ကိုရိုနာဗိုင်းရပ်စ်အရေးနှင့် အမေရိကန်က ချီးကျူးဖွယ်ရာ မြို့တော်ဝန်တစ်ဦး

ကိုရိုနာဗိုင်းရပ်စ်အရေးနှင့် အမေရိကန်က ချီးကျူးဖွယ်ရာ မြို့တော်ဝန်တစ်ဦး - Property News in Myanmar from iMyanmarHouse.com
10 Apr 2020 12:22 pm တွင် တင်ခဲ့သည်
17269 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ မစ္စစ္စပီမြစ်ကမ်းနံဘေးရှိ Alton မြို့တွင် ပါတီပွဲတစ်ခုမှာ ညဉ့်သန်းခေါင်ကျော်အထိ ကျင်းပနေ၏။

အီလီနွိုက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေ- ဘီ ပရစ်ဇ်ကာက နေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ထားသော်လည်း Alton မြို့မှ Hiram’s Tavern အမည်ရှိ အရက်ဘားမှာမူ ဆက်လက်ဖွင့်လှစ်နေကြောင်း အနီးဝန်းကျင်တွင် နေထိုင်သူတို့က တိုင်တန်းမှုများစွာ ရှိလာသည်ဟု Alton မြို့ရဲတပ်ဖွဲ့က ပြောကြားသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်မလိုက်နာသူများကို တရားရုံးသို့ ဆင့်ခေါ်စာပေးရန် Alton မြို့တော်ဝန် ဘရန့်ထ် ဝေါလ်ကာက ရဲတပ်ဖွဲ့အား အမိန့်ပေးထားပြီး ဖြစ်သည်။

ရဲတပ်ဖွဲ့ကလည်း မြို့တော်ဝန်၏ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာအကောင်အထည်ဖော်သည်။

တနင်္ဂနွေနေ့ နံနက် ၁ နာရီခန့်တွင်ကား မြို့တော်ဝန်၏ တယ်လီဖုန်း အသံမြည်လာသည်။

ရဲတပ်ဖွဲ့က ဆက်သွယ်ခေါ်ဆိုလာခြင်းဖြစ်၏။ ရဲတပ်ဖွဲ့က တင်ပြရာတွင် Hiram’s Tavern အရက်ဘားကို ဝင်ရောက်စီးနင်းခဲ့ကြကြောင်း၊ အရက်ဘားထဲတွင် မြို့တော်ဝန်ကြီး၏ ဇနီးဖြစ်သူရှိနေကြောင်း တင်ပြလာသည်။

နောက်တစ်နေ့တွင်ကား မြို့တော်ဝန် ဘရန့်ထ် ဝေါလ်ကာက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ မြို့သူမြို့သားများကို တောင်းပန်ခဲ့သည်။

မိမိမှာ social distancing စည်းမျဉ်းမလိုက်နာသူများကို အရေးယူမှု ပြုလုပ်နေချိန်တွင် ဇနီးဖြစ်သူ ရှန်နွန်မှာ အရက်ဘားအတွင်းရှိ လူအုပ်စုထဲတွင် ရှိနေခြင်းအပေါ် အရှက်ရမိပါကြောင်း သူ၏ တောင်းပန်စာတွင် ဖော်ပြသည်။

ဘရန့်ထ် ဝေါလ်ကာက အရက်ဘားတွင် ဝင်ရောက်စီးနင်းနေသော ရဲတပ်ဖွဲ့သို့ တယ်လီဖုန်းဖြင့် ပြန်လည်ညွှန်ကြားခဲ့ရာတွင် ဇနီးဖြစ်သူအား အထူးအခွင့်အရေးပေး မဆက်ဆံရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

ပါတီသို့ တက်ရောက်လာသူများသည် ပြည်နယ်က ထုတ်ပြန်ထားသည့် အမိန့်နှင့် အဆိုပါအမိန့်ကို လိုက်နာပါရန် အများပြည်သူတို့၏ မေတ္တာရပ်ခံမှုများကို မလေးစားသည်မှာ ထင်ရှားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ကျွန်တော့်ရဲ့ ဇနီးဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ သူဟာ ဆင်ခြင်ဉာဏ်မဲ့စွာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ သူဟာ မကောင်းတဲ့ဆုံးဖြတ်ချက်အတွက် တူညီတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရတော့မှာပါ။ ဒီကာလအတွင်း နေအိမ်မှာပဲနေထိုင်ပါဆိုတဲ့ အမိန့်ကို ချိုးဖောက်ခဲ့ကြတဲ့ အခြားသူများနည်းတူ တူညီတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်” ဟု မြို့တော်ဝန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အီလီနွိုက်စ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် အရက်ဘားများနှင့် စားသောက်ဆိုင်များကို ပိတ်သိမ်းစေခဲ့သည့် အစောဆုံးပြည်နယ်များတွင် ပါဝင်ပြီး ပါဆယ်ဖြင့် ဝယ်ယူခွင့်သာ ခွင့်ပြုထားသည်။

မတ်လ ၂၁ ရက်မှ စတင်ပြီး အီလီနွိုက်စ်ပြည်နယ်တွင် မလုပ်မဖြစ် ကိစ္စများမှလွဲပြီး နေအိမ်တွင်သာနေထိုင်ကြရန် အမိန့်ချမှတ်ထားသည်။

အီလီနွိုက်စ်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန (IDPH) ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း covid-19 ကူးစက်ခံရသူပေါင်း ၁၃၅၀၀ ဦးရှိပြီး ၃၈၀ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အင်္ဂ ါနေ့အထိ အချက်အလက်များအရ Alton မြို့တည်ရှိရာ Madison ခရိုင်တွင် covid-19 ကူးစက်ခံထားရသူ ၆၃ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

မိမိတို့ အသိုက်အဝန်းတွင် နေထိုင်ကြသူများသည် တစ်ဦးနှင့်တစ်ဦး အကာအကွယ်မပေးဘဲ အများပြည်သူဆိုင်ရာ နေရာများတွင် မျက်နှာပြောင်တိုက်ကာ စုရုံးမှုများ ဆက်လက်ပြုလုပ်နေမည်ဆိုလျှင် ယခုဖမ်းဆီးခဲ့မှုအတိုင်း သည်းခံမှုမရှိဘဲ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Alton မြို့မှ ရဲတပ်ဖွဲ့အကြီးအကဲ ဂျေဆင် ဆိုင်မွန်စ်က ပြောကြားသည်။

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ရဲဌာနများသည် social distancing အမိန့်ချမှတ်ထားမှုအပေါ် မျက်နှာပြောင်တိုက်နေသည့် အရက်ဘားများနှင့် ပါတီပွဲများကို စီးနင်းဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည်။

ထိုသို့ စီးနင်းဖမ်းဆီးမှုများတွင် ကင်တပ်ကီပြည်နယ်ရှိ ပါတီပွဲတစ်ခုလည်း ပါဝင်ပြီး အဆိုပါ ပါတီပွဲသို့ တက်ရောက်လာသူတစ်ဦးတွင် covid-19 ရောဂါပိုး တွေ့ရသည်ဟု ဆိုသည်။

နယူးဂျာစီပြည်နယ်တွင်လည်း စတုရန်းပေ ၅၅၀ ကျယ်ဝန်းသော လူနေခန်းတစ်ခုအတွင်း လူပေါင်း ၅၀ အပြင် ဒီဂျေဖွင့်သူ တစ်ဦး ပါဝင်သည့် ပါတီပွဲတစ်ခုကိုလည်း ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးခဲ့သေးသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An Illinois mayor ordered police to enforce the stay-at-home order. They did- and busted his wife at a bar (The Washington Post)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္အေရးႏွင့္ အေမရိကန္က ခ်ီးက်ဴးဖြယ္ရာ ျမိဳ ႔ေတာ္ဝန္တစ္ဦး

အေမရိကန္ျပည္ေထာင္စု၊ အီလီႏြိဳက္ျပည္နယ္၊ မစၥစၥပီျမစ္ကမ္းနံေဘးရွိ Alton ျမိဳ ႔တြင္ ပါတီပြဲတစ္ခုမွာ ညဥ့္သန္းေခါင္ေက်ာ္အထိ က်င္းပေန၏။

အီလီႏြိဳက္စ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ေဂ်- ဘီ ပရစ္ဇ္ကာက ေနအိမ္တြင္သာ ေနထိုင္ၾကရန္ အမိန္႔ထုတ္ထားေသာ္လည္း Alton ျမိဳ ႔မွ Hiram’s Tavern အမည္ရွိ အရက္ဘားမွာမူ ဆက္လက္ဖြင့္လွစ္ေနေၾကာင္း အနီးဝန္းက်င္တြင္ ေနထိုင္သူတို႔က တိုင္တန္းမႈမ်ားစြာ ရိွလာသည္ဟု Alton ျမိဳ ႔ရဲတပ္ဖြဲ႔က ေျပာၾကားသည္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး၏ အမိန္႔မလိုက္နာသူမ်ားကို တရားရံုးသို႔ ဆင့္ေခၚစာေပးရန္ Alton ျမိဳ ႔ေတာ္ဝန္ ဘရန္႔ထ္ ေဝါလ္ကာက ရဲတပ္ဖြဲ႔အား အမိန္႔ေပးထားျပီး ျဖစ္သည္။

ရဲတပ္ဖြဲ႔ကလည္း ျမိဳ ႔ေတာ္ဝန္၏ ညႊန္ၾကားခ်က္အတိုင္း အတိအက် လိုက္နာအေကာင္အထည္ေဖာ္သည္။

တနဂၤေႏြေန႔ နံနက္ ၁ နာရီခန္႔တြင္ကား ျမိဳ ႔ေတာ္ဝန္၏ တယ္လီဖုန္း အသံျမည္လာသည္။

ရဲတပ္ဖြဲ႔က ဆက္သြယ္ေခၚဆိုလာျခင္းျဖစ္၏။ ရဲတပ္ဖြဲ႔က တင္ျပရာတြင္ Hiram’s Tavern အရက္ဘားကို ဝင္ေရာက္စီးနင္းခဲ့ၾကေၾကာင္း၊ အရက္ဘားထဲတြင္ ျမိဳ ႔ေတာ္ဝန္ၾကီး၏ ဇနီးျဖစ္သူရွိေနေၾကာင္း တင္ျပလာသည္။

ေနာက္တစ္ေန႔တြင္ကား ျမိဳ ႔ေတာ္ဝန္ ဘရန္႔ထ္ ေဝါလ္ကာက ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ကာ ျမိဳ ႔သူျမိဳ ႔သားမ်ားကို ေတာင္းပန္ခဲ့သည္။

မိမိမွာ social distancing စည္းမ်ဥ္းမလိုက္နာသူမ်ားကို အေရးယူမႈ ျပဳလုပ္ေနခ်ိန္တြင္ ဇနီးျဖစ္သူ ရွန္ႏြန္မွာ အရက္ဘားအတြင္းရွိ လူအုပ္စုထဲတြင္ ရွိေနျခင္းအေပၚ အရွက္ရမိပါေၾကာင္း သူ၏ ေတာင္းပန္စာတြင္ ေဖာ္ျပသည္။

ဘရန္႔ထ္ ေဝါလ္ကာက အရက္ဘားတြင္ ဝင္ေရာက္စီးနင္းေနေသာ ရဲတပ္ဖြဲ႔သို႔ တယ္လီဖုန္းျဖင့္ ျပန္လည္ညႊန္ၾကားခဲ့ရာတြင္ ဇနီးျဖစ္သူအား အထူးအခြင့္အေရးေပး မဆက္ဆံရန္ ညႊန္ၾကားခဲ့သည္ဟု ဆိုသည္။

ပါတီသို႔ တက္ေရာက္လာသူမ်ားသည္ ျပည္နယ္က ထုတ္ျပန္ထားသည့္ အမိန္႔ႏွင့္ အဆိုပါအမိန္႔ကို လိုက္နာပါရန္ အမ်ားျပည္သူတို႔၏ ေမတၱာရပ္ခံမႈမ်ားကို မေလးစားသည္မွာ ထင္ရွားေၾကာင္း ရဲတပ္ဖြဲ႔က ထုတ္ျပန္သည္။

“ကၽြန္ေတာ့္ရဲ ႔ ဇနီးဟာ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္တဲ့ အရြယ္ေရာက္ျပီးသူတစ္ဦး ျဖစ္ပါတယ္။ ဒီျဖစ္ရပ္မွာ သူဟာ ဆင္ျခင္ဥာဏ္မဲ့စြာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ သူဟာ မေကာင္းတဲ့ဆံုးျဖတ္ခ်က္အတြက္ တူညီတဲ့ အက်ဳိးဆက္ေတြ ရင္ဆိုင္ရေတာ့မွာပါ။ ဒီကာလအတြင္း ေနအိမ္မွာပဲေနထိုင္ပါဆိုတဲ့ အမိန္႔ကို ခ်ဳိးေဖာက္ခဲ့ၾကတဲ့ အျခားသူမ်ားနည္းတူ တူညီတဲ့ အက်ဳိးဆက္ေတြ ရင္ဆိုင္ရမွာျဖစ္ပါတယ္” ဟု ျမိဳ ႔ေတာ္ဝန္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အီလီႏြိဳက္စ္ျပည္နယ္သည္ အေမရိကန္ျပည္ေထာင္စုတြင္ အရက္ဘားမ်ားႏွင့္ စားေသာက္ဆိုင္မ်ားကို ပိတ္သိမ္းေစခဲ့သည့္ အေစာဆံုးျပည္နယ္မ်ားတြင္ ပါဝင္ျပီး ပါဆယ္ျဖင့္ ဝယ္ယူခြင့္သာ ခြင့္ျပဳထားသည္။

မတ္လ ၂၁ ရက္မွ စတင္ျပီး အီလီႏြိဳက္စ္ျပည္နယ္တြင္ မလုပ္မျဖစ္ ကိစၥမ်ားမွလြဲျပီး ေနအိမ္တြင္သာေနထိုင္ၾကရန္ အမိန္႔ခ်မွတ္ထားသည္။

အီလီႏြိဳက္စ္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာန (IDPH) ထုတ္ျပန္ခ်က္အရ ျပည္နယ္အတြင္း covid-19 ကူးစက္ခံရသူေပါင္း ၁၃၅၀၀ ဦးရွိျပီး ၃၈၀ ဦး ေသဆံုးခဲ့ျပီးျဖစ္သည္ဟု ထုတ္ျပန္ထားသည္။

အဂၤ ါေန႔အထိ အခ်က္အလက္မ်ားအရ Alton ျမိဳ ႔တည္ရွိရာ Madison ခရိုင္တြင္ covid-19 ကူးစက္ခံထားရသူ ၆၃ ဦးရွိျပီး ၁ ဦး ေသဆံုးခဲ့ျပီ ျဖစ္သည္။

မိမိတို႔ အသိုက္အဝန္းတြင္ ေနထိုင္ၾကသူမ်ားသည္ တစ္ဦးႏွင့္တစ္ဦး အကာအကြယ္မေပးဘဲ အမ်ားျပည္သူဆိုင္ရာ ေနရာမ်ားတြင္ မ်က္ႏွာေျပာင္တိုက္ကာ စုရံုးမႈမ်ား ဆက္လက္ျပဳလုပ္ေနမည္ဆိုလွ်င္ ယခုဖမ္းဆီးခဲ့မႈအတိုင္း သည္းခံမႈမရွိဘဲ ဆက္လက္ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း Alton ျမိဳ ႔မွ ရဲတပ္ဖြဲ႔အၾကီးအကဲ ေဂ်ဆင္ ဆိုင္မြန္စ္က ေျပာၾကားသည္။

အေမရိကန္ႏိုင္ငံတစ္ဝန္းရွိ ရဲဌာနမ်ားသည္ social distancing အမိန္႔ခ်မွတ္ထားမႈအေပၚ မ်က္ႏွာေျပာင္တိုက္ေနသည့္ အရက္ဘားမ်ားႏွင့္ ပါတီပြဲမ်ားကို စီးနင္းဖမ္းဆီးမႈမ်ား ျပဳလုပ္လ်က္ရွိေနသည္။

ထိုသို႔ စီးနင္းဖမ္းဆီးမႈမ်ားတြင္ ကင္တပ္ကီျပည္နယ္ရွိ ပါတီပြဲတစ္ခုလည္း ပါဝင္ျပီး အဆိုပါ ပါတီပြဲသို႔ တက္ေရာက္လာသူတစ္ဦးတြင္ covid-19 ေရာဂါပိုး ေတြ႔ရသည္ဟု ဆိုသည္။

နယူးဂ်ာစီျပည္နယ္တြင္လည္း စတုရန္းေပ ၅၅၀ က်ယ္ဝန္းေသာ လူေနခန္းတစ္ခုအတြင္း လူေပါင္း ၅၀ အျပင္ ဒီေဂ်ဖြင့္သူ တစ္ဦး ပါဝင္သည့္ ပါတီပြဲတစ္ခုကိုလည္း ရဲတပ္ဖြဲ႔က စီးနင္းဖမ္းဆီးခဲ့ေသးသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An Illinois mayor ordered police to enforce the stay-at-home order. They did- and busted his wife at a bar (The Washington Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service