နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ ဧပြီ ၃၀ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ရန် အစိုးရတိုက်တွန်း

နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ ဧပြီ ၃၀ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ရန် အစိုးရတိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
12 Apr 2020 12:22 pm တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အစိုးရသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်ပမှလာရောက်သူများမှတစ်ဆင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးအတွက် နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ ဧပြီ ၃၀ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ရန်အတွက် တိုက်တွန်းပြောဆိုခဲ့သည်။

အစိုးရသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်ပမှလာရောက်သူများမှတစ်ဆင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးအတွကလည်းကောင်း၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု(Quarantine)ပြုလုပ်ရန် နေရာထိုင်ခင်းများ တိုးချဲ့ပြင်ဆင် ရေးအတွက် အချိန်လိုအပ်နေခြင်းကြောင့်လည်းကောင်း ပုံမှန်ပျံသန်းနေသော နိုင်ငံတကာ ခရီးသည်တင် လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ပြီးထိုင်းနိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ၁၅-၄-၂၀၂၀ ရက်နေ့နောက်ပိုင်း မှသာ ပြန်လည်ဝင်ရောက်ကြပါရန် ယခင်ကပြောဆိုထားခဲ့သည်။

သို့သော် ပြည်တွင်းတွင် ၁၁-၄-၂၀၂၀ ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ(၃၁)ဦးရှိလာပြီး၊ ရောဂါပိုး‌တွေ့ရှိသူအများစုမှာ ပြည်ပမှပြန်လာသူများနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသဖြင့် ရောဂါပိုး ထပ်ဆင့်ကူးစက်ခံရသူများ ဖြစ်ကြကြောင်း ကြောင့် မြန်မာ နိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် တတ်နိုင် သမျှ အပြင်မထွက်ဘဲ နေအိမ်များတွင် နေထိုင်ကြရန်နှင့် မလိုအပ်သည့် ခရီးသွားလာမှုများမပြုလုပ်ကြရန် ဒေသအလိုက် အာဏာပိုင်များကတိုက်တွန်းတားမြစ် ထားပြီး အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်လိုင်းအများစုသည်လည်း ရပ်နားထား ကြသည်။ နယ်စပ် ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသူများမှာအလွန်များပြားလှသဖြင့် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine)ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့ပြင်ဆင်မှု များပြုလုပ် နေရဆဲဖြစ်ပါသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း ၂၆-၃-၂၀၂၀ရက်နေ့မှစတင်၍ ပြည်ဝင်ဗီဇာနှင့်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသူနိုင်ငံခြားသားများ အားလုံးကို ၃၀-၄-၂၀၂၀ ရက်နေ့အထိ ဗီဇာနှင့် နေထိုင်ခွင့် သက်တမ်းများကို အလိုအလျောက်တိုးမြှင့်ပေးမည်ဖြစ်ပြီး ရက်လွန်ဒဏ်ကြေးကိုလည်း ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူများအားလည်း ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မှသာ(၇)ရက်အတွင်း ပြန်လည် ထွက်ခွာနိုင်ကြောင်း ထိုင်း နိုင်ငံအစိုးရက ကြေညာထားသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် ၂၆-၃-၂၀၂၀ ရက်နေ့မှ ၃၀-၄-၂၀၂၀ ရက်နေ့အထိအရေးပေါ်အခြေအနေအဖြစ် ကြေညာချက် ထုတ်ပြန် ထားပြီး၊ ၃-၄-၂၀၂၀ ရက်နေ့မှစတင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ ညမထွက်ရအမိန့်ကို လည်းထုတ်ပြန်ထားကာ နေအိမ်များအတွင်းတွင်သာနေထိုင်ကြပါရန်နှင့် ခရီးသွားလာမှုများ မပြုလုပ်ကြရန် တားမြစ်ထားပြီးဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်ထိုင်းနိုင်ငံ၏ ဥပဒေကို တိကျစွာလေးစားလိုက်နာလျက် ခရီးသွားလာမှုများ ရှောင်ရှား၍ မိမိတို့နေအိမ် အတွင်း၌သာ ဆက်လက်နေထိုင် ကြခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် ဝိုင်းဝန်း ကူညီ ကြပါရန်နှင့် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် ရန် မဖြစ်မနေ လိုအပ်ပါက ထိုင်းနိုင်ငံမှ အရေးပေါ်အခြေအနေ ကြေညာ ထားသည့်ကာလ ကုန်ဆုံးမည့် ၃၀-၄-၂၀၂၀ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင် တိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ား ဧၿပီ ၃၀ ရက္ ေနာက္ပိုင္းမွသာ ျပန္လည္၀င္ေရာက္ရန္ အစိုးရတိုက္တြန္း

အစိုးရသည္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ျပည္ပမွလာေရာက္သူမ်ားမွတစ္ဆင့္ ေရာဂါပိုးကူးစက္ျပန႔္ပြားမႈကို ကာကြယ္တားဆီးေရးအတြက္ နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ား ဧၿပီ ၃၀ ရက္ ေနာက္ပိုင္းမွသာ ျပန္လည္၀င္ေရာက္ရန္အတြက္ တိုက္တြန္းေျပာဆိုခဲ့သည္။

အစိုးရသည္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ျပည္ပမွလာေရာက္သူမ်ားမွတစ္ဆင့္ ေရာဂါပိုးကူးစက္ျပန႔္ပြားမႈကို ကာကြယ္တားဆီးေရးအတြကလည္းေကာင္း၊ ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္လာမည့္သူမ်ားအတြက္ ထိန္းခ်ဳပ္ကန႔္သတ္ေစာင့္ၾကည့္မႈ(Quarantine)ျပဳလုပ္ရန္ ေနရာထိုင္ခင္းမ်ား တိုးခ်ဲ႕ျပင္ဆင္ ေရးအတြက္ အခ်ိန္လိုအပ္ေနျခင္းေၾကာင့္လည္းေကာင္း ပုံမွန္ပ်ံသန္းေနေသာ ႏိုင္ငံတကာ ခရီးသည္တင္ ေလယာဥ္ခရီးစဥ္မ်ားကို ရပ္ဆိုင္းထားခဲ့ၿပီးထိုင္းႏိုင္ငံတြင္ ေရာက္ရွိေန သည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ၁၅-၄-၂၀၂၀ ရက္ေန႔ေနာက္ပိုင္း မွသာ ျပန္လည္ဝင္ေရာက္ၾကပါရန္ ယခင္ကေျပာဆိုထားခဲ့သည္။

သို႕ေသာ္ ျပည္တြင္းတြင္ ၁၁-၄-၂၀၂၀ ရက္ေန႔အထိ COVID-19 ေရာဂါပိုး‌ေတြ႕ရွိသူ(၃၁)ဦးရွိလာၿပီး၊ ေရာဂါပိုး‌ေတြ႕ရွိသူအမ်ားစုမွာ ျပည္ပမွျပန္လာသူမ်ားႏွင့္ ၎တို႔ႏွင့္ ထိေတြ႕မႈရွိသျဖင့္ ေရာဂါပိုး ထပ္ဆင့္ကူးစက္ခံရသူမ်ား ျဖစ္ၾကေၾကာင္း ေၾကာင့္ ျမန္မာ ႏိုင္ငံတြင္ ေရာဂါကူးစက္ျပန႔္ပြားမႈထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ျပည္သူမ်ားအေနျဖင့္ တတ္ႏိုင္ သမွ် အျပင္မထြက္ဘဲ ေနအိမ္မ်ားတြင္ ေနထိုင္ၾကရန္ႏွင့္ မလိုအပ္သည့္ ခရီးသြားလာမႈမ်ားမျပဳလုပ္ၾကရန္ ေဒသအလိုက္ အာဏာပိုင္မ်ားကတိုက္တြန္းတားျမစ္ ထားၿပီး အေဝးေျပး ခရီးသည္တင္ ေမာ္ေတာ္ယာဥ္လိုင္းအမ်ားစုသည္လည္း ရပ္နားထား ၾကသည္။ နယ္စပ္ ဂိတ္မ်ားမွတစ္ဆင့္ ဝင္ေရာက္လာသူမ်ားမွာအလြန္မ်ားျပားလွသျဖင့္ ထိန္းခ်ဳပ္ကန႔္သတ္ ေစာင့္ၾကည့္မႈ (Quarantine)ျပဳလုပ္ရန္ ေနရာထိုင္ခင္းမ်ား ထပ္မံတိုးခ်ဲ႕ျပင္ဆင္မႈ မ်ားျပဳလုပ္ ေနရဆဲျဖစ္ပါသည္။

ထိုင္းႏိုင္ငံအေနျဖင့္လည္း ၂၆-၃-၂၀၂၀ရက္ေန႔မွစတင္၍ ျပည္ဝင္ဗီဇာႏွင့္ေနထိုင္ခြင့္ သက္တမ္းကုန္ဆုံးသူႏိုင္ငံျခားသားမ်ား အားလုံးကို ၃၀-၄-၂၀၂၀ ရက္ေန႔အထိ ဗီဇာႏွင့္ ေနထိုင္ခြင့္ သက္တမ္းမ်ားကို အလိုအေလ်ာက္တိုးျမႇင့္ေပးမည္ျဖစ္ၿပီး ရက္လြန္ဒဏ္ေၾကးကိုလည္း ကင္းလြတ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း၊ နယ္စပ္ျဖတ္ေက်ာ္ခြင့္ လက္မွတ္ကိုင္ေဆာင္ထားသူမ်ားအားလည္း ထိုင္းႏိုင္ငံအတြင္း ဆက္လက္ေနထိုင္ခြင့္ျပဳမည္ျဖစ္ေၾကာင္းႏွင့္ နယ္စပ္ဂိတ္မ်ား ျပန္လည္ဖြင့္လွစ္မွသာ(၇)ရက္အတြင္း ျပန္လည္ ထြက္ခြာႏိုင္ေၾကာင္း ထိုင္း ႏိုင္ငံအစိုးရက ေၾကညာထားသည္။

ထို႔အျပင္ ထိုင္းႏိုင္ငံတြင္ ၂၆-၃-၂၀၂၀ ရက္ေန႔မွ ၃၀-၄-၂၀၂၀ ရက္ေန႔အထိအေရးေပၚအေျခအေနအျဖစ္ ေၾကညာခ်က္ ထုတ္ျပန္ ထားၿပီး၊ ၃-၄-၂၀၂၀ ရက္ေန႔မွစတင္၍ ေနာက္ထပ္အမိန္႔တစ္စုံတစ္ရာ မထုတ္ျပန္မီအခ်ိန္ထိ ညမထြက္ရအမိန္႔ကို လည္းထုတ္ျပန္ထားကာ ေနအိမ္မ်ားအတြင္းတြင္သာေနထိုင္ၾကပါရန္ႏွင့္ ခရီးသြားလာမႈမ်ား မျပဳလုပ္ၾကရန္ တားျမစ္ထားၿပီးျဖစ္သည္။

ထို႔ေၾကာင့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အိမ္ရွင္ထိုင္းႏိုင္ငံ၏ ဥပေဒကို တိက်စြာေလးစားလိုက္နာလ်က္ ခရီးသြားလာမႈမ်ား ေရွာင္ရွား၍ မိမိတို႔ေနအိမ္ အတြင္း၌သာ ဆက္လက္ေနထိုင္ ၾကျခင္းျဖင့္ ေရာဂါကူးစက္ျပန႔္ပြားမႈ ကာကြယ္ေရးအတြက္ ဝိုင္းဝန္း ကူညီ ၾကပါရန္ႏွင့္ နယ္စပ္ဂိတ္မ်ားမွ ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္ ရန္ မျဖစ္မေန လိုအပ္ပါက ထိုင္းႏိုင္ငံမွ အေရးေပၚအေျခအေန ေၾကညာ ထားသည့္ကာလ ကုန္ဆုံးမည့္ ၃၀-၄-၂၀၂၀ ရက္ေန႔ေနာက္ပိုင္းမွသာ ျပန္လည္ဝင္ေရာက္ၾကရန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ဧၿပီ ၁၁ ရက္တြင္ တိုက္တြန္းေျပာဆိုထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service