ကျန်းမာရေးဝန်ထမ်းများအတွက် ဂျာမနီက မှာယူထားသည့် mask များကို အမေရိကန် ကြားဖြတ်သိမ်းယူ

ကျန်းမာရေးဝန်ထမ်းများအတွက် ဂျာမနီက မှာယူထားသည့် mask များကို အမေရိကန် ကြားဖြတ်သိမ်းယူ - Property News in Myanmar from iMyanmarHouse.com
5 Apr 2020 12:14 pm တွင် တင်ခဲ့သည်
31829 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြီး ပေါ်ပေါက်နေသည့် ဥရောပနိုင်ငံများသို့ ပို့ဆောင်မည့် မျက်နှာဖုံးနှာခေါင်းစည်း (mask) သန်းပေါင်းများစွာ သင်္ဘောဖြင့် တင်ဆောင်လာမှုကို အမေရိကန်ပြည်ထောင်စုက သိမ်းဆည်းလိုက် တရုတ်နိုင်ငံရှိ 3M အမည်ရှိစက်ရုံမှ mask ပေါင်း ၂၀၀၀၀၀ မှာယူထားမှုကို ကြားဖြတ်သိမ်းယူခဲ့သောကြောင့် ဂျာမန်အရာရှိတို့က အမေရိကန်ကို ဝေဖန်ရှုတ်ချခဲ့သည်။

3M သည် အမေရိကန်ပိုင် ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် mask များကို သိမ်းယူနိုင်မည့် အခွင့်အရေး ရသွားခြင်းလည်း ဖြစ်သည်။ FFP2 နှင့် FFP3 အမျိုးအစား အထူး mask များသည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကုသရေးတွင် ပါဝင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် တင်ပို့ရန် စီစဉ်ထားခြင်း ဖြစ်သည်။

အဆိုပါ mask များကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရှိ 3M ၏ စက်ရုံမှ တင်ဆောင်ခဲ့ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထပ်မံ ကုန်တင်ပြီးနောက် ဂျာမနီနိုင်ငံသို့ ပျံသန်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ဘန်ကောက်လေဆိပ်တွင် ကြားဖြတ်သိမ်းယူခံရပြီး အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခြင်း ခံခဲ့ရသည်။

“ဒါဟာ ခေတ်သစ်ဓားပြတိုက်နည်းပဲလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ဂျာမနီ ပြည်ထဲရေးဝန်ကြီး Andreas Geisel က ပြစ်တင်ရှုတ်ချလိုက်သည်။

“ခင်ဗျားတို့ရဲ့ အတ္တလန္တိတ်ဖြတ်ကျော် မိတ်ဖက်တွေကို ဒီလိုမျိုး ဆက်ဆံပြုမူတာ မလုပ်ပါနဲ့” ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း The Financial Times တွင် ဖော်ပြသည်။

အမေရိကန်အား နိုင်ငံတကာစည်းမျဉ်းဥပဒေများ လိုက်နာစေရေး ဖိအားပေးရန် ဂျာမနီအစိုးရကို ပြည်ထဲရေးဝန်ကြီးက တောင်းဆိုခဲ့သည်။

ဘာလင်မြို့တော်ဝန်ကလည်း သမ္မတထရမ့်ကို စည်းလုံးညီညွှတ်မှု မရှိသူဖြစ်ကြောင်း စွပ်စွဲလိုက်သည်။

အမေရိကန်တွင် အရေးပေါ်ပစ္စည်းများ ကုန်ခမ်းနေခြင်းကြောင့် အမေရိကန်နိုင်ငံသားတို့အတွက် mask များနှင့် အခြားသော အကာအကွယ်ပစ္စည်းများ ရနိုင်ရန် ဒေါ်နယ်ထရမ့်က အပြင်းအထန်ကြိုးပမ်းနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သော ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်သူများအတွက် mask များ ပိုမိုထုတ်လုပ်ပေးရန် 3M ကုမ္ပဏီကို ပြီးခဲ့သော ကြာသပတေးနေ့က အမိန့်ပေးခဲ့သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၈၀၀၀ ကျော်ရှိနေပြီး သေဆုံးသူမှာ ၆၆၀၀ ကျော်ရှိပြီ ဖြစ်သည်။

သို့သော် ဂျာမနီသည်လည်း ကူးစက်ခံရသူ ၉၀၉၆၄ ဦးနှင့်သေဆုံးသူ ၁၂၃၄ ဦးအထိရှိနေပြီ ဖြစ်သည်။ (သောကြာနေ့ မွန်းလွဲချိန် စာရင်း)

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Germany accuses the US of 'modern day piracy' for seizing a shipment of medical equipment - as French officials claim they were forced to fight with American buyers for millions of masks on a Chinese tarmac (Mail Online)

### Zawgyi Version ###

က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ဂ်ာမနီက မွာယူထားသည့္ mask မ်ားကို အေမရိကန္ ၾကားျဖတ္သိမ္းယူ

ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈႀကီး ေပၚေပါက္ေနသည့္ ဥေရာပႏိုင္ငံမ်ားသို႔ ပို႔ေဆာင္မည့္ မ်က္ႏွာဖုံးႏွာေခါင္းစည္း (mask) သန္းေပါင္းမ်ားစြာ သေဘၤာျဖင့္ တင္ေဆာင္လာမႈကို အေမရိကန္ျပည္ေထာင္စုက သိမ္းဆည္းလိုက္ တ႐ုတ္ႏိုင္ငံရွိ 3M အမည္ရွိစက္႐ုံမွ mask ေပါင္း ၂၀၀၀၀၀ မွာယူထားမႈကို ၾကားျဖတ္သိမ္းယူခဲ့ေသာေၾကာင့္ ဂ်ာမန္အရာရွိတို႔က အေမရိကန္ကို ေဝဖန္ရႈတ္ခ်ခဲ့သည္။

3M သည္ အေမရိကန္ပိုင္ ကုမၸဏီတစ္ခုျဖစ္ေသာေၾကာင့္ mask မ်ားကို သိမ္းယူႏိုင္မည့္ အခြင့္အေရး ရသြားျခင္းလည္း ျဖစ္သည္။ FFP2 ႏွင့္ FFP3 အမ်ိဳးအစား အထူး mask မ်ားသည္ ဂ်ာမနီႏိုင္ငံ၊ ဘာလင္ၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကုသေရးတြင္ ပါဝင္ေနၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ တင္ပို႔ရန္ စီစဥ္ထားျခင္း ျဖစ္သည္။

အဆိုပါ mask မ်ားကို တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းရွိ 3M ၏ စက္႐ုံမွ တင္ေဆာင္ခဲ့ကာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ထပ္မံ ကုန္တင္ၿပီးေနာက္ ဂ်ာမနီႏိုင္ငံသို႔ ပ်ံသန္းရန္ စီစဥ္ထားျခင္း ျဖစ္သည္။

သို႔ေသာ္ ဘန္ေကာက္ေလဆိပ္တြင္ ၾကားျဖတ္သိမ္းယူခံရၿပီး အေမရိကန္ျပည္ေထာင္စုသို႔ တင္ပို႔ျခင္း ခံခဲ့ရသည္။

“ဒါဟာ ေခတ္သစ္ဓားျပတိုက္နည္းပဲလို႔ ကြၽန္ေတာ္တို႔ ယူဆပါတယ္” ဟု ဂ်ာမနီ ျပည္ထဲေရးဝန္ႀကီး Andreas Geisel က ျပစ္တင္ရႈတ္ခ်လိုက္သည္။

“ခင္ဗ်ားတို႔ရဲ႕ အတၱလႏၲိတ္ျဖတ္ေက်ာ္ မိတ္ဖက္ေတြကို ဒီလိုမ်ိဳး ဆက္ဆံျပဳမူတာ မလုပ္ပါနဲ႔” ဟု ျပည္ထဲေရးဝန္ႀကီးက ေျပာၾကားခဲ့ေၾကာင္း The Financial Times တြင္ ေဖာ္ျပသည္။

အေမရိကန္အား ႏိုင္ငံတကာစည္းမ်ဥ္းဥပေဒမ်ား လိုက္နာေစေရး ဖိအားေပးရန္ ဂ်ာမနီအစိုးရကို ျပည္ထဲေရးဝန္ႀကီးက ေတာင္းဆိုခဲ့သည္။

ဘာလင္ၿမိဳ႕ေတာ္ဝန္ကလည္း သမၼတထရမ့္ကို စည္းလုံးညီၫႊတ္မႈ မရွိသူျဖစ္ေၾကာင္း စြပ္စြဲလိုက္သည္။

အေမရိကန္တြင္ အေရးေပၚပစၥည္းမ်ား ကုန္ခမ္းေနျခင္းေၾကာင့္ အေမရိကန္ႏိုင္ငံသားတို႔အတြက္ mask မ်ားႏွင့္ အျခားေသာ အကာအကြယ္ပစၥည္းမ်ား ရႏိုင္ရန္ ေဒၚနယ္ထရမ့္က အျပင္းအထန္ႀကိဳးပမ္းေနသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္လည္းျဖစ္ေသာ ေဒၚနယ္ထရမ့္သည္ အေမရိကန္ျပည္သူမ်ားအတြက္ mask မ်ား ပိုမိုထုတ္လုပ္ေပးရန္ 3M ကုမၸဏီကို ၿပီးခဲ့ေသာ ၾကာသပေတးေန႔က အမိန႔္ေပးခဲ့သည္။

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၅၈၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူမွာ ၆၆၀၀ ေက်ာ္ရွိၿပီ ျဖစ္သည္။

သို႔ေသာ္ ဂ်ာမနီသည္လည္း ကူးစက္ခံရသူ ၉၀၉၆၄ ဦးႏွင့္ေသဆုံးသူ ၁၂၃၄ ဦးအထိရွိေနၿပီ ျဖစ္သည္။ (ေသာၾကာေန႔ မြန္းလြဲခ်ိန္ စာရင္း)

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Germany accuses the US of 'modern day piracy' for seizing a shipment of medical equipment - as French officials claim they were forced to fight with American buyers for millions of masks on a Chinese tarmac (Mail Online)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service