COVID-19 lockdown ကြောင့် ဒေါ်နယ်ထရန့် တစ်လအတွင်း ဒေါ်လာ ၁ ဘီလျံ ဆုံးရှုံး
COVID-19 lockdown ကြောင့် ဒေါ်နယ်ထရန့် တစ်လအတွင်း ဒေါ်လာ ၁ ဘီလျံ ဆုံးရှုံး - Property News in Myanmar from iMyanmarHouse.com
8 Apr 2020 11:33 am တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စတော့ရှယ်ယာ‌‌‌‌‌ဈေးကွက်ရုတ်တရက်ပြိုလဲမှုက လူချမ်းသာ ၂၆၇ ဦးအား ဘီလျံနာအခြေအနေမှ လျှောကျစေခဲ့ပြီဖြစ်သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ခဲ့သည့် lockdown (အရေးပေါ်အခြေအနေတွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း) က သူပိုင်သည့် ရုံးများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် ဂေါက်ကွင်းတို့ကို ပိတ်ထားစေခဲ့သဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် သူ၏ပိုင်ဆိုင်မှုမှ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဘီလျံကို ပြီးခဲ့သည့်လအတွင်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရန့်၏ပိုင်ဆိုင်မှုသည် မတ် ၁ တွင် ခန့်မှန်းခြေ ‌ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ ရှိခဲ့ရာမှ (ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စတော့ဈေးကွက်အထိခိုက်ဆုံးအချိန်ဖြစ်သည့်) မတ် ၁၈ တွင် ဒေါ်လာ ၂ ဒသမ ၁ ဘီလျံသို့ ကျဆင်းခဲ့ကြောင်း ကမ္ဘာကျော်မဂ္ဂဇင်းဖြစ်သည့် Forbes magazine ၏ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်လသည့် ဘီလျံနာစာရင်းက ဖော်ပြခဲ့သည်။
ကမ္ဘာ့စတော့ဈေးကွက်များ COVID-19 ကြောင့် ယိုင်လဲမှုက Forbes ၏ ၃၄ ကြိမ်မြောက်ထွက်ရှိလာသည့် ထိုကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် လူချမ်းသာ ၂၆၇ ဦးအား ဘီလျံနာအဆင့်ကို လက်လွတ်ဆုံးရှုံးစေခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ယခုအခါ အမေရိကန်ဒေါ်လာဘီလျံနာ ၂,၀၉၅ ဦး ရှိပြီး ၎င်းတို့အနက် ၁,၀၆၂ ဦးက ပြီးခဲ့သည့်နှစ်အောက် ပိုင်ဆိုင်မှုများလျော့နည်းသွားကြပြီဖြစ်သည်။
ဘီလျံနာစာရင်းတွင်ပါဝင်လာခဲ့သူများအနက်တစ်ဦးမှာ video conferencing (အွန်လိုင်းမှအစည်းအဝေးပြုလုပ်ခြင်း) အက်ပလီကေးရှင်း Zoom ကို တည်ထောင်သူ အဲရစ်ယွမ်ဖြစ်သည်။ Zoom ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည့် ယွမ်တွင် အမေရိကန်‌ဒေါ်လာ ၅ ဒသမ ၅ ဘီလျံ ပိုင်ဆိုင်မှုရှိသည်။
Zoom အက်ပ်သည် ကိုရိုနာဗိုင်းရပ်စ် Lockdown အတွင်း ကမ္ဘာတစ်ဝန်းရှိ လူအများအပြားက အဆက်အသွယ်မပြတ်ရှိစေရန် ၎င်းကိုအသုံးပြုကြသဖြင့် တမုဟုတ်ချင်းအလွန်ရေပန်းစားလူကြိုက်များလာခဲ့ခြင်းဖြစ်သည်။ ၎င်းကို နေ့ကလေးထိန်းကျောင်းများတွင် ကလေးများသီချင်းလိုက်ဆိုရန်မှအစ ဘုတ်အဖွဲ့အစည်းအဝေးများနှင့် ယူကေဝန်ကြီးအဖွဲ့အစည်းအဝေးများအထိပင် အသုံးပြုလာကြပေသည်။
Amazon တည်ထောင်သူနှင့် စီအီးအို(အမှုဆောင်အရာရှိချုပ်) ဖြစ်သူ ဂျက်ဖ်ဘီဇော့ကမူ သူ၏ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရာထူးကို ဒေါ်လာ ၁၁၃ ဘီလျံပိုင်ဆိုင်မှုဖြင့် သုံးနှစ်ဆက်တိုက်မြောက်နှစ်အဖြစ် ဆက်လက်ထိန်းထားနိုင်ခဲ့ပြန်ပြီဖြစ်သည်။ သူသည်လည်း မနှစ်က ဒေါ်လာ ၁၃၁ ဘီလျံ ပိုင်ဆိုင်မှုမှ လျော့ကျခဲ့ခြင်းဖြစ်သည်။
ထရန့်၏ ငွေကြေးအများစုသည် အိမ်ခြံမြေမှ ရရှိခြင်းဖြစ်သည်။ သားနှစ်ဦးဖြစ်သည့် ဒေါ်နယ်ဂျူနီယာနှင့်အဲရစ်တို့ စီမံခန့်ခွဲသည့် သူ၏ Trump Organization အင်ပါယာတွင် မန်ဟက်တန်ရှိ ထရန့်တာဝါနှင့် ဖ‌လော်ရီဒါရှိ သူကြိုက်နှစ်သက်သဖြင့် “ဆောင်းရာသီသမ္မတအိမ်တော်” ဟု ခေါ်သော Mar-a-Lago ကလပ်တို့ ပါဝင်သည်။ ထို့အပြင် လာ့စ်ဗီးဂတ်စ်ရှိ Trump International Hotel ၊ စကော့တလန်ရှိ Trump International Golf Links တို့ကဲ့သို့သော ဟိုတယ်များနှင့် ဂေါက်ကွင်းများ ၁၂ ခုအထက် ရှိသေးကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။)
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Donald Trump 'lost $1bn in a month' from coronavirus lockdown (theguardian)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service