မလေးရှားတွင် သင်္ကြန်ပွဲကျင်းပသည့် မြန်မာအလုပ်သမား ၆၂ ဦး အဖမ်းခံရ

မလေးရှားတွင် သင်္ကြန်ပွဲကျင်းပသည့် မြန်မာအလုပ်သမား ၆၂ ဦး အဖမ်းခံရ - Property News in Myanmar from iMyanmarHouse.com
14 Apr 2020 12:41 pm တွင် တင်ခဲ့သည်
1160 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မလေးရှားတွင် မြန်မာအလုပ်သမား ၆၂ ဦးသည် ၎င်းတို့၏အဆောင်ရှေ့တွင် သင်္ကြန်ပွဲကျင်းပခဲ့ပုံ ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယမန်နေ့က ဖမ်းဆီးခြင်းခံလိုက်ရသည်။

ဧပြီလ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကွာလာလမ်ပူမြို့တောင်ဘက်၊ ဆီပန်ခရိုင်ရှိ စက်ရုံအလုပ်သမားအဆောင်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း Bernama သတင်းအေဂျင်စီက ဖော်ပြသည်။

Covid -19 ကူးစက်ပျံ့ပွားမှုကို နှေးကွေးစေရန်အတွက် မလေးရှားက တတိယအကြိမ် lockdown သက်တမ်းတိုးမြှင့်ခဲ့ပြီးနောက် ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ “ဒီပွဲမှာ ပါဝင်ခဲ့တယ်လို့ တချို့သူတွေက ဝန်ခံကြပါတယ်။ တခြားပါဝင်သူတွေကို ခြေရာခံဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ သံသယရှိသူတွေ အသုံးပြုခဲ့တဲ့ ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းထားပါတယ်။” ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဝမ် ကမာရူးလ် အက်ဇ်ရန် ဝမ် ယူဆွပ်ဖ်က ပြောကြားသည်။

၎င်းတို့အနက် ၂ ဦးက သင်္ကြန်ပွဲကျင်းပခဲ့ပြီး အွန်လိုင်းတွင် တင်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သော ဗွီဒီယိုများအနက် Paradise Generation ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်ခဲ့သော ဗွီဒီယိုအရ မြန်မာအလုပ်သမားအုပ်စုသည် လမ်းထဲတွင် ကခုန်ခြင်း၊ သီချင်းများ ကျယ်လောင်စွာဖွင့်ကာ ရေပက်ခြင်းများ ပြုလုပ်ခဲ့ပုံကို တွေ့ရသည်ဟု ဆိုသည်။

အဆိုပါဗွီဒီယိုဖိုင်တွင် မလေးဘာသာဖြင့် caption ရေးသားထားသောစာအရ ဗွီဒီယိုဖိုင်ကို ည ၉း၃၀ ခန့်တွင် ရိုက်ကူးခဲ့ဟန် ရသည်။

အဆိုပါဗွီဒီယိုဖိုင်အပေါ် လူမှုကွန်ရက်အသုံးပြုသူတို့က များစွာဝေဖန်ရှုတ်ချခဲ့ကြသည်။

Apit Syafiq အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက ကွန်မန့်ရေးသားထားရာတွင် “ကျွန်တော်တစ်ခုပဲ တောင်းဆိုပါတယ်။ သူတို့ကို မြန်မာနိုင်ငံ ပြန်ပို့လိုက်ပါ။ အဆောင်နဲ့ စက်ရုံလိုင်စင် ရုတ်သိမ်းပါ” ဟု ရေးသားထားသည်။

Irdawati Azhar အမည်ဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးကလည်း “သူတို့မှာ covid-19 ပိုး စစ်ဆေးတွေ့ရှိရင် ကျွန်တော်တို့က ကုပေးစရာ မလိုဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့် ကျွန်တော်တို့ရဲ့ ဆရာဝန်၊ သူနာပြုတွေ ပင်ပန်းစေမှာဖြစ်တဲ့အပြင် အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေလည်း အလဟဿဖြစ်စေမှာကြောင့်ပါ။ သူတို့ကို လော်ရီကားပေါ်တင်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ပေးပါ” ဟု ရေးသားထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Myanmar revelers arrested in Malaysia after party goes viral (coconuts.co)

[Zawgyi]

မေလးရွားတြင္ သၾကၤန္ပြဲက်င္းပသည့္ ျမန္မာအလုပ္သမား ၆၂ ဦး အဖမ္းခံရ

မေလးရွားတြင္ ျမန္မာအလုပ္သမား ၆၂ ဦးသည္ ၎တို႔၏အေဆာင္ေရွ ႔တြင္ သၾကၤန္ပြဲက်င္းပခဲ့ပံု ဗြီဒီယိုဖိုင္မွာ လူမႈကြန္ရက္တြင္ ပ်ံ ႔ႏွံ႔ခဲ့ျပီးေနာက္ ယမန္ေန႔က ဖမ္းဆီးျခင္းခံလိုက္ရသည္။

ဧျပီလ ၁၃ ရက္ မြန္းလြဲ ၂ နာရီခန္႔တြင္ ကြာလာလမ္ပူျမိဳ ႔ေတာင္ဘက္၊ ဆီပန္ခရိုင္ရွိ စက္ရံုအလုပ္သမားအေဆာင္တစ္ခုကို ရဲတပ္ဖြဲ႔က ဝင္ေရာက္စီးနင္းကာ ဖမ္းဆီးလိုက္ျခင္းျဖစ္ေၾကာင္း Bernama သတင္းေအဂ်င္စီက ေဖာ္ျပသည္။

Covid -19 ကူးစက္ပ်ံ ႔ပြားမႈကို ေႏွးေကြးေစရန္အတြက္ မေလးရွားက တတိယအၾကိမ္ lockdown သက္တမ္းတိုးျမွင့္ခဲ့ျပီးေနာက္ ယခုျဖစ္ရပ္ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။ “ဒီပြဲမွာ ပါဝင္ခဲ့တယ္လို႔ တခ်ဳိ ႔သူေတြက ဝန္ခံၾကပါတယ္။ တျခားပါဝင္သူေတြကို ေျခရာခံဖမ္းဆီးႏိုင္ဖို႔ ဆက္လက္ေဆာင္ရြက္ေနပါတယ္။ သံသယရွိသူေတြ အသံုးျပဳခဲ့တဲ့ ဖုန္း ၂ လံုးကိုလည္း သိမ္းဆည္းထားပါတယ္။” ဟု ရဲတပ္ဖြဲ႔အၾကီးအကဲ ဝမ္ ကမာရူးလ္ အက္ဇ္ရန္ ဝမ္ ယူဆြပ္ဖ္က ေျပာၾကားသည္။

၎တို႔အနက္ ၂ ဦးက သၾကၤန္ပြဲက်င္းပခဲ့ျပီး အြန္လိုင္းတြင္ တင္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္ဟု ဆိုသည္။

အြန္လိုင္းတြင္ ပ်ံ ႔ႏွံ႔ခဲ့ေသာ ဗြီဒီယိုမ်ားအနက္ Paradise Generation ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ လႊင့္တင္ခဲ့ေသာ ဗြီဒီယိုအရ ျမန္မာအလုပ္သမားအုပ္စုသည္ လမ္းထဲတြင္ ကခုန္ျခင္း၊ သီခ်င္းမ်ား က်ယ္ေလာင္စြာဖြင့္ကာ ေရပက္ျခင္းမ်ား ျပဳလုပ္ခဲ့ပံုကို ေတြ႔ရသည္ဟု ဆိုသည္။

အဆိုပါဗြီဒီယိုဖိုင္တြင္ မေလးဘာသာျဖင့္ caption ေရးသားထားေသာစာအရ ဗြီဒီယိုဖိုင္ကို ည ၉း၃၀ ခန္႔တြင္ ရိုက္ကူးခဲ့ဟန္ ရသည္။

အဆိုပါဗီြဒီယိုဖိုင္အေပၚ လူမႈကြန္ရက္အသံုးျပဳသူတို႔က မ်ားစြာေဝဖန္ရႈတ္ခ်ခဲ့ၾကသည္။

Apit Syafiq အမည္ရွိ ေဖ့စ္ဘုတ္အသံုးျပဳသူတစ္ဦးက ကြန္မန္႔ေရးသားထားရာတြင္ “ကၽြန္ေတာ္တစ္ခုပဲ ေတာင္းဆိုပါတယ္။ သူတို႔ကို ျမန္မာႏုိင္ငံ ျပန္ပို႔လိုက္ပါ။ အေဆာင္နဲ႔ စက္ရံုလိုင္စင္ ရုတ္သိမ္းပါ” ဟု ေရးသားထားသည္။

Irdawati Azhar အမည္ျဖင့္ ေဖ့စ္ဘုတ္သံုးစြဲသူတစ္ဦးကလည္း “သူတို႔မွာ covid-19 ပိုး စစ္ေဆးေတြ႔ရွိရင္ ကၽြန္ေတာ္တုိ႔က ကုေပးစရာ မလိုဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေၾကာင့္ ကၽြန္ေတာ္တို႔ရဲ ႔ ဆရာဝန္၊ သူနာျပဳေတြ ပင္ပန္းေစမွာျဖစ္တဲ့အျပင္ အခြန္ထမ္းျပည္သူေတြရဲ ႔ ေငြေတြလည္း အလဟႆျဖစ္ေစမွာေၾကာင့္ပါ။ သူတို႔ကို ေလာ္ရီကားေပၚတင္ျပီး ျမန္မာႏိုင္ငံကို ျပန္ပို႔ေပးပါ” ဟု ေရးသားထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Myanmar revelers arrested in Malaysia after party goes viral (coconuts.co)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service