တောင်အာဖရိက၊ ဂရင်းလန်နှင့် ပြင်သစ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားစဉ်ကာလအတွင်း အရက်သောက်ခွင့် ပိတ်ပင်

တောင်အာဖရိက၊ ဂရင်းလန်နှင့် ပြင်သစ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားစဉ်ကာလအတွင်း အရက်သောက်ခွင့် ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
31 Mar 2020 12:29 pm တွင် တင်ခဲ့သည်
1242 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းအရှိန်ပြင်းစွာ ကူးစက်လျက်ရှိနေသည်။

ဗြိတိန် ကျန်းမာရေးဌာန လက်ထောက်အကြီးအကဲ ဒေါက်တာ ဂျင်နီ ဟာရီစ်က ပြောကြားရာတွင် ဗြိတိန်သည် ပုံမှန်အခြေအနေပြန်ရောက်ရန် ၆ လမှအထက် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

အချို့သူတို့က ယခုကဲ့သို့ ရောဂါပျံ့ပွားစဉ်အတွင်း lockdown နေထိုင်ရချိန်ကာလများ၌ မိမိကိုယ်ကိုယ် ကျန်းမာအောင် နေထိုင်စားသောက်ခြင်းများ ပြုလုပ်လာသော်လည်း အချို့သူတို့ကမူ ဆောက်တည်ရာမရဖြစ်နေမှုများကို လျော့ပါးစေရန်ဟုဆိုကာ အရက်သောက်ခြင်းများ ပြုလုပ်လာကြသည်။

အရက်ဝယ်ယူသူ များပြားမှုကြောင့် ဈေးဝယ်စင်တာများရှိ အရက်စင်များမှာ ပစ္စည်းပြတ်လတ်သွားရာ အိမ်အရောက်ပို့ဆောင်မှု လုပ်ငန်းများမှာ အလုပ်ဖြစ်လာကြသည်။

အင်္ဂလန်တွင် အစိုးရက အရက်သောက်ခြင်းကို ပိတ်ပင်လိုက်ပြီဟူသည့် သတင်းတုတစ်ခုပျံ့နှံ့ခဲ့ရာ အင်္ဂလန်နိုင်ငံသားတို့အကြား များစွာ ဂယက်ရိုက်ခဲ့သည်။

အင်္ဂလန်တွင် အရက်သောက်ခြင်း ပိတ်ပင်မည့် အရိပ်အငွေ့မတွေ့ရသေးသော်လည်း ကမ္ဘာ့နိုင်ငံအချို့တွင်မူ အရက်သောက်ခွင့်များ ပိတ်ပင်လာသည်။

(ဂရင်းလန်)

ဂရင်းလန်နိုင်ငံ၏ မြို့တော်၊ နုခ်တွင် အရက်သေစာရောင်းချခြင်း တားမြစ်လိုက်ပြီဖြစ်သည်။

နုခ်သည် နိုင်ငံ့မြို့တော်ဆိုသော်လည်း လူဦးရေ ၁၇၀၀၀ ခန့်သာရှိပြီး ဂရင်းလန်နိုင်ငံမှာလည်း စုစုပေါင်းလူဦးရေ ငါးသောင်းကျော်သာ ရှိသည်။

နိုင်ငံကို lockdown ချမှတ်ထားစဉ်ကာလအတွင်း နေအိမ်တွင်သာ နေထိုင်ရမည်ဖြစ်ရာ ကလေးငယ်များအပေါ် အရက်သေစာ မူးယစ်ကာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်ချေကို လျှော့ချရန်ဟု ဆိုသည်။

“ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့အနေနဲ့ ရောဂါပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အစီအမံတွေ များစွာချမှတ်ရပါတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်တွေထဲက အဓိကတစ်ချက်ကတော့ ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ပါ။ သူတို့အတွက် လုံခြုံတဲ့ နေအိမ် လိုအပ်ပါတယ်” ဟု ဂရင်းလန်ဝန်ကြီးချုပ် ကင်မ် ကီးရဲဆန်က ပြောကြားသည်။

အဆိုပါ တားမြစ်ချက်သည် လာမည့်စနေနေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့အထိဖြစ်သည်။

(တောင်အာဖရိက)

အာဖရိကတိုက်၏ တောင်ဘက်စွန်းတွင် တည်ရှိသော လူဦးရေ ၅၈ သန်းကျော်ရှိသည့် တောင်အာဖရိကနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ကာကွယ်ရန်အတွက် lockdown ချလိုက်ပြီဖြစ်သည့်အပြင် အရက်ရောင်းချမှုကိုလည်း ပိတ်ပင်လိုက်သည်။

တောင်အာဖရိကတွင်မူ အရက်အပြင် စီးကရက်ရောင်းချခြင်းကိုပါ ပိတ်ပင်လိုက်သည်သာမက လေ့ကျင့်ခန်းလုပ်ရန်အတွက် လမ်းလျှောက်ထွက်ခြင်းကိုပင် တားမြစ်လိုက်ပြီ ဖြစ်သည်။

(ပြင်သစ်)

ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ အိန်အမည်ရှိ ဒေသတွင်မူ အရက်သေစာ ပိတ်ပင်ခြင်းကို မတ်လ ၂၄ ရက်တွင် ပြဌာန်းခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြခဲ့သည်။

ပြင်သစ်တွင် အရက်သောက်ခြင်း ပိတ်ပင်ခြင်းမှာမူ အိမ်တွင်းရိုက်နှက်နှိပ်စက်မှုများကို ထိန်းသိမ်းနိုင်ရန်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချထားစဉ်အတွင်း နေအိမ်အတွင်းတွင်ပင် မိသားစုအားလုံး ကျဉ်းမြောင်းကျပ်တည်းစွာ နေထိုင်ကြရရာ မူးယစ်သောက်စားကာ မိသားစုအပေါ် ရိုက်နှက်နှိပ်စက်မှုများ ပေါ်ပေါက်လာနိုင်သောကြောင့် အရက်ရောင်းချခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

သို့သော် ထိုသို့ ပိတ်ပင်လိုက်ပြီး ရက်အနည်းငယ်အကြာတွင် အဆိုပါအမိန့်ကို ပြန်လည်ရုပ်သိမ်းသွားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref- CNN, The Guardian, BBC

### Zawgyi Version ###

ေတာင္အာဖရိက၊ ဂရင္းလန္ႏွင့္ ျပင္သစ္တို႔တြင္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ပြားစဥ္ကာလအတြင္း အရက္ေသာက္ခြင့္ ပိတ္ပင္

ကိုရိုနာဗိုင္းရပ္စ္သည္ ကမၻာတစ္ဝန္းအရွိန္ျပင္းစြာ ကူးစက္လ်က္ရွိေနသည္။

ျဗိတိန္ က်န္းမာေရးဌာန လက္ေထာက္အၾကီးအကဲ ေဒါက္တာ ဂ်င္နီ ဟာရီစ္က ေျပာၾကားရာတြင္ ျဗိတိန္သည္ ပံုမွန္အေျခအေနျပန္ေရာက္ရန္ ၆ လမွအထက္ ၾကာျမင့္ဦးမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

အခ်ဳိ႕သူတို႔က ယခုကဲ့သို႔ ေရာဂါပ်ံ႕ပြားစဥ္အတြင္း lockdown ေနထိုင္ရခ်ိန္ကာလမ်ား၌ မိမိကိုယ္ကိုယ္ က်န္းမာေအာင္ ေနထိုင္စားေသာက္ျခင္းမ်ား ျပဳလုပ္လာေသာ္လည္း အခ်ဳိ႕သူတို႔ကမူ ေဆာက္တည္ရာမရျဖစ္ေနမႈမ်ားကို ေလ်ာ့ပါးေစရန္ဟုဆိုကာ အရက္ေသာက္ျခင္းမ်ား ျပဳလုပ္လာၾကသည္။

အရက္ဝယ္ယူသူ မ်ားျပားမႈေၾကာင့္ ေစ်းဝယ္စင္တာမ်ားရွိ အရက္စင္မ်ားမွာ ပစၥည္းျပတ္လတ္သြားရာ အိမ္အေရာက္ပို႔ေဆာင္မႈ လုပ္ငန္းမ်ားမွာ အလုပ္ျဖစ္လာၾကသည္။

အဂၤလန္တြင္ အစိုးရက အရက္ေသာက္ျခင္းကို ပိတ္ပင္လိုက္ျပီဟူသည့္ သတင္းတုတစ္ခုပ်ံ႕ႏွံ႔ခဲ့ရာ အဂၤလန္ႏိုင္ငံသားတို႔အၾကား မ်ားစြာ ဂယက္ရိုက္ခဲ့သည္။

အဂၤလန္တြင္ အရက္ေသာက္ျခင္း ပိတ္ပင္မည့္ အရိပ္အေငြ႔မေတြ႔ရေသးေသာ္လည္း ကမၻာ့ႏိုင္ငံအခ်ဳိ႕တြင္မူ အရက္ေသာက္ခြင့္မ်ား ပိတ္ပင္လာသည္။

(ဂရင္းလန္)

ဂရင္းလန္ႏိုင္ငံ၏ ျမိဳ႕ေတာ္၊ ႏုခ္တြင္ အရက္ေသစာေရာင္းခ်ျခင္း တားျမစ္လိုက္ျပီျဖစ္သည္။

ႏုခ္သည္ ႏိုင္ငံ့ျမိဳ႕ေတာ္ဆိုေသာ္လည္း လူဦးေရ ၁၇၀၀၀ ခန္႔သာရွိျပီး ဂရင္းလန္ႏိုင္ငံမွာလည္း စုစုေပါင္းလူဦးေရ ငါးေသာင္းေက်ာ္သာ ရွိသည္။

ႏိုင္ငံကို lockdown ခ်မွတ္ထားစဥ္ကာလအတြင္း ေနအိမ္တြင္သာ ေနထိုင္ရမည္ျဖစ္ရာ ကေလးငယ္မ်ားအေပၚ အရက္ေသစာ မူးယစ္ကာ အၾကမ္းဖက္မႈမ်ား ျဖစ္ေပၚလာႏိုင္ေခ်ကို ေလွ်ာ့ခ်ရန္ဟု ဆိုသည္။

“ဒီလိုအေျခအေနမ်ဳိးမွာ ကၽြန္ေတာ္တို႔အေနနဲ႔ ေရာဂါပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အစီအမံေတြ မ်ားစြာခ်မွတ္ရပါတယ္။ ကၽြန္ေတာ့္ဆံုးျဖတ္ခ်က္ေတြထဲက အဓိကတစ္ခ်က္ကေတာ့ ကေလးငယ္ေတြကို အကာအကြယ္ေပးဖို႔ပါ။ သူတို႔အတြက္ လံုျခံဳတဲ့ ေနအိမ္ လိုအပ္ပါတယ္” ဟု ဂရင္းလန္ဝန္ၾကီးခ်ဳပ္ ကင္မ္ ကီးရဲဆန္က ေျပာၾကားသည္။

အဆိုပါ တားျမစ္ခ်က္သည္ လာမည့္စေနေန႔တြင္ စတင္အသက္ဝင္မည္ျဖစ္ျပီး ဧျပီလ ၁၅ ရက္ေန႔အထိျဖစ္သည္။

(ေတာင္အာဖရိက)

အာဖရိကတိုက္၏ ေတာင္ဘက္စြန္းတြင္ တည္ရွိေသာ လူဦးေရ ၅၈ သန္းေက်ာ္ရွိသည့္ ေတာင္အာဖရိကႏိုင္ငံတြင္လည္း ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ ကာကြယ္ရန္အတြက္ lockdown ခ်လိုက္ျပီျဖစ္သည့္အျပင္ အရက္ေရာင္းခ်မႈကိုလည္း ပိတ္ပင္လိုက္သည္။

ေတာင္အာဖရိကတြင္မူ အရက္အျပင္ စီးကရက္ေရာင္းခ်ျခင္းကိုပါ ပိတ္ပင္လိုက္သည္သာမက ေလ့က်င့္ခန္းလုပ္ရန္အတြက္ လမ္းေလွ်ာက္ထြက္ျခင္းကိုပင္ တားျမစ္လိုက္ျပီ ျဖစ္သည္။

(ျပင္သစ္)

ျပင္သစ္ႏိုင္ငံေျမာက္ပိုင္းရွိ အိန္အမည္ရွိ ေဒသတြင္မူ အရက္ေသစာ ပိတ္ပင္ျခင္းကို မတ္လ ၂၄ ရက္တြင္ ျပဌာန္းခဲ့ေၾကာင္း CNN သတင္းတြင္ ေဖာ္ျပခဲ့သည္။

ျပင္သစ္တြင္ အရက္ေသာက္ျခင္း ပိတ္ပင္ျခင္းမွာမူ အိမ္တြင္းရိုက္ႏွက္ႏွိပ္စက္မႈမ်ားကို ထိန္းသိမ္းႏိုင္ရန္ဟု ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ lockdown ခ်ထားစဥ္အတြင္း ေနအိမ္အတြင္းတြင္ပင္ မိသားစုအားလံုး က်ဥ္းေျမာင္းက်ပ္တည္းစြာ ေနထိုင္ၾကရရာ မူးယစ္ေသာက္စားကာ မိသားစုအေပၚ ရိုက္ႏွက္ႏွိပ္စက္မႈမ်ား ေပၚေပါက္လာႏိုင္ေသာေၾကာင့္ အရက္ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ျခင္း ျဖစ္သည္ဟုဆိုသည္။

သို႔ေသာ္ ထိုသို႔ ပိတ္ပင္လိုက္ျပီး ရက္အနည္းငယ္အၾကာတြင္ အဆိုပါအမိန္႔ကို ျပန္လည္ရုပ္သိမ္းသြားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref- CNN, The Guardian, BBC

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service