Covid-19 လူနာများကို ဗိုက်မှောက်အိပ်သည့် အနေအထားဖြင့်နေခိုင်းလျှင် သေဆုံးနိုင်ချေ အလွန်နည်းပါး

Covid-19 လူနာများကို ဗိုက်မှောက်အိပ်သည့် အနေအထားဖြင့်နေခိုင်းလျှင် သေဆုံးနိုင်ချေ အလွန်နည်းပါး - Property News in Myanmar from iMyanmarHouse.com
15 Apr 2020 11:27 am တွင် တင်ခဲ့သည်
39595 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သောကြာနေ့တွင် ဒေါက်တာ Mangala Narasimhan ထံသို့ အရေးပေါ် ဖုန်းတစ်ခု ဝင်လာသည်။

အသက် ၄၀ အရွယ်ခန့်ရှိသော covid-19 လူနာတစ်ဦး အခြေအနေမကောင်းသောကြောင့် သူ့အဖော်က ဒေါက်တာ Narasimhan ထံ ဖုန်းဆက်ခေါ်ဆိုခြင်း ဖြစ်သည်။

လူနာတည်ရှိသည့်နေရာမှာ နယူးယောက်မြို့မှ Long Island Jewish Hospital ရှိ အထူးကြပ်မတ်ကုသဆောင်တွင်ဖြစ်ပြီး အသက်ရှုစက်ပေးရန် လို၊ မလိုကြည့်ရန် သူမအား ဖုန်းဆက်ခေါ်ခြင်း ဖြစ်သည်။

ဒေါက်တာ Narasimhan က ဆေးရုံမှ အခြားဆရာဝန်တစ်ဦးထံ ဖုန်းဆက်ကာ မိမိရောက်မလာမီ အဆိုပါလူနာကို မှောက်လျက်အနေအထား ထားရှိပေးရန် ပြောကြားခဲ့သည်။

ဒေါက်တာ Narasimhan ၏ နည်းစနစ် အလုပ်ဖြစ်ပါသည်။ ICU သို့သွားကာ အဆိုပါလူနာကို သွားကြည့်ရန် မလိုတော့ချေ။

အခြေအနေဆိုးရွားနေသည့် ကိုရိုနာဗိုင်းရပ်စ် လူနာများကို မှောက်လျက်အနေအထား (prone position) ဖြင့် ထားရှိခြင်းသည် အဆုပ်အတွက် အောက်ဆီဂျင် ပိုရစေကြောင်း ဆရာဝန်တို့က ရှာဖွေတွေ့ရှိခဲ့ကြသည်။

“ကျွန်မတို့ဟာ ဒီနည်းလမ်းနဲ့ လူတွေရဲ့အသက်ကို ၁၀၀ ရာခိုင်နှုန်း ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ဒေါက်တာ Narasimhan က ပြောကြားသည်။

ဒေါက်တာ Narasimhan သည် Northwell Health ၏ အရေးပေါ်ကုသရေးဆိုင်ရာ နယ်မြေဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

Northwell Health သည် နယူးယောက်တွင် ဆေးရုံပေါင်း ၂၃ ရုံ ပိုင်ဆိုင်ထားသည်။ “ဒါက လုပ်ကြည့်ဖို့ လွယ်တဲ့နည်းတစ်ခုပါ။ ဒီနည်းကိုသုံးရာမှာ အံ့သြလောက်တဲ့ တိုးတက်မှုတွေ ကျွန်မတို့ မြင်ရပါတယ်။ ဒီနည်းနဲ့ လူနာတစ်ဦးချင်းစီတိုင်းကို ကုသကြည့်နိုင်ပါတယ်။ အလုပ်ဖြစ်တာ တစ်ခါတွေ့ပြီဆိုတာနဲ့ ဒီနည်းကို နောက်ထပ်အသုံးပြုချင်လာမှာ ဖြစ်ပါတယ်။ ဒါက ချက်ချင်းနီးပါး အလုပ်ဖြစ်ပါတယ်” ဟု မက်ဆာချုးဆက် အထွေထွေရောဂါကုဆေးရုံ၊ အထူးကြပ်မတ်ကုသရေးဌာန ဒါရိုက်တာဖြစ်သူ ဒေါက်တာ ကက်သရင်း ဟိုင်းဘာ့ထ်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် လူနာအများစုသည် ပြင်းထန် အသက်ရှူလမ်းကြောင်း ထိခိုက်မှုရောဂါ (ARDS) ဖြင့် အများဆုံး သေဆုံးကြခြင်း ဖြစ်သည်။

ရာသီတုပ်ကွေး၊ နမိုးနီးယားနှင့် အချို့သော ရောဂါများတွင်လည်း ARDS ဖြင့် သေဆုံးမှုများ ရှိသည်။

လွန်ခဲ့သော ၇ နှစ်ခန့်က ပြင်သစ်ဆရာဝန်များသည် New England Journal of Medicine တွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ကြသည်။

အဆိုပါဆောင်းပါးတွင် ရေးသားထားသည်မှာ ARDS ရောဂါခံစားနေရပြီး ဆေးရုံတွင် အသက်ရှူစက်ပေးထားရသည့် လူနာများကို မှောက်လျက်အနေအထား ထားရှိပါက သေဆုံးရန်အလားအလား နည်းပါးကြောင်း ရေးသားထားသည်။

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်လူနာများတွင် အဆိုပါနည်းလမ်း အသုံးပြုကြည့်ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြသည်။

အထက်တွင် ဖော်ပြခဲ့သော Long Island Jewish ဆေးရုံမှလူနာဖြစ်ရပ်တွင် မှောက်လျက်အနေအထား ထားလိုက်သောအခါ ၎င်း၏ အောက်ဆီဂျင်ပျော်ဝင်နှုန်း (သွေးအတွင်းရှိ အောက်ဆီဂျင် ပမာဏ) မှာ ၈၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။ အလွန်ကြီးမားသော မြင့်တက်မှုပင် ဖြစ်၏။

အသက်ရှူစက်ပေးထားသော လူနာတို့သည် တစ်ရက်လျှင် ၁၆ နာရီခန့် မှောက်လျက်အနေအထားဖြင့်သာ နေထိုင်ကြရမည် ဖြစ်သည်။

ကျန်သည့်အချိန်များတွင်သာ ပက်လက်နေထိုင်ရမည်ဖြစ်သည်။ အထူးသဖြင့် ဆရာဝန်များ လာရောက်စမ်းသပ်ချိန်တွင် ပက်လက်နေထိုင်မှသာ ခန္ဓာကိုယ်၏ ရှေ့ပိုင်းကို စမ်းသပ်ကာ လိုအပ်သောကုသမှုများ ပြုလုပ်ပေးနိုင်မည် ဖြစသည်။

အရေးပေါ်ကုသရေးဆိုင်ရာ အထူးကုများက ပြောကြားရာတွင် မှောက်လျက်ထားရှိခြင်းမှာ အကျိုးများကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် အဆိုပါအနေအထားက အဆုပ်သို့ အောက်ဆီဂျင် ပိုမိုလွယ်ကူစွာ ရောက်စေနိုင်ကြောင်း၊ ပက်လက်အနေအထားနေထိုင်ပါက ခန္ဓာကိုယ် အလေးချိန်ဖြင့် အဆုပ်ကို ဖိထားသကဲ့သို့ဖြစ်ကြောင်း ပြောကြားကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'Such a simple thing to do': Why positioning Covid-19 patients on their stomachs can save lives (CNN)

[Zawgyi]

Covid-19 လူနာမ်ားကို ဗိုက္ေမွာက္အိပ္သည့္ အေနအထားျဖင့္ေနခိုင္းလွ်င္ ေသဆုံးႏိုင္ေခ် အလြန္နည္းပါး

ေသာၾကာေန႔တြင္ ေဒါက္တာ Mangala Narasimhan ထံသို႔ အေရးေပၚ ဖုန္းတစ္ခု ဝင္လာသည္။

အသက္ ၄၀ အ႐ြယ္ခန႔္ရွိေသာ covid-19 လူနာတစ္ဦး အေျခအေနမေကာင္းေသာေၾကာင့္ သူ႔အေဖာ္က ေဒါက္တာ Narasimhan ထံ ဖုန္းဆက္ေခၚဆိုျခင္း ျဖစ္သည္။

လူနာတည္ရွိသည့္ေနရာမွာ နယူးေယာက္ၿမိဳ႕မွ Long Island Jewish Hospital ရွိ အထူးၾကပ္မတ္ကုသေဆာင္တြင္ျဖစ္ၿပီး အသက္ရႈစက္ေပးရန္ လို၊ မလိုၾကည့္ရန္ သူမအား ဖုန္းဆက္ေခၚျခင္း ျဖစ္သည္။

ေဒါက္တာ Narasimhan က ေဆး႐ုံမွ အျခားဆရာဝန္တစ္ဦးထံ ဖုန္းဆက္ကာ မိမိေရာက္မလာမီ အဆိုပါလူနာကို ေမွာက္လ်က္အေနအထား ထားရွိေပးရန္ ေျပာၾကားခဲ့သည္။

ေဒါက္တာ Narasimhan ၏ နည္းစနစ္ အလုပ္ျဖစ္ပါသည္။ ICU သို႔သြားကာ အဆိုပါလူနာကို သြားၾကည့္ရန္ မလိုေတာ့ေခ်။

အေျခအေနဆိုး႐ြားေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ လူနာမ်ားကို ေမွာက္လ်က္အေနအထား (prone position) ျဖင့္ ထားရွိျခင္းသည္ အဆုပ္အတြက္ ေအာက္ဆီဂ်င္ ပိုရေစေၾကာင္း ဆရာဝန္တို႔က ရွာေဖြေတြ႕ရွိခဲ့ၾကသည္။

“ကြၽန္မတို႔ဟာ ဒီနည္းလမ္းနဲ႔ လူေတြရဲ႕အသက္ကို ၁၀၀ ရာခိုင္ႏႈန္း ကယ္တင္ႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္” ဟု ေဒါက္တာ Narasimhan က ေျပာၾကားသည္။

ေဒါက္တာ Narasimhan သည္ Northwell Health ၏ အေရးေပၚကုသေရးဆိုင္ရာ နယ္ေျမဒါ႐ိုက္တာတစ္ဦးလည္း ျဖစ္သည္။

Northwell Health သည္ နယူးေယာက္တြင္ ေဆး႐ုံေပါင္း ၂၃ ႐ုံ ပိုင္ဆိုင္ထားသည္။ “ဒါက လုပ္ၾကည့္ဖို႔ လြယ္တဲ့နည္းတစ္ခုပါ။ ဒီနည္းကိုသုံးရာမွာ အံ့ၾသေလာက္တဲ့ တိုးတက္မႈေတြ ကြၽန္မတို႔ ျမင္ရပါတယ္။ ဒီနည္းနဲ႔ လူနာတစ္ဦးခ်င္းစီတိုင္းကို ကုသၾကည့္ႏိုင္ပါတယ္။ အလုပ္ျဖစ္တာ တစ္ခါေတြ႕ၿပီဆိုတာနဲ႔ ဒီနည္းကို ေနာက္ထပ္အသုံးျပဳခ်င္လာမွာ ျဖစ္ပါတယ္။ ဒါက ခ်က္ခ်င္းနီးပါး အလုပ္ျဖစ္ပါတယ္” ဟု မက္ဆာခ်ဳးဆက္ အေထြေထြေရာဂါကုေဆး႐ုံ၊ အထူးၾကပ္မတ္ကုသေရးဌာန ဒါ႐ိုက္တာျဖစ္သူ ေဒါက္တာ ကက္သရင္း ဟိုင္းဘာ့ထ္က ေျပာၾကားသည္။

ကို႐ိုနာဗိုင္းရပ္စ္ လူနာအမ်ားစုသည္ ျပင္းထန္ အသက္ရႉလမ္းေၾကာင္း ထိခိုက္မႈေရာဂါ (ARDS) ျဖင့္ အမ်ားဆုံး ေသဆုံးၾကျခင္း ျဖစ္သည္။

ရာသီတုပ္ေကြး၊ နမိုးနီးယားႏွင့္ အခ်ိဳ႕ေသာ ေရာဂါမ်ားတြင္လည္း ARDS ျဖင့္ ေသဆုံးမႈမ်ား ရွိသည္။

လြန္ခဲ့ေသာ ၇ ႏွစ္ခန႔္က ျပင္သစ္ဆရာဝန္မ်ားသည္ New England Journal of Medicine တြင္ ေဆာင္းပါးတစ္ပုဒ္ ေရးသားခဲ့ၾကသည္။

အဆိုပါေဆာင္းပါးတြင္ ေရးသားထားသည္မွာ ARDS ေရာဂါခံစားေနရၿပီး ေဆး႐ုံတြင္ အသက္ရႉစက္ေပးထားရသည့္ လူနာမ်ားကို ေမွာက္လ်က္အေနအထား ထားရွိပါက ေသဆုံးရန္အလားအလား နည္းပါးေၾကာင္း ေရးသားထားသည္။

ယခုအခါ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ားတြင္ အဆိုပါနည္းလမ္း အသုံးျပဳၾကည့္ရာ ရလဒ္ေကာင္းမ်ား ရရွိခဲ့ၾကသည္။

အထက္တြင္ ေဖာ္ျပခဲ့ေသာ Long Island Jewish ေဆး႐ုံမွလူနာျဖစ္ရပ္တြင္ ေမွာက္လ်က္အေနအထား ထားလိုက္ေသာအခါ ၎၏ ေအာက္ဆီဂ်င္ေပ်ာ္ဝင္ႏႈန္း (ေသြးအတြင္းရွိ ေအာက္ဆီဂ်င္ ပမာဏ) မွာ ၈၅ ရာခိုင္ႏႈန္းသာ ရွိခဲ့ရာမွ ၉၈ ရာခိုင္ႏႈန္းအထိ ျမင့္တက္သြားခဲ့သည္။ အလြန္ႀကီးမားေသာ ျမင့္တက္မႈပင္ ျဖစ္၏။

အသက္ရႉစက္ေပးထားေသာ လူနာတို႔သည္ တစ္ရက္လွ်င္ ၁၆ နာရီခန႔္ ေမွာက္လ်က္အေနအထားျဖင့္သာ ေနထိုင္ၾကရမည္ ျဖစ္သည္။

က်န္သည့္အခ်ိန္မ်ားတြင္သာ ပက္လက္ေနထိုင္ရမည္ျဖစ္သည္။ အထူးသျဖင့္ ဆရာဝန္မ်ား လာေရာက္စမ္းသပ္ခ်ိန္တြင္ ပက္လက္ေနထိုင္မွသာ ခႏၶာကိုယ္၏ ေရွ႕ပိုင္းကို စမ္းသပ္ကာ လိုအပ္ေသာကုသမႈမ်ား ျပဳလုပ္ေပးႏိုင္မည္ ျဖစသည္။

အေရးေပၚကုသေရးဆိုင္ရာ အထူးကုမ်ားက ေျပာၾကားရာတြင္ ေမွာက္လ်က္ထားရွိျခင္းမွာ အက်ိဳးမ်ားေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ အဆိုပါအေနအထားက အဆုပ္သို႔ ေအာက္ဆီဂ်င္ ပိုမိုလြယ္ကူစြာ ေရာက္ေစႏိုင္ေၾကာင္း၊ ပက္လက္အေနအထားေနထိုင္ပါက ခႏၶာကိုယ္ အေလးခ်ိန္ျဖင့္ အဆုပ္ကို ဖိထားသကဲ့သို႔ျဖစ္ေၾကာင္း ေျပာၾကားၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'Such a simple thing to do': Why positioning Covid-19 patients on their stomachs can save lives (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service