အမေရိကန်နိုင်ငံသားများကို ဒေါ်လာ ၁၂၀၀ တန် ချက်လက်မှတ် ပေးဝေရန် စီစဉ်ထားသော်လည်း ထရမ့်က ချက်လက်မှတ်ပေါ်တွင် ၎င်း၏နာမည်ရိုက်နှိပ်ပေးရမည်ဟုဆိုသောကြောင့် ပေးဝေရန်နှောင့်နှေး

အမေရိကန်နိုင်ငံသားများကို ဒေါ်လာ ၁၂၀၀ တန် ချက်လက်မှတ် ပေးဝေရန် စီစဉ်ထားသော်လည်း ထရမ့်က ချက်လက်မှတ်ပေါ်တွင် ၎င်း၏နာမည်ရိုက်နှိပ်ပေးရမည်ဟုဆိုသောကြောင့် ပေးဝေရန်နှောင့်နှေး - Property News in Myanmar from iMyanmarHouse.com
15 Apr 2020 12:21 pm တွင် တင်ခဲ့သည်
11110 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာကို ဒေါ်လာ ၁၂၀၀ တန် ချက်လက်မှတ် ပေးဝေရန် ပြည်တွင်းအခွန်များဌာန (IRS) က စီစဉ်ထားသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က ချက်လက်မှတ်ပေါ်တွင် ၎င်း၏နာမည်ရိုက်နှိပ်ပေးရမည်ဟုဆိုသောကြောင့် ပေးဝေရန် ရက်ပေါင်းများစွာ နှောင့်နှေးသွားပြီ ဖြစ်ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုများကို ခုခံကာကွယ်ပေးသည့်အနေဖြင့် ပေးအပ်မည့် ဒေါ်လာ ၁၂၀၀ တန် ချက်လက်မှတ်တွင် “စီးပွားရေးထိခိုက်မှုအတွက် ပေးအပ်ငွေ” (Economic Impact Payment) ဟူသော စာတန်း ပါဝင်မည်ဖြစ်ပြီး အဆိုပါစာတန်းအောက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမည် ရိုက်နှိပ်မည်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုသတင်းနှင့် စပ်လျဉ်းပြီး အိမ်ဖြူတော်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးချေ။

ချက်လက်မှတ်ပေါ်တွင် ဒေါ်နယ်ထရမ့်၏အမည်ရိုက်နှိပ်မည့် ဆုံးဖြတ်ချက်ကို IRS ၏ သတင်းအချက်အလက် နည်းပညာအဖွဲ့ထံ အင်္ဂ ါနေ့က အသိပေးကြေညာခဲ့ခြင်းဖြစ်သည်ဟု ဝါရှင်တန်ပို့စ်တွင် ဖော်ပြသည်။

“နေအိမ်ကနေအလုပ်လုပ်နေပြီဖြစ်တဲ့ အဖွဲ့က အစီအစဉ်ပြောင်းလဲသွားမှုကို အမြန်အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ဆောင်နေကြပါတယ်။ အဆင့်မြင့်အရာရှိ နှစ်ဦးရဲ့ ပြောကြားချက်အရ ပထမအသုတ်ဖြန့်ဝေမယ့် ချက်လက်မှတ်တွေကို ဆိုင်းငံ့ထားဖို့ ဖြစ်နိုင်ပါတယ်” ဟု ဝါရှင်တန်ပို့စ် သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

ပုံမှန်အားဖြင့် IRS မှ ထုတ်ဝေသည့်ချက်လက်မှတ်များတွင် သမ္မတအမည်ရေးထိုးလေ့မရှိချေ။ IRS မှ အရာရှိတစ်ဦးဦးကသာ လက်မှတ်ထိုးလေ့ရှိသည်။

အဆိုပါသတင်းထွက်ပေါ်လာပြီးနောက် စွပ်စွဲမှုများ ပေါ်ပေါက်လာရာ ထရမ့်သည် ယခုချက်လက်မှတ်ပေးဝေမှုကို အသုံးချပြီး ရွေးကောက်ပွဲပြန်ဝင်ရန် နိုင်ငံရေးအမြတ်ထုတ်ခြင်းဖြစ်ကြောင်း ၊ ယခုပေးဝေမှုများသည် ၎င်းကြောင့်သာ ရရှိသကဲ့သို့ မဲဆန္ဒရှင်များ ထင်မြင်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ကြသည်။

ပြီးခဲ့သောလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုများကို ကူညီနိုင်ရေးအတွက် ကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ အသုံးပြုသွားရန် အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ရာ ယခုပေးဝေမှုမှာ အဆိုပါအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

များစွာသော အမေရိကန်ပြည်သူတို့မှာမူ ပြီးခဲ့သော ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွင်း ဝင်ငွေခွန်အတွက် တင်ပြမှုတွင် ဘဏ်စာရင်းအချက်အလက်များကို IRS သို့ ပေးဖို့ဖူးပါက ၎င်းတို့၏ ဘဏ်စာရင်းအတွင်းသို့ တိုက်ရိုက်ပေးပို့မည်ဖြစ်သည်။ 

ထိုနှစ်များတွင် ဝင်ငွေခွန်တင်ပြမှု မပေးပို့ဖူးသူများအတွက်မူ အွန်လိုင်းပုံစံတစ်ခုတွင် မိမိ၏ အချက်အလက်များ ဖြည့်သွင်းပေးရမည်ဖြစ်ကာ တိုက်ရိုက်ချက်လက်မှတ် ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The $1,200 stimulus checks to Americans are 'delayed for days because Trump demanded the IRS print his name on them' (Dailymail)

[Zawgyi]

အေမရိကန္ႏိုင္ငံသားမ်ားကို ေဒၚလာ ၁၂၀၀ တန္ ခ်က္လက္မွတ္ ေပးေဝရန္ စီစဥ္ထားေသာ္လည္း ထရမ့္က ခ်က္လက္မွတ္ေပၚတြင္ ၎၏နာမည္႐ိုက္ႏွိပ္ေပးရမည္ဟုဆိုေသာေၾကာင့္ ေပးေဝရန္ေႏွာင့္ေႏွး

အေမရိကန္ႏိုင္ငံသား သန္းေပါင္းမ်ားစြာကို ေဒၚလာ ၁၂၀၀ တန္ ခ်က္လက္မွတ္ ေပးေဝရန္ ျပည္တြင္းအခြန္မ်ားဌာန (IRS) က စီစဥ္ထားေသာ္လည္း သမၼတ ေဒၚနယ္ထရမ့္က ခ်က္လက္မွတ္ေပၚတြင္ ၎၏နာမည္႐ိုက္ႏွိပ္ေပးရမည္ဟုဆိုေသာေၾကာင့္ ေပးေဝရန္ ရက္ေပါင္းမ်ားစြာ ေႏွာင့္ေႏွးသြားၿပီ ျဖစ္ေၾကာင္း dailymail သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားကို ခုခံကာကြယ္ေပးသည့္အေနျဖင့္ ေပးအပ္မည့္ ေဒၚလာ ၁၂၀၀ တန္ ခ်က္လက္မွတ္တြင္ “စီးပြားေရးထိခိုက္မႈအတြက္ ေပးအပ္ေငြ” (Economic Impact Payment) ဟူေသာ စာတန္း ပါဝင္မည္ျဖစ္ၿပီး အဆိုပါစာတန္းေအာက္တြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏အမည္ ႐ိုက္ႏွိပ္မည္ျဖစ္ေၾကာင္း ဝါရွင္တန္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ယခုသတင္းႏွင့္ စပ္လ်ဥ္းၿပီး အိမ္ျဖဴေတာ္ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနတို႔က တစုံတရာ မွတ္ခ်က္ေပးျခင္း မရွိေသးေခ်။

ခ်က္လက္မွတ္ေပၚတြင္ ေဒၚနယ္ထရမ့္၏အမည္႐ိုက္ႏွိပ္မည့္ ဆုံးျဖတ္ခ်က္ကို IRS ၏ သတင္းအခ်က္အလက္ နည္းပညာအဖြဲ႕ထံ အဂၤ ါေန႔က အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္ဟု ဝါရွင္တန္ပို႔စ္တြင္ ေဖာ္ျပသည္။

“ေနအိမ္ကေနအလုပ္လုပ္ေနၿပီျဖစ္တဲ့ အဖြဲ႕က အစီအစဥ္ေျပာင္းလဲသြားမႈကို အျမန္အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနၾကပါတယ္။ အဆင့္ျမင့္အရာရွိ ႏွစ္ဦးရဲ႕ ေျပာၾကားခ်က္အရ ပထမအသုတ္ျဖန႔္ေဝမယ့္ ခ်က္လက္မွတ္ေတြကို ဆိုင္းငံ့ထားဖို႔ ျဖစ္ႏိုင္ပါတယ္” ဟု ဝါရွင္တန္ပို႔စ္ သတင္းစာတြင္ ဆက္လက္ေဖာ္ျပထားသည္။

ပုံမွန္အားျဖင့္ IRS မွ ထုတ္ေဝသည့္ခ်က္လက္မွတ္မ်ားတြင္ သမၼတအမည္ေရးထိုးေလ့မရွိေခ်။ IRS မွ အရာရွိတစ္ဦးဦးကသာ လက္မွတ္ထိုးေလ့ရွိသည္။

အဆိုပါသတင္းထြက္ေပၚလာၿပီးေနာက္ စြပ္စြဲမႈမ်ား ေပၚေပါက္လာရာ ထရမ့္သည္ ယခုခ်က္လက္မွတ္ေပးေဝမႈကို အသုံးခ်ၿပီး ေ႐ြးေကာက္ပြဲျပန္ဝင္ရန္ ႏိုင္ငံေရးအျမတ္ထုတ္ျခင္းျဖစ္ေၾကာင္း ၊ ယခုေပးေဝမႈမ်ားသည္ ၎ေၾကာင့္သာ ရရွိသကဲ့သို႔ မဲဆႏၵရွင္မ်ား ထင္ျမင္ေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္ၾကသည္။

ၿပီးခဲ့ေသာလအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားကို ကူညီႏိုင္ေရးအတြက္ ကန္ေဒၚလာ ၂ ဒသမ ၃ ထရီလီယံ အသုံးျပဳသြားရန္ အေမရိကန္ေအာက္လႊတ္ေတာ္က အတည္ျပဳခဲ့ရာ ယခုေပးေဝမႈမွာ အဆိုပါအစီအစဥ္၏ အစိတ္အပိုင္းတစ္ခုလည္း ျဖစ္သည္။

မ်ားစြာေသာ အေမရိကန္ျပည္သူတို႔မွာမူ ၿပီးခဲ့ေသာ ၂၀၁၈ ႏွင့္ ၂၀၁၉ ခုႏွစ္မ်ားအတြင္း ဝင္ေငြခြန္အတြက္ တင္ျပမႈတြင္ ဘဏ္စာရင္းအခ်က္အလက္မ်ားကို IRS သို႔ ေပးဖို႔ဖူးပါက ၎တို႔၏ ဘဏ္စာရင္းအတြင္းသို႔ တိုက္႐ိုက္ေပးပို႔မည္ျဖစ္သည္။

ထိုႏွစ္မ်ားတြင္ ဝင္ေငြခြန္တင္ျပမႈ မေပးပို႔ဖူးသူမ်ားအတြက္မူ အြန္လိုင္းပုံစံတစ္ခုတြင္ မိမိ၏ အခ်က္အလက္မ်ား ျဖည့္သြင္းေပးရမည္ျဖစ္ကာ တိုက္႐ိုက္ခ်က္လက္မွတ္ ရရွိမည္ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The $1,200 stimulus checks to Americans are 'delayed for days because Trump demanded the IRS print his name on them' (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service