ကိုရိုနာဗိုင်းရပ်စ်သည် HIV ကဲ့သို့ပင် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်များ သတိပေး

ကိုရိုနာဗိုင်းရပ်စ်သည် HIV ကဲ့သို့ပင် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်များ သတိပေး - Property News in Myanmar from iMyanmarHouse.com
13 Apr 2020 11:57 am တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 ကိုဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်သည် ၎င်းတို့ကို ချေမှုန်းနိုင်ဖွယ်ရှိသည့် စွမ်းအားကောင်းသော ကိုယ်ခံအားစနစ်မှ ဆဲလ်များကို ဖျက်ဆီးသတ်ဖြတ်နိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။

အဆိုပါအံ့အားသင့်ဖွယ်တွေ့ရှိချက်ကို ရှန်ဟိုင်းနှင့် နယူးယောက်တို့မှ သိပ္ပံပညာရှင်အဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ တွေ့ရှိချက်မှာ ကုသရေး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များ၏ တွေ့ရှိချက်နှင့်လည်း တိုက်ဆိုင်တူညီနေသည်။

ဆရာဝန်တို့ တွေ့ရှိခဲ့သည်မှာ Covid-19 သည် လူတို့၏ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်နိုင်စွမ်းရှိပြီး HIV ဝေဒနာရှင်များတွင် တွေ့ရတတ်သည့် တူညီသောထိခိုက်မှုများရှိကြောင်း တွေ့ရှိခဲ့ကြသည်။

ရှန်ဟိုင်းရှိ Fudan University မှ သိပ္ပံပညာရှင် Lu Lu နှင့် New York Blood Center မှ သိပ္ပံပညာရှင် Jang Shibo တို့သည် တရားဝင်အားဖြင့် Sars-CoV-2 ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ်များကို ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် သွေးဖြူဥ T ဆဲလ် (T-Lymphocyte ဆဲလ်) များနှင့် စမ်းသပ်ကြည့်ခဲ့ကြသည်။

T cells ဟုလည်း လူသိများသော T-Lymphocyte ဆဲလ်တို့သည် ခန္ဓာကိုယ်အတွင်း ကျူးကျော်ဝင်ရောက်လာသည်များကို အမျိုးအစား ခွဲခြားခြင်းနှင့် ချေမှုန်းတိုက်ခိုက်ခြင်းတို့အတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိသည်။

၎င်းတို့၏ လုပ်ဆောင်ပုံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသည့်ဆဲလ်ကို ထိန်းချုပ်လိုက်ပြီး ဆဲလ်၏အမြှေး (membrane) တွင် အပေါက်တစ်ခု ဖောက်လိုက်ကာ အဆိပ်ရှိသည့်ဓာတ်ပစ္စည်းများ ထိုးသွင်းလိုက်၏။ အဆိုပါဓာတ်ပစ္စည်းတို့ကြောင့် ဗိုင်းရပ်စ်နှင့် ကူးစက်ခံဆဲလ်တို့ ၂ ခုလုံးသေဆုံးကာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်တို့ အံ့အားသင့်ခဲ့ကြသည်မှာ ၎င်းတို့၏စမ်းသပ်ချက်အရ T Cell သည် ကိုရိုနာဗိုင်းရပ်စ်၏ သားကောင်ဖြစ်သွားခြင်းပင် ဖြစ်သည်။

ဗိုင်းရပ်စ်၏ ပရိုတိန်းဆူးချွန်တွင် ထူးခြားသည့်ဖွဲ့စည်းပုံကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိကြသည်။ ဗိုင်းရပ်စ်သည် ဆဲလ်တို့နှင့်တွေ့သောအခါ အဆိုပါပရိုတိန်းဆူးချွန်ဖြင့် ဗိုင်းရပ်စ်နှင့် ဆဲလ်၏အမြှေးတို့ကို ပေါင်းစည်းစေခြင်း ဖြစ်သည်။

ဗိုင်းရပ်စ်သည် T cell တို့နှင့် တွေ့ချိန်တွင် ဗိုင်းရပ်စ်၏မျိုးဗီဇက T Cell ကို ထိန်းချုပ်လိုက်ပြီး လူကို အကာအကွယ်ပေးသည့် လုပ်ဆောင်ချက်ကို ဖျက်ဆီးပစ်လိုက်၏။

သုတေသနပညာရှင်တို့သည် အဆိုပါလေ့လာချက်ကို အခြားသော အသက်ရှုလမ်းကြောင်းဗိုင်းရပ်စ်များဖြစ်သည့် Sars အပြင် အခြားသော ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်များနှင့် စမ်းသပ်ခဲ့ဖူးသည်။ ထိုစဉ်ကတွေ့ရှိခဲ့သည်မှာ Sars ဗိုင်းရပ်စ်သည် T Cell ကို ဖျက်ဆီးနိုင်စွမ်းမရှိချေ။

၂၀၀၃ ခုနှစ်အတွင်းက ပျံ့ပွားခဲ့သော Sars ရောဂါဗိုင်းရပ်စ်သည် ACE2 ဟုခေါ်သော receptor protein ရှိသည့် ဆဲလ်တို့ကိုသာ ကူးစက်နိုင်ပြီး အဆိုပါ protein သည် T Cell တို့တွင် တွေ့ရှိရမှု အလွန်နည်းပါးသည်။

သိပ္ပံပညာရှင်တို့က ၎င်းတို့၏ ယခုတွေ့ရှိချက်ကို Cellular & Molecular Immunology အမည်ရှိ ဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ပေကျင်းရှိ ပြည်သူ့ဆေးရုံတစ်ခုတွင် covid-19 လူနာများကို ကုသပေးနေသည့် ဆရာဝန်တစ်ဦးက ပြောကြားရာတွင် ယခုတွေ့ရှိချက်မှာ ဆေးလောကတွင် စိုးရိမ်နေသည့်အချက်တစ်ခုကို သက်သေထူလိုက်ခြင်းဖြစ်ကြောင်း၊ ဆေးလောကတွင် စိုးရိမ်နေသည်မှာ ကိုရိုနာဗိုင်းရပ်စ်သည် လူ့ကိုယ်ခံအားစနစ်ကို တိုက်ခိုက်သည့် အဆိုးရွားဆုံးဗိုင်းရပ်စ်ပိုးကဲ့သို့ တခါတရံတွင် ပြုမူနိုင်ကြောင်း စိုးရိမ်နေခြင်း ဖြစ်သည်။

“ဒါကို (ကိုရိုနာဗိုင်းရပ်စ်ကို) HIV နဲ့ နှိုင်းယှဉ်ပြသူတွေ ပိုမိုများပြားလာနေပါတယ်” ဟု ၎င်းကဆိုသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကိုယ်ခံအားစနစ်အင်စတီကျု (Institute of Immunology) မှ Chen Yongwen နှင့် သူ၏အဖွဲ့က ဆေးပညာအစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ရာတွင် covid-19 လူနာများ၊ အထူးသဖြင့် အသက်အရွယ်ကြီးမြင့်သူများနှင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရန် လိုအပ်သူများ၌ T Cell အရေအတွက် အလွန်အမင်းကျဆင်းနိုင်ကြောင်း သတိပေးထားသည်။

T Cell အရေအတွက် နည်းပါးလေလေ သေဆုံးရန်အန္တရာယ် မြင့်မားလေလေ ဖြစ်သည်။

ယခုတွေ့ရှိချက်ကို နောက်ပိုင်းတွင်ရင်ခွဲစစ်ဆေးချက်များက အတည်ပြုနိုင်ခဲ့ကြောင်း၊ လူနာ ၂၀ ကျော်၏ အလောင်းများကို ရင်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့၏ ကိုယ်ခံအားစနစ်သည် အပြီးတိုင်ဖျက်ဆီးခြင်းခံထားရကြောင်း တွေ့ရှိရသည်ဟု ပြည်မကြီးမှ သတင်းမီဒီယာတို့တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: Coronavirus could attack immune system like HIV by targeting protective cells, warn scientists (South China Morning Post)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္သည္ HIV ကဲ့သို႔ပင္ ကိုယ္ခံအားစနစ္ကို ဖ်က္ဆီးႏိုင္စြမ္းရွိေၾကာင္း သိပၸံပညာရွင္မ်ား သတိေပး

Covid-19 ကိုျဖစ္ပြားေစေသာ ကို႐ိုနာဗိုင္းရပ္စ္သည္ ၎တို႔ကို ေခ်မႈန္းႏိုင္ဖြယ္ရွိသည့္ စြမ္းအားေကာင္းေသာ ကိုယ္ခံအားစနစ္မွ ဆဲလ္မ်ားကို ဖ်က္ဆီးသတ္ျဖတ္ႏိုင္စြမ္းရွိေၾကာင္း သိပၸံပညာရွင္မ်ားက သတိေပးလိုက္သည္။

အဆိုပါအံ့အားသင့္ဖြယ္ေတြ႕ရွိခ်က္ကို ရွန္ဟိုင္းႏွင့္ နယူးေယာက္တို႔မွ သိပၸံပညာရွင္အဖြဲ႕က ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ၎တို႔၏ ေတြ႕ရွိခ်က္မွာ ကုသေရး ေရွ႕တန္းတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဆရာဝန္မ်ား၏ ေတြ႕ရွိခ်က္ႏွင့္လည္း တိုက္ဆိုင္တူညီေနသည္။

ဆရာဝန္တို႔ ေတြ႕ရွိခဲ့သည္မွာ Covid-19 သည္ လူတို႔၏ ကိုယ္ခံအားစနစ္ကို တိုက္ခိုက္ႏိုင္စြမ္းရွိၿပီး HIV ေဝဒနာရွင္မ်ားတြင္ ေတြ႕ရတတ္သည့္ တူညီေသာထိခိုက္မႈမ်ားရွိေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။

ရွန္ဟိုင္းရွိ Fudan University မွ သိပၸံပညာရွင္ Lu Lu ႏွင့္ New York Blood Center မွ သိပၸံပညာရွင္ Jang Shibo တို႔သည္ တရားဝင္အားျဖင့္ Sars-CoV-2 ဟုေခၚေသာ ကို႐ိုနာဗိုင္းရပ္စ္မ်ားကို ဓာတ္ခြဲခန္းတြင္ ေမြးျမဴထားသည့္ ေသြးျဖဴဥ T ဆဲလ္ (T-Lymphocyte ဆဲလ္) မ်ားႏွင့္ စမ္းသပ္ၾကည့္ခဲ့ၾကသည္။

T cells ဟုလည္း လူသိမ်ားေသာ T-Lymphocyte ဆဲလ္တို႔သည္ ခႏၶာကိုယ္အတြင္း က်ဴးေက်ာ္ဝင္ေရာက္လာသည္မ်ားကို အမ်ိဳးအစား ခြဲျခားျခင္းႏွင့္ ေခ်မႈန္းတိုက္ခိုက္ျခင္းတို႔အတြက္ အေရးပါေသာ အခန္းက႑တြင္ ရွိသည္။

၎တို႔၏ လုပ္ေဆာင္ပုံမွာ ဗိုင္းရပ္စ္ကူးစက္ခံရသည့္ဆဲလ္ကို ထိန္းခ်ဳပ္လိုက္ၿပီး ဆဲလ္၏အေျမႇး (membrane) တြင္ အေပါက္တစ္ခု ေဖာက္လိုက္ကာ အဆိပ္ရွိသည့္ဓာတ္ပစၥည္းမ်ား ထိုးသြင္းလိုက္၏။ အဆိုပါဓာတ္ပစၥည္းတို႔ေၾကာင့္ ဗိုင္းရပ္စ္ႏွင့္ ကူးစက္ခံဆဲလ္တို႔ ၂ ခုလုံးေသဆုံးကာ အစိတ္စိတ္အႁမႊာႁမႊာျဖစ္သြားေစျခင္း ျဖစ္သည္။

သိပၸံပညာရွင္တို႔ အံ့အားသင့္ခဲ့ၾကသည္မွာ ၎တို႔၏စမ္းသပ္ခ်က္အရ T Cell သည္ ကို႐ိုနာဗိုင္းရပ္စ္၏ သားေကာင္ျဖစ္သြားျခင္းပင္ ျဖစ္သည္။

ဗိုင္းရပ္စ္၏ ပ႐ိုတိန္းဆူးခြၽန္တြင္ ထူးျခားသည့္ဖြဲ႕စည္းပုံကို သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႕ရွိၾကသည္။ ဗိုင္းရပ္စ္သည္ ဆဲလ္တို႔ႏွင့္ေတြ႕ေသာအခါ အဆိုပါပ႐ိုတိန္းဆူးခြၽန္ျဖင့္ ဗိုင္းရပ္စ္ႏွင့္ ဆဲလ္၏အေျမႇးတို႔ကို ေပါင္းစည္းေစျခင္း ျဖစ္သည္။

ဗိုင္းရပ္စ္သည္ T cell တို႔ႏွင့္ ေတြ႕ခ်ိန္တြင္ ဗိုင္းရပ္စ္၏မ်ိဳးဗီဇက T Cell ကို ထိန္းခ်ဳပ္လိုက္ၿပီး လူကို အကာအကြယ္ေပးသည့္ လုပ္ေဆာင္ခ်က္ကို ဖ်က္ဆီးပစ္လိုက္၏။

သုေတသနပညာရွင္တို႔သည္ အဆိုပါေလ့လာခ်က္ကို အျခားေသာ အသက္ရႈလမ္းေၾကာင္းဗိုင္းရပ္စ္မ်ားျဖစ္သည့္ Sars အျပင္ အျခားေသာ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးစိတ္မ်ားႏွင့္ စမ္းသပ္ခဲ့ဖူးသည္။ ထိုစဥ္ကေတြ႕ရွိခဲ့သည္မွာ Sars ဗိုင္းရပ္စ္သည္ T Cell ကို ဖ်က္ဆီးႏိုင္စြမ္းမရွိေခ်။

၂၀၀၃ ခုႏွစ္အတြင္းက ပ်ံ႕ပြားခဲ့ေသာ Sars ေရာဂါဗိုင္းရပ္စ္သည္ ACE2 ဟုေခၚေသာ receptor protein ရွိသည့္ ဆဲလ္တို႔ကိုသာ ကူးစက္ႏိုင္ၿပီး အဆိုပါ protein သည္ T Cell တို႔တြင္ ေတြ႕ရွိရမႈ အလြန္နည္းပါးသည္။

သိပၸံပညာရွင္တို႔က ၎တို႔၏ ယခုေတြ႕ရွိခ်က္ကို Cellular & Molecular Immunology အမည္ရွိ ဂ်ာနယ္တြင္ ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

ေပက်င္းရွိ ျပည္သူ႔ေဆး႐ုံတစ္ခုတြင္ covid-19 လူနာမ်ားကို ကုသေပးေနသည့္ ဆရာဝန္တစ္ဦးက ေျပာၾကားရာတြင္ ယခုေတြ႕ရွိခ်က္မွာ ေဆးေလာကတြင္ စိုးရိမ္ေနသည့္အခ်က္တစ္ခုကို သက္ေသထူလိုက္ျခင္းျဖစ္ေၾကာင္း၊ ေဆးေလာကတြင္ စိုးရိမ္ေနသည္မွာ ကို႐ိုနာဗိုင္းရပ္စ္သည္ လူ႔ကိုယ္ခံအားစနစ္ကို တိုက္ခိုက္သည့္ အဆိုး႐ြားဆုံးဗိုင္းရပ္စ္ပိုးကဲ့သို႔ တခါတရံတြင္ ျပဳမူႏိုင္ေၾကာင္း စိုးရိမ္ေနျခင္း ျဖစ္သည္။

“ဒါကို (ကို႐ိုနာဗိုင္းရပ္စ္ကို) HIV နဲ႔ ႏႈိင္းယွဥ္ျပသူေတြ ပိုမိုမ်ားျပားလာေနပါတယ္” ဟု ၎ကဆိုသည္။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ကိုယ္ခံအားစနစ္အင္စတီက်ဳ (Institute of Immunology) မွ Chen Yongwen ႏွင့္ သူ၏အဖြဲ႕က ေဆးပညာအစီရင္ခံစာတစ္ခု ထုတ္ျပန္ခဲ့ရာတြင္ covid-19 လူနာမ်ား၊ အထူးသျဖင့္ အသက္အ႐ြယ္ႀကီးျမင့္သူမ်ားႏွင့္ အထူးၾကပ္မတ္ကုသေဆာင္တြင္ ကုသမႈခံယူရန္ လိုအပ္သူမ်ား၌ T Cell အေရအတြက္ အလြန္အမင္းက်ဆင္းႏိုင္ေၾကာင္း သတိေပးထားသည္။

T Cell အေရအတြက္ နည္းပါးေလေလ ေသဆုံးရန္အႏၲရာယ္ ျမင့္မားေလေလ ျဖစ္သည္။

ယခုေတြ႕ရွိခ်က္ကို ေနာက္ပိုင္းတြင္ရင္ခြဲစစ္ေဆးခ်က္မ်ားက အတည္ျပဳႏိုင္ခဲ့ေၾကာင္း၊ လူနာ ၂၀ ေက်ာ္၏ အေလာင္းမ်ားကို ရင္ခြဲစစ္ေဆးခဲ့ရာ ၎တို႔၏ ကိုယ္ခံအားစနစ္သည္ အၿပီးတိုင္ဖ်က္ဆီးျခင္းခံထားရေၾကာင္း ေတြ႕ရွိရသည္ဟု ျပည္မႀကီးမွ သတင္းမီဒီယာတို႔တြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus could attack immune system like HIV by targeting protective cells, warn scientists (South China Morning Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service