အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အခန်းထောင့်များတွင် ကြက်သွန်နီများ ချထားလျက်ရှိ

အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အခန်းထောင့်များတွင် ကြက်သွန်နီများ ချထားလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
6 Apr 2020 12:54 pm တွင် တင်ခဲ့သည်
11750 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အင်္ဂလန်နိုင်ငံတွင် မိခင်များသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် ၎င်းတို့ကလေးငယ်များ၏ အခန်းထောင့်များတွင် ကြက်သွန်နီများ ချထားလျက်ရှိကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။

ကမ္ဘာကျော် စာပို့ application တစ်ခုဖြစ်သော WhatsApp တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသည့် သတင်းတုများ၊ ကောလာဟလများ များစွာ ပျံ့နှံ့လျက်ရှိနေသည်။

WhatsApp တွင် ပျံ့နှံ့နေသည့် သတင်းတစ်ပုဒ်မှာ အခန်းထောင့်တွင် ကြက်သွန်နီများထားရှိပါက အခန်းတွင်းနေထိုင်သူများကို covid-19 မှ ကာကွယ်ပေးနိုင်သည်ဟူသောသတင်းတစ်ခုဖြစ်ပြီး မိဘများစွာက လုပ်ဆောင်လျက်ရှိနေသည်။

Ashford မှ ၁၉ နှစ်အရွယ် မိန်းကလေးဖြစ်သော တီမီလိုလူဝါ အိုဆီနီက ပြောကြားရာတွင် သူမ၏မိခင် အေဘီအိုလာ အိုဆီနီ (အသက် ၄၆ နှစ်) သည် နေအိမ်ရှိ အခန်းထောင့်တိုင်းတွင် ကြက်သွန်နီများထားရှိနေကြောင်း၊ ကြက်သွန်နီများသည် ကိုရိုနာဗိုင်းရပ်စ်မှ ဘက်တီးရီးယားကို စုပ်ယူနိုင်သည်ဟု မိခင်ဖြစ်သူက ယုံကြည်နေကြောင်း၊ ကြက်သွန်နီများထားခြင်းဖြင့် မိသားစုကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားသည်။

တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ တီမီလိုလူဝါက ပြောကြားရာတွင် “ကြက်သွန်နီတွေဟာ ကိုရိုနာဗိုင်းရပ်စ်မှာရှိတဲ့ ဆိုးရွားတဲ့ ဘက်တီးရီးယားတွေကို စုပ်ယူနိုင်စွမ်းရှိတယ်လို့ အမေက ယုံကြည်နေပါတယ်” ဟု ပြောကြားသည်။

မိခင်ဖြစ်သူ အေဘီအိုလာသည် အခန်းထဲတွင် ကြက်သွန်နီနံ့ ရနေစေရန်အတွက် နေ့စဉ်နေ့တိုင်း ကြက်သွန်နီအလွှာများကို ခွာခွာပေးလေ့ရှိသည်ဟု ဆိုသည်။

“အဲဒါတွေတွေ့တော့ ကျွန်မ ရယ်မိတယ်။ ဘာလို့လဲဆိုတော့ WhatsApp မှာတွေ့တဲ့ သတင်းတုတွေကို အမေက ယုံကြည်လေ့ မရှိခဲ့ဘူးလေ။ အခုတော့ ဒါတွေကို ယုံသွားတယ်ဆိုတာ ရယ်ဖို့ကောင်းပါတယ်။ ဘယ်လိုကာကွယ်ပေးတာလဲဆိုတဲ့ အကြောင်းရင်း မေးကြည့်ပါတယ်။ ဒါပေမယ့် သူနဲ့ ငြင်းတာခုံတာတော့ မလုပ်ခဲ့ပါဘူး”

“အခုထိ ကြက်သွန်နီတွေ ရှိနေတုန်းပါပဲ။ အမေက နေ့တိုင်း ကြက်သွန်နီအလွှာတွေ ခွာခွာပေးတယ်”

“အမေက အရင်ကဆို အိမ်ထဲမှာ လိမ္မော်ခွံ၊ ရှောက်ခွံတွေ နေရာအနှံ့ ထားတတ်ပါတယ်။ တခါတလေတော့ အခန်းထောင့်မှာ ဆားရေခွက် ထားတတ်တယ်။ အခန်းရဲ့လေထုကို သန့်ရှင်းစေဖို့နဲ့ သိပ်ပြီးခြောက်သွေ့မနေစေဖို့ ဖြစ်ပါတယ်။”

တီမီလိုလူဝါက မိခင်ဖြစ်သူထားရှိထားသည့် ကြက်သွန်နီများကို ဓာတ်ပုံရိုက်ပြီး တွစ်တာအကောင့်တွင် တင်ခဲ့ရာ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပြုရာတွင် မိမိတို့၏မိခင်များ၊ အဒေါ်များနှင့် အဘွားများကို WhatsApp မပေးသင့်ကြောင်း ရေးသားသည်။

အခြားတစ်ဦးက ရေးသားရာတွင်မူ “ဒီဓာတ်ပုံကို အမေ့ကို ပြတယ်။ အမေက ဘာပြောလဲဆိုတော့….အဲဒါအမှန်ပဲ…ပလိပ်ရောဂါကြီး ဖြစ်တုန်းက ပြင်သစ်နိုင်ငံဟာ ဒီနည်းလမ်းနဲ့ ကျော်ဖြတ်လာနိုင်တာ….တဲ့” ဟု မှတ်ချက်ပြု ရေးသားသည်။

နေအိမ်တစ်ဝန်း ကြက်သွန်နီများ ထားရှိခြင်းမှာ ဟင်းချက်ရာတွင် လိုအပ်သည့်ပစ္စည်းတစ်ခုကို ဖြုန်းတီးမှုဖြစ်သည်မှလွဲပြီး အခြားအန္တရာယ်ကား မရှိချေ။

သို့သော် နေအိမ်အတွင်း ကြက်သွန်နီနံများဖြင့် အသက်ရှုရ မကောင်းခြင်းကား ဖြစ်နိုင်သည်။

အနံ့စူးရှသည့် ကြက်သွန်နီသည် covid-19 ကို ကာကွယ်၊ ကုသနိုင်ခြင်း (သို့မဟုတ်) အခြားနည်းလမ်းတစ်ခုခုဖြင့် တိုက်ဖျက်နိုင်ခြင်းနှင့် စပ်လျဉ်းပြီး သိပ္ပံပညာအထောက်အထားကား မရှိချေ။

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့် ဆေးမပေါ်ပေါက်သေးရာ ကျွနု်ပ်တို့ လုပ်ဆောင်နိုင်မည့် အကောင်းဆုံးအရာမှာ နေအိမ်တွင်သာ နေထိုင်ကြရန်သာဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ 

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင်  ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mums are leaving onions in their kids’ rooms to ‘protect against coronavirus’ (Metro)

### Zawgyi Version ###

အဂၤလန္တြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ရန္ အခန္းေထာင့္မ်ားတြင္ ၾကက္သြန္နီမ်ား ခ်ထားလ်က္ရွိ

အဂၤလန္ႏိုင္ငံတြင္ မိခင္မ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ရန္အတြက္ ၎တို႔ကေလးငယ္မ်ား၏ အခန္းေထာင့္မ်ားတြင္ ၾကက္သြန္နီမ်ား ခ်ထားလ်က္ရွိေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္မ်ားတြင္ ေဖာ္ျပသည္။

ကမၻာေက်ာ္ စာပို႔ application တစ္ခုျဖစ္ေသာ WhatsApp တြင္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ စပ္လ်ဥ္းသည့္ သတင္းတုမ်ား၊ ေကာလာဟလမ်ား မ်ားစြာ ပ်ံ ႔ႏွံ႔လ်က္ရွိေနသည္။

WhatsApp တြင္ ပ်ံ ႔ႏွံ႔ေနသည့္ သတင္းတစ္ပုဒ္မွာ အခန္းေထာင့္တြင္ ၾကက္သြန္နီမ်ားထားရွိပါက အခန္းတြင္းေနထိုင္သူမ်ားကို covid-19 မွ ကာကြယ္ေပးႏိုင္သည္ဟူေသာသတင္းတစ္ခုျဖစ္ျပီး မိဘမ်ားစြာက လုပ္ေဆာင္လ်က္ရွိေနသည္။

Ashford မွ ၁၉ ႏွစ္အရြယ္ မိန္းကေလးျဖစ္ေသာ တီမီလိုလူဝါ အိုဆီနီက ေျပာၾကားရာတြင္ သူမ၏မိခင္ ေအဘီအိုလာ အိုဆီနီ (အသက္ ၄၆ ႏွစ္) သည္ ေနအိမ္ရွိ အခန္းေထာင့္တိုင္းတြင္ ၾကက္သြန္နီမ်ားထားရွိေနေၾကာင္း၊ ၾကက္သြန္နီမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္မွ ဘက္တီးရီးယားကို စုပ္ယူႏိုင္သည္ဟု မိခင္ျဖစ္သူက ယံုၾကည္ေနေၾကာင္း၊ ၾကက္သြန္နီမ်ားထားျခင္းျဖင့္ မိသားစုကို ကိုရိုနာဗိုင္းရပ္စ္ မကူးစက္ေအာင္ ကာကြယ္ေပးႏိုင္မည္ဟု ယံုၾကည္ေနေၾကာင္း ေျပာၾကားသည္။

တကၠသိုလ္ေက်ာင္းသူတစ္ဦးျဖစ္သူ တီမီလုိလူဝါက ေျပာၾကားရာတြင္ “ၾကက္သြန္နီေတြဟာ ကိုရိုနာဗိုင္းရပ္စ္မွာရွိတဲ့ ဆိုးရြားတဲ့ ဘက္တီးရီးယားေတြကို စုပ္ယူႏိုင္စြမ္းရွိတယ္လို႔ အေမက ယံုၾကည္ေနပါတယ္” ဟု ေျပာၾကားသည္။

မိခင္ျဖစ္သူ ေအဘီအိုလာသည္ အခန္းထဲတြင္ ၾကက္သြန္နီနံ႔ ရေနေစရန္အတြက္ ေန႔စဥ္ေန႔တိုင္း ၾကက္သြန္နီအလႊာမ်ားကို ခြာခြာေပးေလ့ရွိသည္ဟု ဆိုသည္။

“အဲဒါေတြေတြ႔ေတာ့ ကၽြန္မ ရယ္မိတယ္။ ဘာလို႔လဲဆိုေတာ့ WhatsApp မွာေတြ႔တဲ့ သတင္းတုေတြကို အေမက ယံုၾကည္ေလ့ မရွိခဲ့ဘူးေလ။ အခုေတာ့ ဒါေတြကို ယံုသြားတယ္ဆိုတာ ရယ္ဖို႔ေကာင္းပါတယ္။ ဘယ္လိုကာကြယ္ေပးတာလဲဆိုတဲ့ အေၾကာင္းရင္း ေမးၾကည့္ပါတယ္။ ဒါေပမယ့္ သူနဲ႔ ျငင္းတာခံုတာေတာ့ မလုပ္ခဲ့ပါဘူး”

“အခုထိ ၾကက္သြန္နီေတြ ရွိေနတုန္းပါပဲ။ အေမက ေန႔တုိင္း ၾကက္သြန္နီအလႊာေတြ ခြာခြာေပးတယ္”

“အေမက အရင္ကဆို အိမ္ထဲမွာ လိေမၼာ္ခြံ၊ ေရွာက္ခြံေတြ ေနရာအႏွံ႔ ထားတတ္ပါတယ္။ တခါတေလေတာ့ အခန္းေထာင့္မွာ ဆားေရခြက္ ထားတတ္တယ္။ အခန္းရဲ ႔ေလထုကို သန္႔ရွင္းေစဖို႔နဲ႔ သိပ္ျပီးေျခာက္ေသြ႔မေနေစဖို႔ ျဖစ္ပါတယ္။”

တီမီလုိလူဝါက မိခင္ျဖစ္သူထားရွိထားသည့္ ၾကက္သြန္နီမ်ားကို ဓာတ္ပံုရိုက္ျပီး တြစ္တာအေကာင့္တြင္ တင္ခဲ့ရာ တြစ္တာအသံုးျပဳသူတစ္ဦးက မွတ္ခ်က္ျပဳရာတြင္ မိမိတို႔၏မိခင္မ်ား၊ အေဒၚမ်ားႏွင့္ အဘြားမ်ားကို WhatsApp မေပးသင့္ေၾကာင္း ေရးသားသည္။

အျခားတစ္ဦးက ေရးသားရာတြင္မူ “ဒီဓာတ္ပံုကို အေမ့ကို ျပတယ္။ အေမက ဘာေျပာလဲဆိုေတာ့….အဲဒါအမွန္ပဲ…ပလိပ္ေရာဂါၾကီး ျဖစ္တုန္းက ျပင္သစ္ႏိုင္ငံဟာ ဒီနည္းလမ္းနဲ႔ ေက်ာ္ျဖတ္လာႏိုင္တာ….တဲ့” ဟု မွတ္ခ်က္ျပဳ ေရးသားသည္။

ေနအိမ္တစ္ဝန္း ၾကက္သြန္နီမ်ား ထားရွိျခင္းမွာ ဟင္းခ်က္ရာတြင္ လိုအပ္သည့္ပစၥည္းတစ္ခုကို ျဖဳန္းတီးမႈျဖစ္သည္မွလြဲျပီး အျခားအႏၱရာယ္ကား မရွိေခ်။

သို႔ေသာ္ ေနအိမ္အတြင္း ၾကက္သြန္နီနံမ်ားျဖင့္ အသက္ရႈရ မေကာင္းျခင္းကား ျဖစ္ႏိုင္သည္။

အနံ႔စူးရွသည့္ ၾကက္သြန္နီသည္ covid-19 ကို ကာကြယ္၊ ကုသႏိုင္ျခင္း (သို႔မဟုတ္) အျခားနည္းလမ္းတစ္ခုခုျဖင့္ တိုက္ဖ်က္ႏိုင္ျခင္းႏွင့္ စပ္လ်ဥ္းျပီး သိပၸံပညာအေထာက္အထားကား မရွိေခ်။

လက္ရွိအခ်ိန္အထိ ကိုရိုနာဗိုင္းရပ္စ္ကို ကုသႏိုင္မည့္ ေဆးမေပၚေပါက္ေသးရာ ကၽြႏု္ပ္တုိ႔ လုပ္ေဆာင္ႏိုင္မည့္ အေကာင္းဆံုးအရာမွာ ေနအိမ္တြင္သာ ေနထိုင္ၾကရန္သာျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mums are leaving onions in their kids’ rooms to ‘protect against coronavirus’ (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service