အင်ဒိုနီးရှားတွင် နေအိမ်အတွင်း နေထိုင်ကြစေရန် ရည်ရွယ်ကာ ညဘက်တွင် တစ္ဆေဟန်ဆောင်ကာ စောင့်ကြပ်လျက်ရှိ

အင်ဒိုနီးရှားတွင် နေအိမ်အတွင်း နေထိုင်ကြစေရန် ရည်ရွယ်ကာ ညဘက်တွင် တစ္ဆေဟန်ဆောင်ကာ စောင့်ကြပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Apr 2020 12:27 pm တွင် တင်ခဲ့သည်
879 ကြိမ် ကြည့်ရှု့ပြီး

[Unicode] အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှ Kepuh ကျေးရွာကလေးတွင် မကြာသေးမီရက်ပိုင်းအတွင်း တစ္ဆေခြောက်လှန့်မှုများ များစွာပေါ်ပေါက်လာသည်။

လမ်းပေါ်တွင်သွားလာနေသူများထံ ထူးဆန်းသည့်အဖြူရောင်သတ္တဝါကြီးများ ခုန်ပေါက်ရောက်ရှိလာခြင်းဖြစ်သည်။

စင်စစ်ကား လူများကို နေအိမ်အတွင်းတွင်သာ နေထိုင်ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ကာ တစ္ဆေအသွင်ဖြင့် လမ်းများပေါ်တွင် လှည့်ပတ်စောင့်ကြပ်စေခြင်း ဖြစ်သည်။

“ကျွန်တော်တို့က တမျိုးတဖုံကွဲပြားတဲ့ အဟန့်အတားမျိုးတစ်ခု ဖန်တီးချင်ခဲ့တယ်။ ပိုကောင်..ဟာ ကျောချမ်းစရာ၊ ခြောက်ခြားစရာ ကောင်းတယ်လေ” ဟု ကျေးရွာကာလသားခေါင်းဆောင် Anjar Pancaningtyas က ပြောကြားသည်။

ပိုကောင် ဟူသည်မှာ တစ္ဆေတစ်မျိုးဖြစ်ပြီး ထုံးစံအားဖြင့် အဖြူရောင် ဝတ်ရုံလွှာပတ်ကာ ပေါင်ဒါဖွေးနေသည့် မျက်နှာ၊ မျက်ကွင်းညိုကြီးများရှိသည်။

အင်ဒိုနီးရှား ရိုးရာအယူအဆအရ ပိုကောင်သည် သေဆုံးသူတို့၏ ပိတ်မိနေသော ဝိဉာဉ်များဖြစ်သည်ဟု ဆိုသည်။

ယခုအစီအစဉ်ကို စတင်လိုက်ချိန်တွင် မျှော်မှန်းထားသည်မျိုးမဟုတ်ဘဲ ဆန့်ကျင်ဘက်ရလဒ်များသာ ပေါ်လာသည်။ ဒေသခံရွာသားတို့သည် နေအိမ်တွင်းတွင်သာ နေရမည့်အစား တစ္ဆေတို့ကို မြင်ရရန် အပြင်သို့ ထွက်လာမှုများ ပေါ်ပေါက်လာသည်။

ထို့ကြောင့် ယခုအစီအစဉ်ကို ကမကထပြုသူတို့က နည်းလမ်းပြောင်းလိုက်ရပြီး မထင်မှတ်ထားချိန်တွင် ရုတ်တရက်ကင်းလှည့်သွားလာ ခြင်းမျိုး ပြုလုပ်၏။ ထိုအစီအစဉ်တွင်လည်း ရွာထဲမှ စေတနာ့ဝန်ထမ်းလုပ်အားပေးမည့်သူများကို တစ္ဆေအဖြစ် ပါဝင်စေခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ lockdown လုပ်ရန် တင်ပြမှုများကို ဆန့်ကျင်ပယ်ချခဲ့ပြီး ပြည်သူများကို social distancing နည်းလမ်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ကောင်းစွာထိန်းသိမ်း ရန်သာ တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

သို့သော် အာရှသည် တရုတ်ပြီးလျှင် သေဆုံးမှု အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိလာပြီးနောက် Kepuh ကျေးရွာကဲ့သို့ အချို့ဒေသများတွင် ကိုယ်ပိုင်အစီအစဉ်များပြုလုပ်လာကြပြီး တစ္ဆေများကို လှည့်ပတ်ကင်းလှည့်စေခြင်း၊ ကျေးရွာကို lockdown ချခြင်းများ၊ သွားလာမှု ရွာပြင်ထွက်မှု ကန့်သတ်ခြင်းများ ပြုလုပ်လာကြသည်။

“ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ရွာသားတွေက စိတ်မဝင်စားကြပါဘူး။ သူတို့က ပုံမှန်အတိုင်းပဲ နေချင်ကြတယ်။ ဒါကြောင့် အိမ်မှာဆိုတဲ့လမ်းညွှန်ချက်ကို သူတို့လိုက်နာအောင် ပြောဖို့ဆိုတာ တော်တော်ခက်ပါတယ်” ဟု ကျေးရွာလူကြီး Priiiyadi က ပြောကြားသည်။

လက်ရှိအားဖြင့် အင်ဒိုနီးရှားတွင် အတည်ပြုကူးစက်ခံရသူ ၄၂၄၁ ဦးရှိပြီး သေဆုံးသူ ၃၇၃ ဦးအထိ ရှိနေပြီ ဖြစ်သည်။

Kepuh ကျေးရွာသို့ ရိုက်တာသတင်းဌာက မကြာသေးမီက ရောက်ရှိသွားရာတွင် တစ္ဆေခြောက်သည့်မဟာဗျူဟာမှာ အလုပ်ဖြစ်သည်ကို တွေ့ရသည်ဟု ဆိုသည်။ ရွာသားတို့သည် တစ္ဆေများကို မြင်သည်နှင့် ကြောက်ရွံ့တုန်လှုပ်စွာ ထွက်ပြေးကြသည်။

“ပိုကောင်တွေ ပေါ်လာပြီးနောက်ပိုင်း မိဘတွေ၊ ကလေးတွေဟာ အိမ်ပြင်ကို မထွက်ကြတော့ဘူး။ ညနေပိုင်း ဘုရားဝတ်ပြုပြီးတာနဲ့ လူတွေဟာ လမ်းပေါ်မှာ မနေကြတော့ဘူး” ဟု ရွာသားတစ်ဦးဖြစ်သူ Karno Supadmo က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'Ghosts' scare Indonesians indoors and away from coronavirus (Reuters)

 [Zawgyi]

အင္ဒိုနီးရွားတြင္ ေနအိမ္အတြင္း ေနထိုင္ၾကေစရန္ ရည္ရြယ္ကာ ညဘက္တြင္ တေစၦဟန္ေဆာင္ကာ ေစာင့္ၾကပ္လ်က္ရွိ

အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာဗားကၽြန္းမွ Kepuh ေက်းရြာကေလးတြင္ မၾကာေသးမီရက္ပိုင္းအတြင္း တေစၦေျခာက္လွန္႔မႈမ်ား မ်ားစြာေပၚေပါက္လာသည္။

လမ္းေပၚတြင္သြားလာေနသူမ်ားထံ ထူးဆန္းသည့္အျဖဴေရာင္သတၱဝါၾကီးမ်ား ခုန္ေပါက္ေရာက္ရွိလာျခင္းျဖစ္သည္။

စင္စစ္ကား လူမ်ားကို ေနအိမ္အတြင္းတြင္သာ ေနထိုင္ၾကျပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျခင္းအႏၱရာယ္မွ ကင္းေဝးေစရန္ ရည္ရြယ္ကာ တေစၦအသြင္ျဖင့္ လမ္းမ်ားေပၚတြင္ လွည့္ပတ္ေစာင့္ၾကပ္ေစျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔က တမ်ဳိးတဖံုကြဲျပားတဲ့ အဟန္႔အတားမ်ဳိးတစ္ခု ဖန္တီးခ်င္ခဲ့တယ္။ ပိုေကာင္..ဟာ ေက်ာခ်မ္းစရာ၊ ေျခာက္ျခားစရာ ေကာင္းတယ္ေလ” ဟု ေက်းရြာကာလသားေခါင္းေဆာင္ Anjar Pancaningtyas က ေျပာၾကားသည္။

ပိုေကာင္ ဟူသည္မွာ တေစၦတစ္မ်ဳိးျဖစ္ျပီး ထံုးစံအားျဖင့္ အျဖဴေရာင္ ဝတ္ရံုလႊာပတ္ကာ ေပါင္ဒါေဖြးေနသည့္ မ်က္ႏွာ၊ မ်က္ကြင္းညိဳၾကီးမ်ားရွိသည္။

အင္ဒိုနီးရွား ရိုးရာအယူအဆအရ ပိုေကာင္သည္ ေသဆံုးသူတို႔၏ ပိတ္မိေနေသာ ဝိဥာဥ္မ်ားျဖစ္သည္ဟု ဆိုသည္။

ယခုအစီအစဥ္ကို စတင္လိုက္ခ်ိန္တြင္ ေမွ်ာ္မွန္းထားသည္မ်ဳိးမဟုတ္ဘဲ ဆန္႔က်င္ဘက္ရလဒ္မ်ားသာ ေပၚလာသည္။ ေဒသခံရြာသားတို႔သည္ ေနအိမ္တြင္းတြင္သာ ေနရမည့္အစား တေစၦတို႔ကို ျမင္ရရန္ အျပင္သို႔ ထြက္လာမႈမ်ား ေပၚေပါက္လာသည္။

ထို႔ေၾကာင့္ ယခုအစီအစဥ္ကို ကမကထျပဳသူတို႔က နည္းလမ္းေျပာင္းလိုက္ရျပီး မထင္မွတ္ထားခ်ိန္တြင္ ရုတ္တရက္ကင္းလွည့္သြားလာ ျခင္းမ်ဳိး ျပဳလုပ္၏။ ထိုအစီအစဥ္တြင္လည္း ရြာထဲမွ ေစတနာ့ဝန္ထမ္းလုပ္အားေပးမည့္သူမ်ားကို တေစၦအျဖစ္ ပါဝင္ေစခဲ့သည္။

အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက ကိုရိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ တစ္ႏိုင္ငံလံုးအတိုင္းအတာ lockdown လုပ္ရန္ တင္ျပမႈမ်ားကို ဆန္႔က်င္ပယ္ခ်ခဲ့ျပီး ျပည္သူမ်ားကို social distancing နည္းလမ္းႏွင့္ တစ္ကိုယ္ေရသန္႔ရွင္းမႈကို ေကာင္းစြာထိန္းသိမ္း ရန္သာ တိုက္တြန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ အာရွသည္ တရုတ္ျပီးလွ်င္ ေသဆံုးမႈ အျမင့္မားဆံုး အေျခအေနသို႔ ေရာက္ရွိလာျပီးေနာက္ Kepuh ေက်းရြာကဲ့သို႔ အခ်ဳိ ႔ေဒသမ်ားတြင္ ကိုယ္ပိုင္အစီအစဥ္မ်ားျပဳလုပ္လာၾကျပီး တေစၦမ်ားကို လွည့္ပတ္ကင္းလွည့္ေစျခင္း၊ ေက်းရြာကို lockdown ခ်ျခင္းမ်ား၊ သြားလာမႈ ရြာျပင္ထြက္မႈ ကန္႔သတ္ျခင္းမ်ား ျပဳလုပ္လာၾကသည္။

“ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈကို ဘယ္လိုထိန္းခ်ဳပ္မလဲဆိုတာ ရြာသားေတြက စိတ္မဝင္စားၾကပါဘူး။ သူတို႔က ပံုမွန္အတိုင္းပဲ ေနခ်င္ၾကတယ္။ ဒါေၾကာင့္ အိမ္မွာဆိုတဲ့လမ္းညႊန္ခ်က္ကို သူတို႔လိုက္နာေအာင္ ေျပာဖို႔ဆိုတာ ေတာ္ေတာ္ခက္ပါတယ္” ဟု ေက်းရြာလူၾကီး Priiiyadi က ေျပာၾကားသည္။

လက္ရွိအားျဖင့္ အင္ဒိုနီးရွားတြင္ အတည္ျပဳကူးစက္ခံရသူ ၄၂၄၁ ဦးရွိျပီး ေသဆံုးသူ ၃၇၃ ဦးအထိ ရွိေနျပီ ျဖစ္သည္။

Kepuh ေက်းရြာသို႔ ရိုက္တာသတင္းဌာက မၾကာေသးမီက ေရာက္ရွိသြားရာတြင္ တေစၦေျခာက္သည့္မဟာဗ်ဴဟာမွာ အလုပ္ျဖစ္သည္ကို ေတြ႔ရသည္ဟု ဆိုသည္။ ရြာသားတို႔သည္ တေစၦမ်ားကို ျမင္သည္ႏွင့္ ေၾကာက္ရြံ ႔တုန္လႈပ္စြာ ထြက္ေျပးၾကသည္။

“ပိုေကာင္ေတြ ေပၚလာျပီးေနာက္ပိုင္း မိဘေတြ၊ ကေလးေတြဟာ အိမ္ျပင္ကို မထြက္ၾကေတာ့ဘူး။ ညေနပိုင္း ဘုရားဝတ္ျပဳျပီးတာနဲ႔ လူေတြဟာ လမ္းေပၚမွာ မေနၾကေတာ့ဘူး” ဟု ရြာသားတစ္ဦးျဖစ္သူ Karno Supadmo က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'Ghosts' scare Indonesians indoors and away from coronavirus (Reuters) 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service