ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ကိုယ်လုပ်တော် ၂၀ ဦးနှင့် ဂျာမနီတွင် ဟိုတယ်ကြီးတစ်ခုလုံးငှားရမ်းကာ သီးခြားနေထိုင်နေသော ထိုင်းဘုရင်က lockdown စည်းမျဉ်းကိုချိုးဖောက်ကာ မိုင်ပေါင်း ၁၂၀၀၀ ဝေးသည့် ဘန်ကောက်သို့ ပြန်

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ကိုယ်လုပ်တော် ၂၀ ဦးနှင့် ဂျာမနီတွင် ဟိုတယ်ကြီးတစ်ခုလုံးငှားရမ်းကာ သီးခြားနေထိုင်နေသော ထိုင်းဘုရင်က lockdown စည်းမျဉ်းကိုချိုးဖောက်ကာ မိုင်ပေါင်း ၁၂၀၀၀ ဝေးသည့် ဘန်ကောက်သို့ ပြန် - Property News in Myanmar from iMyanmarHouse.com
14 Apr 2020 11:45 am တွင် တင်ခဲ့သည်
16540 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ပေါ်ပေါက်ပြီးနောက်ပိုင်း ပြိးခဲ့သော မတ်လကုန်ပိုင်းက ဂျာမနီနိုင်ငံတောင်ပိုင်း၊ ဘာဘေးရီးယားပြည်နယ်ရှိ Grand Hotel Sonnenbichi အမည်ရှိ ဟိုတယ်ကြီးတစ်ခုလုံးကို ငှားရမ်းကာ ယ်လုပ်တော် မောင်းမ ၂၀ ဦးနှင့်အတူ သီးခြားနေထိုင်နေခဲ့သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သော ဘုရင် မဟာဝိဇယလောင်ကွန်းသည် lockdown စည်းမျဉ်းကို ချိုးဖောက်ကာ ၂၄ နာရီအတွင်း ထိုင်းနှင့် ဂျာမနီ အသွားအပြန်ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ရှိ ပါတီပွဲတက်ပြီးနောက် ဂျာမနီသို့ ပြန်ခဲ့ခြင်းဖြစ်ပြီး အသွားအပြန်ခရီးမိုင်ပေါင်း ၁၂၀၀၀ ကျော်ရှိသည်။

ရာမ (၁၀) ဟုလည်း လူသိများသော ထိုင်းဘုရင်သည် ထိုင်းသို့ အသွားခရီးတွင် ဆွစ်ဇာလန်၌ သီးခြားနေထိုင် (self-isolation) နေသော မိဘုရား ဆုသီဒါကို ဝင်ခေါ်ရန် ဇူးရစ်မြို့တွင် ခရီးတစ်ထောက်ရပ်နားခဲ့ပြီး အပြန်ခရီးတွင်လည်း ဇူးရစ်တွင် ရပ်နားကာ ဆုသီဒါကို ချထားပေးခဲ့သည်။

ယင်းနောက် ဘာဘေးရီးယားရှိ ဆောင်းရာသီအားကစားအပန်းဖြေစခန်းလည်းဖြစ်သော ၎င်းငှားရမ်းထားသည့် Grand Hotel Sonnenbichi သို့ ပြန်သွားခဲ့သည်။

ထိုင်းအမျိုးသားနှစ်စဉ်အားလပ်ရက်တစ်ခုဖြစ်သော ချက္ကရနေ့ အခမ်းအနားကျင်းပရန် ထိုင်းလေကြောင်းလိုင်းဖြင့် ပြီးခဲ့သော တနင်္လာနေ့က ထိုင်းသို့ပြန်သွားခဲ့ခြင်းဖြစ်သည်။

ချက္ကရနေ့သည် ၎င်းတို့၏ တော်ဝင်မင်းဆက်ကို ၁၇၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အထိမ်းအမှတ်နေ့ တစ်ခုလည်း ဖြစ်သည်။

ဘန်ကောက်တွင် မဟာဝိဇယလောင်ကွန်းသည် ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာ၊ ထိုင်းကာကွယ်ရေးဦးစီးချုပ် Apirat Kongsompong တို့နှင့် တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပခဲ့ကြသေးသည်။

ထို့နောက် ဘုရင် ရာမ (၁) ၏ ဂူဗိမာန်သို့ သွားရောက်ကာ မိဖုရား ဆုသီဒါ၊ မင်းသမီး ဘက်ဂျ်ရာကီတီရာဘ၊ မင်းသမီး သီရိဝဏ္ဏဗာရီ နာရီယတနတို့နှင့်အတူ ဂါရဝပြုခဲ့သည်။

Lockdown စည်းမျဉ်းကို ချိုးဖောက်ကာ မိုင်ပေါင်း ၁၂၀၀၀ ခရီးသွားခဲ့သော ထိုင်းဘုရင်မင်းမြတ်က ပါတီပွဲတွင် ပြောကြားခဲ့ရာ၌ ယခုကပ်ရောဂါကြီးသည် မည်သူ၏အမှားကြောင့်မှ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ပြဿနာ၏ရင်းမြစ်ကို သိနားလည်မှုဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း ထိုင်းဘုရင်က ပြောကြားသည်။

ထိုင်းဘုရင်သည် အခက်အခဲရင်ဆိုင်ရချိန်တွင် ပြည်သူများနှင့်အတူနေရမည့်အစား ဂျာမနီတွင် သီးခြားသွားရောက်နေထိုင်နေမှုအတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

လက်ရှိထိုင်းဥပဒေအရ ဘုရင်ကို ဝေဖန်ပါက ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင်းတွင်မူ ဝေဖန်သူမရှိဘဲ တိတ်ဆိတ်နေသည်။

မဟာဝိဇယလောင်ကွန်းသည် ဖခမည်းတော်နတ်ရွာစံပြီးနောက် ယခင်နှစ် မေလအတွင်း ချက်ကရီမင်းဆက်၏ ၁၂ ဆက်မြောက်အဖြစ် နန်းတက်ခဲ့ခြင်းဖြစ်သည်။

၆ နာရီခန့် ကြာမြင့်သည့် အဆိုပါနန်းတက်ပွဲ ကျင်းပခဲ့သည့် ကုန်ကျစရိတ်မှာ ဘတ်ငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၃၁ ဒသမ ၂ သန်း) ခန့် ကုန်ကျခဲ့သည်။

ဘန်ကောက်မြို့ရှိ လမ်းများပေါ်တွင် ပြည်သူပေါင်း ၂၀၀၀၀၀ ကျော်က နန်းတက်ပွဲကို စောင့်ဆိုင်းကြည့်ရှုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော် ချထားခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီး ၄၁၀၀၀ က ဘုရင်မင်းမြတ်အတွက် ဆုမွန်ကောင်းတောင်းကာ မေတ္တာပို့ပေးခဲ့ကြသည်။

ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့က အမြောက် ၇၉၅ ချက် ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြ၏။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai king breaks lockdown to travel 12,000 miles to go to a party (Metro)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈေၾကာင့္ ကိုယ္လုပ္ေတာ္ ၂၀ ဦးႏွင့္ ဂ်ာမနီတြင္ ဟိုတယ္ၾကီးတစ္ခုလံုးငွားရမ္းကာ သီးျခားေနထိုင္ေနေသာ ထိုင္းဘုရင္က lockdown စည္းမ်ဥ္းကိုခ်ဳိးေဖာက္ကာ မိုင္ေပါင္း ၁၂၀၀၀ ေဝးသည့္ ဘန္ေကာက္သို႔ ျပန္

ထိုင္းဘုရင္ မဟာဝိဇယေလာင္ကြန္းသည္ ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈ ေပၚေပါက္ျပီးေနာက္ပိုင္း ျပိးခဲ့ေသာ မတ္လကုန္ပိုင္းက ဂ်ာမနီႏိုင္ငံေတာင္ပိုင္း၊ ဘာေဘးရီးယားျပည္နယ္ရွိ Grand Hotel Sonnenbichi အမည္ရွိ ဟိုတယ္ၾကီးတစ္ခုလံုးကို ငွားရမ္းကာ ကိုယ္လုပ္ေတာ္ ေမာင္းမ ၂၀ ဦးႏွင့္အတူ သီးျခားေနထိုင္ေနခဲ့သည္။

အသက္ ၆၇ ႏွစ္ရွိျပီျဖစ္ေသာ ဘုရင္ မဟာဝိဇယေလာင္ကြန္းသည္ lockdown စည္းမ်ဥ္းကို ခ်ဳိးေဖာက္ကာ ၂၄ နာရီအတြင္း ထိုင္းႏွင့္ ဂ်ာမနီ အသြားအျပန္ခရီးႏွင္ခဲ့ျခင္း ျဖစ္သည္။

ဘန္ေကာက္ရွိ ပါတီပြဲတက္ျပီးေနာက္ ဂ်ာမနီသို႔ ျပန္ခဲ့ျခင္းျဖစ္ျပီး အသြားအျပန္ခရီးမိုင္ေပါင္း ၁၂၀၀၀ ေက်ာ္ရွိသည္။

ရာမ (၁၀) ဟုလည္း လူသိမ်ားေသာ ထိုင္းဘုရင္သည္ ထိုင္းသို႔ အသြားခရီးတြင္ ဆြစ္ဇာလန္၌ သီးျခားေနထိုင္ (self-isolation) ေနေသာ မိဘုရား ဆုသီဒါကို ဝင္ေခၚရန္ ဇူးရစ္ျမိဳ ႔တြင္ ခရီးတစ္ေထာက္ရပ္နားခဲ့ျပီး အျပန္ခရီးတြင္လည္း ဇူးရစ္တြင္ ရပ္နားကာ ဆုသီဒါကို ခ်ထားေပးခဲ့သည္။

ယင္းေနာက္ ဘာေဘးရီးယားရွိ ေဆာင္းရာသီအားကစားအပန္းေျဖစခန္းလည္းျဖစ္ေသာ ၎ငွားရမ္းထားသည့္ Grand Hotel Sonnenbichi သုိ႔ ျပန္သြားခဲ့သည္။

ထိုင္းအမ်ဳိးသားႏွစ္စဥ္အားလပ္ရက္တစ္ခုျဖစ္ေသာ ခ်ကၠရေန႔ အခမ္းအနားက်င္းပရန္ ထိုင္းေလေၾကာင္းလိုင္းျဖင့္ ျပီးခဲ့ေသာ တနလၤာေန႔က ထိုင္းသို႔ျပန္သြားခဲ့ျခင္းျဖစ္သည္။

ခ်ကၠရေန႔သည္ ၎တို႔၏ ေတာ္ဝင္မင္းဆက္ကို ၁၇၈၂ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့သည့္ အထိမ္းအမွတ္ေန႔ တစ္ခုလည္း ျဖစ္သည္။

ဘန္ေကာက္တြင္ မဟာဝိဇယေလာင္ကြန္းသည္ ထိုင္းဝန္ၾကီးခ်ဳပ္ ပရာယု ခ်န္အိုခ်ာ၊ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္ Apirat Kongsompong တို႔ႏွင့္ ေတြ႔ဆံုခဲ့ျပီး ဂုဏ္ျပဳစားပြဲတစ္ခု က်င္းပခဲ့ၾကေသးသည္။

ထို႔ေနာက္ ဘုရင္ ရာမ (၁) ၏ ဂူဗိမာန္သို႔ သြားေရာက္ကာ မိဖုရား ဆုသီဒါ၊ မင္းသမီး ဘက္ဂ်္ရာကီတီရာဘ၊ မင္းသမီး သီရိဝဏၰဗာရီ နာရီယတနတို႔ႏွင့္အတူ ဂါရဝျပဳခဲ့သည္။

Lockdown စည္းမ်ဥ္းကို ခ်ဳိးေဖာက္ကာ မိုင္ေပါင္း ၁၂၀၀၀ ခရီးသြားခဲ့ေသာ ထိုင္းဘုရင္မင္းျမတ္က ပါတီပြဲတြင္ ေျပာၾကားခဲ့ရာ၌ ယခုကပ္ေရာဂါၾကီးသည္ မည္သူ၏အမွားေၾကာင့္မွ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။

အစိုးရက ျပႆနာ၏ရင္းျမစ္ကို သိနားလည္မႈျဖင့္ ေျဖရွင္းရမည္ျဖစ္ေၾကာင္း ထိုင္းဘုရင္က ေျပာၾကားသည္။

ထိုင္းဘုရင္သည္ အခက္အခဲရင္ဆိုင္ရခ်ိန္တြင္ ျပည္သူမ်ားႏွင့္အတူေနရမည့္အစား ဂ်ာမနီတြင္ သီးျခားသြားေရာက္ေနထုိင္ေနမႈအတြက္ ေဝဖန္မႈမ်ားစြာႏွင့္ ရင္ဆိုင္ေနရသည္။

လက္ရွိထိုင္းဥပေဒအရ ဘုရင္ကို ေဝဖန္ပါက ေထာင္ဒဏ္ ၃၅ ႏွစ္ က်ခံရမည္ျဖစ္ေသာေၾကာင့္ ထုိင္းႏိုင္ငံတြင္းတြင္မူ ေဝဖန္သူမရွိဘဲ တိတ္ဆိတ္ေနသည္။

မဟာဝိဇယေလာင္ကြန္းသည္ ဖခမည္းေတာ္နတ္ရြာစံျပီးေနာက္ ယခင္ႏွစ္ ေမလအတြင္း ခ်က္ကရီမင္းဆက္၏ ၁၂ ဆက္ေျမာက္အျဖစ္ နန္းတက္ခဲ့ျခင္းျဖစ္သည္။

၆ နာရီခန္႔ ၾကာျမင့္သည့္ အဆိုပါနန္းတက္ပြဲ က်င္းပခဲ့သည့္ ကုန္က်စရိတ္မွာ ဘတ္ေငြ ၁ ဘီလီယံ (ကန္ေဒၚလာ ၃၁ ဒသမ ၂ သန္း) ခန္႔ ကုန္က်ခဲ့သည္။

ဘန္ေကာက္ျမိဳ ႔ရွိ လမ္းမ်ားေပၚတြင္ ျပည္သူေပါင္း ၂၀၀၀၀၀ ေက်ာ္က နန္းတက္ပြဲကို ေစာင့္ဆိုင္းၾကည့္ရႈခဲ့ျပီး လံုျခံဳေရးတပ္ဖြဲ႔ဝင္ ၄၀၀၀၀ ေက်ာ္ ခ်ထားခ့ဲသည္။

ႏိုင္ငံတစ္ဝန္းရွိ ဘုန္းေတာ္ၾကီး ၄၁၀၀၀ က ဘုရင္မင္းျမတ္အတြက္ ဆုမြန္ေကာင္းေတာင္းကာ ေမတၱာပို႔ေပးခဲ့ၾကသည္။

ၾကည္းတပ္၊ ေရတပ္ႏွင့္ ေလတပ္တို႔က အေျမာက္ ၇၉၅ ခ်က္ ပစ္ေဖာက္ကာ ဂုဏ္ျပဳခဲ့ၾက၏။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thai king breaks lockdown to travel 12,000 miles to go to a party (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service