ပက်ကွီအိုအား quarantine ထားရန် အကြောင်းကြားစာ ပေါက်ကြားကာ အွန်လိုင်းတွင် ပျံ့နှံ့သွားသောကြောင့် ပေါက်ကြားမှုအတွက် တာဝန်ရှိသူများကို အရေးယူပေးရန် ၎င်းကတိုင်တန်း

ပက်ကွီအိုအား quarantine ထားရန် အကြောင်းကြားစာ ပေါက်ကြားကာ အွန်လိုင်းတွင် ပျံ့နှံ့သွားသောကြောင့် ပေါက်ကြားမှုအတွက် တာဝန်ရှိသူများကို အရေးယူပေးရန် ၎င်းကတိုင်တန်း - Property News in Myanmar from iMyanmarHouse.com
2 Apr 2020 1:18 pm တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကမ္ဘာကျော် လက်ဝှေ့သမားတစ်ဦးဖြစ်သည့်အပြင် ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တစ်ဦးအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေသူ မန်နီ ပက်ကွီအိုသည် ၎င်းနှင့်တစ်မိသားစုလုံး မိမိဘာသာမိမိတို့ quarantine နေထိုင်ကြရန် တောင်းဆို အကြောင်းကြားစာ အွန်လိုင်းတွင် ပေါက်ကြားပျံ့နှံ့ခဲ့မှုအတွက် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့သည်။

ပက်ကွီအိုသည် Covid-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် အထက်လွှတ်တော်အမတ် အကွီလီနို ကိုကို ပီမန်တယ် (၃) နှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့သောကြောင့် မာကာတီမြို့တွင် နေထိုင်သော ၎င်း၏မိသားစုအား မိမိတို့ဘာသာ quarantine ပြုလုပ်ရန် Dasmarinas Village အိမ်ယာအုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပေးစာ မိတ္တူမှာ သတင်းထောက်များထံ ပေါက်ကြားသွားသည့်အပြင် လူမှုကွန်ရက်တွင်လည်း ပျံ့နှံ့သွားခဲ့သည်။

“လူကြီးမင်း၏ မိသားစုနှုင့် အခြားမိသားစုတို့ ဘေးကင်းစေရေးအတွက် ကျေးဇူးပြုပြီး မိမိကိုယ်မိမိ quarantine ပြုလုပ်ကာ နေအိမ်တွင်သာ နေထိုင်ပါရန်။ လူကြီးမင်း၏ မိသားစုမှ မည်သူမျှ အိမ်ပြင်ထွက်ခွင့် မရှိပါ” ဟု အိမ်ရာအုပ်ချုပ်ရေး အကြီးအကဲ ရိုဆာနာ ဟွမ်၏ အကြောင်းကြားစာတွင် ဖော်ပြသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုအပေါ် မီကာတီမြို့ ကျန်းမာရေးဌာနနှင့် မီကာတီ ဆေးဝါးစင်တာမှ ဆရာဝန်တစ်ဦးတို့က ခွင့်ပြုထောက်ခံချက် ရရှိထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်သည်လည်း ပက်ကွီအိုကဲ့သို့ပင် အိမ်ရာဝန်းအတွင်းတွင်ပင် နေထိုင်သူဖြစ်ကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ပက်ကွီအို၏ မိသားစုအတွက် မရှိမဖြစ် လိုအပ်သည့်အရာများကို ၎င်းတို့ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း ရေးသားထားသည့်အပြင် အခြားသူတို့အတွက် စံနမူနာယူစရာပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြုမူနေထိုင်ပါရန် ပက်ကွီအိုအား တောင်းဆိုထားမှုလည်း အကြောင်းကြားစာတွင် ပါဝင်သည်။

PDP-Laban ပါတီအတွက် ညစာစားပွဲတစ်ခုကို ပက်ကွီအိုက မတ်လ ၄ ရက်၌ လက်ခံကျင်းပခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သူ အထက်လွှတ်တော်အမတ် ပီမန်တယ်အပြင် အခြားဧည့်သည်များလည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပါတီပွဲကြောင့် ပက်ကွီအိုကို စောင့်ကြည့်ရမည့်သူ (PUM) စာရင်းတွင် ထည့်သွင်းခံခဲ့ရခြင်း ဖြစ်သည်။

ပီမန်တယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပက်ကွီအိုက ညစာစားပွဲ လက်ခံကျင်းပခဲ့သော ဗွီဒီယိုဖိုင် တစ်ခုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါဗွီဒီယိုဖိုင်ကို OPPAdvisors Page အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် မတ်လ ၂၆ ရက်က လွှင့်တင်ထားသည်ကို တွေ့ရသည်။

(https://www.facebook.com/OPPAdvisor/posts/655909485176252 )

အဆိုပါ ဗွီဒီယိုဖိုင်သည် ကိုရိုနာဗိုင်းရပ်စ်ရှိသူနှင့် ပက်ကွီအိုတို့ ထိတွေ့မှုရှိခဲ့သည်ဟူသော သက်သေအထောက်အထားဖြစ်ကြောင်း၊ ထို့ကြောင့်ပင် ပက်ကွီအိုကို Quarantine ပြုလုပ်ခိုင်းရန် မိမိအား တောင်းဆိုလာမှုများရှိကြောင်း ရိုဆာနာဟွမ်က ပြောကြားသည်။

ပက်ကွီအိုက ရိုဆာနာဟွမ်အား ပြန်လည်စာရေးသားပေးပို့ရာတွင် ရိုဆာနာဟွမ်၏ အကြောင်းကြားစာသည် သတင်းဌာနများစွာအပြင် လူမှုကွန်ရက်များတွင်လည်း ပျံ့နံှ့နေကြောင်း ပြန်လည်ရေးသားထားသည်။

“ကျွန်တော့်ဆီကို လိပ်မူထားတဲ့ ဒီလို သီးသန့်စာတစ်စောင်ဟာ လူမှုကွန်ရက်မှာ ဘယ်လိုပျံ့နှံ့သွားတယ်ဆိုတာ ကျွန်တော်သိလို ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် လုံခြုံမှုကို မလေးစားတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပက်ကွီအို၏ ပေးစာတွင် ဖော်ပြသည်။

“လူကြီးမင်းရဲ့ အကြောင်းကြားစာမှာ ..ပါတီပွဲ…ဆိုတဲ့ စကားလုံးအတွက် ကျွန်တော်ရှင်းလင်း ပြောကြားလိုတာ ရှိပါတယ်။ ပါတီပွဲ ကျင်းပခြင်းမဟုတ်ပါ။ နိုင်ငံရေး အစည်းအဝေးပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပါတီပွဲ..ဆိုတဲ့ စကားလုံးကြောင့် ကျွန်တော်ဟာ တိုင်းပြည်မှာ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို မသိနားမလည်သူတစ်ယောက်အသွင် ပုံဆောင်နေစေပါတယ်။ ” ဟု ပက်ကွီအို၏ ပေးစာတွင် ဖော်ပြထားသည်။

မတ်လ ၄ ရက် အစည်းအဝေးပွဲ ကျင်းပချိန်က ပီမန်တယ်တွင် မည်သည့်ရောဂါလက္ခဏာမျှ ပြသသေးချိန်လည်း မဟုတ်သေးကြောင်း ပက်ကွီအိုက ဆက်လက်ရေးသားထားသည်။

ပက်ကွီအိုက ထပ်မံပြောကြားရာတွင် မိမိသည် တောင်ကိုရီးယားမှ ကိုရိုနာဗိုင်းရပ်စ်အမြန်စစ်ဆေးသည့်ကိရိယာတစ်ခုကို မိတ်ဆွေတစ်ဦး ပေးထား၍ ရရှိကာ မိမိကိုယ်မိမိ စစ်ဆေးရာ negative ဖြစ်ကြောင်း တွေ့ရှိထားပြီးဖြစ်ကြောင်းလည်း ပြောကြားသည်။

တောင်ကိုရီးယားတွင် အသုံးပြုနေသည့် အဆိုပါစမ်းသပ်ကိရိယာကို ဖိလစ်ပိုင် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA ) က အတည်ပြုလက်ခံထားခြင်း မရှိချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ph.news.yahoo.com

### Zawgyi Version ###

ပက္ကြီအိုအား quarantine ထားရန္ အေၾကာင္းၾကားစာ ေပါက္ၾကားကာ အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔သြားေသာေၾကာင့္ ေပါက္ၾကားမႈအတြက္ တာဝန္ရွိသူမ်ားကို အေရးယူေပးရန္ ၎ကတိုင္တန္း

ကမၻာေက်ာ္ လက္ေဝွ႔သမားတစ္ဦးျဖစ္သည့္အျပင္ ဖိလစ္ပိုင္ အထက္လႊတ္ေတာ္အမတ္တစ္ဦးအျဖစ္ ၂၀၁၆ ခုႏွစ္ကတည္းက တာဝန္ထမ္းေဆာင္ေနသူ မန္နီ ပက္ကြီအိုသည္ ၎ႏွင့္တစ္မိသားစုလံုး မိမိဘာသာမိမိတို႔ quarantine ေနထုိင္ၾကရန္ ေတာင္းဆို အေၾကာင္းၾကားစာ အြန္လိုင္းတြင္ ေပါက္ၾကားပ်ံ႕ႏွံ႔ခဲ့မႈအတြက္ စံုစမ္းအေရးယူေပးပါရန္ တိုင္တန္းခဲ့သည္။

ပက္ကြီအိုသည္ Covid-19 ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည့္ အထက္လႊတ္ေတာ္အမတ္ အကြီလီႏို ကိုကို ပီမန္တယ္ (၃) ႏွင့္ ထိေတြ႔ဆက္ဆံမႈမ်ားရွိခဲ့ေသာေၾကာင့္ မာကာတီျမိဳ႕တြင္ ေနထုိင္ေသာ ၎၏မိသားစုအား မိမိတို႔ဘာသာ quarantine ျပဳလုပ္ရန္ Dasmarinas Village အိမ္ယာအုပ္ခ်ဳပ္ေရးအဖြဲ႔က အေၾကာင္းၾကားစာေပးပို႔ခဲ့ျခင္း ျဖစ္သည္။

အဆိုပါေပးစာ မိတၱဴမွာ သတင္းေထာက္မ်ားထံ ေပါက္ၾကားသြားသည့္အျပင္ လူမႈကြန္ရက္တြင္လည္း ပ်ံ႕ႏွံ႔သြားခဲ့သည္။

“လူၾကီးမင္း၏ မိသားစုႏွုင့္ အျခားမိသားစုတို႔ ေဘးကင္းေစေရးအတြက္ ေက်းဇူးျပဳျပီး မိမိကိုယ္မိမိ quarantine ျပဳလုပ္ကာ ေနအိမ္တြင္သာ ေနထုိင္ပါရန္။ လူၾကီးမင္း၏ မိသားစုမွ မည္သူမွ် အိမ္ျပင္ထြက္ခြင့္ မရွိပါ” ဟု အိမ္ရာအုပ္ခ်ဳပ္ေရး အၾကီးအကဲ ရိုဆာနာ ဟြမ္၏ အေၾကာင္းၾကားစာတြင္ ေဖာ္ျပသည္။

ယခုကဲ့သို႔ လုပ္ေဆာင္မႈအေပၚ မီကာတီျမိဳ႕ က်န္းမာေရးဌာနႏွင့္ မီကာတီ ေဆးဝါးစင္တာမွ ဆရာဝန္တစ္ဦးတို႔က ခြင့္ျပဳေထာက္ခံခ်က္ ရရိွထားျပီးျဖစ္ေၾကာင္း၊ အဆိုပါ ဆရာဝန္သည္လည္း ပက္ကြီအိုကဲ့သို႔ပင္ အိမ္ရာဝန္းအတြင္းတြင္ပင္ ေနထိုင္သူျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

ပက္ကြီအို၏ မိသားစုအတြက္ မရွိမျဖစ္ လိုအပ္သည့္အရာမ်ားကို ၎တို႔ ဝယ္ယူေပးသြားမည္ျဖစ္ေၾကာင္း ေရးသားထားသည့္အျပင္ အျခားသူတို႔အတြက္ စံနမူနာယူစရာပုဂၢိဳလ္တစ္ဦးအျဖစ္ ျပဳမူေနထိုင္ပါရန္ ပက္ကြီအိုအား ေတာင္းဆိုထားမႈလည္း အေၾကာင္းၾကားစာတြင္ ပါဝင္သည္။

PDP-Laban ပါတီအတြက္ ညစာစားပြဲတစ္ခုကို ပက္ကြီအိုက မတ္လ ၄ ရက္၌ လက္ခံက်င္းပခဲ့ရာတြင္ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေတြ႔ရွိခဲ့သူ အထက္လႊတ္ေတာ္အမတ္ ပီမန္တယ္အျပင္ အျခားဧည့္သည္မ်ားလည္း တက္ေရာက္ခဲ့ၾကသည္။

အဆိုပါ ပါတီပြဲေၾကာင့္ ပက္ကြီအိုကို ေစာင့္ၾကည့္ရမည့္သူ (PUM) စာရင္းတြင္ ထည့္သြင္းခံခဲ့ရျခင္း ျဖစ္သည္။

ပီမန္တယ္တြင္ ကိုရိုနာဗိုင္းရပ္စ္ပိုးရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ျပီးေနာက္ ပက္ကြီအိုက ညစာစားပြဲ လက္ခံက်င္းပခဲ့ေသာ ဗြီဒီယိုဖိုင္ တစ္ခုမွာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

အဆိုပါဗြီဒီယိုဖိုင္ကို OPPAdvisors Page အမည္ရွိ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ မတ္လ ၂၆ ရက္က လႊင့္တင္ထားသည္ကို ေတြ႔ရသည္။

(https://www.facebook.com/OPPAdvisor/posts/655909485176252 )

အဆိုပါ ဗြီဒီယိုဖိုင္သည္ ကိုရိုနာဗုိင္းရပ္စ္ရွိသူႏွင့္ ပက္ကြီအိုတို႔ ထိေတြ႔မႈရွိခဲ့သည္ဟူေသာ သက္ေသအေထာက္အထားျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ပင္ ပက္ကြီအိုကို Quarantine ျပဳလုပ္ခိုင္းရန္ မိမိအား ေတာင္းဆိုလာမႈမ်ားရွိေၾကာင္း ရိုဆာနာဟြမ္က ေျပာၾကားသည္။

ပက္ကြီအိုက ရိုဆာနာဟြမ္အား ျပန္လည္စာေရးသားေပးပို႔ရာတြင္ ရိုဆာနာဟြမ္၏ အေၾကာင္းၾကားစာသည္ သတင္းဌာနမ်ားစြာအျပင္ လူမႈကြန္ရက္မ်ားတြင္လည္း ပ်ံ႕ႏံွ႔ေနေၾကာင္း ျပန္လည္ေရးသားထားသည္။

“ကၽြန္ေတာ့္ဆီကို လိပ္မူထားတဲ့ ဒီလို သီးသန္႔စာတစ္ေစာင္ဟာ လူမႈကြန္ရက္မွာ ဘယ္လိုပ်ံ႕ႏွံ႔သြားတယ္ဆိုတာ ကၽြန္ေတာ္သိလို ပါတယ္။ ဒါဟာ ကၽြန္ေတာ့္ရဲ႕ တစ္ကိုယ္ရည္ လံုျခံဳမႈကို မေလးစားတာျဖစ္ပါတယ္။ ဒီလိုျဖစ္ရပ္မ်ဳိး ထပ္မံမျဖစ္ပြားေစဖို႔အတြက္ သင့္ေလ်ာ္တဲ့ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေပးဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” ဟု ပက္ကြီအို၏ ေပးစာတြင္ ေဖာ္ျပသည္။

“လူၾကီးမင္းရဲ႕ အေၾကာင္းၾကားစာမွာ ..ပါတီပြဲ…ဆိုတဲ့ စကားလံုးအတြက္ ကၽြန္ေတာ္ရွင္းလင္း ေျပာၾကားလိုတာ ရွိပါတယ္။ ပါတီပြဲ က်င္းပျခင္းမဟုတ္ပါ။ ႏိုင္ငံေရး အစည္းအေဝးျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ ပါတီပြဲ..ဆိုတဲ့ စကားလံုးေၾကာင့္ ကၽြန္ေတာ္ဟာ တိုင္းျပည္မွာ လက္ရွိရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းကို မသိနားမလည္သူတစ္ေယာက္အသြင္ ပံုေဆာင္ေနေစပါတယ္။ ” ဟု ပက္ကြီအို၏ ေပးစာတြင္ ေဖာ္ျပထားသည္။

မတ္လ ၄ ရက္ အစည္းအေဝးပြဲ က်င္းပခ်ိန္က ပီမန္တယ္တြင္ မည္သည့္ေရာဂါလကၡဏာမွ် ျပသေသးခ်ိန္လည္း မဟုတ္ေသးေၾကာင္း ပက္ကြီအိုက ဆက္လက္ေရးသားထားသည္။

ပက္ကြီအိုက ထပ္မံေျပာၾကားရာတြင္ မိမိသည္ ေတာင္ကိုရီးယားမွ ကိုရိုနာဗိုင္းရပ္စ္အျမန္စစ္ေဆးသည့္ကိရိယာတစ္ခုကို မိတ္ေဆြတစ္ဦး ေပးထား၍ ရရွိကာ မိမိကိုယ္မိမိ စစ္ေဆးရာ negative ျဖစ္ေၾကာင္း ေတြ႔ရွိထားျပီးျဖစ္ေၾကာင္းလည္း ေျပာၾကားသည္။

ေတာင္ကိုရီးယားတြင္ အသံုးျပဳေနသည့္ အဆိုပါစမ္းသပ္ကိရိယာကို ဖိလစ္ပိုင္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရးအဖြဲ႔ (FDA ) က အတည္ျပဳလက္ခံထားျခင္း မရွိေခ်။

ျမန္မာနုိင္ငံ၊ အာဆီယံနိုင္ငံမ်ားႏွင့္ ကမၻာတစ္ဝွမ္းလုံး ၏ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ph.news.yahoo.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service