၂၀၂၁ ဧပြီမတိုင်မီ COVID-19 ကာကွယ်ဆေး သန်း ၉၀၀ အထိ Johnson & Johnson ထုတ်လုပ်နိုင်မည်

၂၀၂၁ ဧပြီမတိုင်မီ COVID-19 ကာကွယ်ဆေး သန်း ၉၀၀ အထိ Johnson & Johnson ထုတ်လုပ်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
15 Apr 2020 12:10 pm တွင် တင်ခဲ့သည်
3006 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Johnson & Johnson ကုမ္ပဏီသည် စက်တင်ဘာတွင် စတင်မည့် လူသားများ၌ ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုများ အောင်မြင်ပါက ၂၀၂၁ ပထမသုံးလပတ်မကုန်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပမာဏ သန်း ၆၀၀ မှ ၉၀၀ အကြား ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေကြောင်း သိရသည်။

၎င်းအမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက Wall Street ဂျာနယ်၏ ခန့်မှန်းချက်များကို ကျော်လွန်ခဲ့သော ယခုနှစ်ပထမသုံးလပတ်ဘဏ္ဍာရေးရလဒ်များကို အစီရင်ခံခဲ့ပြီးနောက် များမကြာမီတွင် အဆိုပါမှတ်ချက်ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ရရှိမည့်ဝင်ငွေခန့်မှန်းချက်ကိုလည်း ၎င်းကုမ္ပဏီက လျှော့ချခဲ့သည်။ COVID-19 ဖြစ်ပွားမှုမတိုင်မီက ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၅ မှ ၉ ဒသမ ၁၀ အကြား ခန့်မှန်းခဲ့ရာမှ ယခုအခါ ဒေါ်လာ ၇ ဒသမ ၅၀ မှ ၇ ဒသမ ၉၀ အကြားသာ ခန့်မှန်းလိုက်ပြီဖြစ်သည်။

ကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်အတွက် ၎င်းတို့၏ စမ်းသပ်ဆဲကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်မှုအား လာမည့်စက်တင်ဘာနောက်ဆုံးထား၍ စတင်မည်ဖြစ်ကြောင်းနှင့် တရားဝင်အရေးပေါ်အသုံးပြုမှုအဖြစ် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ရရှိနိုင်ကြောင်း ပြီးခဲ့သည့်လနှောင်းပိုင်းကတည်းက ကြေညာခဲ့ပြီးဖြစ်သည်။

ကာကွယ်ဆေးသုတေသနအတွက် ပူးတွဲငွေကြေးမတည်ထောက်ပံ့ရန်အလို့ငှာ J&J ကုမ္ပဏီက အမေရိကန်ကျန်းမာရေးနှင့်လူမှုရေးဝန်ဆောင်မှုဌာနလက်အောက်ရှိ Biomedical Advanced Research and Development Authority နှင့်အတူ ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန်လည်း ကတိပြုထားသည်။

J&J ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) ဖြစ်သူ အဲလက်စ်‌ဂေါစကီးကလည်း ၎င်းတို့ကုမ္ပဏီသည် ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုနိုင်ရန်အတွက် အကျိုးအမြတ်အတွက်မဟုတ်ဘဲ ပံ့ပိုးပေးမည်ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံသူများအား ထပ်လောင်းပြောဆိုထားသည်။

ပြီးခဲ့သည့်သုံးလကျော်က တရုတ်တွင် အစပြုခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း လူ ၂ သန်းနီးပါးသို့ ကူးစက်ပျံ့နှံ့လာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က စုစည်းခဲ့သည့်အချက်အလက်များအရ သိရသည်။

COVID-19 ကို ကုသရန် သတ်သတ်မှတ်မှတ်သေချာသည့်နည်းလမ်းမရှိသေးသလို လက်တွေ့အလုပ်ဖြစ်ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာရန်လည်း ၁၂ လမှ ၁၈ လအကြား ကြာမြင့်နိုင်ကြောင်း အမေရိကန်ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားထားကြသည်။

ထိုကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် အလားအလာရှိသည့်၊ Moderna ဇီဝနည်းပညာကုမ္ပ ဏီ၏ ကာကွယ်ဆေးတစ်မျိုးအား လူတွင် ပထမဆုံးစမ်းသပ်မှုကို မတ် ၁၆ တွင် စတင်ခဲ့ကြောင်း သိရသည်။ (ထိုပထမဆုံးကာကွယ်ဆေးထိုးနှံမှုအကြောင်းကို ဤလင့်ခ်>> https://www.imyanmarhouse.com/s/2f2igcmc တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: J&J can produce up to 900 million coronavirus vaccine doses by April 2021 if trials go well (CNBC)

[Zawgyi]

၂၀၂၁ ဧၿပီမတိုင္မီ COVID-19 ကာကြယ္ေဆး သန္း ၉၀၀ အထိ Johnson & Johnson ထုတ္လုပ္ႏိုင္မည္

Johnson & Johnson ကုမၸဏီသည္ စက္တင္ဘာတြင္ စတင္မည့္ လူသားမ်ား၌ ကာကြယ္ေဆးစမ္းသပ္ထိုးႏွံမႈမ်ား ေအာင္ျမင္ပါက ၂၀၂၁ ပထမသုံးလပတ္မကုန္မီ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးပမာဏ သန္း ၆၀၀ မွ ၉၀၀ အၾကား ထုတ္လုပ္ႏိုင္ရန္ ရည္႐ြယ္ေနေၾကာင္း သိရသည္။

၎အေမရိကန္ေဆးဝါးထုတ္လုပ္ေရးကုမၸဏီက Wall Street ဂ်ာနယ္၏ ခန႔္မွန္းခ်က္မ်ားကို ေက်ာ္လြန္ခဲ့ေသာ ယခုႏွစ္ပထမသုံးလပတ္ဘ႑ာေရးရလဒ္မ်ားကို အစီရင္ခံခဲ့ၿပီးေနာက္ မ်ားမၾကာမီတြင္ အဆိုပါမွတ္ခ်က္ထြက္ရွိလာခဲ့ျခင္းျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ ယခု ၂၀၂၀ ျပည့္ႏွစ္အတြင္း ရရွိမည့္ဝင္ေငြခန႔္မွန္းခ်က္ကိုလည္း ၎ကုမၸဏီက ေလွ်ာ့ခ်ခဲ့သည္။ COVID-19 ျဖစ္ပြားမႈမတိုင္မီက ရွယ္ယာတစ္စုလွ်င္ အေမရိကန္ေဒၚလာ ၈ ဒသမ ၉၅ မွ ၉ ဒသမ ၁၀ အၾကား ခန႔္မွန္းခဲ့ရာမွ ယခုအခါ ေဒၚလာ ၇ ဒသမ ၅၀ မွ ၇ ဒသမ ၉၀ အၾကားသာ ခန႔္မွန္းလိုက္ၿပီျဖစ္သည္။

ကုမၸဏီက ကို႐ိုနာဗိုင္းရပ္စ္အတြက္ ၎တို႔၏ စမ္းသပ္ဆဲကာကြယ္ေဆးကို လူသားမ်ားတြင္ စမ္းသပ္မႈအား လာမည့္စက္တင္ဘာေနာက္ဆုံးထား၍ စတင္မည္ျဖစ္ေၾကာင္းႏွင့္ တရားဝင္အေရးေပၚအသုံးျပဳမႈအျဖစ္ ၂၀၂၁ ခုႏွစ္ အေစာပိုင္းတြင္ ရရွိႏိုင္ေၾကာင္း ၿပီးခဲ့သည့္လေႏွာင္းပိုင္းကတည္းက ေၾကညာခဲ့ၿပီးျဖစ္သည္။

ကာကြယ္ေဆးသုေတသနအတြက္ ပူးတြဲေငြေၾကးမတည္ေထာက္ပံ့ရန္အလို႔ငွာ J&J ကုမၸဏီက အေမရိကန္က်န္းမာေရးႏွင့္လူမႈေရးဝန္ေဆာင္မႈဌာနလက္ေအာက္ရွိ Biomedical Advanced Research and Development Authority ႏွင့္အတူ ေဒၚလာ ၁ ဘီလ်ံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံရန္လည္း ကတိျပဳထားသည္။

J&J ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) ျဖစ္သူ အဲလက္စ္‌ေဂါစကီးကလည္း ၎တို႔ကုမၸဏီသည္ ကာကြယ္ေဆးအား အေရးေပၚအသုံးျပဳႏိုင္ရန္အတြက္ အက်ိဳးအျမတ္အတြက္မဟုတ္ဘဲ ပံ့ပိုးေပးမည္ျဖစ္သည္ဟု ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား ထပ္ေလာင္းေျပာဆိုထားသည္။

ၿပီးခဲ့သည့္သုံးလေက်ာ္က တ႐ုတ္တြင္ အစျပဳခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္သည္ ကမာၻတစ္ဝန္း လူ ၂ သန္းနီးပါးသို႔ ကူးစက္ပ်ံ႕ႏွံ႔လာခဲ့ၿပီျဖစ္ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္က စုစည္းခဲ့သည့္အခ်က္အလက္မ်ားအရ သိရသည္။

COVID-19 ကို ကုသရန္ သတ္သတ္မွတ္မွတ္ေသခ်ာသည့္နည္းလမ္းမရွိေသးသလို လက္ေတြ႕အလုပ္ျဖစ္ထိေရာက္ေသာ ကာကြယ္ေဆး ထြက္ေပၚလာရန္လည္း ၁၂ လမွ ၁၈ လအၾကား ၾကာျမင့္ႏိုင္ေၾကာင္း အေမရိကန္က်န္းမာေရးတာဝန္ရွိသူမ်ားက ေျပာၾကားထားၾကသည္။

ထိုကို႐ိုနာဗိုင္းရပ္စ္အသစ္ကူးစက္ခံရျခင္းမွ ကာကြယ္ႏိုင္ရန္ အလားအလာရွိသည့္၊ Moderna ဇီဝနည္းပညာကုမၸ ဏီ၏ ကာကြယ္ေဆးတစ္မ်ိဳးအား လူတြင္ ပထမဆုံးစမ္းသပ္မႈကို မတ္ ၁၆ တြင္ စတင္ခဲ့ေၾကာင္း သိရသည္။ (ထိုပထမဆုံးကာကြယ္ေဆးထိုးႏွံမႈအေၾကာင္းကို ဤလင့္ခ္>> https://www.imyanmarhouse.com/s/2f2igcmc တြင္ ဆက္လက္ဖတ္ရႈႏိုင္ပါသည္။)

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: J&J can produce up to 900 million coronavirus vaccine doses by April 2021 if trials go well (CNBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service