ကိုရိုနာဗိုင်းရပ်စ်၏ လူသိနည်းသည့် အစောပိုင်းရောဂါလက္ခဏာ ၄ ရပ်

ကိုရိုနာဗိုင်းရပ်စ်၏ လူသိနည်းသည့် အစောပိုင်းရောဂါလက္ခဏာ ၄ ရပ် - Property News in Myanmar from iMyanmarHouse.com
3 Apr 2020 12:13 pm တွင် တင်ခဲ့သည်
177691 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း ကြောက်မက်ဖွယ် ဆက်လက်ပြန့်ပွားနေပြီး ပြည်သူများအကြားတွင်လည်း ရောဂါကူးစက်ခံရသည်ဟု သိထားကြသည့် လက္ခဏာရပ်များပေါ်ပေါက်နေသူများအပေါ် အထူးတပ်လှန့် သတိထားနေကြသည်။

ယနေ့ (ဧပြီလ ၃ ရက်) အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ၁၀၁၅၄၀၃ ဦး ကူးစက်ခံထားရပြီး ၅၃၀၃၀ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

ထိုသို့ ကူးစက်မှု အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျွမ်းကျင်ပုဂ္ဂိုလ်တို့သည် ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပိုမိုသိနားလည်လာကြသည်။

ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်ပူချိန်မြင့်မားခြင်းနှင့် မောပန်းခြင်းတို့သည် Covid-19 ၏ ကနဦးလက္ခဏာများဖြစ်ကြောင်း သာမန်ပြည်သူအားလုံး သိရှိနေပြီ ဖြစ်သည်။

အသက်ရှုရခက်ခဲလာချိန်သည်ကား ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်နေပြီဖြစ်သည့်ကာလဖြစ်ကြောင်းလည်း နားလည်ထားကြသည်။

သို့သော် လူသိနည်းသည့် အခြားရောဂါလက္ခဏာများလည်းရှိသည်။ အဆိုပါ လက္ခဏာများ ခံစားရသူ များစွာသည် နောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိလေ့ ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ရှိနေနိုင်ကြောင်း ပြသနေသည့် လက္ခဏာ ၄ ခုကား…

(၁) ဗိုက်နာခြင်း

ဗိုက်မကောင်းခြင်းသည် အစာမကြေခြင်းကြောင့် ဖြစ်နိုင်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ပြသသည့် လက္ခဏာလည်း ဖြစ်နေနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအချို့သည် အခြားသော ရောဂါလက္ခဏာများ မပြမီ ဗိုက်နာသည့်ဝေဒနာခံစားရသည်ဟု ဆိုသည်။

သုတေသနပညာရှင်များသည် တရုတ်ပြည်၊ ဟူပေ့ပြည်နယ်ရှိ Covid-19 ကူးစက်ခံရသူ ၂၀၄ ဦးထံမှ အချက်အလက်များကို ရယူကာ စမ်းစစ်ခဲ့ရာတွင် ဆေးရုံသို့ရောက်လာသော လူနာများ၏ ၄၈ ရာခိုင်နှုန်းသည် အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်သော ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း အစရှိသည့် လက္ခဏာများဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ကို တွေ့ရသည်။

လန်ဒန်မြို့ အနောက်တောင်ပိုင်း၊ ဘာလ်ဟမ်အရပ်နေ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သူ အစ္စလာ ဟာစလမ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရချိန်တွင် အစာအိမ်ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

(၂) ခံတွင်းပျက်ခြင်းနှင့် အနံ့မရခြင်း

ဆရာဝန်တို့က သတိပေးထားရာတွင် ခံတွင်းပျက်ခြင်းနှင့် အနံ့မရခြင်းတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာတစ်ရပ် ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

ဗြိတိသျှ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးပညာအသင်း (BAO) က ပြောကြားရာတွင် ယင်းသို့သော အာရုံခံစနစ် ပျောက်ဆုံးသွားသူ များသည် အခြားရောဂါလက္ခဏာများ မပေါ်ပေါက်သေးလျှင်သော်မှ တစ်ဦးတည်း ချက်ချင်းသီးသန့်နေထိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

မျက်မြှေးှရောင်နာကဲ့သို့ မျက်စိကူးစက်ရောဂါရခြင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်၏ အခြားလက္ခဏာတစ်ခုဖြစ်နိုင်ကြောင်း BAO က သတိပေးသည်။

အခြားနိုင်ငံများတွင် တွေ့ရသော အထောက်အထားများအရ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်သောလမ်းကြောင်းမှာ မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းနေရာများမှ ဖြစ်ကြောင်း BAO က ထုတ်ပြန်သည်။ “ကျွန်တော်တို့က ခံတွင်းပျက်တာနဲ့ အနံ့မရတာဆိုတဲ့ ရောဂါလက္ခဏာသစ်တစ်ခု ထပ်ပြီးဖော်ထုတ်ပါတယ်။ တခြားလက္ခဏာတွေ မပြပေမယ့် အာရုံခံစနစ်ပျောက်သွားတဲ့သူတွေအဖို့ ဗိုင်းရပ်စ် ကူးစက်မှု လျှော့ချနိုင်ဖို့အတွက် တစ်ဦးတည်းနေထိုင်ရမှာ ဖြစ်ပါတယ်” ဟု BAO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(၃) ဦးနှောက်မကြည်လင်ခြင်း၊ ထုံထိုင်းနေခြင်း

ဦးနှောက်မကြည်လင်ခြင်း (သို့မဟုတ်) အလွန်အမင်း စိတ်ပင်ပန်းနွမ်းနယ်ခြင်းသည်လည်း ကိုရိုနာဗိုင်းရပ်စ်၏ ကနဦးလက္ခဏာတစ်ရပ် ဖြစ်၏။

အဆိုပါလက္ခဏာကို ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာတစ်ရပ်အဖြစ် တရားဝင်သတ်မှတ်မထားသော်လည်း Covid-19 ကူးစက်ခံရသူတို့တွင် အစောပိုင်းကာလတွင် အဆိုပါအခြေအနေများ ခံစားရတတ်သည်ဟု ဆိုသည်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်ပြီး ကလေး ၃ ယောက်မိခင်ဖြစ်သူ သီယာဂျာဒန်က ပြောကြားရာတွင် Covid-19 ကူးစက်ခံခဲ့ရပြီးနောက် သူမတွင် ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများ မဖြစ်ခဲ့ကြောင်း၊ လည်ချောင်းထဲတွင် ယားယံပြီး ခေါင်းကိုက်ခြင်း၊ ဦးနှောက်မကြည်လင်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားသည်။

(၄) ပင်ပန်းနွမ်းနယ်ခြင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အခြားသော ရောဂါလက္ခဏာများ မပေါ်ပေါက်မီ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှု ခံစားရလေ့ရှိကြသည်။

အမေရိကန်ဆေးဝါးအသင်းဂျာနယ်တွင် ဖော်ပြသော ဆောင်းပါးတစ်ပုဒ်အရ Covid-19 ဖြင့် ဆေးရုံရောက်လာသော လူနာများ၏ ၄၄ ရာခိုင်နှုန်းခန့်သည် ခြေကုန်လက်ပန်းကျခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းများ ခံစားကြရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:The 4 mild coronavirus symptoms you should not ignore (The Sun)

### Zawgyi Version ###

ကို႐ိုနာဗိုင္းရပ္စ္၏ လူသိနည္းသည့္ အေစာပိုင္းေရာဂါလကၡဏာ ၄ ရပ္

ကို႐ိုနာဗိုင္းရပ္စ္သည္ ကမာၻတစ္ဝန္း ေၾကာက္မက္ဖြယ္ ဆက္လက္ျပန႔္ပြားေနၿပီး ျပည္သူမ်ားအၾကားတြင္လည္း ေရာဂါကူးစက္ခံရသည္ဟု သိထားၾကသည့္ လကၡဏာရပ္မ်ားေပၚေပါက္ေနသူမ်ားအေပၚ အထူးတပ္လွန႔္ သတိထားေနၾကသည္။

ယေန႔ (ဧၿပီလ ၃ ရက္) အထိ တစ္ကမာၻလုံးအတိုင္းအတာအားျဖင့္ ၁၀၁၅၄၀၃ ဦး ကူးစက္ခံထားရၿပီး ၅၃၀၃၀ ဦး ေသဆုံးခဲ့ၿပီ ျဖစ္သည္။

ထိုသို႔ ကူးစက္မႈ အခ်ိန္ၾကာျမင့္လာသည္ႏွင့္အမွ် ကြၽမ္းက်င္ပုဂၢိဳလ္တို႔သည္ ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္း ပိုမိုသိနားလည္လာၾကသည္။

ေခ်ာင္းေျခာက္ဆိုးျခင္း၊ ကိုယ္ပူခ်ိန္ျမင့္မားျခင္းႏွင့္ ေမာပန္းျခင္းတို႔သည္ Covid-19 ၏ ကနဦးလကၡဏာမ်ားျဖစ္ေၾကာင္း သာမန္ျပည္သူအားလုံး သိရွိေနၿပီ ျဖစ္သည္။

အသက္ရႈရခက္ခဲလာခ်ိန္သည္ကား ေဆး႐ုံတြင္ ကုသမႈခံယူရန္ လိုအပ္ေနၿပီျဖစ္သည့္ကာလျဖစ္ေၾကာင္းလည္း နားလည္ထားၾကသည္။

သို႔ေသာ္ လူသိနည္းသည့္ အျခားေရာဂါလကၡဏာမ်ားလည္းရွိသည္။ အဆိုပါ လကၡဏာမ်ား ခံစားရသူ မ်ားစြာသည္ ေနာက္ပိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိေလ့ ရွိသည္။

ကို႐ိုနာဗိုင္းရပ္စ္ရွိေနႏိုင္ေၾကာင္း ျပသေနသည့္ လကၡဏာ ၄ ခုကား…

(၁) ဗိုက္နာျခင္း

ဗိုက္မေကာင္းျခင္းသည္ အစာမေၾကျခင္းေၾကာင့္ ျဖစ္ႏိုင္ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ျပသသည့္ လကၡဏာလည္း ျဖစ္ေနႏိုင္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူအခ်ိဳ႕သည္ အျခားေသာ ေရာဂါလကၡဏာမ်ား မျပမီ ဗိုက္နာသည့္ေဝဒနာခံစားရသည္ဟု ဆိုသည္။

သုေတသနပညာရွင္မ်ားသည္ တ႐ုတ္ျပည္၊ ဟူေပ့ျပည္နယ္ရွိ Covid-19 ကူးစက္ခံရသူ ၂၀၄ ဦးထံမွ အခ်က္အလက္မ်ားကို ရယူကာ စမ္းစစ္ခဲ့ရာတြင္ ေဆး႐ုံသို႔ေရာက္လာေသာ လူနာမ်ား၏ ၄၈ ရာခိုင္ႏႈန္းသည္ အစာေျခလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား ျဖစ္ေသာ ဝမ္းေလွ်ာျခင္း၊ ေအာ့အန္ျခင္း၊ ဗိုက္နာျခင္း အစရွိသည့္ လကၡဏာမ်ားျဖင့္ ေရာက္ရွိလာျခင္းျဖစ္သည္ကို ေတြ႕ရသည္။

လန္ဒန္ၿမိဳ႕ အေနာက္ေတာင္ပိုင္း၊ ဘာလ္ဟမ္အရပ္ေန အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးျဖစ္သူ အစၥလာ ဟာစလမ္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရခ်ိန္တြင္ အစာအိမ္ျပႆနာႏွင့္ ရင္ဆိုင္ခဲ့ရသူ ျဖစ္သည္။

(၂) ခံတြင္းပ်က္ျခင္းႏွင့္ အနံ႔မရျခင္း

ဆရာဝန္တို႔က သတိေပးထားရာတြင္ ခံတြင္းပ်က္ျခင္းႏွင့္ အနံ႔မရျခင္းတို႔မွာလည္း ကို႐ိုနာဗိုင္းရပ္စ္၏ ေရာဂါလကၡဏာတစ္ရပ္ ျဖစ္ႏိုင္ေၾကာင္း သတိေပးထားသည္။

ၿဗိတိသွ် နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း ေဆးပညာအသင္း (BAO) က ေျပာၾကားရာတြင္ ယင္းသို႔ေသာ အာ႐ုံခံစနစ္ ေပ်ာက္ဆုံးသြားသူ မ်ားသည္ အျခားေရာဂါလကၡဏာမ်ား မေပၚေပါက္ေသးလွ်င္ေသာ္မွ တစ္ဦးတည္း ခ်က္ခ်င္းသီးသန႔္ေနထိုင္ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

မ်က္ေျမႇးွေရာင္နာကဲ့သို႔ မ်က္စိကူးစက္ေရာဂါရျခင္းမွာလည္း ကို႐ိုနာဗိုင္းရပ္စ္၏ အျခားလကၡဏာတစ္ခုျဖစ္ႏိုင္ေၾကာင္း BAO က သတိေပးသည္။

အျခားႏိုင္ငံမ်ားတြင္ ေတြ႕ရေသာ အေထာက္အထားမ်ားအရ ကို႐ိုနာဗိုင္းရပ္စ္ ဝင္ေရာက္ေသာလမ္းေၾကာင္းမွာ မ်က္လုံး၊ ႏွာေခါင္းႏွင့္ လည္ေခ်ာင္းေနရာမ်ားမွ ျဖစ္ေၾကာင္း BAO က ထုတ္ျပန္သည္။ “ကြၽန္ေတာ္တို႔က ခံတြင္းပ်က္တာနဲ႔ အနံ႔မရတာဆိုတဲ့ ေရာဂါလကၡဏာသစ္တစ္ခု ထပ္ၿပီးေဖာ္ထုတ္ပါတယ္။ တျခားလကၡဏာေတြ မျပေပမယ့္ အာ႐ုံခံစနစ္ေပ်ာက္သြားတဲ့သူေတြအဖို႔ ဗိုင္းရပ္စ္ ကူးစက္မႈ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ တစ္ဦးတည္းေနထိုင္ရမွာ ျဖစ္ပါတယ္” ဟု BAO ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

(၃) ဦးေႏွာက္မၾကည္လင္ျခင္း၊ ထုံထိုင္းေနျခင္း

ဦးေႏွာက္မၾကည္လင္ျခင္း (သို႔မဟုတ္) အလြန္အမင္း စိတ္ပင္ပန္းႏြမ္းနယ္ျခင္းသည္လည္း ကို႐ိုနာဗိုင္းရပ္စ္၏ ကနဦးလကၡဏာတစ္ရပ္ ျဖစ္၏။

အဆိုပါလကၡဏာကို ကို႐ိုနာဗိုင္းရပ္စ္၏ လကၡဏာတစ္ရပ္အျဖစ္ တရားဝင္သတ္မွတ္မထားေသာ္လည္း Covid-19 ကူးစက္ခံရသူတို႔တြင္ အေစာပိုင္းကာလတြင္ အဆိုပါအေျခအေနမ်ား ခံစားရတတ္သည္ဟု ဆိုသည္။

အသက္ ၅၀ အ႐ြယ္ရွိၿပီျဖစ္ၿပီး ကေလး ၃ ေယာက္မိခင္ျဖစ္သူ သီယာဂ်ာဒန္က ေျပာၾကားရာတြင္ Covid-19 ကူးစက္ခံခဲ့ရၿပီးေနာက္ သူမတြင္ ေခ်ာင္းဆိုးျခင္း၊ ဖ်ားနာျခင္းမ်ား မျဖစ္ခဲ့ေၾကာင္း၊ လည္ေခ်ာင္းထဲတြင္ ယားယံၿပီး ေခါင္းကိုက္ျခင္း၊ ဦးေႏွာက္မၾကည္လင္ျခင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ေျပာၾကားသည္။

(၄) ပင္ပန္းႏြမ္းနယ္ျခင္း

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ အျခားေသာ ေရာဂါလကၡဏာမ်ား မေပၚေပါက္မီ အလြန္အမင္း ပင္ပန္းႏြမ္းနယ္မႈ ခံစားရေလ့ရွိၾကသည္။

အေမရိကန္ေဆးဝါးအသင္းဂ်ာနယ္တြင္ ေဖာ္ျပေသာ ေဆာင္းပါးတစ္ပုဒ္အရ Covid-19 ျဖင့္ ေဆး႐ုံေရာက္လာေသာ လူနာမ်ား၏ ၄၄ ရာခိုင္ႏႈန္းခန႔္သည္ ေျခကုန္လက္ပန္းက်ျခင္းႏွင့္ ပင္ပန္းႏြမ္းနယ္ျခင္းမ်ား ခံစားၾကရေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:The 4 mild coronavirus symptoms you should not ignore (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service