အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆေးရုံတင်လိုက်ရကာ အထူးကြပ်မတ်ကုသဆောင်တွင် အောက်ဆီဂျင်ပေးထားရ

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆေးရုံတင်လိုက်ရကာ အထူးကြပ်မတ်ကုသဆောင်တွင် အောက်ဆီဂျင်ပေးထားရ - Property News in Myanmar from iMyanmarHouse.com
7 Apr 2020 1:32 pm တွင် တင်ခဲ့သည်
746 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီး ၁၀ ရက်အကြာတွင် လန်ဒန်မြို့လယ်ရှိ စိန့်သောမတ်ဆေးရုံသို့ မော်တော်ကားဖြင့် ရောက်ရှိလာပြီးနောက် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် အောက်ဆီဂျင်ပေးလိုက်ရ ကြောင်း အင်္ဂလန် အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

The Times က ဖော်ပြရာတွင် အသက် ၅၅ နှစ်အရွယ်ရှိ မစ္စတာဂျွန်ဆင်သည် စေ့စပ်ထားသူအမျိုးသမီး ကာရီ ဆိုင်မွန်စ်နှင့် ကလေးရတော့မည့်ဖခင်လောင်းဖြစ်နေပြီး ဆေးရုံသို့ ကားဖြင့်ရောက်လာပြီးနောက် အောက်ဆီဂျင်ပေးလိုက်ရကြောင်း ဖော်ပြသည်။

ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ရာတွင် ယခုဆေးရုံပြသမှုမှာ အရေးပေါ်အခြေအနေမဟုတ်ကြောင်း၊ ဖျားနာခြင်းလက္ခဏာများ (persistent symptoms) များ ခံစားရသောကြောင့် ဆရာဝန်၏ အကြံပြုချက်အရ ဆေးရုံသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် “မွန်းလွဲပိုင်း အခြေအနေတွေအရ ဝန်ကြီးချုပ်ရဲ့ အခြေအနေဟာ ဆိုးရွားလာတာကြောင့် သူ့ရဲ့ဆေးအဖွဲ့ အကြံပြုချက်အရ ဆေးရုံမှာရှိတဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဘောရစ်ဂျွန်ဆင်သည် ပြီးခဲ့သောလကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးတွင် တစ်ဦးတည်းခွဲကာနေထိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကိုယ်ပူချိန်မြင့်မားနေသောကြောင့် ဆေးရုံတွင်ပြသရန် ဆေးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိပြီး ၁၀ ရက်အကြာမှာ ရောဂါလက္ခဏာတွေ ပြသနေဆဲဖြစ်တာ ကြောင့် ဒါက ကြိုတင်ကာကွယ်မှုအနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။” ဟု ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆရာဝန် ဒေါက်တာ ဆာရာ ဂျာဗစ်က ဘီဘီစီသို့ ပြောကြားရာတွင် ဝန်ကြီးချုပ်သည် အသက်ရှုရခက်ခဲကြောင်း တွေ့ရပါက ရင်ဘတ်နှင့် အဆုပ်တို့ကို ဓာတ်မှန်ရိုက်ရဖွယ်ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတို့၏ ၈၀ ရာခိုင်နှုန်းသည် မပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရပြီး ကျန် ၂၀ ရာခိုင်နှုန်းသာလျှင် အလယ်အလတ်နှင့် ပြင်းထန်သောဖျားနာမှုများ ခံစားရလေ့ရှိကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Boris Johnson ‘put on oxygen’ as he battles coronavirus in hospital (CNN, Reuter, Metro)

### Zawgyi Version ###

အဂၤလန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ ေဆး႐ုံတင္လိုက္ရကာ အထူးၾကပ္မတ္ကုသေဆာင္တြင္ ေအာက္ဆီဂ်င္ေပးထားရ

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္သည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိၿပီး ၁၀ ရက္အၾကာတြင္ လန္ဒန္ၿမိဳ႕လယ္ရွိ စိန႔္ေသာမတ္ေဆး႐ုံသို႔ ေမာ္ေတာ္ကားျဖင့္ ေရာက္ရွိလာၿပီးေနာက္ အထူးၾကပ္မတ္ကုသေဆာင္ (ICU) တြင္ ေအာက္ဆီဂ်င္ေပးလိုက္ရ ေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

The Times က ေဖာ္ျပရာတြင္ အသက္ ၅၅ ႏွစ္အ႐ြယ္ရွိ မစၥတာဂြၽန္ဆင္သည္ ေစ့စပ္ထားသူအမ်ိဳးသမီး ကာရီ ဆိုင္မြန္စ္ႏွင့္ ကေလးရေတာ့မည့္ဖခင္ေလာင္းျဖစ္ေနၿပီး ေဆး႐ုံသို႔ ကားျဖင့္ေရာက္လာၿပီးေနာက္ ေအာက္ဆီဂ်င္ေပးလိုက္ရေၾကာင္း ေဖာ္ျပသည္။

ေဒါင္းနင္းလမ္းရွိ ဝန္ႀကီးခ်ဳပ္႐ုံးမွ ထုတ္ျပန္ရာတြင္ ယခုေဆး႐ုံျပသမႈမွာ အေရးေပၚအေျခအေနမဟုတ္ေၾကာင္း၊ ဖ်ားနာျခင္းလကၡဏာမ်ား (persistent symptoms) မ်ား ခံစားရေသာေၾကာင့္ ဆရာဝန္၏ အႀကံျပဳခ်က္အရ ေဆး႐ုံသြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္သည္။

ဝန္ႀကီးခ်ဳပ္႐ုံး ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားရာတြင္ “မြန္းလြဲပိုင္း အေျခအေနေတြအရ ဝန္ႀကီးခ်ဳပ္ရဲ႕ အေျခအေနဟာ ဆိုး႐ြားလာတာေၾကာင့္ သူ႔ရဲ႕ေဆးအဖြဲ႕ အႀကံျပဳခ်က္အရ ေဆး႐ုံမွာရွိတဲ့ အထူးၾကပ္မတ္ကုသေဆာင္ (ICU) ကို ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

ေဘာရစ္ဂြၽန္ဆင္သည္ ၿပီးခဲ့ေသာလကတည္းက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးေနာက္ ေဒါင္းနင္းလမ္းရွိ ဝန္ႀကီးခ်ဳပ္႐ုံးတြင္ တစ္ဦးတည္းခြဲကာေနထိုင္ခဲ့ျခင္းျဖစ္ၿပီး ယခုအခါ ကိုယ္ပူခ်ိန္ျမင့္မားေနေသာေၾကာင့္ ေဆး႐ုံတြင္ျပသရန္ ေဆးအဖြဲ႕က ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။

“ဝန္ႀကီးခ်ဳပ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတယ္လို႔ စစ္ေဆးေတြ႕ရွိၿပီး ၁၀ ရက္အၾကာမွာ ေရာဂါလကၡဏာေတြ ျပသေနဆဲျဖစ္တာ ေၾကာင့္ ဒါက ႀကိဳတင္ကာကြယ္မႈအေနနဲ႔ လုပ္ေဆာင္တာျဖစ္ပါတယ္။” ဟု ဝန္ႀကီးခ်ဳပ္႐ုံး ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ဆရာဝန္ ေဒါက္တာ ဆာရာ ဂ်ာဗစ္က ဘီဘီစီသို႔ ေျပာၾကားရာတြင္ ဝန္ႀကီးခ်ဳပ္သည္ အသက္ရႈရခက္ခဲေၾကာင္း ေတြ႕ရပါက ရင္ဘတ္ႏွင့္ အဆုပ္တို႔ကို ဓာတ္မွန္႐ိုက္ရဖြယ္ရွိေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူတို႔၏ ၈၀ ရာခိုင္ႏႈန္းသည္ မျပင္းထန္ေသာ ေရာဂါလကၡဏာမ်ား ခံစားရၿပီး က်န္ ၂၀ ရာခိုင္ႏႈန္းသာလွ်င္ အလယ္အလတ္ႏွင့္ ျပင္းထန္ေသာဖ်ားနာမႈမ်ား ခံစားရေလ့ရွိေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Boris Johnson ‘put on oxygen’ as he battles coronavirus in hospital (CNN, Reuter, Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service