Covid 19 ကာလအတွင်း ပြည်တွင်းအထည်ချုပ်စက်ရုံများ လုပ်သားလျှော့ ၊ ပိတ်သိမ်းမှု ၈၀ အထိရှိလာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေသည့် လုပ်သားဦးရေ နှစ်သောင်းဝန်းကျင်ခန့်ရှိလာ

Covid 19 ကာလအတွင်း ပြည်တွင်းအထည်ချုပ်စက်ရုံများ လုပ်သားလျှော့ ၊ ပိတ်သိမ်းမှု ၈၀ အထိရှိလာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေသည့် လုပ်သားဦးရေ နှစ်သောင်းဝန်းကျင်ခန့်ရှိလာ - Property News in Myanmar from iMyanmarHouse.com
8 Apr 2020 11:56 am တွင် တင်ခဲ့သည်
1259 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများပိတ်သိမ်းမှုပေါင်း ၈၀ ကျော်အထိရှိလာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေသည့် လုပ်သားဦးရေ နှစ်သောင်းဝန်းကျင်ခန့်ရှိလာခဲ့ကြောင်း အလုပ်သမားသမဂ္ဂအသီးသီးမှ ကောက်ယူထားသော စာရင်းများအရသိရသည်။

"အထည်ချုပ်စက်ရုံတွေပိတ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို အသိပေးဖို့ပြောထားတာကြောင့် ပိတ်မယ်ဆိုရင် စာလာတင်ကြတာရှိသလို တစ်ချို့အသိမပေးတာတွေလည်းရှိပါတယ်။လောလောဆယ်အထိ ပိတ်ဖို့ဆိုပြီး စာလာတင်ထားတဲ့အထည်ချုပ်စက်ရုံစာရင်းက ရာဂဏန်းဝန်းကျင်ရှိပါတယ်။စာရင်းအတိအကျကိုတော့ ကျွန်တော်တို့လည်းမပြောတတ်ဘူး။" ဟု မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောဆိုသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်အသီးသီးမှ လုပ်သားလျှော့ချ၍ ယာယီပိတ်သည့် စက်ရုံနှင့် အပြီးသတ်ပိတ်သိမ်းသည့် စက်ရုံစုစုပေါင်းမှာ ၇၃ ရုံအထိ ရှိကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားဦးစီးရုံးမှစာရင်းများအရသိရသည်။လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်များမှ ပိတ်သိမ်းသည့်စက်ရုံပေါင်း ၂၄ ရုံအထိရှိခဲ့ပြီး လုပ်သားလျှော့ချသည့်စက်ရုံပေါင်း ၄၉ ရုံအထိရှိခဲ့သည်။

"ဒါက လှိုင်သာယာ အ လ စ က ထုတ်ပြန်ထားတဲ့ စာရင်းပေါ့နော်။ဒီအတွက် လှိုင်သာယာတစ်ခုထဲမှာတင် လုပ်သား နှစ်သောင်းလောက်က အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ဒီလိုအခြေအနေကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ဖြေရှင်းမလဲဆိုတာကို စနစ်တကျလုပ်ဆောင်သွားဖို့လိုပါတယ်။"ဟု အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် မသက်သက်အောင် က ပြောဆိုသည်။

ယင်းစက်ရုံများအပြင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ စက်မှုဇုန်များအတွင်းမှ General Enterprises Garment Co.,ltd စက်ရုံသည် လုပ်သား ၇၀၀၀ ခန့်အား လစာဖြင့် ယာယီပိတ်သိမ်းမှုပြုခဲ့သည်။Load Star အထည်ချုပ်စက်ရုံမှာမူ လုပ်သားလျှော့ချရာမှတစ်ဆင့် အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့သည်။ထို့ပြင် Myanmar Muse Leather နှင့် Myanmar Elegent Supreme အိတ်ချုပ်လုပ်သည့် စက်ရုံနှစ်ရုံမှာလည်း လုပ်သားလျှော့ချ၍ စက်ရုံယာယီပိတ်သိမ်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်.

ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်း လုပ်သား ၁၆၈၀ ကျော်ရှိ AGG အထည်ချုပ်စက်ရုံမှာ ယာယီပိတ်သိမ်းမှုပြုလုပ်ခဲ့ပြီး အခြားစက်ရုံနှစ်ရုံမှာလည်း လုပ်သားလျှော့ချပိတ်သိမ်းမှုပြုလုပ်ရန် အသိပေးသဖြင့် အလုပ်ရှင်အလုပ်သမားပြဿနာဖြစ်ပွါးနေကြရာ စုစုပေါင်း စက်ရုံ ၈၀ အထိ လုပ်သားလျှော့ချ ပိတ်သိမ်းမှုများရှိလာခဲ့ပြီဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service