ငွေစက္ကူများမှတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သည်ဟု မိမိတို့ထုတ်ပြန်ထားခြင်းမရှိကြောင်း WHO ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ပြောကြား

ငွေစက္ကူများမှတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သည်ဟု မိမိတို့ထုတ်ပြန်ထားခြင်းမရှိကြောင်း WHO ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
31 Mar 2020 12:59 pm တွင် တင်ခဲ့သည်
1512 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ငွေစက္ကူများမှတဆင့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတိပေးသည်ဟူ၍ အင်္ဂလန် အခြေစိုက် The Telegraph သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့မှုနှင့် စပ်လျဉ်းပြီး WHO က ပယ်ချခဲ့သည်။

“ငွေစက္ကူတွေကနေ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားတယ်လို့ ကျွန်မတို့ မပြောခဲ့ပါဘူး။ ကျွန်မတို့ဟာ တလွဲနာမည်တပ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု WHO ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဖာဒီလာ ရှိတ်က ပြောကြားသည်။

ဗြိတိန်သတင်းမီဒီယာမှ သတင်းရေးသားခဲ့ပြီး ကမ္ဘာ့ပြည်သူများအကြား ဂယက်ရိုက်နေသည့် သတင်းအပေါ် ဖာဒီလာရှိတ်က ပြန်လည်ရှင်းလင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

The Telegraph သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်မှာ “ငွေစက္ကူများသည် ကိုရိုနာဗိုင်းရပ်ကို ပျံ့ပွားစေနိုင်သည်ဟု WHO က ပြောကြားကြောင်း၊ ဗိုင်းရပ်စ်ပိုးသည် ငွေစက္ကူပေါ်တွင် ရက်အတန်ကြာ အသက်ရှင်နေနိုင်ကြောင်း၊ ထို့ကြောင့် ငွေစက္ကူများ ကိုင်တွယ်ပြီးလျှင် လက်ကို ဆေးကြောသင့်ကြောင်း” ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

The Telegraph သတင်းတွင် ဆက်လက်ဖော်ပြထားသည်မှာ “ငွေစက္ကူများကို မကိုင်တွယ်ဘဲ အခြားသော ထိတွေ့မှုမရှိသည့် ငွေပေးချေမှု ပုံစံမျိုးကိုသာ အသုံးပြုသင့်ကြောင်း WHO က အကြံပြုထားသည်” ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ဖာဒီလာရှိတ်က ပြောကြားရာတွင် “ငွေစက္ကူတွေဟာ COVID-19 ကို ပျံ့ပွားစေတယ်လို့ WHO က မပြောခဲ့ပါဘူး။ ဒါနဲ့ ပတ်သက်တဲ့ သတိပေးချက်၊ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့တာမျိုးလည်း မရှိပါဘူး။ ငွေစက္ကူတွေကနေ COVID-19 ကူးစက်နိုင်တယ်လို့ ထင်ပါသလားဆိုပြီး ကျွန်မတို့ကို လာမေးတာတော့ရှိပါတယ်။ ကျွန်မတို့ ပြန်ပြောခဲ့တာက ငွေစက္ကူတွေကိုင်ပြီး လက်ဆေးသင့်တယ်၊ နောက်ဆုံး အစားအစာတွေ စားသောက်ပြီးရင်၊ ကိုင်တွယ်ပြီးရင်လည်း လက်ဆေးသင့်တယ်၊ ဒါက တကိုယ်ရေသန့်ရှင်းရေးအတွက် ကောင်းတဲ့ အလေ့အကျင့်ပဲလို့ ပြန်ပြောခဲ့တာပါ”ဟု ပြောကြားသည်။

ဖာဒီလာရှိတ်က COVID-19 ကာကွယ်ရေးအတွက် အကြံပြုချက် ၁၀ ချက်ပေးခဲ့သည်။

၁။ လက်ကို အရက်အခြေပြု သန့်စင်ဆေးဖြင့် မကြာခဏ ဆေးကြောပါ။ သို့မဟုတ် ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပါ။

၂။ မီးဖိုဆောင် ကောင်တာမျက်နှာပြင်များ၊ အလုပ်စားပွဲများကို ပိုးသတ်ဆေးဖြင့် မကြာခဏ သန့်စင်ပေးပါ။

၃။ COVID-19 နှင့် ပတ်သက်ပြီး ဗဟုသုတများ ရှာဖွေဖတ်ရှုပါ။ စိတ်ချယုံကြည်ရသည့် သတင်းရင်းမြစ်များမှ အကြံပြုချက်များကိုသာ ဖတ်ရှုပါ။

၄။ ဖျားနာ၊ ချောင်းဆိုးနေလျှင် ခရီးမသွားပါနှင့်။ လေကြောင်းခရီးသွားနေစဉ် ဖျားနာလာပါက လေယာဉ်အမှုထမ်းကို ချက်ချင်းအကြောင်းကြားပါ။ အိမ်ပြန်ရောက်သည်နှင့် ကျန်းမာရေးဌာနသို့ သွားရောက်ပြီး မည်သည့်နေရာမှ ပြန်လာကြောင်း ပြောပါ။

၅။ အင်္က ျီလက် (သို့မဟုတ်) တစ်သျှူးဖြင့် ကာကွယ်၍သာ ချောင်းဆိုး၊ နှာချေပါ။ တစ်သျှူးကို အဖုံးပိတ်ထားသည့် အမှိုက်ပုံးအတွင်း ချက်ချင်းစွန့်ပစ်ပါ။ ပြီးနောက် လက်များကို ဆေးကြောပါ။

၆။ လူထူထပ်သည့် နေရာများကို ရှောင်ကြဉ်ပါ။

၇။ နေမကောင်းဖြစ်လျှင် အိမ်တွင်နေပြီး ဆရာဝန်ခေါ်ပါ။ သို့မဟုတ် ကျန်းမာရေးဌာနသို့ အကြောင်းကြားပါ။

၈။ ဖျားနာနေလျှင် အိမ်တွင် မိသားစုနှင့် ခွဲကာ သီးသန့်အိပ်စက်၊ စားသောက်ခြင်း ပြုလုပ်ပါ။ အိုးခွက်ပန်းကန်ဇွန်းများ သီးခြားသုံးပါ။

၉။ အသက်ရှူရခက်လာလျှင် ဆရာဝန်ချက်ချင်းခေါ်ပြီး ကုသမှုခံယူပါ။

၁၀။ သင်သည် ရောဂါကူးစက်ခံရသည့် နိုင်ငံ၊ ဒေသတွင် နေထိုင်ရသူဆိုပါက စိတ်ဂယောက်ဂယက်ဖြစ်လျှင် မစိုးရိမ်ပါနှင့်၊ ဖြစ်လေ့ရှိသည့် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါသည်။ သင်၏အလုပ်၊ ပတ်ဝန်းကျင်တွင် အန္တရာယ်ကင်းအောင် မည်သို့နေထိုင်မည်ကို အချင်းချင်းဆွေးနွေးတိုင်ပင်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  marketwatch

### Zawgyi Version ###

ေငြစကၠဴမ်ားမွတဆင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္သည္ဟု မိမိတို႔ထုတ္ျပန္ထားျခင္းမရွိေၾကာင္း WHO ၏ ေျပာေရးဆိုခြင့္ရ အမ်ဳိးသမီး ေျပာၾကား

ေငြစကၠဴမ်ားမွတဆင့္ ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားႏိုင္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က သတိေပးသည္ဟူ၍ အဂၤလန္ အေျခစိုက္ The Telegraph သတင္းဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့မႈႏွင့္ စပ္လ်ဥ္းျပီး WHO က ပယ္ခ်ခဲ့သည္။

“ေငြစကၠဴေတြကေန ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားတယ္လို႔ ကၽြန္မတို႔ မေျပာခဲ့ပါဘူး။ ကၽြန္မတို႔ဟာ တလဲြနာမည္တပ္ခံခဲ့ရတာ ျဖစ္ပါတယ္” ဟု WHO ၏ ေျပာေရးဆိုခြင့္ရ အမ်ဳိးသမီး ဖာဒီလာ ရွိတ္က ေျပာၾကားသည္။

ျဗိတိန္သတင္းမီဒီယာမွ သတင္းေရးသားခဲ့ျပီး ကမၻာ့ျပည္သူမ်ားအၾကား ဂယက္ရိုက္ေနသည့္ သတင္းအေပၚ ဖာဒီလာရွိတ္က ျပန္လည္ရွင္းလင္းေျပာၾကားလိုက္ျခင္း ျဖစ္သည္။

The Telegraph သတင္းဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခဲ့သည္မွာ “ေငြစကၠဴမ်ားသည္ ကိုရိုနာဗိုင္းရပ္ကို ပ်ံ႕ပြားေစႏိုင္သည္ဟု WHO က ေျပာၾကားေၾကာင္း၊ ဗိုင္းရပ္စ္ပိုးသည္ ေငြစကၠဴေပၚတြင္ ရက္အတန္ၾကာ အသက္ရွင္ေနႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ေငြစကၠဴမ်ား ကိုင္တြယ္ျပီးလွ်င္ လက္ကို ေဆးေၾကာသင့္ေၾကာင္း” ေရးသားေဖာ္ျပထားျခင္း ျဖစ္သည္။

The Telegraph သတင္းတြင္ ဆက္လက္ေဖာ္ျပထားသည္မွာ “ေငြစကၠဴမ်ားကို မကိုင္တြယ္ဘဲ အျခားေသာ ထိေတြ႔မႈမရွိသည့္ ေငြေပးေခ်မႈ ပံုစံမ်ဳိးကိုသာ အသံုးျပဳသင့္ေၾကာင္း WHO က အၾကံျပဳထားသည္” ဟု ေဖာ္ျပထားျခင္း ျဖစ္သည္။

ဖာဒီလာရွိတ္က ေျပာၾကားရာတြင္ “ေငြစကၠဴေတြဟာ COVID-19 ကို ပ်ံ႕ပြားေစတယ္လို႔ WHO က မေျပာခဲ့ပါဘူး။ ဒါနဲ႔ ပတ္သက္တဲ့ သတိေပးခ်က္၊ ထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္ခဲ့တာမ်ဳိးလည္း မရွိပါဘူး။ ေငြစကၠဴေတြကေန COVID-19 ကူးစက္ႏိုင္တယ္လို႔ ထင္ပါသလားဆိုျပီး ကၽြန္မတို႔ကို လာေမးတာေတာ့ရွိပါတယ္။ ကၽြန္မတို႔ ျပန္ေျပာခဲ့တာက ေငြစကၠဴေတြကိုင္ျပီး လက္ေဆးသင့္တယ္၊ ေနာက္ဆံုး အစားအစာေတြ စားေသာက္ျပီးရင္၊ ကိုင္တြယ္ျပီးရင္လည္း လက္ေဆးသင့္တယ္၊ ဒါက တကိုယ္ေရသန္႔ရွင္းေရးအတြက္ ေကာင္းတဲ့ အေလ့အက်င့္ပဲလို႔ ျပန္ေျပာခဲ့တာပါ”ဟု ေျပာၾကားသည္။

ဖာဒီလာရွိတ္က COVID-19 ကာကြယ္ေရးအတြက္ အၾကံျပဳခ်က္ ၁၀ ခ်က္ေပးခဲ့သည္။

၁။ လက္ကို အရက္အေျချပဳ သန္႔စင္ေဆးျဖင့္ မၾကာခဏ ေဆးေၾကာပါ။ သို႔မဟုတ္ ဆပ္ျပာ၊ ေရတို႔ျဖင့္ ေဆးေၾကာပါ။

၂။ မီးဖိုေဆာင္ ေကာင္တာမ်က္ႏွာျပင္မ်ား၊ အလုပ္စားပြဲမ်ားကို ပိုးသတ္ေဆးျဖင့္ မၾကာခဏ သန္႔စင္ေပးပါ။

၃။ COVID-19 ႏွင့္ ပတ္သက္ျပီး ဗဟုသုတမ်ား ရွာေဖြဖတ္ရႈပါ။ စိတ္ခ်ယံုၾကည္ရသည့္ သတင္းရင္းျမစ္မ်ားမွ အၾကံျပဳခ်က္မ်ားကိုသာ ဖတ္ရႈပါ။

၄။ ဖ်ားနာ၊ ေခ်ာင္းဆိုးေနလွ်င္ ခရီးမသြားပါႏွင့္။ ေလေၾကာင္းခရီးသြားေနစဥ္ ဖ်ားနာလာပါက ေလယာဥ္အမႈထမ္းကို ခ်က္ခ်င္းအေၾကာင္းၾကားပါ။ အိမ္ျပန္ေရာက္သည္ႏွင့္ က်န္းမာေရးဌာနသို႔ သြားေရာက္ျပီး မည္သည့္ေနရာမွ ျပန္လာေၾကာင္း ေျပာပါ။

၅။ အကၤ ်ီလက္ (သို႔မဟုတ္) တစ္သွ်ဴးျဖင့္ ကာကြယ္၍သာ ေခ်ာင္းဆိုး၊ ႏွာေခ်ပါ။ တစ္သွ်ဴးကို အဖံုးပိတ္ထားသည့္ အမႈိက္ပံုးအတြင္း ခ်က္ခ်င္းစြန္႔ပစ္ပါ။ ျပီးေနာက္ လက္မ်ားကို ေဆးေၾကာပါ။

၆။ လူထူထပ္သည့္ ေနရာမ်ားကို ေရွာင္ၾကဥ္ပါ။

၇။ ေနမေကာင္းျဖစ္လွ်င္ အိမ္တြင္ေနျပီး ဆရာဝန္ေခၚပါ။ သို႔မဟုတ္ က်န္းမာေရးဌာနသို႔ အေၾကာင္းၾကားပါ။

၈။ ဖ်ားနာေနလွ်င္ အိမ္တြင္ မိသားစုႏွင့္ ခြဲကာ သီးသန္႔အိပ္စက္၊ စားေသာက္ျခင္း ျပဳလုပ္ပါ။ အိုးခြက္ပန္းကန္ဇြန္းမ်ား သီးျခားသံုးပါ။

၉။ အသက္ရွဴရခက္လာလွ်င္ ဆရာဝန္ခ်က္ခ်င္းေခၚျပီး ကုသမႈခံယူပါ။

၁၀။ သင္သည္ ေရာဂါကူးစက္ခံရသည့္ ႏိုင္ငံ၊ ေဒသတြင္ ေနထိုင္ရသူဆိုပါက စိတ္ဂေယာက္ဂယက္ျဖစ္လွ်င္ မစိုးရိမ္ပါႏွင့္၊ ျဖစ္ေလ့ရွိသည့္ ျဖစ္ရိုးျဖစ္စဥ္သာျဖစ္ပါသည္။ သင္၏အလုပ္၊ ပတ္ဝန္းက်င္တြင္ အႏၱရာယ္ကင္းေအာင္ မည္သို႔ေနထုိင္မည္ကို အခ်င္းခ်င္းေဆြးေႏြးတိုင္ပင္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  marketwatch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service