မတ်လ ၃၀ ရက်မှ စတင်ပြီး လာအိုနိုင်ငံ lockdown ချပြီ

မတ်လ ၃၀ ရက်မှ စတင်ပြီး လာအိုနိုင်ငံ lockdown ချပြီ - Property News in Myanmar from iMyanmarHouse.com
30 Mar 2020 12:23 pm တွင် တင်ခဲ့သည်
34702 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

လာအို ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ချာလန် ယာပေါင်ဟာ ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းပြီး တစ်နိုင်ငံလုံးကို lockdown ချမှတ်လိုက်ကြောင်း ဝန်ကြီးချုပ်၏ အမိန့်ကို ရှင်းလင်းပြောကြားခဲ့သည်။

အစိုးရဝန်ထမ်းများသည် ဧပြီလ ၁ ရက်မှ ၁၁ ရက်အထိ နေအိမ်မှ အလုပ်လုပ်ရမည်ဖြစ်ပြီး ယင်းနောက်တွင် လာအို နှစ်သစ်အားလပ်ရက်ကို ဧပြီ ၁၉ အထိ ရရှိမည်ဖြစ်သည်။

သို့သော် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်သမားများ၊ ရေနှင့် လျှပ်စစ်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်းများ၊ သတင်းမီဒီယာသမားများ၊ ဆရာဝန်များနှင့် သူနာပြုများ၊ လုပ်အားပေးသူများသည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို နှိမ်နင်းရန် ဆက်လက်အလုပ်လုပ်ကိုင်ရမည်ဟု ဝန်ကြီးချုပ်၏ အမိန့်စာတွင် ဖော်ပြသည်။

လာအိုနိုင်ငံအတွင်း နေထိုင်သူအားလုံး (နိုင်ငံသားများ၊ နိုင်ငံခြားမှ ခိုလှုံနေကြသူများ၊ နိုင်ငံမဲ့များ) သည် ဖော်ပြပါ အကြောင်းရပ်များမှ လွဲပြီး နေအိမ်မှ မထွက်ရန် တားမြစ်လိုက်သည်ဟု ဆိုသည်။

- မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ ဝယ်ယူရန်

- ဆေးရုံသွားရန်

- အခြားသော လုပ်ဆောင်ဖွယ်များ (ဆက်လက်ဖွင့်လှစ်ခွင့် ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များ လုပ်ဆောင်ရန်)

- အစိုးရအသိအမှတ်ပြု လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်

စိုက်ပျိုးရေးလုပ်ငန်းများမှ လုပ်သားများကိုလည်း ၎င်းတို့၏ ဘဝရပ်တည်ရေးအတွက် ဆက်လက်လုပ်ဆောင်ခွင့်ပေးထားသည်။

ယခုအမိန့်ကို ကျေးရွာအုပ်ချုပ်သူများအဆင့်အထိ တင်းကျပ်စွာ စောင့်ကြည့်ကိုင်တွယ်သွားရန် ညွှန်ကြားထားသည်။

ရောဂါကူးစက်ခြင်းခံရသည့် ပြည်နယ်များ၊ ဒေသများသို့လည်း ကုန်စည်ပို့ဆောင်ရန်နှင့် ဆေးရုံသွားရန် အကြောင်းရင်းမှ လွဲပြီး သွားလာခွင့် ပိတ်ပင်လိုက်သည်။

ကျန်းမာရေးဌာနနှင့် အခြားအာဏာပိုင်တို့ ပူးပေါင်းပြီး ခရီးသွားလာမည့်သူတို့၏ ကျန်းမာရေးဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးရေးဂိတ်များ ဖွင့်ကာစစ်ဆေးရမည်ဟု ဆိုသည်။

ခရီးသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအားလုံးကိုလည်း ယာယီအားဖြင့် ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။

ကုန်စည်များ စုဆောင်းခြင်း (သို့မဟုတ်) မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများဖြစ်သော မျက်နှာဖုံးနှာခေါင်းစည်း၊ လက်ဆေးဂျယ်၊ ဆေးဝါး၊ ဆေးဝါးပစ္စည်း၊ ဆန်၊ အစားအသောက်၊ ရေ အစရှိသည်တို့ကို ဈေးနှုန်းမြှင့်တင်ခြင်း မပြုလုပ်ရန်လည်း တားမြစ်လိုက်သည်။

ရဲတပ်ဖွဲ့ဝင်တို့ကလည်း တင်းကြပ်စွာ စောင့်ကြည့်ကိုင်တွယ်ရမည်ဖြစ်ပြီး မလိုက်နာသူတို့ကို ဒဏ်ငွေချမှတ်ခြင်းအပြင် ဥပဒေအရ အရေးယူမှုများလည်း ပြုလုပ်နိုင်သည်။

သတင်းမှားများ ဖြန့်ဝေခြင်းနှင့် အများပြည်သူ တုန်လှုပ်ခြောက်ခြားအောင် ပြုလုပ်ခြင်းများကိုလည်း တားမြစ်လိုက်သည်။

လူ ၁၀ ဦးနှင့်အထက် ကျော်လွန်စုဝေးခြင်းကို တားမြစ်လိုက်ပြီး လာအိုနှစ်သစ်ပွဲတော်များ၊ ဘာသာရေးပွဲများ၊ မင်္ဂလာဆောင်များနှင့် ပျော်ပွဲရွှင်ပွဲအားလုံးကို တားမြစ်လိုက်ပြီ ဖြစ်သည်။

ဈာပနပွဲများကို တက်ရောက်မည့်သူများအနေဖြင့် ကိုယ်ပူချိန်စစ်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ၂ မီတာခွာနေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် ဆပ်ပြာဖြင့်လက်ဆေးခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။

နိုင်ငံတကာမှ ဝင်ရောက်လာမည့်သူများသာမက ပြည်နယ်အချင်းချင်း သွားလာမှုကိုလည်း လူအားလုံးကို ပိတ်ပင်လိုက်သည်။

မိမိတို့ တိုင်းပြည် ပြန်လိုကြသည့် နိုင်ငံခြားသားများအရေးကိုမူ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုင်တွယ်မည်ဖြစ်သည်။

အပန်းဖြေနေရာများအားလုံး၊ အနှိပ်ခန်းနှင့် အလှပြင်ခန်း၊ ကာရာအိုကေ၊ ဘီယာဆိုင်၊ အားကစားလေ့ကျင့်ရေးခန်းမများနှင့် ညဈေးများကိုလည်း ပိတ်သိမ်းရမည်ဟု ဆိုသည်။

အထည်ချုပ်စက်ရုံနှင့် စက်ရုံကြီးများအားလုံး ပိတ်သိမ်းရမည်ဖြစ်ပြီး စားသောက်ကုန်၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းထုတ်လုပ်သည့် စက်ရုံများကိုသာ ဆက်လက်ဖွင့်လှစ်ခွင့်ပေးမည် ဖြစ်သည်။

ဆက်လက်ဖွင့်လှစ်ခွင့်ပေးမည့် လုပ်ငန်းများမှာ ဘဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာ အင်စတီကျူးရှင်းများ၊ စတော့ဈေးကွက်၊ စတော့ပွဲစားများ၊ ဆေးရုံများ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ စာတိုက်များ၊ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုပေးအပ်သည့် ကုမ္ပဏီများ၊ လျှပ်စစ်နှင့် ရေ ကုမ္ပဏီများ၊ အမှိုက်ပစ်လုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန်ဈေးများ၊ စတိုးဆိုင်များ၊ စူပါမာ့ကက်များ၊ လောင်စာဆီဆိုင်များ၊ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များဖြစ်သည်။

ယခုအမိန့်သည် မတ်လ ၃၀ ၊ တနင်္လာနေ့မှ စတင်အသက်ဝင်မည်ဖြစ်သည်။

လာအိုတွင် လက်ရှိအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈ ဦးရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: laotiantimes

### Zawgyi Version ###

မတ္လ ၃၀ ရက္မွ စတင္ျပီး လာအိုႏိုင္ငံ lockdown ခ်ျပီ

လာအို ဝန္ၾကီးခ်ဳပ္ရံုး ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ခ်ာလန္ ယာေပါင္ဟာ ဦးေဆာင္ျပီး သတင္းစာရွင္းလင္းပြဲ က်င္းပခဲ့ရာ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ စပ္လ်ဥ္းျပီး တစ္ႏိုင္ငံလံုးကို lockdown ခ်မွတ္လိုက္ေၾကာင္း ဝန္ၾကီးခ်ဳပ္၏ အမိန္႔ကို ရွင္းလင္းေျပာၾကားခဲ့သည္။

အစိုးရဝန္ထမ္းမ်ားသည္ ဧျပီလ ၁ ရက္မွ ၁၁ ရက္အထိ ေနအိမ္မွ အလုပ္လုပ္ရမည္ျဖစ္ျပီး ယင္းေနာက္တြင္ လာအို ႏွစ္သစ္အားလပ္ရက္ကို ဧျပီ ၁၉ အထိ ရရွိမည္ျဖစ္သည္။

သို႔ေသာ္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ မီးသတ္သမားမ်ား၊ ေရႏွင့္ လွ်ပ္စစ္ဆိုင္ရာ ကုမၸဏီဝန္ထမ္းမ်ား၊ သတင္းမီဒီယာသမားမ်ား၊ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ား၊ လုပ္အားေပးသူမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈကို ႏွိမ္နင္းရန္ ဆက္လက္အလုပ္လုပ္ကိုင္ရမည္ဟု ဝန္ၾကီးခ်ဳပ္၏ အမိန္႔စာတြင္ ေဖာ္ျပသည္။

လာအိုႏိုင္ငံအတြင္း ေနထိုင္သူအားလံုး (ႏိုင္ငံသားမ်ား၊ ႏိုင္ငံျခားမွ ခိုလံႈေနၾကသူမ်ား၊ ႏိုင္ငံမဲ့မ်ား) သည္ ေဖာ္ျပပါ အေၾကာင္းရပ္မ်ားမွ လြဲျပီး ေနအိမ္မွ မထြက္ရန္ တားျမစ္လိုက္သည္ဟု ဆိုသည္။

- မရွိမျဖစ္လိုအပ္သည့္ ကုန္ပစၥည္းမ်ား ဝယ္ယူရန္

- ေဆးရံုသြားရန္

- အျခားေသာ လုပ္ေဆာင္ဖြယ္မ်ား (ဆက္လက္ဖြင့္လွစ္ခြင့္ ေပးအပ္ထားသည့္လုပ္ငန္းတာဝန္မ်ား လုပ္ေဆာင္ရန္)

- အစိုးရအသိအမွတ္ျပဳ လုပ္ငန္းေဆာင္တာမ်ား လုပ္ေဆာင္ရန္

စိုက္ပ်ဳိးေရးလုပ္ငန္းမ်ားမွ လုပ္သားမ်ားကိုလည္း ၎တို႔၏ ဘဝရပ္တည္ေရးအတြက္ ဆက္လက္လုပ္ေဆာင္ခြင့္ေပးထားသည္။

ယခုအမိန္႔ကို ေက်းရြာအုပ္ခ်ဳပ္သူမ်ားအဆင့္အထိ တင္းက်ပ္စြာ ေစာင့္ၾကည့္ကိုင္တြယ္သြားရန္ ညႊန္ၾကားထားသည္။

ေရာဂါကူးစက္ျခင္းခံရသည့္ ျပည္နယ္မ်ား၊ ေဒသမ်ားသို႔လည္း ကုန္စည္ပို႔ေဆာင္ရန္ႏွင့္ ေဆးရံုသြားရန္ အေၾကာင္းရင္းမွ လြဲျပီး သြားလာခြင့္ ပိတ္ပင္လိုက္သည္။

က်န္းမာေရးဌာနႏွင့္ အျခားအာဏာပိုင္တို႔ ပူးေပါင္းျပီး ခရီးသြားလာမည့္သူတို႔၏ က်န္းမာေရးဆိုင္ရာ စာရြက္စာတမ္းမ်ားကို စစ္ေဆးေရးဂိတ္မ်ား ဖြင့္ကာစစ္ေဆးရမည္ဟု ဆိုသည္။

ခရီးသည္ သယ္ယူပို႔ေဆာင္ေရးဝန္ေဆာင္မႈအားလံုးကိုလည္း ယာယီအားျဖင့္ ပိတ္သိမ္းလိုက္ျပီ ျဖစ္သည္။

ကုန္စည္မ်ား စုေဆာင္းျခင္း (သို႔မဟုတ္) မရွိမျဖစ္လိုအပ္သည့္ ပစၥည္းမ်ားျဖစ္ေသာ မ်က္ႏွာဖံုးႏွာေခါင္းစည္း၊ လက္ေဆးဂ်ယ္၊ ေဆးဝါး၊ ေဆးဝါးပစၥည္း၊ ဆန္၊ အစားအေသာက္၊ ေရ အစရွိသည္တို႔ကို ေစ်းႏႈန္းျမွင့္တင္ျခင္း မျပဳလုပ္ရန္လည္း တားျမစ္လိုက္သည္။

ရဲတပ္ဖြဲ႔ဝင္တို႔ကလည္း တင္းၾကပ္စြာ ေစာင့္ၾကည့္ကိုင္တြယ္ရမည္ျဖစ္ျပီး မလုိက္နာသူတို႔ကို ဒဏ္ေငြခ်မွတ္ျခင္းအျပင္ ဥပေဒအရ အေရးယူမႈမ်ားလည္း ျပဳလုပ္ႏိုင္သည္။

သတင္းမွားမ်ား ျဖန္႔ေဝျခင္းႏွင့္ အမ်ားျပည္သူ တုန္လႈပ္ေျခာက္ျခားေအာင္ ျပဳလုပ္ျခင္းမ်ားကိုလည္း တားျမစ္လိုက္သည္။

လူ ၁၀ ဦးႏွင့္အထက္ ေက်ာ္လြန္စုေဝးျခင္းကို တားျမစ္လိုက္ျပီး လာအိုႏွစ္သစ္ပြဲေတာ္မ်ား၊ ဘာသာေရးပြဲမ်ား၊ မဂၤလာေဆာင္မ်ားႏွင့္ ေပ်ာ္ပြဲရႊင္ပြဲအားလံုးကို တားျမစ္လိုက္ျပီ ျဖစ္သည္။

စ်ာပနပြဲမ်ားကို တက္ေရာက္မည့္သူမ်ားအေနျဖင့္ ကိုယ္ပူခ်ိန္စစ္ေဆးျခင္း၊ တစ္ဦးႏွင့္တစ္ဦး ၂ မီတာခြာေနျခင္း၊ ႏွာေခါင္းစည္း တပ္ဆင္ျခင္းႏွင့္ ဆပ္ျပာျဖင့္လက္ေဆးျခင္းမ်ား ျပဳလုပ္ရမည္ ျဖစ္သည္။

ႏိုင္ငံတကာမွ ဝင္ေရာက္လာမည့္သူမ်ားသာမက ျပည္နယ္အခ်င္းခ်င္း သြားလာမႈကိုလည္း လူအားလံုးကို ပိတ္ပင္လိုက္သည္။

မိမိတို႔ တိုင္းျပည္ ျပန္လိုၾကသည့္ ႏိုင္ငံျခားသားမ်ားအေရးကိုမူ ႏိုင္ငံျခားေရးဝန္ၾကီးဌာနက ကိုင္တြယ္မည္ျဖစ္သည္။

အပန္းေျဖေနရာမ်ားအားလံုး၊ အႏွိပ္ခန္းႏွင့္ အလွျပင္ခန္း၊ ကာရာအိုေက၊ ဘီယာဆိုင္၊ အားကစားေလ့က်င့္ေရးခန္းမမ်ားႏွင့္ ညေစ်းမ်ားကိုလည္း ပိတ္သိမ္းရမည္ဟု ဆိုသည္။

အထည္ခ်ဳပ္စက္ရံုႏွင့္ စက္ရံုၾကီးမ်ားအားလံုး ပိတ္သိမ္းရမည္ျဖစ္ျပီး စားေသာက္ကုန္၊ ေဆးဝါးႏွင့္ ေဆးဝါးပစၥည္းထုတ္လုပ္သည့္ စက္ရံုမ်ားကိုသာ ဆက္လက္ဖြင့္လွစ္ခြင့္ေပးမည္ ျဖစ္သည္။

ဆက္လက္ဖြင့္လွစ္ခြင့္ေပးမည့္ လုပ္ငန္းမ်ားမွာ ဘဏ္မ်ား၊ ဘ႑ာေရးဆိုင္ရာ အင္စတီက်ဴးရွင္းမ်ား၊ စေတာ့ေစ်းကြက္၊ စေတာ့ပြဲစားမ်ား၊ ေဆးရံုမ်ား၊ ေဆးခန္းမ်ား၊ ေဆးဆိုင္မ်ား၊ ကယ္ဆယ္ေရးအဖြဲ႔မ်ား၊ စာတိုက္မ်ား၊ တယ္လီဖုန္းဆက္သြယ္ေရးဝန္ေဆာင္မႈေပးအပ္သည့္ ကုမၸဏီမ်ား၊ လွ်ပ္စစ္ႏွင့္ ေရ ကုမၸဏီမ်ား၊ အမႈိက္ပစ္လုပ္ငန္းမ်ား၊ စိုက္ပ်ဳိးေရးထြက္ကုန္ေစ်းမ်ား၊ စတိုးဆိုင္မ်ား၊ စူပါမာ့ကက္မ်ား၊ ေလာင္စာဆီဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ေကာ္ဖီဆိုင္မ်ားျဖစ္သည္။

ယခုအမိန္႔သည္ မတ္လ ၃၀ ၊ တနလၤာေန႔မွ စတင္အသက္ဝင္မည္ျဖစ္သည္။

လာအိုတြင္ လက္ရွိအားျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၈ ဦးရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  laotiantimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service