NLD အစိုးရသက်တမ်းအတွင်း သဘာဝဓါတ်ငွေ့သိုက်ကြီး အသစ် ၃ခုကို တွေ့ရှိထားဟုဆို

NLD အစိုးရသက်တမ်းအတွင်း သဘာဝဓါတ်ငွေ့သိုက်ကြီး အသစ် ၃ခုကို တွေ့ရှိထားဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Apr 2020 10:45 am တွင် တင်ခဲ့သည်
1585 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

လက်ရှိ အစိုးရသက် တမ်းအတွင်း ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်များမှ သဘာဝဓာတ် ငွေ့သိုက်သုံးခု တူးဖော်တွေ့ရှိ ထားသည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာထွန်းနိုင်ကပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၏ စတုတ္ထမြောက် တစ်နှစ် တာအကြောင်းကို နိုင်ငံပိုင်သ တင်းစာများတွင် ဖော်ပြသည့်  အမေးအဖြေကဏ္ဍ၌ ၎င်းက  ထည့်သွင်းပြောကြားထားသည်။  ထိုလုပ်ကွက်များသည် ရခိုင်ကမ်း လွန်နှင့် ဧရာဝတီကမ်းလွန်တို့ တွင် တည်ရှိနေပြီး ရခိုင်ကမ်း လွန်ရှိ AD-7 လုပ်ကွက်၊ A-3 လုပ်ကွက်နှင့်ဧရာဝတီကမ်းလွန်ရှိ A-6 လုပ်ကွက်တို့ဖြစ်သည်ဟု ဒေါက်တာထွန်းနိုင်က ပြော သည်။

‘‘စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္ပ ဏီတွေက သူတို့လုပ်ကိုင်ခွင့်ရ ထားတဲ့ လုပ်ကွက်တွေအလိုက်  ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ ရာမှာ ရလဒ်ကောင်းတွေ ရှိပါ တယ်’’ဟု ဒုဝန်ကြီးကဆိုသည်။

ရခိုင်ကမ်းလွန်မြောက်ဖျားရှိ  AD-7 လုပ်ကွက်သည် ကိုရီးယား  Posco နှင့် ဩစတြေးလျကုမ္ပဏီ  Woodside တို့ လုပ်ကိုင်ခွင့်ရပြီး  ၂၀၁၆-၁၇ တွင် သဘာဝဓာတ် ငွေ့တွေ့ရှိထားခြင်းဖြစ်သည်။

ဩစတြေးလျ Woodside၊  ပြင်သစ် Totalနှင့် ပြည်တွင်းမှ  MPRL ကုမ္ပဏီတို့က ဧရာဝတီ ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင်  ၂၀၁၈-၁၉ က သဘာဝဓာတ်ငွေ့  ရှာဖွေတွေ့ရှိခဲ့သည်။ ကိုရီးယား  Poscoက လည်း ၂၀၁၉-၂၀ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ  ကမ်းလွန်လုပ်ကွက် A-3 တွင်  သဘာဝဓာတ်ငွေ့ ရှာတွေ့ခဲ့ သည်ဟု ဒေါက်တာထွန်းနိုင်က  ဆိုသည်။

မြန်မာနိုင်ငံတွင် ကုန်းတွင်း လုပ်ကွက် ၅၃ ကွက်နှင့် ကမ်းလွန် လုပ်ကွက် ၅၁ ကွက်ရှိပြီး ကမ်း လွန်လုပ်ကွက် ၂၅ ကွက်နှင့်  ကုန်းတွင်းလုပ်ကွက် ၃၁ ကွက်ကို  နိုင်ငံခြားကုမ္ပဏီများက ရင်းနှီး မြှုပ်နှံလုပ်ကိုင်နေသည်။ ထိုလုပ် ကွက်များမှ နှစ်စဉ် သဘာဝဓာတ် ငွေ့ ကုဗပေ ၆၀၀,၀၀၀ မှ ၆၇၀,၀၀၀ ကျော် ထုတ်လုပ်နေ သည်ဟုဆိုသည်။

ရေနံစိမ်းအနေဖြင့် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် သင်္ဘော ၃၈  စီး ပြည်ပတင်ပို့ခဲ့ရာမှ ယခုနှစ် တွင် ၄၈ စီး တင်ပို့ရန် လျာထား  သည်ဟု ဒုဝန်ကြီးကဆိုသည်။  A-3 လုပ်ကွက်ကို ကိုရီးယား ကုမ္ပဏီများဖြစ်သည့် Posco  Daewoo, KOGAS, အိန္ဒိယ  ကုမ္ပဏီများဖြစ်သည့် ONGC  Videsh, GAIL နှင့် မြန်မာ့ရေနံ  နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း  (MOGE) တို့က အချိုးကျပိုင်ဆိုင်  ပြီး ၂၀၀၄ ဖေဖော်ဝါရီက အစိုးရ  နှင့် ကုမ္ပဏီများကြား လက်မှတ်  ရေးထိုးခဲ့ခြင်းဖြစ်သည်။

၎င်းတို့တွေ့ရှိသည့် ဓာတ် ငွေ့သိုက်သည် ရေအောက်မီတာ  ၁,၀၀၀ ကျော်တွင် ပင်လယ်ကြမ်း  ပြင် မီတာ ၂,၆၀၀ ခန့်ကို တူးဖော်  ခဲ့ရခြင်းဖြစ်သည်ဟု ကိုရီးယား  ကုမ္ပဏီ Posco က ဆိုထားသည်။ ထိုဓာတ်ငွေ့သိုက်သည် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၃၈ သန်း  ထုတ်လုပ်နိုင်မည်ဟုဆိုသည်။  A-6 လုပ်ကွက်အတွင်း ဓာတ်ငွေ့သိုက်ငါးခု တွေ့ရှိထားပြီး  ဓာတ်ငွေ့သိုက်ပမာဏမှာ နှစ်ထရီလီယံကုဗပေမှ သုံးထရီလီယံ ကုဗပေအတွင်းရှိမည်ဟု ခန့်မှန်းတွက်ချက်ထားကာ ၂၀၂၃ တွင် စီးပွားဖြစ်စေနိုင်မည်ဟု ဝန်ကြီးဌာနက  ဆိုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

NLD အစိုးရသက္တမ္းအတြင္း သဘာ၀ဓါတ္​ေငြ႕သိုက္ႀကီး အသစ္ ၃ခုကို ​ေတြ႕ရွိထားဟုဆို

လက္ရွိ အစိုးရသက္ တမ္းအတြင္း ကမ္းလြန္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ တူးေဖာ္ေရး လုပ္ကြက္မ်ားမွ သဘာဝဓာတ္ ေငြ႕သိုက္သုံးခု တူးေဖာ္ေတြ႕ရွိ ထားသည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္ကေျပာသည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဌာန၏ စတုတၳေျမာက္ တစ္ႏွစ္ တာအေၾကာင္းကို ႏိုင္ငံပိုင္သ တင္းစာမ်ားတြင္ ေဖာ္ျပသည့္ အေမးအေျဖက႑၌ ၎က ထည့္သြင္းေျပာၾကားထားသည္။ ထိုလုပ္ကြက္မ်ားသည္ ရခိုင္ကမ္း လြန္ႏွင့္ ဧရာဝတီကမ္းလြန္တို႔ တြင္ တည္ရွိေနၿပီး ရခိုင္ကမ္း လြန္ရွိ AD-7 လုပ္ကြက္၊ A-3 လုပ္ကြက္ႏွင့္ဧရာဝတီကမ္းလြန္ရွိ A-6 လုပ္ကြက္တို႔ျဖစ္သည္ဟု ေဒါက္တာထြန္းႏိုင္က ေျပာ သည္။

‘‘စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ကုမၸ ဏီေတြက သူတို႔လုပ္ကိုင္ခြင့္ရ ထားတဲ့ လုပ္ကြက္ေတြအလိုက္ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ရွာေဖြ ရာမွာ ရလဒ္ေကာင္းေတြ ရွိပါ တယ္’’ဟု ဒုဝန္ႀကီးကဆိုသည္။

ရခိုင္ကမ္းလြန္ေျမာက္ဖ်ားရွိ AD-7 လုပ္ကြက္သည္ ကိုရီးယား Posco ႏွင့္ ဩစေၾတးလ်ကုမၸဏီ Woodside တို႔ လုပ္ကိုင္ခြင့္ရၿပီး ၂၀၁၆-၁၇ တြင္ သဘာဝဓာတ္ ေငြ႕ေတြ႕ရွိထားျခင္းျဖစ္သည္။

ဩစေၾတးလ် Woodside၊ ျပင္သစ္ Totalႏွင့္ ျပည္တြင္းမွ MPRL ကုမၸဏီတို႔က ဧရာဝတီ ကမ္းလြန္ရွိ A-6 လုပ္ကြက္တြင္ ၂၀၁၈-၁၉ က သဘာဝဓာတ္ေငြ႕ ရွာေဖြေတြ႕ရွိခဲ့သည္။ ကိုရီးယား Poscoက လည္း ၂၀၁၉-၂၀ တြင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ကမ္းလြန္လုပ္ကြက္ A-3 တြင္ သဘာဝဓာတ္ေငြ႕ ရွာေတြ႕ခဲ့ သည္ဟု ေဒါက္တာထြန္းႏိုင္က ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ကုန္းတြင္း လုပ္ကြက္ ၅၃ ကြက္ႏွင့္ ကမ္းလြန္ လုပ္ကြက္ ၅၁ ကြက္ရွိၿပီး ကမ္း လြန္လုပ္ကြက္ ၂၅ ကြက္ႏွင့္ ကုန္းတြင္းလုပ္ကြက္ ၃၁ ကြက္ကို ႏိုင္ငံျခားကုမၸဏီမ်ားက ရင္းႏွီး ျမႇဳပ္ႏွံလုပ္ကိုင္ေနသည္။ ထိုလုပ္ ကြက္မ်ားမွ ႏွစ္စဥ္ သဘာဝဓာတ္ ေငြ႕ ကုဗေပ ၆၀၀,၀၀၀ မွ ၆၇၀,၀၀၀ ေက်ာ္ ထုတ္လုပ္ေန သည္ဟုဆိုသည္။

ေရနံစိမ္းအေနျဖင့္ ၂၀၁၇- ၁၈ ဘ႑ာႏွစ္တြင္ သေဘၤာ ၃၈ စီး ျပည္ပတင္ပို႔ခဲ့ရာမွ ယခုႏွစ္ တြင္ ၄၈ စီး တင္ပို႔ရန္ လ်ာထား သည္ဟု ဒုဝန္ႀကီးကဆိုသည္။ A-3 လုပ္ကြက္ကို ကိုရီးယား ကုမၸဏီမ်ားျဖစ္သည့္ Posco Daewoo, KOGAS, အိႏၵိယ ကုမၸဏီမ်ားျဖစ္သည့္ ONGC Videsh, GAIL ႏွင့္ ျမန္မာ့ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္း (MOGE) တို႔က အခ်ိဳးက်ပိုင္ဆိုင္ ၿပီး ၂၀၀၄ ေဖေဖာ္ဝါရီက အစိုးရ ႏွင့္ ကုမၸဏီမ်ားၾကား လက္မွတ္ ေရးထိုးခဲ့ျခင္းျဖစ္သည္။

၎တို႔ေတြ႕ရွိသည့္ ဓာတ္ ေငြ႕သိုက္သည္ ေရေအာက္မီတာ ၁,၀၀၀ ေက်ာ္တြင္ ပင္လယ္ၾကမ္း ျပင္ မီတာ ၂,၆၀၀ ခန႔္ကို တူးေဖာ္ ခဲ့ရျခင္းျဖစ္သည္ဟု ကိုရီးယား ကုမၸဏီ Posco က ဆိုထားသည္။ ထိုဓာတ္ေငြ႕သိုက္သည္ တစ္ရက္လွ်င္ သဘာဝ ဓာတ္ေငြ႕ ကုဗေပ ၃၈ သန္း ထုတ္လုပ္ႏိုင္မည္ဟုဆိုသည္။ A-6 လုပ္ကြက္အတြင္း ဓာတ္ေငြ႕သိုက္ငါးခု ေတြ႕ရွိထားၿပီး ဓာတ္ေငြ႕သိုက္ပမာဏမွာ ႏွစ္ထရီလီယံကုဗေပမွ သုံးထရီလီယံ ကုဗေပအတြင္းရွိမည္ဟု ခန႔္မွန္းတြက္ခ်က္ထားကာ ၂၀၂၃ တြင္ စီးပြားျဖစ္ေစႏိုင္မည္ဟု ဝန္ႀကီးဌာနက ဆိုထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service