COVID-19 စမ်းသပ်ကာကွယ်ဆေးထိုးမှုကို ကမ္ဘာ့ပထမဆုံး ခံယူသူ

COVID-19 စမ်းသပ်ကာကွယ်ဆေးထိုးမှုကို ကမ္ဘာ့ပထမဆုံး ခံယူသူ - Property News in Myanmar from iMyanmarHouse.com
14 Apr 2020 11:26 am တွင် တင်ခဲ့သည်
131476 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့နေ အသက် ၄၄ နှစ်အရွယ်၊ ကလေးနှစ်ယောက်မိခင်တစ်ဦးသည် ပုံမှန်တုပ်ကွေးကာကွယ်ဆေးထိုးမှုနှင့် COVID-19 စမ်းသပ်ကာကွယ်ဆေးထိုးမှုအား နှိုင်းယှဉ်လေ့လာမှုကို ခံယူသည့် ကမ္ဘာ့ပထမဆုံးကျန်းမာသန်စွမ်းသူ ဖြစ်ပေသည်။

နည်းပညာကုမ္ပဏီသစ်တစ်ခုတွင် လုပ်ငန်းလည်ပတ်မှုမန်နေဂျာတစ်ဦးအဖြစ် တာဝန်ယူထားသူ ဂျနီဖာဟေလာက ထိုသမိုင်းဝင်စမ်းသပ်မှုတွင် မိမိဆန္ဒအလျောက်ပါဝင်လိုသူများကို ဖေ့စ်ဘွတ်တွင် ခေါ်ယူမှုတစ်ခုသို့ တုံ့ပြန်ဖြစ်ခဲ့သည့် သူမ၏ဆုံးဖြတ်ချက်အား Telegraph သတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“အဲ့ဒီအချိန်တုန်းက ကျွန်မတို့အားလုံး ကူကယ်ရာမဲ့ခံစားနေခဲ့ကြရတယ်။ ဒီကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဘေးကြီးကို ရပ်သွားအောင်လုပ်ဖို့ ကျွန်မတတ်နိုင်တာ ဘာမှမရှိဘူး ဖြစ်နေခဲ့တယ်။ အဲ့ဒီလိုနဲ့ ဒီလိုလူခေါ်တဲ့အခွင့်အရေးကိုတွေ့တော့ ကျွန်မတွေးမိတာက ‘ဟုတ်ပြီ။ ငါတစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ပေးနိုင်တာတော့ ရှိလာပြီ’ ပေါ့။”

အဆိုပါစမ်းသပ်မှုသည် သူမအား ပြီးခဲ့သည့်လအတွင်း ၎င်းကပ်ဘေးကျယ်ပြန့်လာစဉ် ဆောက်တည်ရာရ၍ စိတ်ထဲနေရသက်သာစေရန် အခွင့်အရေးတစ်ခုကို ပေးခဲ့ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

“ကျွန်မတို့အားလုံး ဆောက်တည်ရာမရ၊ ကူကယ်ရာမဲ့ဖြစ်နေကြရတယ်။ ဒီအချိန်မှာ ဒီကာကွယ်ဆေးစမ်းသမ်မှုက အကူအညီဖြစ်စေမယ့်အရာတစ်ခုကို ကျွန်မအနေနဲ့ ဆောင်ရွက်နိုင်အောင် အခွင့်ပေးလိုက်တာပါပဲ။” ဟု သူမက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟေလာက ထိုသို့စိတ်အားထက်သန်ပြင်းပြသော်လည်း သူမ၏ခင်ပွန်း၊ ဆွေမျိုးနှင့် မိတ်ဆွေသူငယ်ချင်းများက သူမအတွက် စိုးရိမ်နေကြသည်။ သူမ၏ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူ ဟေဒင်နှင့် ၁၃ နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဆင်တို့ကမူ သူမအတွက် ဂုဏ်ယူနေကြသည်။

mRNA-1273 ဟု အမည်ပေးထားသည့် ၎င်းကိုရိုနာဗိုင်းရပ်စ်အသစ်ကာကွယ်ဆေးသည် တိရစ္ဆာန်များတွင် စမ်းသပ်မှုများ၌ ရလဒ်ကောင်းများပြသခဲ့ပြီးဖြစ်ကာ ဤသည်မှာ လူသားတစ်ဦးတွင် ပထမဆုံးစမ်းသပ်မှုဖြစ်သည်။

ထိုစမ်းသပ်မှုအား ဆီယက်တဲလ်မြို့  Kaiser Permanente Washington Health Research Institute မှ ပြုလုပ်ခြင်းဖြစ်ပြီး ပါဝင်စမ်းသပ်ခံသူများသည် ၂၈ ရက်စီခြားပြီး ဆေးနှစ်ခါထိုးခံရမည်ဖြစ်ကာ တစ်နှစ်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း သိရသည်။

“အန္တရာယ်ဖြစ်မှာစိုးတဲ့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်မက အကောင်းမြင်ဝါဒီသမားလေ။ ဆိုးကျိုးကို ကြောက်စိတ်ထက် ကောင်းကျိုးတွေကို မျှော်လင့်စိတ်က အရမ်းများနေပါတယ်။” ဟုလည်း ဟေလာက ပြောကြားခဲ့သေးသည်။

သူမသည် စမ်းသပ်မှုခံယူရမည့်ပထမဆုံးသူဖြစ်ကြောင်းကို ဟေလာက မတ် ၁၆ တွင် သိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: First person in world to get coronavirus vaccine trial describes risky shot (nypost)

[Zawgyi]

COVID-19 စမ္းသပ္ကာကြယ္ေဆးထိုးမႈကို ကမာၻ႔ပထမဆုံး ခံယူသူ

အေမရိကန္ႏိုင္ငံ ဆီယက္တဲလ္ျမိဳ႕ေန အသက္ ၄၄ ႏွစ္အ႐ြယ္၊ ကေလးႏွစ္ေယာက္မိခင္တစ္ဦးသည္ ပုံမွန္တုပ္ေကြးကာကြယ္ေဆးထိုးမႈႏွင့္ COVID-19 စမ္းသပ္ကာကြယ္ေဆးထိုးမႈအား ႏႈိင္းယွဥ္ေလ့လာမႈကို ခံယူသည့္ ကမာၻ႔ပထမဆုံးက်န္းမာသန္စြမ္းသူ ျဖစ္ေပသည္။

နည္းပညာကုမၸဏီသစ္တစ္ခုတြင္ လုပ္ငန္းလည္ပတ္မႈမန္ေနဂ်ာတစ္ဦးအျဖစ္ တာဝန္ယူထားသူ ဂ်နီဖာေဟလာက ထိုသမိုင္းဝင္စမ္းသပ္မႈတြင္ မိမိဆႏၵအေလ်ာက္ပါဝင္လိုသူမ်ားကို ေဖ့စ္ဘြတ္တြင္ ေခၚယူမႈတစ္ခုသို႔ တုံ႔ျပန္ျဖစ္ခဲ့သည့္ သူမ၏ဆုံးျဖတ္ခ်က္အား Telegraph သတင္းဌာနသို႔ ေအာက္ပါအတိုင္း ေျပာၾကားခဲ့သည္။

“အဲ့ဒီအခ်ိန္တုန္းက ကြၽန္မတို႔အားလုံး ကူကယ္ရာမဲ့ခံစားေနခဲ့ၾကရတယ္။ ဒီကမာၻလုံးဆိုင္ရာကပ္ေရာဂါေဘးႀကီးကို ရပ္သြားေအာင္လုပ္ဖို႔ ကြၽန္မတတ္ႏိုင္တာ ဘာမွမရွိဘူး ျဖစ္ေနခဲ့တယ္။ အဲ့ဒီလိုနဲ႔ ဒီလိုလူေခၚတဲ့အခြင့္အေရးကိုေတြ႕ေတာ့ ကြၽန္မေတြးမိတာက ‘ဟုတ္ၿပီ။ ငါတစ္ေထာင့္တစ္ေနရာကေန ပါဝင္ေဆာင္႐ြက္ေပးႏိုင္တာေတာ့ ရွိလာၿပီ’ ေပါ့။”

အဆိုပါစမ္းသပ္မႈသည္ သူမအား ၿပီးခဲ့သည့္လအတြင္း ၎ကပ္ေဘးက်ယ္ျပန႔္လာစဥ္ ေဆာက္တည္ရာရ၍ စိတ္ထဲေနရသက္သာေစရန္ အခြင့္အေရးတစ္ခုကို ေပးခဲ့ေၾကာင္းလည္း သူမက ေျပာၾကားခဲ့သည္။

“ကြၽန္မတို႔အားလုံး ေဆာက္တည္ရာမရ၊ ကူကယ္ရာမဲ့ျဖစ္ေနၾကရတယ္။ ဒီအခ်ိန္မွာ ဒီကာကြယ္ေဆးစမ္းသမ္မႈက အကူအညီျဖစ္ေစမယ့္အရာတစ္ခုကို ကြၽန္မအေနနဲ႔ ေဆာင္႐ြက္ႏိုင္ေအာင္ အခြင့္ေပးလိုက္တာပါပဲ။” ဟု သူမက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေဟလာက ထိုသို႔စိတ္အားထက္သန္ျပင္းျပေသာ္လည္း သူမ၏ခင္ပြန္း၊ ေဆြမ်ိဳးႏွင့္ မိတ္ေဆြသူငယ္ခ်င္းမ်ားက သူမအတြက္ စိုးရိမ္ေနၾကသည္။ သူမ၏ အသက္ ၁၆ ႏွစ္အ႐ြယ္သားျဖစ္သူ ေဟဒင္ႏွင့္ ၁၃ ႏွစ္အ႐ြယ္သမီးျဖစ္သူ အဲလစ္ဆင္တို႔ကမူ သူမအတြက္ ဂုဏ္ယူေနၾကသည္။

mRNA-1273 ဟု အမည္ေပးထားသည့္ ၎ကို႐ိုနာဗိုင္းရပ္စ္အသစ္ကာကြယ္ေဆးသည္ တိရစာၦန္မ်ားတြင္ စမ္းသပ္မႈမ်ား၌ ရလဒ္ေကာင္းမ်ားျပသခဲ့ၿပီးျဖစ္ကာ ဤသည္မွာ လူသားတစ္ဦးတြင္ ပထမဆုံးစမ္းသပ္မႈျဖစ္သည္။

ထိုစမ္းသပ္မႈအား ဆီယက္တဲလ္ျမိဳ႕  Kaiser Permanente Washington Health Research Institute မွ ျပဳလုပ္ျခင္းျဖစ္ၿပီး ပါဝင္စမ္းသပ္ခံသူမ်ားသည္ ၂၈ ရက္စီျခားၿပီး ေဆးႏွစ္ခါထိုးခံရမည္ျဖစ္ကာ တစ္ႏွစ္ၾကာ ေစာင့္ၾကည့္ခံရမည္ျဖစ္ေၾကာင္း သိရသည္။

“အႏၲရာယ္ျဖစ္မွာစိုးတဲ့ စိုးရိမ္မႈေတြေတာ့ ရွိတာေပါ့။ ဒါေပမဲ့ ကြၽန္မက အေကာင္းျမင္ဝါဒီသမားေလ။ ဆိုးက်ိဳးကို ေၾကာက္စိတ္ထက္ ေကာင္းက်ိဳးေတြကို ေမွ်ာ္လင့္စိတ္က အရမ္းမ်ားေနပါတယ္။” ဟုလည္း ေဟလာက ေျပာၾကားခဲ့ေသးသည္။

သူမသည္ စမ္းသပ္မႈခံယူရမည့္ပထမဆုံးသူျဖစ္ေၾကာင္းကို ေဟလာက မတ္ ၁၆ တြင္ သိရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: First person in world to get coronavirus vaccine trial describes risky shot (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service