COVID-19 က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာဟု ကုလအတွင်းရေးမှူးချုပ်ပြောကြား

COVID-19 က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာဟု ကုလအတွင်းရေးမှူးချုပ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
13 Apr 2020 11:06 am တွင် တင်ခဲ့သည်
778 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အလုပ်လက်မဲ့တိုးပွားလာမှုနှင့်အတူ နိုင်ငံများ၏ စီးပွားရေးကို ကျဆင်းစေသည့် ကိုဗစ်ရောဂါအရေးကို တိုက်ဖျက်မည်ဆိုပါက တကမ္ဘာလုံးမှ အစိုးရများ အနေဖြင့် ပိုမိုအားကောင်းသည့် စည်းလုံးညီညွတ်မှုကို လိုအပ်မည်ဖြစ်ကြောင်း၊ ကပ်ရောဂါက ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်သည်။

တိုးပွားလာသည့် လူမှုမငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ရောဂါကို တိုက်ဖျက်နိုင်မည့် အရည်အသွေးကို ကျဆင်းစေသည်ဟု ကုလအတွင်းရေးမှုးချုပ်က ရှုမြင်သည်။

အစိုးရများ၏ ကိုင်တွယ်ဆောင်ရွက်မှုသည် ပွင့်လင်းမြင်သာမှု မရှိဟု ပြည်သူများက ယူဆလာပါက လူမှုအဖွဲ့အစည်းအကြား ယုံကြည်မှုသည်လည်း တဖြည်းဖြည်း ကျဆင်းလာကြောင်း ၄င်းက ဆိုသည်။

ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးရိုက်ခတ်မှုများသည် စည်းလုံးမှုအားနည်းလာသည့် လူ့အဖွဲ့အစည်းများနှင့် မဖွံ့ဖြိုးသေးသည့် နိုင်ငံများအပေါ်တွင် ရိုက်ခတ်မှုကြီးမားသည်။

ထိုသို့ယုံကြည်မှုလျော့ရဲလာသည့် အချိန်သည် နိုင်ငံရေးအရ အခွင့်ယူသင့်သည့် အချိန်မဟုတ်သည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေနိုင်ပြီး နိုင်ငံရေးအင်အားစုများအကြား တင်းမာမှုများဖြစ်ပေါ်လာစေနိုင်သည့် အရေးကိုလည်း စိုးရိမ်ကြောင်း အတွင်းရေးမှုးချုပ်က ဆိုသည်။

အစိုးရများက ရောဂါတိုက်ဖျက်ရေးကို အာရုံစူးစိုက်နေစဉ်တွင် အကြမ်းဖက်တိုက်ခိုက်ရေးသမားများက အခွင့်အရေးအနေဖြင့် ယူဆလာနိုင်မည်ကိုလည်း အတွင်းရေးမှုးချုပ်က စိုးရိမ်နေသည်။

ကပ်ရောဂါအား တိုက်ဖျက်နေရသည့် ယခုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များကို ဆောင်ရွက်ကြရန် ကမ္ဘာတဝန်းရှိ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို အတွင်းရေးမှုးချုပ်က ဆော်သြထားသကဲ့သို့ အင်အားစုအချို့အနေဖြင့်လည်း အပစ်ရပ်မည့်လမ်းစဉ်များကို တစ်ဆင့်ချင်း လုပ်ဆောင်လာသည့်အပြင် ကိုယ်စားလှယ်များကလည်း သေနတ်သံများ တိတ်ဆိတ်သွားစေရန် ရှေ့တန်းမှ ဦးဆောင်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: COVID-19 threatening global peace and security, UN chief warns (UN)

[Zawgyi]

COVID-19 က ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို ၿခိမ္းေျခာက္လာဟု ကုလအတြင္းေရးမႉးခ်ဳပ္ေျပာၾကား

အလုပ္လက္မဲ့တိုးပြားလာမႈႏွင့္အတူ ႏိုင္ငံမ်ား၏ စီးပြားေရးကို က်ဆင္းေစသည့္ ကိုဗစ္ေရာဂါအေရးကို တိုက္ဖ်က္မည္ဆိုပါက တကမာၻလုံးမွ အစိုးရမ်ား အေနျဖင့္ ပိုမိုအားေကာင္းသည့္ စည္းလုံးညီၫြတ္မႈကို လိုအပ္မည္ျဖစ္ေၾကာင္း၊ ကပ္ေရာဂါက ကမာၻႀကီး၏ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို ၿခိမ္းေျခာက္လာေနၿပီျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ေျပာၾကားလိုက္သည္။

တိုးပြားလာသည့္ လူမႈမၿငိမ္သက္မႈမ်ားႏွင့္ အၾကမ္းဖက္မႈမ်ားသည္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနၿပီး ေရာဂါကို တိုက္ဖ်က္ႏိုင္မည့္ အရည္အေသြးကို က်ဆင္းေစသည္ဟု ကုလအတြင္းေရးမႈးခ်ဳပ္က ရႈျမင္သည္။

အစိုးရမ်ား၏ ကိုင္တြယ္ေဆာင္႐ြက္မႈသည္ ပြင့္လင္းျမင္သာမႈ မရွိဟု ျပည္သူမ်ားက ယူဆလာပါက လူမႈအဖြဲ႕အစည္းအၾကား ယုံၾကည္မႈသည္လည္း တျဖည္းျဖည္း က်ဆင္းလာေၾကာင္း ၄င္းက ဆိုသည္။

ကပ္ေရာဂါေၾကာင့္ ျဖစ္ေပၚလာသည့္ စီးပြားေရး႐ိုက္ခတ္မႈမ်ားသည္ စည္းလုံးမႈအားနည္းလာသည့္ လူ႔အဖြဲ႕အစည္းမ်ားႏွင့္ မဖြံ႕ၿဖိဳးေသးသည့္ ႏိုင္ငံမ်ားအေပၚတြင္ ႐ိုက္ခတ္မႈႀကီးမားသည္။

ထိုသို႔ယုံၾကည္မႈေလ်ာ့ရဲလာသည့္ အခ်ိန္သည္ ႏိုင္ငံေရးအရ အခြင့္ယူသင့္သည့္ အခ်ိန္မဟုတ္သည့္အျပင္ ေ႐ြးေကာက္ပြဲဆိုင္ရာ ကိစၥရပ္မ်ားကို ေဆာင္႐ြက္ရန္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမ်ား ျဖစ္ေပၚေစႏိုင္ၿပီး ႏိုင္ငံေရးအင္အားစုမ်ားအၾကား တင္းမာမႈမ်ားျဖစ္ေပၚလာေစႏိုင္သည့္ အေရးကိုလည္း စိုးရိမ္ေၾကာင္း အတြင္းေရးမႈးခ်ဳပ္က ဆိုသည္။

အစိုးရမ်ားက ေရာဂါတိုက္ဖ်က္ေရးကို အာ႐ုံစူးစိုက္ေနစဥ္တြင္ အၾကမ္းဖက္တိုက္ခိုက္ေရးသမားမ်ားက အခြင့္အေရးအေနျဖင့္ ယူဆလာႏိုင္မည္ကိုလည္း အတြင္းေရးမႈးခ်ဳပ္က စိုးရိမ္ေနသည္။

ကပ္ေရာဂါအား တိုက္ဖ်က္ေနရသည့္ ယခုအခ်ိန္တြင္ ကမာၻလုံးဆိုင္ရာ အပစ္အခတ္ရပ္စဲေရး ကိစၥရပ္မ်ားကို ေဆာင္႐ြက္ၾကရန္ ကမာၻတဝန္းရွိ သက္ဆိုင္ရာ ကိုယ္စားလွယ္မ်ားကို အတြင္းေရးမႈးခ်ဳပ္က ေဆာ္ၾသထားသကဲ့သို႔ အင္အားစုအခ်ိဳ႕အေနျဖင့္လည္း အပစ္ရပ္မည့္လမ္းစဥ္မ်ားကို တစ္ဆင့္ခ်င္း လုပ္ေဆာင္လာသည့္အျပင္ ကိုယ္စားလွယ္မ်ားကလည္း ေသနတ္သံမ်ား တိတ္ဆိတ္သြားေစရန္ ေရွ႕တန္းမွ ဦးေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: COVID-19 threatening global peace and security, UN chief warns (UN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service