ဒေါ်နယ်ထရမ့်၏ တောင်းဆိုမှုကြောင့် အိန္ဒိယက ငှက်ဖျားရောဂါကုသဆေး တင်ပို့ရောင်းချမှုအားလုံး ပိတ်ပင်သည့်အမိန့် ထုတ်ပြန်

ဒေါ်နယ်ထရမ့်၏ တောင်းဆိုမှုကြောင့် အိန္ဒိယက ငှက်ဖျားရောဂါကုသဆေး တင်ပို့ရောင်းချမှုအားလုံး ပိတ်ပင်သည့်အမိန့် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
7 Apr 2020 1:47 pm တွင် တင်ခဲ့သည်
1030 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ငှက်ဖျားရောဂါကုသဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သည်ဟု လက်ခံထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငှက်ဖျားရောဂါကုသဆေးကို အမေရိကန်ပြည်ထောင်စုသို့ ပိုမိုတင်ပို့ပေးရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအား တောင်းဆိုလိုက် သောကြောင့် အိန္ဒိယက Hydroxychloroquine ဆေးဝါးတင်ပို့မှုအားလုံးကို အားလုံးအကျုံးဝင်သည့် ပိတ်ပင်တားမြစ်သည့် အမိန့်တစ်ရပ် တရားဝင်ထုတ်ပြန်လိုက်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက စနေနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့မှုအရ ပြီးခဲ့သောလအတွင်း ထုတ်ပြန်ခဲ့သည့် အမိန့်ကို ရုပ်သိမ်းလိုက်ပြီး ယခုအခါတွင် ငှက်ဖျားရောဂါကုသဆေး တင်ပို့မှုအားလုံးကို ပိတ်ပင်လိုက်ကြောင်း အမိန့်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်သည် စနေနေ့က ဒေါ်နယ်ထရမ့်နှင့် နာရန်ဒရာမိုဒီတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့မှု မတိုင်မီ ထုတ်ပြန်ခြင်းဖြစ်သလော (သို့မဟုတ်) ဖုန်းပြောပြီးမှ ထုတ်ပြန်ခြင်းဖြစ်သလောဟူသည်ကိုမူ မသိရချေ။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်တွင် ဖော်ပြချက်အရ “Hydroxychloroquine နှင့် Hydroxychloroquine မှ ထုတ်လုပ်သည့် ဆေးဝါးအားလုံး တင်ပို့ရောင်းချမှုကို ချွင်းချက်မရှိ တားမြစ်လိုက်သည်” ဟု ဖော်ပြထားသည်။

Hydroxychloroquine သည် ငှက်ဖျားရောဂါကုသသည့်ဆေးဝါးတစ်ခုဖြစ်ပြီး အချို့သော အင်စတီကျူးရှင်းများက အဆိုပါဆေးဝါးဖြင့် covid-19 ကုသနိုင်ချေကို သုတေသနပြုလုပ်နေသည်။

သို့သော် အဆိုပါဆေးဝါးသည် ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာကုသနိုင်ကြောင်း ယုံကြည်ရသည့် အထောက်အထားကား နည်းပါးလှသည်။

သမ္မတဒေါ်နယ်ထရမ့်ကား အတည်မပြုနိုင်သည့်ကုထုံးအပေါ် ယုံကြည်ချက်ကို အလျှော့မပေးချေ။ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော ရှင်းလင်းပြောကြားချက်တွင် “သူတို့ (အိန္ဒိယ) ဟာ Hydroxychloroquine တွေ အများကြီး ထုတ်လုပ်ပါတယ်။ အလွန်များပြားတဲ့ ပမာဏပါ။

ပြောရရင် သူတို့က ဒါကို ထိန်းထားတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ အိန္ဒိယက လူဦးရေ ၁ ဒသမ ၅ ဘီလီယံရှိတော့ အများကြီးထုတ်လုပ်ရပါတယ်။ ကျွန်တော်တို့ မှာယူထားတဲ့ ဒီဆေးတွေကို ရောင်းချပေးမယ်ဆိုရင် ကျေးဇူးအများကြီး တင်ရမှာပါ။ သူတို့ကလည်း ဒါကို အလေးအနက် စဉ်းစားနေပါတယ်။” ဟု ဒေါ်နယ်ထရမ့်က ပြောကြားသည်။

အိန္ဒိယတွင် အဆိုပါဆေးဝါးအသုံးပြုခွင့်ရသူများမှာ covid-19 ကူးစက်ခံရကြောင်း သံသယရှိသူနှင့် အတည်ပြုထားသူတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ရောဂါလက္ခဏာမပြသော ကျန်းမာရေးဝန်ထမ်းများ၊ covid-19 ကူးစက်ခံရသူတို့နှင့် ထိတွေ့မှု ရှိခဲ့သည့် ရောဂါလက္ခဏာမပြသော မိသားစုဝင်များ ဖြစ်ကြသည်။

အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများအင်စတီကျု (National Institute of Allergy and Infectious Diseases) မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အန်ဒိုနီ ဖောစီက ပြောကြားရာတွင် အဆိုပါဆေးဝါးသည် ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန် အသုံးပြုနိုင်မှု ရှိ၊ မရှိဟူခြင်းနှင့် စပ်လျဉ်းပြီး တိကျသောသတင်းအချက်အလက်များ မရှိသေးကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India has imposed a blanket export ban on a malaria drug touted by Trump as possible therapy for coronavirus (CNN)

### Zawgyi Version ###

ေဒၚနယ္ထရမ့္၏ ေတာင္းဆိုမႈေၾကာင့္ အိႏၵိယက ငွက္ဖ်ားေရာဂါကုသေဆး တင္ပို႔ေရာင္းခ်မႈအားလုံး ပိတ္ပင္သည့္အမိန႔္ ထုတ္ျပန္

ငွက္ဖ်ားေရာဂါကုသေဆးသည္ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသႏိုင္သည္ဟု လက္ခံထားေသာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ငွက္ဖ်ားေရာဂါကုသေဆးကို အေမရိကန္ျပည္ေထာင္စုသို႔ ပိုမိုတင္ပို႔ေပးရန္ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီအား ေတာင္းဆိုလိုက္ ေသာေၾကာင့္ အိႏၵိယက Hydroxychloroquine ေဆးဝါးတင္ပို႔မႈအားလုံးကို အားလုံးအက်ဳံးဝင္သည့္ ပိတ္ပင္တားျမစ္သည့္ အမိန႔္တစ္ရပ္ တရားဝင္ထုတ္ျပန္လိုက္ေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အိႏၵိယ ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာနက စေနေန႔တြင္ တရားဝင္ထုတ္ျပန္ခဲ့မႈအရ ၿပီးခဲ့ေသာလအတြင္း ထုတ္ျပန္ခဲ့သည့္ အမိန႔္ကို ႐ုပ္သိမ္းလိုက္ၿပီး ယခုအခါတြင္ ငွက္ဖ်ားေရာဂါကုသေဆး တင္ပို႔မႈအားလုံးကို ပိတ္ပင္လိုက္ေၾကာင္း အမိန႔္ထုတ္ျပန္သည္။

အဆိုပါ ထုတ္ျပန္ခ်က္သည္ စေနေန႔က ေဒၚနယ္ထရမ့္ႏွင့္ နာရန္ဒရာမိုဒီတို႔ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြးခဲ့မႈ မတိုင္မီ ထုတ္ျပန္ျခင္းျဖစ္သေလာ (သို႔မဟုတ္) ဖုန္းေျပာၿပီးမွ ထုတ္ျပန္ျခင္းျဖစ္သေလာဟူသည္ကိုမူ မသိရေခ်။

ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အမိန႔္တြင္ ေဖာ္ျပခ်က္အရ “Hydroxychloroquine ႏွင့္ Hydroxychloroquine မွ ထုတ္လုပ္သည့္ ေဆးဝါးအားလုံး တင္ပို႔ေရာင္းခ်မႈကို ခြၽင္းခ်က္မရွိ တားျမစ္လိုက္သည္” ဟု ေဖာ္ျပထားသည္။

Hydroxychloroquine သည္ ငွက္ဖ်ားေရာဂါကုသသည့္ေဆးဝါးတစ္ခုျဖစ္ၿပီး အခ်ိဳ႕ေသာ အင္စတီက်ဴးရွင္းမ်ားက အဆိုပါေဆးဝါးျဖင့္ covid-19 ကုသႏိုင္ေခ်ကို သုေတသနျပဳလုပ္ေနသည္။

သို႔ေသာ္ အဆိုပါေဆးဝါးသည္ ကို႐ိုနာဗိုင္းရပ္စ္ကို ထိေရာက္စြာကုသႏိုင္ေၾကာင္း ယုံၾကည္ရသည့္ အေထာက္အထားကား နည္းပါးလွသည္။

သမၼတေဒၚနယ္ထရမ့္ကား အတည္မျပဳႏိုင္သည့္ကုထုံးအေပၚ ယုံၾကည္ခ်က္ကို အေလွ်ာ့မေပးေခ်။ အိမ္ျဖဴေတာ္တြင္ ျပဳလုပ္ခဲ့ေသာ ရွင္းလင္းေျပာၾကားခ်က္တြင္ “သူတို႔ (အိႏၵိယ) ဟာ Hydroxychloroquine ေတြ အမ်ားႀကီး ထုတ္လုပ္ပါတယ္။ အလြန္မ်ားျပားတဲ့ ပမာဏပါ။

ေျပာရရင္ သူတို႔က ဒါကို ထိန္းထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခင္ဗ်ားတို႔သိတဲ့အတိုင္းပဲ အိႏၵိယက လူဦးေရ ၁ ဒသမ ၅ ဘီလီယံရွိေတာ့ အမ်ားႀကီးထုတ္လုပ္ရပါတယ္။ ကြၽန္ေတာ္တို႔ မွာယူထားတဲ့ ဒီေဆးေတြကို ေရာင္းခ်ေပးမယ္ဆိုရင္ ေက်းဇူးအမ်ားႀကီး တင္ရမွာပါ။ သူတို႔ကလည္း ဒါကို အေလးအနက္ စဥ္းစားေနပါတယ္။” ဟု ေဒၚနယ္ထရမ့္က ေျပာၾကားသည္။

အိႏၵိယတြင္ အဆိုပါေဆးဝါးအသုံးျပဳခြင့္ရသူမ်ားမွာ covid-19 ကူးစက္ခံရေၾကာင္း သံသယရွိသူႏွင့္ အတည္ျပဳထားသူတို႔အား က်န္းမာေရးေစာင့္ေရွာက္မႈေပးေနသည့္ ေရာဂါလကၡဏာမျပေသာ က်န္းမာေရးဝန္ထမ္းမ်ား၊ covid-19 ကူးစက္ခံရသူတို႔ႏွင့္ ထိေတြ႕မႈ ရွိခဲ့သည့္ ေရာဂါလကၡဏာမျပေသာ မိသားစုဝင္မ်ား ျဖစ္ၾကသည္။

အမ်ိဳးသား ဓာတ္မတည့္မႈႏွင့္ ကူးစက္ေရာဂါမ်ားအင္စတီက်ဳ (National Institute of Allergy and Infectious Diseases) မွ ဒါ႐ိုက္တာျဖစ္သူ ေဒါက္တာ အန္ဒိုနီ ေဖာစီက ေျပာၾကားရာတြင္ အဆိုပါေဆးဝါးသည္ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသရန္ အသုံးျပဳႏိုင္မႈ ရွိ၊ မရွိဟူျခင္းႏွင့္ စပ္လ်ဥ္းၿပီး တိက်ေသာသတင္းအခ်က္အလက္မ်ား မရွိေသးေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India has imposed a blanket export ban on a malaria drug touted by Trump as possible therapy for coronavirus (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service