COVID-19 မှ ပြန်လည်နာလန်ထူရန် အမေရိကန်စီးပွားရေးအတွက် သုံးနှစ်ကြာနိုင်
COVID-19 မှ ပြန်လည်နာလန်ထူရန် အမေရိကန်စီးပွားရေးအတွက် သုံးနှစ်ကြာနိုင် - Property News in Myanmar from iMyanmarHouse.com
31 Mar 2020 11:39 am တွင် တင်ခဲ့သည်
794 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
အမေရိကန်နှင့် ဥရောပဇုန်အတွင်းရှိ စီးပွားရေးများသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း၏ သက်ရောက်မှ ပြန်လည်နာလန်ထူရန် ၂၀၂၃ ခုနှစ်အထိ အချိန်ကြာမြင့်နိုင်ကြောင်း အမေရိကန်စီမံခန့်ခွဲမှုအတိုင်ပင်ခံကုမ္ပဏီ McKinsey & Company မှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသစ်တစ်စောင်အရ သိရသည်။
“Social distancing” ခေါ် “ရောဂါပိုးကူးစက်မှုထိန်းချုပ်ရန်အတွက် လူသားချင်းတစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုဖြင့် ခပ်ခွာခွာနေခြင်းနှင့် ထိတွေ့ပတ်သက်ဆက်ဆံရသည့် အကြိမ်အရေအတွက် နည်းနိုင်သမျှနည်းအောင်လျှော့ချခြင်း” နှင့် “lockdown” ခေါ် “အရေးပေါ်အခြေအနေတွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း” ကဲ့သို့သော စီမံချက်များအပါအဝင် အများပြည်သူကျန်းမာရေးဆိုင်ရာတုံ့ပြန်ချက်က ကနဦးတွင် အောင်မြင်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုးပွားပျံ့နှံ့ခြင်းမရှိအောင် မတားဆီးနိုင်ပါက ကမ္ဘာကြီးသည် အလွန်အားပျော့ညင်သာသော စီးပွားရေးပြန်လည်နာလန်ထူမှုနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဤခန့်မှန်းအခြေအနေအရဆိုရသော် ကမ္ဘာ့စီးပွားရေးသည် COVID-19 အကျပ်အတည်းမတိုင်မီအခြေအနေသို့ ၂၀၂၂ ခုနှစ် တတိယသုံးလပတ်မကုန်မီ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး အမေရိကန်စီးပွားရေးသည် COVID-19 အကျပ်အတည်းမတိုင်မီအခြေအနေသို့ရောက်ရှိရန် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အထိ အချိန်ယူရဦးမည်ဖြစ်ကာ ဥရောပသည်လည်း ၂၀၂၃ ခုနှစ် တတိယသုံးလပတ်အထိ အချိန်ယူရဦးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတိုင်းတွင် အများပြည်သူကျန်းမာရေးဆိုင်ရာတုံ့ပြန်ချက်က အားကောင်း၊ အောင်မြင်လာကာ ကိုရိုနာဗိုင်းရပ်စ်ကို နှစ်လသုံးလအတွင်း ထိန်းချုပ်လာနိုင်ပါက ၎င်းစီးပွားရေးအလားအလာများသည် ပိုမိုတိုးတက်ကောင်းမွန်းလာမည်ဖြစ်သည်။ အသေးစိတ်ဆိုရသော် အမေရိကန်အတွက် ယခုနှစ်တတိယသုံးလပတ်မတိုင်မီ စီးပွားရေးပြန်လည်နာလန်ထူလာနိုင်မည်ဖြစ်ပြီး တရုတ်အတွက် ယခုနှစ်စတုတ္ထသုံးလပတ်မတိုင်မီ စီးပွားရေးပြန်လည်နာလန်ထူနိုင်မည်ဖြစ်ကာ ဥရောပဇုန်အတွက် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်မတိုင်မီ စီးပွားရေးပြန်လည်နာလန်ထူလာနိုင်မည်ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်စိတ်တစ်ပိုင်းအားဖြင့်ထိရောက်သော အစီအမံများဖြင့် လတ်တလောအခြေအနေတွင် မူဝါဒတုံ့ပြန်ချက်များက စီးပွားရေးထိခိုက်မှုကို တစ်စိတ်တစ်ပိုင်းထေမိစေနိုင်ပြီး ဘဏ်လုပ်ငန်းအကျပ်အတည်းမဖြစ်ပွားစေရန် ကူညီပေးနိုင်သည်ဟု McKinsey က ထိုအစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။
မည်သို့ပင်ဖြစ်စေ အမေရိကန်တွင် COVID-19 ၏ စီးပွားရေးသက်‌ရောက်မှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကြုံဖူးသမျှ အကျပ်အတည်းမှန်သမျှထက် ဆိုးရွားနိုင်ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: weforum
### Zawgyi Version ###
Ref: weforum
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service