ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ မျိုးကို လူသားတို့ဖြင့် စမ်းသပ်သည့်အဆင့် စတင်လိုက်ပြီဖြစ်ကြောင်း တရုတ်အစိုးရ အတည်ပြု
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ မျိုးကို လူသားတို့ဖြင့် စမ်းသပ်သည့်အဆင့် စတင်လိုက်ပြီဖြစ်ကြောင်း တရုတ်အစိုးရ အတည်ပြု - Property News in Myanmar from iMyanmarHouse.com
15 Apr 2020 11:58 am တွင် တင်ခဲ့သည်
1054 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ်ကို inactivate ပြုလုပ်ကာ ထုတ်လုပ်ထားသည့် ဆေးဝါး ၂ မျိုးကို လူသားတို့ဖြင့် စမ်းသပ်သည့်အဆင့် စတင်လုပ်ဆောင်ရန် တရုတ်အစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးယန္တရားဆိုင်ရာ နိုင်ငံတော် ကောင်စီက ထုတ်ပြန်သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဧပြီလ ၁၄ ရက်တွင် ဖော်ပြသည်။
အဆိုပါ ဆေးဝါး ၂ မျိုးကို တရုတ်အမျိုးသားဆေးဝါးအုပ်စု (China National Pharmaceutical Group-Sinopharm) နှင့် ပေကျင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Sinovac Research and Development Co.,Ltd တို့၏ လက်အောက်ရှိ ဝူဟန်ဇီဝထုတ်ကုန် အင်စတီကျု ( Wuhan Institute of Biological Products) မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ဆေးဝါး ၂ ခုလုံးကို လူသားတို့ဖြင့် စမ်းသပ်မှု စတင်ခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ်၏ ကိုယ်ခံအားမြင့်တက်စေရန်အတွက် သတ်ဖြတ်ခံခဲ့ရသည့် ရောဂါဖြစ်သောပစ္စည်း အဏုဇီဝရုပ်များကို အသုံးပြုထားပြီး ဗိုင်းရပ်စ် inactivate လုပ်ထားသည့် ဆေးဝါးများသည် ရင့်ကျက်နေပြီဖြစ်သော ထုတ်လုပ်မှုကဏ္ဍ၏ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်များအတွင်း inactivate လုပ်သည့် ကာကွယ်ဆေးများကို သုတေသနလုပ်ရန် ခိုင်မာသည့်အုတ်မြစ်များ ချထားခဲ့ပြီး ဖြစ်သည်။ (မှတ်ချက်- ကာကွယ်ဆေးနယ်ပယ်တွင် အသက်ရှိနေသောဗိုင်းရပ်စ်များဖြင့် ပြုလုပ်ထားသည့် ကာကွယ်ဆေး (live virus vaccines) နှင့် သေဆုံးပြီးဖြစ်သော ဗိုင်းရပ်စ်များဖြင့် ပြုလုပ်ထားသည့် ကာကွယ်ဆေး (inactivate vaccines) ဟု ၂ မျိုးရှိသည်။ )
ဗိုင်းရပ်စ်များကို inactivate လုပ်ကာ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများတွင် အသည်းရောင် A ၊ ရာသီတုပ်ကွေး၊ လက်-ခြေထောက်-ပါးစပ်ရောဂါနှင့် အကြောသေ (ပိုလီယို) ရောဂါ ကာကွယ်ဆေးများ ပါဝင်သည်။
ကာကွယ်ဆေးထုတ်လုပ်သူများက ယခုကာကွယ်ဆေးကို များပြားစွာ ထုတ်လုပ်နိုင်သည့်စွမ်းအားရှိသည်ဟု ဆိုသည်။
Sinopharm မှ သတင်းရင်းမြစ်တို့၏ ပြောကြားချက်အရ ကာကွယ်ဆေးသုတေသနနှင့် နည်းပညာဆိုင်ရာ လေ့လာမှု ၂ ခုအတွက် ယွမ်ငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၄၂ သန်းခန့်) ရန်ပုံငွေရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါကုမ္ပဏီသည် inactivate အခြေပြုကာကွယ်ဆေးအပြင် မျိုးဗီဇအင်ဂျင်နီယာနည်းပညာအခြေပြု ကာကွယ်ဆေးတစ်မျိုးလည်း စမ်းသပ်နေသည်။
အခြားသော ကာကွယ်ဆေးကုမ္ပဏီဖြစ်သည့် Sinovac ကလည်း Sars ရောဂါကာကွယ်ဆေး သုတေသနနှင့် ထုတ်လုပ်မှုမှ ရရှိခဲ့သည့် အတွေ့အကြုံများကို အခြေခံကာ အဖွဲ့အစည်းများစွာနှင့် ပူးပေါင်းကြိုးပမ်းနေရာ စီကျန်းပြည်နယ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (Zhejiang Provincial Center for Disease Control and Prevention) နှင့် တရုတ်ဆေးသိပ္ပံအကယ်ဒမီ လက်အောက်ရှိ Institute of Laboratory Animal Sciences) တို့လည်း ပါဝင်သည်။
တရုတ်နိုင်ငံသည် covid-19 ကာကွယ်ဆေးထုတ်လုပ်ရန် နည်းလမ်း ၅ မျိုးဖြင့် ကြိုးပမ်းလျက်ရှိရာ inactivated အခြေပြု ကာကွယ်ဆေး၊ recombinant protein ကာကွယ်ဆေး၊ adenovirus vector ကာကွယ်ဆေး၊ nucleic acid ကာကွယ်ဆေးနှင့် အားပျော့အောင် ပြုလုပ်ထားသည့် vectors ကဲ့သို့သော တုပ်ကွေးဗိုင်းရပ်စ်များ အသုံးပြုထားသည့် ကာကွယ်ဆေးဟူသော နည်းလမ်းများ ဖြစ်သည်။
စစ်သိပ္ပံအကယ်ဒမီလက်အောက်မှ စစ်ဘက်ဆေးဝါးအင်စတီကျု (Institute of Military Medicine) က ထုတ်လုပ်သော recombinant adenovirus vector ကာကွယ်ဆေးကိုမူ မတ်လ ၁၆ ရက်ကတည်းက လူများဖြင့်စတင်စမ်းသပ်နေခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China Focus: China approves inactivated COVID-19 vaccines for clinical trials (Source-Xinhua)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service