ဆွီဒင်က lockdown ချရန် ယနေ့အထိ ငြင်းဆန်လျက်ရှိ

ဆွီဒင်က lockdown ချရန် ယနေ့အထိ ငြင်းဆန်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
11 Apr 2020 11:57 am တွင် တင်ခဲ့သည်
1675 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဥရောပနိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချမှတ်ခြင်း၊ အသွားအလာများ တင်းကြပ်စွာ ကန့်သတ်ခြင်းနှင့် စည်းမျဉ်း ဖောက်ဖျက်သူများကို အရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်။

သို့သော် ဆွီဒင်နိုင်ငံတွင်ကား စားသောက်ဆိုင်များ၊ အရက်ဘားများ၊ ကစားကွင်းများအပြင် စာသင်ကျောင်းများ ယနေ့တိုင် ဖွင့်လှစ်ထားဆဲ ဖြစ်သည်။

Covid -19 ပျံ့ပွားမှုကို ကိုင်တွယ်ရန်အရေးတွင် ဆွီဒင်အစိုးရက လူတိုင်းကိုယ်ပိုင်အသိစိတ်ဖြင့် လုပ်ဆောင်မှုအပေါ်တစ်ခုတည်းကိုသာ အားထားနေသည်။

ဆွီဒင်၏ မူဝါဒချဉ်းကပ်ပုံမှာ အငြင်းပွားဖွယ်ဖြစ်လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆွီဒင်အပေါ် အာရုံစိုက်လာသည်။

ဒေါ်နယ်ထရမ့်က ဆွီဒင်၏ လုပ်ဆောင်မှုနှင့်စပ်လျဉ်းပြီး ပြောကြားရာတွင် ဆွီဒင်က ပြည်သူများကို ဗိုင်းရပ်စ်ကူးစက်ခံကာ ခုခံအားစနစ် တည်ဆောက်နေသည့်ပုံမျိုး လုပ်ဆောင်နေကြောင်း၊ ဆွီဒင်တွင် ဆိုးဆိုးရွားရွားဖြစ်ပျက်နေကြောင်း ပြောကြားသည်။

သို့သော် ဆွီဒင်အစိုးရကမူ ၎င်းတို့၏ မူဝါဒအလုပ်ဖြစ်မည်ဟု ယုံကြည်နေသည်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က Swedish TV သို့ ပြောကြားခဲ့ရာတွင် ထရမ့်၏ ပြောကြားချက်မှာ မှားယွင်းသော အချက်အလက်များဖြစ်ကြောင်း၊ ဆွီဒင်သည် herd immunity ဟုခေါ်သော ရောဂါကူးစက်ခံကာ ခုခံအားတည်ဆောက်သည်ဟူသော သီအိုရီဖြင့် စွပ်စွဲနေခြင်းမှာ မှားယွင်းကြောင်း၊ အဆိုပါသီအိုရီမှာ လူအများအပြားကို ရောဂါကူးစက်ခံကာ ခုခံအားရစေပြီး အန္တရာယ်ရှိသူတို့ကိုမူ အကာအကွယ်ပေးသည့် သီအိုရီဖြစ်သည်။

ဆွီဒီ၏ မဟာဗျူဟာနှင့်စပ်လျဉ်းပြီး နိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာတွင် “lockdown မချပါဘူး။ ကျွန်မတို့ဟာ ပြည်သူတွေ ကိုယ့်တာဝန်ကိုယ်ယူကြစေတဲ့အပေါ်မှာ အခြေပြုထားပါတယ်” ဟု ဆိုသည်။

ဆွီဒင်မှ ကူးစက်ရောဂါဆိုင်ရာပညာရှင် အန်ဒါစ် တက်ဂျ်နယ်လ်ကလည်း ဒေါ်နယ်ထရမ့်၏ ဝေဖန်ချက်ဖြစ်သော ဆွီဒင်သည် ဆိုးရွားစွာ ပြုမူနေသည်ဟူသည့် ပြောဆိုချက်အပေါ် ပြန်လည်ချေပမှုများ ပြုလုပ်ခဲ့သည်။

“ဆွီဒင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အဆင်ပြေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆွီဒင်ဟာ ရလဒ်ကောင်းတွေပဲ ထုတ်လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း အမြဲတမ်းသွားနေပါတယ်။ ဆွီဒင်ရဲ့ ကျန်းမာရေးဌာနဟာ ဒီကပ်ရောဂါကြီးကို အလွန်ကောင်းမွန်စွာ ကိုင်တွယ် နေပါတယ်” ဟု အန်ဒါစ်က CNN သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၉ ရက်နေ့ အချက်အလက်များအရ ဆွီဒင်တွင် covid-19 ကူးစက်ခံရသူ ၉၁၄၁ ဦးရှိပြီး ၇၉၃ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း Johns Hopkins University ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sweden challenges Trump -- and scientific mainstream -- by refusing to lock down (CNN)

[Zawgyi]

ဆြီဒင္က lockdown ခ်ရန္ ယေန႔အထိ ျငင္းဆန္လ်က္ရွိ

ဥေရာပႏိုင္ငံအမ်ားစုတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ lockdown ခ်မွတ္ျခင္း၊ အသြားအလာမ်ား တင္းၾကပ္စြာ ကန႔္သတ္ျခင္းႏွင့္ စည္းမ်ဥ္း ေဖာက္ဖ်က္သူမ်ားကို အေရးယူျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္။

သို႔ေသာ္ ဆြီဒင္ႏိုင္ငံတြင္ကား စားေသာက္ဆိုင္မ်ား၊ အရက္ဘားမ်ား၊ ကစားကြင္းမ်ားအျပင္ စာသင္ေက်ာင္းမ်ား ယေန႔တိုင္ ဖြင့္လွစ္ထားဆဲ ျဖစ္သည္။

Covid -19 ပ်ံ႕ပြားမႈကို ကိုင္တြယ္ရန္အေရးတြင္ ဆြီဒင္အစိုးရက လူတိုင္းကိုယ္ပိုင္အသိစိတ္ျဖင့္ လုပ္ေဆာင္မႈအေပၚတစ္ခုတည္းကိုသာ အားထားေနသည္။

ဆြီဒင္၏ မူဝါဒခ်ဥ္းကပ္ပုံမွာ အျငင္းပြားဖြယ္ျဖစ္လာၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဆြီဒင္အေပၚ အာ႐ုံစိုက္လာသည္။

ေဒၚနယ္ထရမ့္က ဆြီဒင္၏ လုပ္ေဆာင္မႈႏွင့္စပ္လ်ဥ္းၿပီး ေျပာၾကားရာတြင္ ဆြီဒင္က ျပည္သူမ်ားကို ဗိုင္းရပ္စ္ကူးစက္ခံကာ ခုခံအားစနစ္ တည္ေဆာက္ေနသည့္ပုံမ်ိဳး လုပ္ေဆာင္ေနေၾကာင္း၊ ဆြီဒင္တြင္ ဆိုးဆိုး႐ြား႐ြားျဖစ္ပ်က္ေနေၾကာင္း ေျပာၾကားသည္။

သို႔ေသာ္ ဆြီဒင္အစိုးရကမူ ၎တို႔၏ မူဝါဒအလုပ္ျဖစ္မည္ဟု ယုံၾကည္ေနသည္။ ဆြီဒင္ႏိုင္ငံျခားေရးဝန္ႀကီး Ann Linde က Swedish TV သို႔ ေျပာၾကားခဲ့ရာတြင္ ထရမ့္၏ ေျပာၾကားခ်က္မွာ မွားယြင္းေသာ အခ်က္အလက္မ်ားျဖစ္ေၾကာင္း၊ ဆြီဒင္သည္ herd immunity ဟုေခၚေသာ ေရာဂါကူးစက္ခံကာ ခုခံအားတည္ေဆာက္သည္ဟူေသာ သီအိုရီျဖင့္ စြပ္စြဲေနျခင္းမွာ မွားယြင္းေၾကာင္း၊ အဆိုပါသီအိုရီမွာ လူအမ်ားအျပားကို ေရာဂါကူးစက္ခံကာ ခုခံအားရေစၿပီး အႏၲရာယ္ရွိသူတို႔ကိုမူ အကာအကြယ္ေပးသည့္ သီအိုရီျဖစ္သည္။

ဆြီဒီ၏ မဟာဗ်ဴဟာႏွင့္စပ္လ်ဥ္းၿပီး ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားရာတြင္ “lockdown မခ်ပါဘူး။ ကြၽန္မတို႔ဟာ ျပည္သူေတြ ကိုယ့္တာဝန္ကိုယ္ယူၾကေစတဲ့အေပၚမွာ အေျချပဳထားပါတယ္” ဟု ဆိုသည္။

ဆြီဒင္မွ ကူးစက္ေရာဂါဆိုင္ရာပညာရွင္ အန္ဒါစ္ တက္ဂ်္နယ္လ္ကလည္း ေဒၚနယ္ထရမ့္၏ ေဝဖန္ခ်က္ျဖစ္ေသာ ဆြီဒင္သည္ ဆိုး႐ြားစြာ ျပဳမူေနသည္ဟူသည့္ ေျပာဆိုခ်က္အေပၚ ျပန္လည္ေခ်ပမႈမ်ား ျပဳလုပ္ခဲ့သည္။

“ဆြီဒင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ အဆင္ေျပတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဆြီဒင္ဟာ ရလဒ္ေကာင္းေတြပဲ ထုတ္လုပ္ခဲ့တဲ့ လမ္းေၾကာင္းအတိုင္း အၿမဲတမ္းသြားေနပါတယ္။ ဆြီဒင္ရဲ႕ က်န္းမာေရးဌာနဟာ ဒီကပ္ေရာဂါႀကီးကို အလြန္ေကာင္းမြန္စြာ ကိုင္တြယ္ ေနပါတယ္” ဟု အန္ဒါစ္က CNN သတင္းဌာနသို႔ ေျပာၾကားသည္။

ဧၿပီလ ၉ ရက္ေန႔ အခ်က္အလက္မ်ားအရ ဆြီဒင္တြင္ covid-19 ကူးစက္ခံရသူ ၉၁၄၁ ဦးရွိၿပီး ၇၉၃ ဦး ေသဆုံးခဲ့ၿပီျဖစ္ေၾကာင္း Johns Hopkins University ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sweden challenges Trump -- and scientific mainstream -- by refusing to lock down (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service