွ ဆင္းသက္လာသည့္ နည္းပညာမ်ားကို အသံုးျပဳထားျပီး covid-19 ကို လ်င္ျမန္စြာ စစ္ေဆးႏိုင္သည္ဟု ဆိုသည္။

ကမၻာတစ္ဝန္းတြင္ covid-19 ကူးစက္ပ်ံ ႔ႏွံ႔မႈမ်ား ျမင့္တက္လာေနမႈကို ထိန္းခ်ဳပ္ရန္အတြက္ အဖြဲ႔ဝင္ႏိုင္ငံေပါင္း ၉၀ ခန္႔၏ ေတာင္းဆိုခ်က္အရ ၾသစထရီးယားႏိုင္ငံ အေျခစိုက္ IAEA က အေရးအေပၚကူညီရန္ စီစဥ္လာျခင္း ျဖစ္သည္။

ပထမအသုတ္ အကူအညီေပးမည့္ပစၥည္းမ်ားသည္ ေပါင္ ၄ သန္း (ကန္ေဒၚလာ ၄ ဒသမ ၄ သန္း) တန္ေၾကးရွိသည္။

အဆိုပါ စက္ပစၥည္းမ်ားသည္ Real- time reverse transcription –polymerase chain reaction (RT-PCR) ဟုေခၚေသာ နည္းပညာကိုအသံုးျပဳထားျပီး လက္ရွိကမၻာေပၚတြင္ ရႏိုင္ေသာ ဗိုင္းရပ္စ္စမ္းသပ္ကိရိယာမ်ားအနက္ အတိက်ဆံုးစမ္းသပ္ႏိုင္သည့္ နည္းပညာျဖစ္သည္။

IAEA ကေျပာၾကားရာတြင္ RT-PCR နည္းပညာကို မူလက အသံုးျပဳခဲ့သည္မွာ ဗိုင္းရပ္စ္တစ္ခု၏ မ်ိဳးဗီဇပစၥည္းမ်ားကို ေထာက္လွမ္းရန္ ေရဒီယို သတၱိၾကြ အိုက္ဆိုတုပ္ ထုတ္လုပ္သူမ်ားက အသံုးျပဳခဲ့ျခင္းျဖစ္သည္ဟု ဆုိသည္။

ယခုစမ္းသပ္ပစၥည္းထုတ္လုပ္ရန္ ႏိုင္ငံေပါင္းမ်ားစြာထံမွ အားေကာင္းသည့္ေထာက္ပံ့မႈမ်ား ရရွိခဲ့ေၾကာင္း၊ ယခုစီမံကိန္းအတြက္ ေငြေၾကးလွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း IAEA ကေျပာၾကားသည္။

Philippine Daily Inquirer သုိ႔ IAEA က ေပးပုိ ့ခဲ့ေသာစာရင္းတြင္ အာရွ-ပစိဖိတ္ေဒသမွ ဗိုင္းရပ္စ္စမ္းသပ္ပစၥည္း ရရွိမည့္ ၁၂ ႏိုင္ငံ စာရင္းတြင္ ျမန္မာႏိုင္ငံပါဝင္ေနသည္။

အေရွ ့ေတာင္အာရွမွ အျခားရရွိမည့္ ႏိုင္ငံမ်ားမွာ ကေမၻာဒီးယား၊ ဖိလစ္ပုိင္၊ လာအိုႏွင့္မေလးရွားတုိ ့ျဖစ္ၾကသည္။

ပထမအသုတ္ စမ္းသပ္ပစၥည္းေပးပို႔မည့္ အျခားႏိုင္ငံမ်ားမွာ အာဖရိကတုိက္မွ ၁၄ ႏိုင္ငံ ၊ လက္တင္အေမရိကတုိက္မွ ၁၂ ႏိုင္ငံ၊ ဥေရာပမွ ၃ ႏိုင္ငံတို႔အျပင္ ပါလက္စတုိင္းလည္းပါဝင္သည္။

လက္ခံရရွိမည့္ ႏိုင္ငံမ်ားမွ ဓာတ္ခြဲခန္းမ်ားသည္ ေရာဂါရွာေဖြေရးစက္မ်ားအျပင္ အသံုးအေဆာင္ပစၥည္းကိရိယာမ်ား ၊ စမ္းသပ္ရာတြင္ အသုံးျပဳရမည့္ ဓာတ္ပစၥည္းမ်ား ၊ဇီဝလံုျခံဳေရးပစၥည္းမ်ား (PPE ဝတ္စံုႏွင့္ ဓာတ္ခြဲနမူနာမ်ားစစ္ေဆးရာတြင္ အႏၱရာယ္ကင္းရန္အတြက္ ဓာတ္ခြဲခန္း Cabinet မ်ား ) ပါဝင္သည္။

လာမည့္ရက္သတၱပတ္မ်ားအတြင္း အျခားႏိုင္ငံမ်ားက အကူအညီေတာင္းလာပါက ေပးပို႔မႈမ်ားျပဳလုပ္သြားမည္ဟု IAEA ကေျပာၾကားသည္။

IAEA အေထြေထြညႊန္ၾကားေရးမွဴး ရာဖဲမာရီယာႏိုက ေျပာၾကားရာတြင္ “ကမၻာ့ႏိုင္ငံေတြကို ဒီလုိကူညီေထာက္ပံ့ေရးဟာ IAEA ရဲ ့ ဦးစားေပးလုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ရက္ရက္ေရာေရာလွဴဒါန္းေပးမႈအတြက္ အေမရိကန္၊ ကေနဒါ၊ တရုတ္၊ နယ္သာလန္နဲ ့ၾသစေတးလ် အစိုးရေတြကို ကၽြန္ေတာ့အေနနဲ ့အလြန္ေက်းဇူးတင္ရွိပါတယ္။” ဟုေျပာၾကားသည္။

ပထမအသုတ္စမ္းသပ္ပစၥည္းမ်ား ရရွိမည့္ အာဖရိက ၁၄ ႏိုင္ငံမွာ ဘာကီနာဖာဆို ၊ ကြန္ဂို၊ ကိုတီ ဒီအိုင္ေဗာ ၊အီဂ်စ္၊ အီသီယိုးပီးယား ၊ဂါနာ၊ ကင္ညာ ၊ လုိင္ေဘးရီးယား ၊ မာဒါဂါစကာ ၊ နမီးဘီးယား ၊ နုိင္ဂ်ီးရီးယား ၊ ဆီနီေဂါ၊ ဆူဒန္ႏွင့္တုိဂို တုိ ့ျဖစ္ၾကသည္။

အာရွ -ပစိဖိတ္ေဒသရွိ ၁၂ ႏိုင္ငံမွာ ကေမၻာဒီးယား ၊ အီရန္ ၊လာအို ၊ လက္ဘႏြန္ ၊ မေလးရွား၊ မြန္ဂိုလီးယား ၊ ျမန္မာ ၊ နီေပါ ၊ဖိလစ္ပုိင္ ၊သီရိလကၤာ ၊ထုိင္းႏွင့္ဗီယက္နမ္တုိ႔ျဖစ္ၾကသည္။

လက္တင္အေမရိကႏွင့္ကာရစ္ဘီယန္ ေဒသရွိ ၁၂ ႏိုင္ငံမွာ အင္တီဂြာႏွင့္ ဘာဘူဒါ ၊ ကိုလံဘီယာ၊ က်ဴးဘား ၊ ဒိုမီနီကန္၊ အီေကြေဒါ ၊ ဂြါတီမာလာ ၊ ဟြန္ဒူးရပ္စ္ ၊ ဂ်ေမကာ ၊ ပါရာေဂြး ၊ပီရူး ၊ ဥရုေဂြး ႏွင့္ ဗင္နီဇြဲလား တို႔ျဖစ္ၾကသည္။

ဥေရာပႏိုင္ငံမ်ားမွာ အာေမးနီးယား ၊ ေဘာ့စနီးယားႏွင့္ဟာဇီဂိုးဗီးနား ႏွင့္ ေဂ်ာ္ဂ်ီယာတုိ႔ျဖစ္ၾကျပီး ပါလက္စတိုင္းလည္း ပါဝင္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Cambodia to get IAEA tools for Covid-19 rapid testing (phnompenhpost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service