အိန္ဒိယနှင့် ဖိလစ်ပိုင်တို့တွင် lockdown စည်းကမ်းဖောက်ဖျက်သူများအား အပြစ်ပေးသည့် ဗွီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့

အိန္ဒိယနှင့် ဖိလစ်ပိုင်တို့တွင် lockdown စည်းကမ်းဖောက်ဖျက်သူများအား အပြစ်ပေးသည့် ဗွီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ - Property News in Myanmar from iMyanmarHouse.com
11 Apr 2020 12:39 pm တွင် တင်ခဲ့သည်
6669 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid -19 ရောဂါပိုးမှာ ကမ္ဘာတစ်ဝန်း အရှိန်အဟုန်ဖြင့် ပျံ့ပွားလျက်ရှိရာ ကမ္ဘာ့နိုင်ငံများစွာတွင် Lockdown ချမှုများ ပြုလုပ်ထားကြသည်။

Lockdown စည်းမျဉ်းကို ဖောက်ဖျက်သူတို့အား ဖမ်းဆီးခြင်း၊အပြစ်ပေးခြင်းများ ပြုလုပ်သည့် ဗွီဒီယိုဖိုင်များမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။

ဆင်းရဲသားအလုပ်သမားများမှာ အစားအစာရရန် ကြိုးစားကြမှုအတွက် ရဲတပ်ဖွဲ့၏ ရိုက်နှက်ခြင်း ခံကြရသည်။

မလေးရှားတွင် နေအိမ်အမိုးများပြင်သည့်အလုပ်ဖြင့် တစ်ရက်လျှင် ရင်းဂစ် ၁၀၀ ( ကန်ဒေါ်လာ ) ခန့်ရခဲ့သော အမျိုးသား ၂ ဦးသည် ဟင်းစားရရန် ငါးထွက်မျှားရာမှ အဖမ်းခံရကာ နေအိမ်တွင်သာနေထိုင်ရန် အမိန့်ကို ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရရာ အများပြည်သူတို့၏ ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သည်။

“ရဲတပ်ဖွဲ့က သူတို့ကို ထွက်သွားဖို့ ပြောပါတယ်။ သူတို့ပြန်ပြောတာက လက်ရှိမှာ အလုပ်မရှိတော့တာကြောင့် ပိုက်ဆံလည်း မရှိဘူး။ ဒါကြောင့် မိသားစုကို ကျွေးမွေးဖို့အတွက် ငါးမျှားရတာဖြစ်တယ်လို့ ပြောပါတယ်” ဟု ၎င်းတို့၏ ရှေ့နေ ဘာလက်ခ် ……….က ပြောကြားသည်။ ၎င်းတို့သည် ဒဏ်ငွေပေးဆောင်ရန် ငွေမရှိသောကြောင့် ထောင်ဒဏ်ကျခံရခြင်းဖြစ်ကြောင်းလည်း ရှေ့နေက ပြောကြားသည်။

“သူတို့ဟာ စီးပွားရေးအကြောင်းရပ်တွေရဲ့ ထိုးနှက်ချက်သာမကဘဲ ထောင်ချောက်ထဲမှာ ပိတ်မိခြင်းမျိုးကနေ ဒီလိုဥပဒေနွံထဲ နစ်ခဲ့တဲ့အထိ ပြင်းပြင်းထန်ထန် ထိုးနှက်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ရှေ့နေဖြစ်သူ မစ္စတာ ပီလိုင်းက ပြောကြားသည်။

မစ္စတာ ပီလိုင်းက ထိုသူများအတွက် အခမဲ့ရှေ့နေလိုက်ပေးခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

အာရှတစ်လွှားရှိ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတို့က တင်းတင်းကြပ်ကြပ် lockdown ချမှတ်မှုများကြောင့် အလုပ်သမားများ ထိခိုက်နေမှုကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

လက်ရှိအားဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာတွင် covid -19 ဗိုင်းရပ်စ်သည် လူပေါင်း ၁ ဒသမ ၃ သန်းသို့ ကူးစက်ခံထားရပြီး လူပေါင်း ၇၀၀၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

လူမှုကွန်ရက်တွင် အိန္ဒိယ၌ တုတ်တိုကိုင်ထားသည့် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများအား ရိုက်နှက်နေသည့် ဗွီဒီယိုဖိုင်များလည်း ပျံ့နှံ့လာနေသည်။

ထိုသို့ရိုက်နှက်ခံရသူများတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဆိုက်ကားဆွဲသူများ ပါဝင်ပြီး ၃ ပတ်ကြာ lockdown ချထားသည့် အမိန့်ကို ဖောက်ဖျက်သောကြောင့် ရိုက်နှက်ခြင်းဖြစ်သည်။

ထို့အပြင် ထိုင်ထလုပ်ခိုင်းခြင်းနှင့် ဆိုက်ကားတာယာများကို လေလျှော့ခြင်းများလည်း ပြုလုပ်ခံကြရသည်။

နယူးဒေလီရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးစွဲခဲ့သည်ဟူသောအချက်ကို ငြင်းပယ်လိုက်ပြီး ပြည်သူများက စည်းကမ်းလိုက်နာစေရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

နယူးဒေလီမြို့မှ ကုန်စိမ်းရောင်းသော ပျံကျဈေးသည် မစ္စတာ ရာဂျူးက ပြောကြားရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏ကျောကုန်းနှင့် ခြေသလုံးကို အချက်ပေါင်းများစွာရိုက်နှက်ကြောင်း၊ အစားအသောက်ရောင်းချခြင်းသည် lockdown စည်းမျဉ်းများတွင် ကင်းလွတ်ခွင့်ပြုထားသည့် မရှိမဖြစ်ဝန်ဆောင်မှုဖြစ်ကြောင်း ရှင်းပြသော်လည်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“သူက ကျွန်တော်ပြောတာ နားမထောင်ပါဘူး။ ရိုက်ပဲရိုက်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကို ထော့နင်းထော့နင်းနဲ့ အမြန်ပြန်ပြေးလာခဲ့ရပါတယ်။ အခုထိ အရှိုးရာေတွေ ရှိနေတုန်းပဲ” ဟု မစ္စတာ ရာဂျူးက ပြောကြားသည်။ မစ္စတာရာဂျူးက သူ၏ နာမည်ရင်းကို ထုတ်ဖော်ပြောကြားရန်ကား ငြင်းဆိုခဲ့သည်။

အိန္ဒိယအတိုက်အခံပါတီမှ လွှတ်တော်အမတ် Shashi Tharoor က ဝန်ကြီးချုပ် နာရန်ဒရာမိုဒီထံ စာရေးသားခဲ့ရာတွင် အစိုးရအနေဖြင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကို ထိန်းသိမ်းပေးရန် တိုက်တွန်းထားပြီး အဆိုပါလုပ်ရပ်များက တိုင်းပြည်ဥပဒေထိန်းကွပ်ရေးအဖွဲ့အား အကျည်းတန်စေကြောင်း ရေးသားထားသည်။

ဝန်ကြီးချုပ်မိုဒီက lockdown ချမှတ်ထားသည့်ကာလအတွင်း ရင်ဆိုင်နေရသည့်အခက်အခဲများအတွက် ခွင့်လွှတ်ပါရန် ဆင်းရဲသားများကို တောင်းဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် မတ်လ ၂၅ ရက်မှ စတင်ပြီး lockdown ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဆင်းရဲသားများကို ငွေသားနှင့် အစားအစာ ပေးဝေရန် ကန်ဒေါ်လာ ၂၂ ဒသမ ၆ ဘီလီယံ သုံးစွဲမည်ဟု ထိုနေ့ကပင် အစိုးရက ကြေညာခဲ့သည်။

(ဖိလစ်ပိုင်) ဖိလစ်ပိုင်နိုင်ငံတွင်ကား သတ်မှတ်ထားသည့်အချိန်အတွင်း အပြင်မထွက်ရသည့် curfew အမိန့်ကို ချိုးဖောက်မှုဖြင့် သုံးဘီးမောင်းသူများကဲ့သို့ သာမန်အလုပ်သမားများ အပါအဝင် လူပေါင်း ၂၀၀၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း မနီလာမြို့တော် အခြေစိုက် ဆင်းရဲသားများအရေးလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သော Kadamay က ပြောကြားသည်။

“သူတို့ဟာ အပြင်မှာ ဗိုင်းရပ်စ်ကူးလို့ထက် အိမ်မှာငတ်ပြီးသေဖို့က ပိုများပါတယ်” ဟု အဆိုပါအဖွဲ့၏ ဥက္ကဌအမျိုးသမီး မစ္စ ဂလိုရီယာ အေရီလာနိုက ပြောကြားသည်။

“အသက်ရှင်ရေးအတွက် ရေပဲသောက်နေရတဲ့သူတွေ ရှိပါတယ်။ ကျွန်မတို့ဟာ မြို့ပြဆင်းရဲသားတွေ ပိုတွေ့လာရတော့မှာဖြစ်ပြီး လက်ရှိမှာကို ဖြစ်ပေါ်နေပါပြီ” ဟု အေရီလာနိုက ဆက်လက်ပြောကြားသည်။

မနီလာမြို့တော်တွင် အစိုးရကထောက်ပံ့သည့် ရိက္ခာမလုံလောက်မှုတို့ကြောင့် မနီလာတွင် ဆန္ဒပြပွဲများဖြစ်ပေါ်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြပြီးနောက် ဖိလစ်ပိုင်သမ္မတဒူတာတေးက lockdown အမိန့် မလိုက်နာသူများအား ပစ်သတ်မည်ဟု သတိပေးခဲ့သည်။

အပြင်မထွက်ရအမိန့် ချိုးဖောက်သူတို့သည် ခွေးလှောင်အိမ်များအတွင်း ပိတ်လှောင်ထားခံရခြင်း၊ မွန်းတည့်နေအောက်တွင် ထိုင်နေစေခြင်းများဖြင့် အပြစ်ပေးခံကြရကြောင်း Human Rights Watch (HRW) အဖွဲ့က ပြောကြားသည်။

HRW မှ သုတေသီဖြစ်သူ ကားလော့စ်ကွန်ဒီက ပြောကြားရာတွင် ငွေသားပေးဝေခြင်းမျိုးကဲ့သို့ အစိုးရ၏ ခြေလှမ်းများမှာလည်း ဝင်ငွေနည်းပါးပြီး စုဆောင်းငွေမရှိသော သာမန်အလုပ်သမားတို့အတွက် လောက်ငှမှုမရှိကြောင်း ထောက်ပြသည်။

“ဒီလို နေ့စားလုပ်ရတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမျိုးမှာ နေရသူတွေ ဖြစ်ပါတယ်” ဟု မစ္စတာ ကွန်ဒီက ဆိုသည်။

“ဆင်းရဲသား ဖိလစ်ပိုင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းမပေးနိုင်ဘူးဆိုရင်၊ အထူးသဖြင့် အစားအစာရဖို့ လမ်းပေါ်ထွက်လာသူတွေကို ဖမ်းဆီးအကျဉ်းချတာမျိုးတွေ ဆက်လုပ်နေမယ်ဆိုရင် အစိုးရဟာ ဒီလိုမျိုး လူမှု ကသောင်းကနင်း ဖြစ်မှုတွေ ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်” 

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Poor workers trying to feed families jailed, abused in Covid-19 lockdowns (Todayonline.com)

[Zawgyi]

အိႏၵိယႏွင့္ ဖိလစ္ပိုင္တို႔တြင္ lockdown စည္းကမ္းေဖာက္ဖ်က္သူမ်ားအား အျပစ္ေပးသည့္ ဗြီဒီယိုဖိုင္မ်ား လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔

Covid -19 ေရာဂါပိုးမွာ ကမာၻတစ္ဝန္း အရွိန္အဟုန္ျဖင့္ ပ်ံ႕ပြားလ်က္ရွိရာ ကမာၻ႔ႏိုင္ငံမ်ားစြာတြင္ Lockdown ခ်မႈမ်ား ျပဳလုပ္ထားၾကသည္။

Lockdown စည္းမ်ဥ္းကို ေဖာက္ဖ်က္သူတို႔အား ဖမ္းဆီးျခင္း၊အျပစ္ေပးျခင္းမ်ား ျပဳလုပ္သည့္ ဗြီဒီယိုဖိုင္မ်ားမွာလည္း လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာသည္။

ဆင္းရဲသားအလုပ္သမားမ်ားမွာ အစားအစာရရန္ ႀကိဳးစားၾကမႈအတြက္ ရဲတပ္ဖြဲ႕၏ ႐ိုက္ႏွက္ျခင္း ခံၾကရသည္။

မေလးရွားတြင္ ေနအိမ္အမိုးမ်ားျပင္သည့္အလုပ္ျဖင့္ တစ္ရက္လွ်င္ ရင္းဂစ္ ၁၀၀ ( ကန္ေဒၚလာ ) ခန႔္ရခဲ့ေသာ အမ်ိဳးသား ၂ ဦးသည္ ဟင္းစားရရန္ ငါးထြက္မွ်ားရာမွ အဖမ္းခံရကာ ေနအိမ္တြင္သာေနထိုင္ရန္ အမိန႔္ကို ေဖာက္ဖ်က္မႈျဖင့္ ေထာင္ဒဏ္ ၃ လ ခ်မွတ္ခံခဲ့ရရာ အမ်ားျပည္သူတို႔၏ ကန႔္ကြက္မႈမ်ား ေပၚေပါက္ခဲ့သည္။

“ရဲတပ္ဖြဲ႕က သူတို႔ကို ထြက္သြားဖို႔ ေျပာပါတယ္။ သူတို႔ျပန္ေျပာတာက လက္ရွိမွာ အလုပ္မရွိေတာ့တာေၾကာင့္ ပိုက္ဆံလည္း မရွိဘူး။ ဒါေၾကာင့္ မိသားစုကို ေကြၽးေမြးဖို႔အတြက္ ငါးမွ်ားရတာျဖစ္တယ္လို႔ ေျပာပါတယ္” ဟု ၎တို႔၏ ေရွ႕ေန ဘာလက္ခ္ ……….က ေျပာၾကားသည္။ ၎တို႔သည္ ဒဏ္ေငြေပးေဆာင္ရန္ ေငြမရွိေသာေၾကာင့္ ေထာင္ဒဏ္က်ခံရျခင္းျဖစ္ေၾကာင္းလည္း ေရွ႕ေနက ေျပာၾကားသည္။

“သူတို႔ဟာ စီးပြားေရးအေၾကာင္းရပ္ေတြရဲ႕ ထိုးႏွက္ခ်က္သာမကဘဲ ေထာင္ေခ်ာက္ထဲမွာ ပိတ္မိျခင္းမ်ိဳးကေန ဒီလိုဥပေဒႏြံထဲ နစ္ခဲ့တဲ့အထိ ျပင္းျပင္းထန္ထန္ ထိုးႏွက္ခံခဲ့ရတာ ျဖစ္ပါတယ္” ဟု ေရွ႕ေနျဖစ္သူ မစၥတာ ပီလိုင္းက ေျပာၾကားသည္။

မစၥတာ ပီလိုင္းက ထိုသူမ်ားအတြက္ အခမဲ့ေရွ႕ေနလိုက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ႐ိုက္တာသတင္းဌာနသို႔ ေျပာၾကားသည္။

အာရွတစ္လႊားရွိ အလုပ္သမားအခြင့္အေရးလႈပ္ရွားသူတို႔က တင္းတင္းၾကပ္ၾကပ္ lockdown ခ်မွတ္မႈမ်ားေၾကာင့္ အလုပ္သမားမ်ား ထိခိုက္ေနမႈကို ေဝဖန္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

လက္ရွိအားျဖင့္ တစ္ကမာၻလုံးအတိုင္းအတာတြင္ covid -19 ဗိုင္းရပ္စ္သည္ လူေပါင္း ၁ ဒသမ ၃ သန္းသို႔ ကူးစက္ခံထားရၿပီး လူေပါင္း ၇၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ရၿပီ ျဖစ္သည္။

လူမႈကြန္ရက္တြင္ အိႏၵိယ၌ တုတ္တိုကိုင္ထားသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ျပည္သူမ်ားအား ႐ိုက္ႏွက္ေနသည့္ ဗြီဒီယိုဖိုင္မ်ားလည္း ပ်ံ႕ႏွံ႔လာေနသည္။

ထိုသို႔႐ိုက္ႏွက္ခံရသူမ်ားတြင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားႏွင့္ ဆိုက္ကားဆြဲသူမ်ား ပါဝင္ၿပီး ၃ ပတ္ၾကာ lockdown ခ်ထားသည့္ အမိန႔္ကို ေဖာက္ဖ်က္ေသာေၾကာင့္ ႐ိုက္ႏွက္ျခင္းျဖစ္သည္။

ထို႔အျပင္ ထိုင္ထလုပ္ခိုင္းျခင္းႏွင့္ ဆိုက္ကားတာယာမ်ားကို ေလေလွ်ာ့ျခင္းမ်ားလည္း ျပဳလုပ္ခံၾကရသည္။

နယူးေဒလီရဲတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ကမူ ရဲတပ္ဖြဲ႕က အင္အားအလြန္အကြၽံသုံးစြဲခဲ့သည္ဟူေသာအခ်က္ကို ျငင္းပယ္လိုက္ၿပီး ျပည္သူမ်ားက စည္းကမ္းလိုက္နာေစရန္ ႀကိဳးပမ္းျခင္းသာျဖစ္ေၾကာင္း ေျပာၾကားသည္။

နယူးေဒလီၿမိဳ႕မွ ကုန္စိမ္းေရာင္းေသာ ပ်ံက်ေဈးသည္ မစၥတာ ရာဂ်ဴးက ေျပာၾကားရာတြင္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ၎၏ေက်ာကုန္းႏွင့္ ေျခသလုံးကို အခ်က္ေပါင္းမ်ားစြာ႐ိုက္ႏွက္ေၾကာင္း၊ အစားအေသာက္ေရာင္းခ်ျခင္းသည္ lockdown စည္းမ်ဥ္းမ်ားတြင္ ကင္းလြတ္ခြင့္ျပဳထားသည့္ မရွိမျဖစ္ဝန္ေဆာင္မႈျဖစ္ေၾကာင္း ရွင္းျပေသာ္လည္း ႐ိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“သူက ကြၽန္ေတာ္ေျပာတာ နားမေထာင္ပါဘူး။ ႐ိုက္ပဲ႐ိုက္ေနပါတယ္။ အဲဒါနဲ႔ ကြၽန္ေတာ္လည္း အိမ္ကို ေထာ့နင္းေထာ့နင္းနဲ႔ အျမန္ျပန္ေျပးလာခဲ့ရပါတယ္။ အခုထိ အရႈိးရာေေတြ ရွိေနတုန္းပဲ” ဟု မစၥတာ ရာဂ်ဴးက ေျပာၾကားသည္။ မစၥတာရာဂ်ဴးက သူ၏ နာမည္ရင္းကို ထုတ္ေဖာ္ေျပာၾကားရန္ကား ျငင္းဆိုခဲ့သည္။

အိႏၵိယအတိုက္အခံပါတီမွ လႊတ္ေတာ္အမတ္ Shashi Tharoor က ဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီထံ စာေရးသားခဲ့ရာတြင္ အစိုးရအေနျဖင့္ ရဲတပ္ဖြဲ႕၏ ရက္စက္ၾကမ္းၾကဳတ္မႈကို ထိန္းသိမ္းေပးရန္ တိုက္တြန္းထားၿပီး အဆိုပါလုပ္ရပ္မ်ားက တိုင္းျပည္ဥပေဒထိန္းကြပ္ေရးအဖြဲ႕အား အက်ည္းတန္ေစေၾကာင္း ေရးသားထားသည္။

ဝန္ႀကီးခ်ဳပ္မိုဒီက lockdown ခ်မွတ္ထားသည့္ကာလအတြင္း ရင္ဆိုင္ေနရသည့္အခက္အခဲမ်ားအတြက္ ခြင့္လႊတ္ပါရန္ ဆင္းရဲသားမ်ားကို ေတာင္းဆိုခဲ့သည္။

အိႏၵိယႏိုင္ငံသည္ မတ္လ ၂၅ ရက္မွ စတင္ၿပီး lockdown ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး ဆင္းရဲသားမ်ားကို ေငြသားႏွင့္ အစားအစာ ေပးေဝရန္ ကန္ေဒၚလာ ၂၂ ဒသမ ၆ ဘီလီယံ သုံးစြဲမည္ဟု ထိုေန႔ကပင္ အစိုးရက ေၾကညာခဲ့သည္။

(ဖိလစ္ပိုင္) ဖိလစ္ပိုင္ႏိုင္ငံတြင္ကား သတ္မွတ္ထားသည့္အခ်ိန္အတြင္း အျပင္မထြက္ရသည့္ curfew အမိန႔္ကို ခ်ိဳးေဖာက္မႈျဖင့္ သုံးဘီးေမာင္းသူမ်ားကဲ့သို႔ သာမန္အလုပ္သမားမ်ား အပါအဝင္ လူေပါင္း ၂၀၀၀၀ ခန႔္ ဖမ္းဆီးခံထားရေၾကာင္း မနီလာၿမိဳ႕ေတာ္ အေျခစိုက္ ဆင္းရဲသားမ်ားအေရးလႈပ္ရွားသည့္အဖြဲ႕တစ္ခုျဖစ္ေသာ Kadamay က ေျပာၾကားသည္။

“သူတို႔ဟာ အျပင္မွာ ဗိုင္းရပ္စ္ကူးလို႔ထက္ အိမ္မွာငတ္ၿပီးေသဖို႔က ပိုမ်ားပါတယ္” ဟု အဆိုပါအဖြဲ႕၏ ဥကၠဌအမ်ိဳးသမီး မစၥ ဂလိုရီယာ ေအရီလာႏိုက ေျပာၾကားသည္။

“အသက္ရွင္ေရးအတြက္ ေရပဲေသာက္ေနရတဲ့သူေတြ ရွိပါတယ္။ ကြၽန္မတို႔ဟာ ၿမိဳ႕ျပဆင္းရဲသားေတြ ပိုေတြ႕လာရေတာ့မွာျဖစ္ၿပီး လက္ရွိမွာကို ျဖစ္ေပၚေနပါၿပီ” ဟု ေအရီလာႏိုက ဆက္လက္ေျပာၾကားသည္။

မနီလာၿမိဳ႕ေတာ္တြင္ အစိုးရကေထာက္ပံ့သည့္ ရိကၡာမလုံေလာက္မႈတို႔ေၾကာင့္ မနီလာတြင္ ဆႏၵျပပြဲမ်ားျဖစ္ေပၚသည္ဟု သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပၿပီးေနာက္ ဖိလစ္ပိုင္သမၼတဒူတာေတးက lockdown အမိန႔္ မလိုက္နာသူမ်ားအား ပစ္သတ္မည္ဟု သတိေပးခဲ့သည္။

အျပင္မထြက္ရအမိန႔္ ခ်ိဳးေဖာက္သူတို႔သည္ ေခြးေလွာင္အိမ္မ်ားအတြင္း ပိတ္ေလွာင္ထားခံရျခင္း၊ မြန္းတည့္ေနေအာက္တြင္ ထိုင္ေနေစျခင္းမ်ားျဖင့္ အျပစ္ေပးခံၾကရေၾကာင္း Human Rights Watch (HRW) အဖြဲ႕က ေျပာၾကားသည္။

HRW မွ သုေတသီျဖစ္သူ ကားေလာ့စ္ကြန္ဒီက ေျပာၾကားရာတြင္ ေငြသားေပးေဝျခင္းမ်ိဳးကဲ့သို႔ အစိုးရ၏ ေျခလွမ္းမ်ားမွာလည္း ဝင္ေငြနည္းပါးၿပီး စုေဆာင္းေငြမရွိေသာ သာမန္အလုပ္သမားတို႔အတြက္ ေလာက္ငွမႈမရွိေၾကာင္း ေထာက္ျပသည္။

“ဒီလို ေန႔စားလုပ္ရတဲ့သူေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြဟာ လက္လႈပ္မွ ပါးစပ္လႈပ္ရတဲ့ ဘဝမ်ိဳးမွာ ေနရသူေတြ ျဖစ္ပါတယ္” ဟု မစၥတာ ကြန္ဒီက ဆိုသည္။

“ဆင္းရဲသား ဖိလစ္ပိုင္ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္တင္းမေပးႏိုင္ဘူးဆိုရင္၊ အထူးသျဖင့္ အစားအစာရဖို႔ လမ္းေပၚထြက္လာသူေတြကို ဖမ္းဆီးအက်ဥ္းခ်တာမ်ိဳးေတြ ဆက္လုပ္ေနမယ္ဆိုရင္ အစိုးရဟာ ဒီလိုမ်ိဳး လူမႈ ကေသာင္းကနင္း ျဖစ္မႈေတြ ရင္ဆိုင္ေနရဦးမွာ ျဖစ္ပါတယ္”

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Poor workers trying to feed families jailed, abused in Covid-19 lockdowns (Todayonline.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
Magical World
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service