နယူးယောက်တွင် နေ့စဉ် ရာပေါင်းများစွာသော အလောင်းများကို နေအိမ်များမှ လိုက်လံယူဆောင်ပေးနေရ။ ထိုအလောင်းများကို covid-19 သေဆုံးမှုစာရင်းတွင် ထည့်တွက်ခြင်းမရှိ၊ အလောင်းများကို ကျင်းကြီးများတွင် စုပေါင်းမြှုပ်နှံလာရ

နယူးယောက်တွင် နေ့စဉ် ရာပေါင်းများစွာသော အလောင်းများကို နေအိမ်များမှ လိုက်လံယူဆောင်ပေးနေရ။ ထိုအလောင်းများကို covid-19 သေဆုံးမှုစာရင်းတွင် ထည့်တွက်ခြင်းမရှိ၊ အလောင်းများကို ကျင်းကြီးများတွင် စုပေါင်းမြှုပ်နှံလာရ - Property News in Myanmar from iMyanmarHouse.com
11 Apr 2020 1:31 pm တွင် တင်ခဲ့သည်
23048 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Hundreds of bodies are being recovered from New York City homes every day but are Not included in coronavirus death count even if they had symptoms – as the city increases burials in mass graves on Hart Island ဆောင်းပါးကို ဘာသာပြန်သည်) 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကြီးတွင် လူပေါင်း ရာပေါင်းများစွာသည် ၎င်းတို့၏နေအိမ် (သို့မဟုတ်) လမ်းများပေါ်တွင် သေဆုံးနေကြပြီး ထိုသူတို့တွင် ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာများ ရှိလျှင်သော်မှ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးရသူစာရင်းတွင် ထည့်သွင်း တွက်ချက်ခြင်းမရှိကြောင်း၊ နယူးယောက်သည် covid-19 သေဆုံးသူစာရင်းကို များစွာလျှော့ချတွက်ချက်နေခြင်းဖြစ်နိုင်ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

နယူးယောက်မြို့ မီးသတ်ဌာနမှ အချက်အလက်များအရ ဧပြီလ၏ ပထမဆုံး ၅ ရက်အတွင်း လူပေါင်း ၁၁၂၅ ဦးသည် ၎င်းတို့၏ နေအိမ် (သို့မဟုတ်) လမ်းများပေါ်တွင် သေဆုံးခဲ့ကြကြောင်း ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများဖြင့် နေအိမ်များတွင် နေ့စဉ်သေဆုံးခဲ့ရသူပမာဏသည် မတ်လ ၂၀ ရက်တွင် ၄၅ ဦးရှိခဲ့ရာမှ ဧပြီလ ၅ ရက်တွင် ၂၄၁ ဦးအထိ ရှိလာကြောင်း အဆိုပါကိန်းဂဏန်းများတွင် ဖော်ပြသည်။

မီးသတ်ဌာန၏ အချက်အလက်များမှာ 911 သို့ ဆက်သွယ်ဖုန်းခေါ်ဆိုမှုများတွင် ရရှိထားသည့်အချက်အလက်များအပေါ် အခြေပြုထားပြီး ဖျားနာ၊ ချောင်းဆိုးခြင်း၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းပြဿနာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကာ အဆိုပါအခြေအနေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပြင်းထန်သည့် လက္ခဏာများ ဖြစ်သည်။

အဆိုပါရောဂါလက္ခဏာများသည် ရာသီတုပ်ကွေးကဲ့သို့ ရောဂါများတွင်လည်း တွေ့ရနိုင်သည်။ ထိုသို့သော လက္ခဏာများဖြင့် သေဆုံးမှုများ မြင့်တက်လာခြင်းမှာ နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများ၊ သေဆုံးမှုများ မြင့်တက်လာနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ပိုင်ရှင်မရှိသည့် အလောင်းများကို ခဏထိန်းသိမ်းပေးထားပြီး အချိန်မရသောကြောင့် Hart Island တွင် စုပေါင်းမြှုပ်နှံမှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

မတ်လ ၂၀ ရက်မှ ဧပြီလ ၅ ရက်အကြား ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာပြသည့် လူနာ ၉၄ ဦးမှ ၃၂၂ အထိ မြင့်တက်လာပြီး ထိုပမာဏတွင် ပြန်လည်ကျန်းမာလာသူများလည်း ပါဝင်သည်။

ဆေးဝါးအကူအဖွဲ့က မကယ်တင်နိုင်ခဲ့သည့် ဖုန်းခေါ်ဆိုမှုမှာ ၄၈ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြင့် နယူးယောက်တွင် သေဆုံးသူပမာဏမှာ လက်ရှိဖော်ပြနေသည်ထက် အလွန်များပြားနိုင်ဖွယ်ရှိသည်။

လက်ရှိအားဖြင့် နယူးယောက်တွင် covid-19 ဖြင့် ကူးစက်သူပမာဏမှာ ၈၇၀၀၀ ဦးအထိ ရှိနေသည်။

နယူးယောက်တွင် ဆွေမျိုးသားချင်းမရှိသည့် အလောင်းများနှင့် ဈာပနလုပ်ရန် မတတ်နိုင်သော မိသားစုများအတွက် Hart Island တွင် မြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်မှာ ၁၉ ရာစုကတည်းက ဖြစ်သည်။

ပုံမှန်အားဖြင့် အဆိုပါနေရာတွင် တစ်ပတ်လျှင် ပျှမ်းမျှ ၂၅ လောင်းမျှသာ မြှုပ်နှံခဲ့ရသော်လည်း နယူးယောက်သည် အမေရိက၏ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ရာဗဟိုချက်ဖြစ်လာခဲ့ပြီးနောက်ပိုင်း တစ်ရက်လျှင် ၂ ဒါဇင် (၂၄ လောင်း) ခန့် မြှုပ်နှံလာရသည်။

ပြီးခဲ့သော ကြာသပတေးနေ့က Hart Island တွင် ကြီးမားသောကျင်းကြီးတစ်ခုအတွင်းသို့ အလောင်းပေါင်း ၄၀ ခန့် စုပေါင်းမြှုပ်နံှနေသည့် ကောင်းကင်ဓာတ်ပုံတစ်ခု ပေါ်ထွက်လာခဲ့သေးသည်။

ပုံမှန်အားဖြင့် Hart Island တွင် မြေမြှုပ်သဂြိုဟ်မှုများပြုလုပ်ရန်အတွက် Rikers Island မှ အကျဉ်းသားများကို လုပ်ခအနည်းငယ်ပေးကာ ကျင်းတူးခိုင်းလေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ပေါ်ပေါက်ပြီးနောက်ပိုင်း အလုပ်သမားများကိုသာ ပုတ်ပြတ်ပေးကာ လုပ်ကိုင်စေခဲ့သည်။

အဆိုပါကျွန်း Hart Island တွင် မြှုပ်နှံရန် လူသေအလောင်းများကို အိတ်များအတွင်းထည့်ပြီးနောက် ထင်းရှုးသားအခေါင်းများအတွင်း ထည့်သွင်း၏။

ထို့နောက် အခေါင်းတစ်ခုချင်းစီတွင် သေဆုံးသူ၏ အမည်များကို စာလုံးကြီးများဖြင့် ခပ်သော့သော့ ရေးသားထား၏။

နောင်အခါတွင် အလောင်းဖော်ရှာဖွေရန် လိုအပ်ပါက ရှာဖွေရလွယ်ကူစေရန် ဖြစ်သည်။ ယင်းနောက် အဆိုပါအခေါင်းများကို မြေတူးစက်ဖြင့် တူးထားသည့် ကျင်းငယ်များတွင် မြှုပ်နှံလေ့ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hundreds of bodies are being recovered from New York City homes every day but are NOT included in coronavirus death count even if they had symptoms - as the city increases burials in mass graves on Hart Island (Dailymail)

[Zawgyi]

နယူးေယာက္တြင္ ေန႔စဥ္ ရာေပါင္းမ်ားစြာေသာ အေလာင္းမ်ားကို ေနအိမ္မ်ားမွ လိုက္လံယူေဆာင္ေပးေနရ။ ထိုအေလာင္းမ်ားကို covid-19 ေသဆုံးမႈစာရင္းတြင္ ထည့္တြက္ျခင္းမရွိ၊ အေလာင္းမ်ားကို က်င္းႀကီးမ်ားတြင္ စုေပါင္းျမႇဳပ္ႏွံလာရ

(Hundreds of bodies are being recovered from New York City homes every day but are Not included in coronavirus death count even if they had symptoms – as the city increases burials in mass graves on Hart Island ေဆာင္းပါးကို ဘာသာျပန္သည္)

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕ႀကီးတြင္ လူေပါင္း ရာေပါင္းမ်ားစြာသည္ ၎တို႔၏ေနအိမ္ (သို႔မဟုတ္) လမ္းမ်ားေပၚတြင္ ေသဆုံးေနၾကၿပီး ထိုသူတို႔တြင္ ကို႐ိုနာဗိုင္းရပ္စ္၏ လကၡဏာမ်ား ရွိလွ်င္ေသာ္မွ ကို႐ိုနာဗိုင္းရပ္စ္ျဖင့္ ေသဆုံးရသူစာရင္းတြင္ ထည့္သြင္း တြက္ခ်က္ျခင္းမရွိေၾကာင္း၊ နယူးေယာက္သည္ covid-19 ေသဆုံးသူစာရင္းကို မ်ားစြာေလွ်ာ့ခ်တြက္ခ်က္ေနျခင္းျဖစ္ႏိုင္ေၾကာင္း dailymail သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

နယူးေယာက္ၿမိဳ႕ မီးသတ္ဌာနမွ အခ်က္အလက္မ်ားအရ ဧၿပီလ၏ ပထမဆုံး ၅ ရက္အတြင္း လူေပါင္း ၁၁၂၅ ဦးသည္ ၎တို႔၏ ေနအိမ္ (သို႔မဟုတ္) လမ္းမ်ားေပၚတြင္ ေသဆုံးခဲ့ၾကေၾကာင္း ေဖာ္ျပသည္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ားျဖင့္ ေနအိမ္မ်ားတြင္ ေန႔စဥ္ေသဆုံးခဲ့ရသူပမာဏသည္ မတ္လ ၂၀ ရက္တြင္ ၄၅ ဦးရွိခဲ့ရာမွ ဧၿပီလ ၅ ရက္တြင္ ၂၄၁ ဦးအထိ ရွိလာေၾကာင္း အဆိုပါကိန္းဂဏန္းမ်ားတြင္ ေဖာ္ျပသည္။

မီးသတ္ဌာန၏ အခ်က္အလက္မ်ားမွာ 911 သို႔ ဆက္သြယ္ဖုန္းေခၚဆိုမႈမ်ားတြင္ ရရွိထားသည့္အခ်က္အလက္မ်ားအေပၚ အေျချပဳထားၿပီး ဖ်ားနာ၊ ေခ်ာင္းဆိုးျခင္း၊ ႏွလုံးေရာဂါ၊ အသက္ရႈလမ္းေၾကာင္းျပႆနာမ်ားျဖင့္ ေသဆုံးခဲ့ရျခင္းျဖစ္ကာ အဆိုပါအေျခအေနမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျပင္းထန္သည့္ လကၡဏာမ်ား ျဖစ္သည္။

အဆိုပါေရာဂါလကၡဏာမ်ားသည္ ရာသီတုပ္ေကြးကဲ့သို႔ ေရာဂါမ်ားတြင္လည္း ေတြ႕ရႏိုင္သည္။ ထိုသို႔ေသာ လကၡဏာမ်ားျဖင့္ ေသဆုံးမႈမ်ား ျမင့္တက္လာျခင္းမွာ နယူးေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမ်ား၊ ေသဆုံးမႈမ်ား ျမင့္တက္လာေနခ်ိန္ႏွင့္လည္း တိုက္ဆိုင္ေနသည္။

ပိုင္ရွင္မရွိသည့္ အေလာင္းမ်ားကို ခဏထိန္းသိမ္းေပးထားၿပီး အခ်ိန္မရေသာေၾကာင့္ Hart Island တြင္ စုေပါင္းျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ရသည္ဟု ဆိုသည္။

မတ္လ ၂၀ ရက္မွ ဧၿပီလ ၅ ရက္အၾကား ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာျပသည့္ လူနာ ၉၄ ဦးမွ ၃၂၂ အထိ ျမင့္တက္လာၿပီး ထိုပမာဏတြင္ ျပန္လည္က်န္းမာလာသူမ်ားလည္း ပါဝင္သည္။

ေဆးဝါးအကူအဖြဲ႕က မကယ္တင္ႏိုင္ခဲ့သည့္ ဖုန္းေခၚဆိုမႈမွာ ၄၈ ရာခိုင္ႏႈန္းမွ ၇၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာသည္။

ထို႔ေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ျဖင့္ နယူးေယာက္တြင္ ေသဆုံးသူပမာဏမွာ လက္ရွိေဖာ္ျပေနသည္ထက္ အလြန္မ်ားျပားႏိုင္ဖြယ္ရွိသည္။

လက္ရွိအားျဖင့္ နယူးေယာက္တြင္ covid-19 ျဖင့္ ကူးစက္သူပမာဏမွာ ၈၇၀၀၀ ဦးအထိ ရွိေနသည္။

နယူးေယာက္တြင္ ေဆြမ်ိဳးသားခ်င္းမရွိသည့္ အေလာင္းမ်ားႏွင့္ ဈာပနလုပ္ရန္ မတတ္ႏိုင္ေသာ မိသားစုမ်ားအတြက္ Hart Island တြင္ ျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့သည္မွာ ၁၉ ရာစုကတည္းက ျဖစ္သည္။

ပုံမွန္အားျဖင့္ အဆိုပါေနရာတြင္ တစ္ပတ္လွ်င္ ပွ်မ္းမွ် ၂၅ ေလာင္းမွ်သာ ျမႇဳပ္ႏွံခဲ့ရေသာ္လည္း နယူးေယာက္သည္ အေမရိက၏ ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ႏွံ႔ရာဗဟိုခ်က္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တစ္ရက္လွ်င္ ၂ ဒါဇင္ (၂၄ ေလာင္း) ခန႔္ ျမႇဳပ္ႏွံလာရသည္။

ၿပီးခဲ့ေသာ ၾကာသပေတးေန႔က Hart Island တြင္ ႀကီးမားေသာက်င္းႀကီးတစ္ခုအတြင္းသို႔ အေလာင္းေပါင္း ၄၀ ခန႔္ စုေပါင္းျမႇဳပ္နံွေနသည့္ ေကာင္းကင္ဓာတ္ပုံတစ္ခု ေပၚထြက္လာခဲ့ေသးသည္။

ပုံမွန္အားျဖင့္ Hart Island တြင္ ေျမျမႇဳပ္သၿဂိဳဟ္မႈမ်ားျပဳလုပ္ရန္အတြက္ Rikers Island မွ အက်ဥ္းသားမ်ားကို လုပ္ခအနည္းငယ္ေပးကာ က်င္းတူးခိုင္းေလ့ရွိေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ ေပၚေပါက္ၿပီးေနာက္ပိုင္း အလုပ္သမားမ်ားကိုသာ ပုတ္ျပတ္ေပးကာ လုပ္ကိုင္ေစခဲ့သည္။

အဆိုပါကြၽန္း Hart Island တြင္ ျမႇဳပ္ႏွံရန္ လူေသအေလာင္းမ်ားကို အိတ္မ်ားအတြင္းထည့္ၿပီးေနာက္ ထင္းရႈးသားအေခါင္းမ်ားအတြင္း ထည့္သြင္း၏။

ထို႔ေနာက္ အေခါင္းတစ္ခုခ်င္းစီတြင္ ေသဆုံးသူ၏ အမည္မ်ားကို စာလုံးႀကီးမ်ားျဖင့္ ခပ္ေသာ့ေသာ့ ေရးသားထား၏။

ေနာင္အခါတြင္ အေလာင္းေဖာ္ရွာေဖြရန္ လိုအပ္ပါက ရွာေဖြရလြယ္ကူေစရန္ ျဖစ္သည္။ ယင္းေနာက္ အဆိုပါအေခါင္းမ်ားကို ေျမတူးစက္ျဖင့္ တူးထားသည့္ က်င္းငယ္မ်ားတြင္ ျမႇဳပ္ႏွံေလ့ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hundreds of bodies are being recovered from New York City homes every day but are NOT included in coronavirus death count even if they had symptoms - as the city increases burials in mass graves on Hart Island (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service