ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတို့၏ သွေးရည်ကြည်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အခြားသူတို့ အတွက် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း လေ့လာတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတို့၏ သွေးရည်ကြည်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အခြားသူတို့ အတွက် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း လေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
8 Apr 2020 12:48 pm တွင် တင်ခဲ့သည်
13734 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကာ အပြင်းအထန်နာမကျန်းဖြစ်သည့်လူနာများသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူတို့၏ သွေးရည်ကြည်ဖြည့်သွင်းပေးခြင်းအားဖြင့် အကျိုးရှိစေနိုင်ကြောင်း ဆရာဝန်တို့က လေ့လာတွေ့ရှိခဲ့သည်ဟု The Guardian.com တွင် ဖော်ပြသည်။

တရုတ်ပြည်ရှိ ဆေးရုံများမှ ဆေးအဖွဲ့ ၂ ခုသည် ရောဂါကာကွယ်သည့် ပဋိပစ္စည်းများ ကြွယ်ဝစွာပါဝင်သော သွေးရည်ကြည်ဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရကာ အခြေအနေဆိုးရွားနေသည့် လူနာ ၁၅ ဦးကို ကုသကြည့်ရာ အများစုတွင် အလွန်သိသာစွာ ကျန်းမာရေး အခြေအနေကောင်းမွန်လာသည်ကို တွေ့ရသည်။

လေ့လာမှုတစ်ခုတွင် ဝူဟန်မြို့ရှိ ဆရာဝန်များသည် ရောဂါပျောက်ကင်းသွားသူတို့၏ သွေးရည်ကြည်ဖြင့် အခြေအနေပြင်းထန်နေသည့် လူနာ ၁၀ ဦးကို ကုသကြည့်ရာ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်ပမာဏ လျင်မြန်စွာကျဆင်းသွားသည်ကို တွေ့ခဲ့ကြသည်။

၃ ရက်တာကာလအတွင်း လူနာတို့တွင် အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်နာခြင်း၊ ဖျားခြင်းနှင့် ချောင်းဆိုးခြင်း အစရှိသော ရောဂါလက္ခဏာများ သိသိသာသာ ကောင်းမွန်ပျောက်ကင်းသက်သာလာကြသည်ကို တွေ့ခဲ့ကြသည်။

ဝူဟန်မြို့ရှိ ပေါင်းစပ်ဆေးဝါးများဆိုင်ရာ အမျိုးသားအင်ဂျင်နီယာနည်းပညာသုတေသနစင်တာ (National Engineering Technology Research Center for Combined Vaccines) မှ ရှောက်မင်ယန်က ပြောကြားရာတွင် အဆိုပါကုထုံးသည် အခြေအနေပြင်းထန် နေသော လူနာများအတွက် အလားအလာကောင်းသည့် ကုထုံးတစ်ခုဖြစ်ကြောင်း၊ သို့သော် ယခုတွေ့ရှိချက်ကို အခိုင်အမာ အတည်ပြုနိုင်ရန်အတွက် ပိုမိုကျယ်ပြန့်သည့် စမ်းသပ်ကုသမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ယခုလေ့လာတွေ့ရှိချက်များကို Proceedings of the National Academy of Sciences ……….တွင် အစီရင်ခံဖော်ပြခဲ့ပြီး ဖြစ်သည်။

ရှန်ကျန်းမြို့ရှိ Third People ဆေးရုံမှ Lei Liu ဦးဆောင်သော အခြားဆရာဝန်အဖွဲ့တစ်ခုကလည်း ရောဂါပျောက်ကင်းသွားသူတို့၏ သွေးရည်ကြည်ကို အခြေအနေပြင်းထန်နေသည့် လူနာ ၅ ဦးကိုပေးကာ စမ်းသပ်ကုသမှု ပြုလုပ်ခဲ့သည်။

ထိုသို့ ကုသမှုပြုလုပ်လိုက်ပြီး လူနာ ၅ ဦးလုံးမှာ အခြေအနေများ တိုးတက်ကောင်းမွန်လာပြီး ၁၀ ရက်တွင်း လူနာ ၃ ဦးမှာ အသက်ရှုစက် ပင် ပေးစရာ မလိုတော့သည့် အခြေအနေအထိ ပြန်လည်ကောင်းမွန်လာကြောင်း အမေရိကန်ဆေးပညာအသင်းဂျာနယ် (Journal of American Medical Association) တွင် ဖော်ပြသည်။

ယခုတွေ့ရှိချက်များအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သက်သာပျောက်ကင်းသွားသည့် လူနာတို့ လှူဒါန်းသည့်သွေးများဖြင့် ရောဂါခုခံနိုင်စွမ်းအားနည်းသော လူနာများအတွက် ကိုယ်ခံအားစနစ်မြှင့်တင်ပေးရန် အသုံးပြုနိုင်သည်ဟူသော မျှော်လင့်ချက်များ မြင့်တက်လာသည်။

ယခုကဲ့သို့ ကူးစက်ရောဂါပျောက်ကင်းသွားသူတို့၏ သွေးရည်ကြည်ဖြင့် ကုသခြင်းသည် ၁၉၁၈ ခုနှစ်က ဖြစ်ပွားခဲ့သော စပိန်တုပ်ကွေး ကမ္ဘာ့ကပ်ရောဂါကြီး မပေါ်ပေါက်မီကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

ကူးစက်ရောဂါ ကူးစက်ခြင်းခံရပြီး ပျောက်ကင်းသွားသူတို့၏ သွေးထဲတွင် ရောဂါကိုခုခံပေးသည့် ပဋိပစ္စည်းများရှိနေပြီး အဆိုပါဗိုင်းရပ်စ်ပိုးကို နောက်တစ်ကြိမ်တွေ့ရှိပါက လျင်မြန်စွာ ထောက်လှမ်းသိရှိကာ ချေမှုန်းပစ်နိုင်လေ့ရှိသည်။

သွေးရည်ကြည်ကို လူနာများထံ ပေးသွင်းကုသခြင်း၊ ကူးစက်ခံရနိုင်ချေများသူတို့ထံ ပေးသွင်းထားခြင်းအားဖြင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကာ ရောဂါကူးစက်မှုမှ အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။

အမေရိကန်ဆရာဝန်များအပြင် ဗြိတိန်တွင်လည်း ယခုကုထုံးကို စမ်းသပ်ကြည့်သွားဖွယ်ရှိနေသည်။

ဗြိတိန်တွင် ပဋိပစ္စည်းကြွယ်ဝသည့် သွေးရည်ကြည်များကို လူနာတို့ထံမှ စတင်ရှာဖွေလျက်ရှိနေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: - Plasma from coronavirus survivors found to help severely ill patients (the guardian)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရျပီး ျပန္လည္က်န္းမာလာသူတို႔၏ ေသြးရည္ၾကည္သည္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရေသာ အျခားသူတို႔ အတြက္ သက္သာေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္ေၾကာင္း ေလ့လာေတြ႔ရွိ

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရကာ အျပင္းအထန္နာမက်န္းျဖစ္သည့္လူနာမ်ားသည္ ဗိုင္းရပ္စ္ကူးစက္ခံရျပီး ျပန္လည္သက္သာသြားသူတို႔၏ ေသြးရည္ၾကည္ျဖည့္သြင္းေပးျခင္းအားျဖင့္ အက်ဳိးရွိေစႏိုင္ေၾကာင္း ဆရာဝန္တို႔က ေလ့လာေတြ႔ရွိခဲ့သည္ဟု The Guardian.com တြင္ ေဖာ္ျပသည္။

တရုတ္ျပည္ရွိ ေဆးရံုမ်ားမွ ေဆးအဖြဲ႔ ၂ ခုသည္ ေရာဂါကာကြယ္သည့္ ပဋိပစၥည္းမ်ား ၾကြယ္ဝစြာပါဝင္ေသာ ေသြးရည္ၾကည္ျဖင့္ ဗိုင္းရပ္စ္ကူးစက္ခံရကာ အေျခအေနဆိုးရြားေနသည့္ လူနာ ၁၅ ဦးကို ကုသၾကည့္ရာ အမ်ားစုတြင္ အလြန္သိသာစြာ က်န္းမာေရး အေျခအေနေကာင္းမြန္လာသည္ကို ေတြ႔ရသည္။

ေလ့လာမႈတစ္ခုတြင္ ဝူဟန္ျမိဳ ႔ရွိ ဆရာဝန္မ်ားသည္ ေရာဂါေပ်ာက္ကင္းသြားသူတို႔၏ ေသြးရည္ၾကည္ျဖင့္ အေျခအေနျပင္းထန္ေနသည့္ လူနာ ၁၀ ဦးကို ကုသၾကည့္ရာ ၎တို႔၏ ခႏၶာကိုယ္အတြင္း ဗိုင္းရပ္စ္ပမာဏ လ်င္ျမန္စြာက်ဆင္းသြားသည္ကို ေတြ႔ခဲ့ၾကသည္။

၃ ရက္တာကာလအတြင္း လူနာတို႔တြင္ အသက္ရႈၾကပ္ျခင္း၊ ရင္ဘတ္နာျခင္း၊ ဖ်ားျခင္းႏွင့္ ေခ်ာင္းဆိုးျခင္း အစရွိေသာ ေရာဂါလကၡဏာမ်ား သိသိသာသာ ေကာင္းမြန္ေပ်ာက္ကင္းသက္သာလာၾကသည္ကို ေတြ႔ခဲ့ၾကသည္။

ဝူဟန္ျမိဳ ႔ရွိ ေပါင္းစပ္ေဆးဝါးမ်ားဆိုင္ရာ အမ်ဳိးသားအင္ဂ်င္နီယာနည္းပညာသုေတသနစင္တာ (National Engineering Technology Research Center for Combined Vaccines) မွ ေရွာက္မင္ယန္က ေျပာၾကားရာတြင္ အဆိုပါကုထံုးသည္ အေျခအေနျပင္းထန္ ေနေသာ လူနာမ်ားအတြက္ အလားအလာေကာင္းသည့္ ကုထံုးတစ္ခုျဖစ္ေၾကာင္း၊ သုိ႔ေသာ္ ယခုေတြ႔ရွိခ်က္ကို အခိုင္အမာ အတည္ျပဳႏိုင္ရန္အတြက္ ပိုမိုက်ယ္ျပန္႔သည့္ စမ္းသပ္ကုသမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။ ယခုေလ့လာေတြ႔ရွိခ်က္မ်ားကို Proceedings of the National Academy of Sciences ……….တြင္ အစီရင္ခံေဖာ္ျပခဲ့ျပီး ျဖစ္သည္။

ရွန္က်န္းျမိဳ ႔ရွိ Third People ေဆးရံုမွ Lei Liu ဦးေဆာင္ေသာ အျခားဆရာဝန္အဖြဲ႔တစ္ခုကလည္း ေရာဂါေပ်ာက္ကင္းသြားသူတို႔၏ ေသြးရည္ၾကည္ကို အေျခအေနျပင္းထန္ေနသည့္ လူနာ ၅ ဦးကိုေပးကာ စမ္းသပ္ကုသမႈ ျပဳလုပ္ခဲ့သည္။

ထိုသို႔ ကုသမႈျပဳလုပ္လုိက္ျပီး လူနာ ၅ ဦးလံုးမွာ အေျခအေနမ်ား တိုးတက္ေကာင္းမြန္လာျပီး ၁၀ ရက္တြင္း လူနာ ၃ ဦးမွာ အသက္ရႈစက္ ပင္ ေပးစရာ မလုိေတာ့သည့္ အေျခအေနအထိ ျပန္လည္ေကာင္းမြန္လာေၾကာင္း အေမရိကန္ေဆးပညာအသင္းဂ်ာနယ္ (Journal of American Medical Association) တြင္ ေဖာ္ျပသည္။

ယခုေတြ႔ရွိခ်က္မ်ားအရ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရျပီးေနာက္ သက္သာေပ်ာက္ကင္းသြားသည့္ လူနာတို႔ လွဴဒါန္းသည့္ေသြးမ်ားျဖင့္ ေရာဂါခုခံႏိုင္စြမ္းအားနည္းေသာ လူနာမ်ားအတြက္ ကိုယ္ခံအားစနစ္ျမွင့္တင္ေပးရန္ အသံုးျပဳႏိုင္သည္ဟူေသာ ေမွ်ာ္လင့္ခ်က္မ်ား ျမင့္တက္လာသည္။

ယခုကဲ့သို႔ ကူးစက္ေရာဂါေပ်ာက္ကင္းသြားသူတို႔၏ ေသြးရည္ၾကည္ျဖင့္ ကုသျခင္းသည္ ၁၉၁၈ ခုႏွစ္က ျဖစ္ပြားခဲ့ေသာ စပိန္တုပ္ေကြး ကမၻာ့ကပ္ေရာဂါၾကီး မေပၚေပါက္မီကတည္းက စတင္ခဲ့ျခင္းျဖစ္သည္။

ကူးစက္ေရာဂါ ကူးစက္ျခင္းခံရျပီး ေပ်ာက္ကင္းသြားသူတို႔၏ ေသြးထဲတြင္ ေရာဂါကိုခုခံေပးသည့္ ပဋိပစၥည္းမ်ားရွိေနျပီး အဆိုပါဗုိင္းရပ္စ္ပိုးကို ေနာက္တစ္ၾကိမ္ေတြ႔ရွိပါက လ်င္ျမန္စြာ ေထာက္လွမ္းသိရွိကာ ေခ်မႈန္းပစ္ႏိုင္ေလ့ရွိသည္။

ေသြးရည္ၾကည္ကို လူနာမ်ားထံ ေပးသြင္းကုသျခင္း၊ ကူးစက္ခံရႏိုင္ေခ်မ်ားသူတို႔ထံ ေပးသြင္းထားျခင္းအားျဖင့္ ခႏၶာကိုယ္ ခုခံအားစနစ္ကို ျမွင့္တင္ေပးႏိုင္ကာ ေရာဂါကူးစက္မႈမွ အကာအကြယ္ေပးႏိုင္မည္ ျဖစ္သည္။

အေမရိကန္ဆရာဝန္မ်ားအျပင္ ျဗိတိန္တြင္လည္း ယခုကုထံုးကို စမ္းသပ္ၾကည့္သြားဖြယ္ရွိေနသည္။

ျဗိတိန္တြင္ ပဋိပစၥည္းၾကြယ္ဝသည့္ ေသြးရည္ၾကည္မ်ားကို လူနာတို႔ထံမွ စတင္ရွာေဖြလ်က္ရွိေနသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို  ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: - Plasma from coronavirus survivors found to help severely ill patients(the guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service