ကိုရိုနာဗိုင်းရပ်စ်ကို မိမိတို့နေအိမ်တွင် ၁၅ မိနစ်အတွင်း စမ်းသပ်နိုင်မည့်ကိရိယာ သန်းပေါင်းများစွာကို ဗြိတိန်က မကြာမီအတွင်း ဈေးကွက်သို့ တင်ပို့နိုင်တော့မည်

ကိုရိုနာဗိုင်းရပ်စ်ကို မိမိတို့နေအိမ်တွင် ၁၅ မိနစ်အတွင်း စမ်းသပ်နိုင်မည့်ကိရိယာ သန်းပေါင်းများစွာကို ဗြိတိန်က မကြာမီအတွင်း ဈေးကွက်သို့ တင်ပို့နိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
29 Mar 2020 1:06 pm တွင် တင်ခဲ့သည်
37421 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကိုရိုနာဗိုင်းရပ်စ်ကို နေအိမ်တွင် ၁၅ မိနစ်အတွင်း စမ်းသပ်နိုင်မည့် ကိရိယာ သန်းပေါင်းများစွာကို Amazon.com မှတဆင့် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်ကြောင်း အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန (PHE) က ထုတ်ပြန်ကြေညာလိုက်ရာ များစွာသော ပြည်သူတို့ကို lockdown မကြေညာမီ ပုံမှန်အခြေအနေသို့ ပြန်လည်ပို့ဆောင်ပေးနိုင်မည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

PHE မှ အမျိုးသား ကူးစက်ရောဂါဌာန ညွန်ကြားရေးမှူး ပါမောက္ခ ရှာရွန် ပီးကော့ခ်က သိပ္ပံနှင့် နည်းပညာကော်မတီမှ လွှတ်တော် အမတ်များကို ပြောကြားခဲ့ရာတွင် ဗြိတိန်၌ ရက်ပိုင်းအတွင်း လူပေါင်းများစွာကို စစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

အစိုးရကမူ တိကျသေချာမှုပိုင်းနှင့် စပ်လျဉ်းပြီး သတိထားရမည်ဖြစ်ကြောင်း သုံးသပ်ထားရာ ဈေးကွက်အတွင်း အလွန်လျင်မြန်စွာ ရောက်ရှိလာနိုင်မည်လောဟူသည်ကို မခန့်မှန်းနိုင်သေးချေ။

သို့သော် အစိုးရက အဆိုပါစမ်းသပ်ကိရိယာပေါင်း ၃ ဒသမ ၅ သန်း ဝယ်ယူထားပြီးဖြစ်ပြီး ဆက်လက်၍လည်း သန်းပေါင်းများစွာ မှာယူထားသည်ဟုဆိုသည်။

ဝန်ကြီးချုပ်၏ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ အစိုးရ၏ ဆေးပညာနှင့် သိပ္ပံအကြံပေးပုဂ္ဂိုလ်များက ယခုစမ်းသပ်ကိရိယာ များကို ဈေးကွက်အတွင်း မဖြန့်ချိမီ အသေအချာစစ်ဆေးစမ်းသပ်ရန် လိုအပ်သေးကြောင်း ပြောကြသည်ဟု ဆိုသည်။

“ကျွန်တော်တို့အဓိကလုပ်ရမှာက ဒီစမ်းသပ်ကိရိယာတွေဟာ သာမန်ပြည်သူတွေ အသုံးပြုဖို့အတွက် တိကျသေချာတဲ့ ရလဒ်တွေ ရစေနိုင်လားဆိုတာ တွက်ဆရမှာပါ။ တကယ်လို့ မယုံကြည်နိုင်လောက်အောင်ကို တိကျမှုတွေရှိတယ်ဆိုရင် ဈေးကွက်ထဲကို အမြန်ဆုံးနည်းလမ်းနဲ့ ဖြန့်ချိပေးသွားမှာပါ။ တိကျတဲ့ ရလဒ်မထွက်ဘူးဆိုရင်တော့ ဒါတွေကို ဖြန့်ချိခွင့်ပေးသွားမှာ မဟုတ်ပါဘူး” ဆေးပညာအကြံပေးအကြီးအကဲ ခရစ် ဝှစ်တီက ပြောကြားသည်။

နေအိမ်တွင်ပင် စမ်းသပ်နိုင်သည့် အဆိုပါကိရိယာသည် မိန်းကလေးများ ကိုယ်ဝန်ရှိ၊ မရှိ စမ်းသပ်ပုံမျိုးနှင့် များစွာဆင်တူပြီး ယခုစမ်းသပ်ကိရိယာတွင်မူ လက်ချောင်းမှ သွေးဖောက်ကာ သွေးစက်တစ်စက်ရယူပြီး စမ်းသပ်ကိရိယာဖြင့် အဖြေထုတ်ရခြင်း ဖြစ်သည်။

Amazon.com ကလည်း အဆိုပါစမ်းသပ်ကိရိယာများကို ဖြန့်ချိပေးသွားရန် သဘောတူထားပြီး ဆေးပစ္စည်းဆိုင်များသို့လည်း ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

သွေးတစ်စက်ရယူကာ ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း အဖြေသိရမည်ဆိုခြင်းမှာ လက်ရှိအခြေအနေများကို များစွာပြောင်းလဲပေး

လိုက်နိုင်မည့် game-changer တစ်ခုဖြစ်လာနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်လက္ခဏာပေါ်ပေါက်နေသည့် ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများသည် အဆိုပါကိရိယာဖြင့် ၁၅ မိနစ်အတွင်း ရောဂါမရှိကြောင်း သိရလျှင် မိမိတို့ တာဝန်များကို ဆက်လက်ထမ်းဆောင်ခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

ရောဂါရှိကြောင်း အဖြေထွက်ပါကလည်း အခြားသူများကို မကူးစက်စေမီ ဆောလျင်စွာသိရှိကာ သီးခြားခွဲကာ နေထိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

Covid-19 ကူးစက်ခံရပြီးသူများသည် အဆိုပါပိုးကို ခုခံနိုင်သွားကြသည်ဟု ဆိုသည်။ ရောဂါဖြစ်ပွားပြီးသူများ ပြန်လည်ဖြစ်ပွားခြင်းရှိသော်လည်း အလွန်ရှားပါးသည်။

ယခုကိရိယာက စမ်းသပ်ဖော်ထုတ်သည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အစပိုင်းကာလများတွင် ခန္ဓာကိုယ်က ထုတ်လုပ်သည့် ရောဂါကာကွယ်သည့် ပစ္စည်းတစ်မျိုးဖြစ်သော IGM ရှိ၊ မရှိနှင့် ရောဂါပိုးကို တုံ့ပြန်သည့် IGG ပဋိပစ္စည်းရှိ၊ မရှိ စမ်းသပ်ရှာဖွေခြင်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ကိုရိုနာဗိုင္းရပ္စ္ကို မိမိတို႔ေနအိမ္တြင္ ၁၅ မိနစ္အတြင္း စမ္းသပ္ႏိုင္မည့္ကိရိယာ သန္းေပါင္းမ်ားစြာကို ျဗိတိန္က မၾကာမီအတြင္း ေစ်းကြက္သို႔ တင္ပို႔ႏိုင္ေတာ့မည္

ကိုရိုနာဗိုင္းရပ္စ္ကို ေနအိမ္တြင္ ၁၅ မိနစ္အတြင္း စမ္းသပ္ႏိုင္မည့္ ကိရိယာ သန္းေပါင္းမ်ားစြာကို Amazon.com မွတဆင့္ ဝယ္ယူရရွိႏိုင္ေတာ့မည္ျဖစ္ေၾကာင္း အဂၤလန္ျပည္သူ႔က်န္းမာေရးဌာန (PHE) က ထုတ္ျပန္ေၾကညာလိုက္ရာ မ်ားစြာေသာ ျပည္သူတုိ႔ကို lockdown မေၾကညာမီ ပံုမွန္အေျခအေနသို႔ ျပန္လည္ပို႔ေဆာင္ေပးႏိုင္မည့္ ေျခလွမ္းတစ္ရပ္လည္း ျဖစ္သည္။

PHE မွ အမ်ဳိးသား ကူးစက္ေရာဂါဌာန ညြန္ၾကားေရးမွဴး ပါေမာကၡ ရွာရြန္ ပီးေကာ့ခ္က သိပၸံႏွင့္ နည္းပညာေကာ္မတီမွ လႊတ္ေတာ္ အမတ္မ်ားကို ေျပာၾကားခဲ့ရာတြင္ ျဗိတိန္၌ ရက္ပိုင္းအတြင္း လူေပါင္းမ်ားစြာကို စစ္ေဆးေပးႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

အစိုးရကမူ တိက်ေသခ်ာမႈပိုင္းႏွင့္ စပ္လ်ဥ္းျပီး သတိထားရမည္ျဖစ္ေၾကာင္း သံုးသပ္ထားရာ ေစ်းကြက္အတြင္း အလြန္လ်င္ျမန္စြာ ေရာက္ရွိလာႏိုင္မည္ေလာဟူသည္ကို မခန္႔မွန္းႏိုင္ေသးေခ်။

သို႔ေသာ္ အစိုးရက အဆိုပါစမ္းသပ္ကိရိယာေပါင္း ၃ ဒသမ ၅ သန္း ဝယ္ယူထားျပီးျဖစ္ျပီး ဆက္လက္၍လည္း သန္းေပါင္းမ်ားစြာ မွာယူထားသည္ဟုဆိုသည္။

ဝန္ၾကီးခ်ဳပ္၏ ေန႔စဥ္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားရာ၌ အစိုးရ၏ ေဆးပညာႏွင့္ သိပၸံအၾကံေပးပုဂၢိဳလ္မ်ားက ယခုစမ္းသပ္ကိရိယာ မ်ားကို ေစ်းကြက္အတြင္း မျဖန္႔ခ်ိမီ အေသအခ်ာစစ္ေဆးစမ္းသပ္ရန္ လိုအပ္ေသးေၾကာင္း ေျပာၾကသည္ဟု ဆိုသည္။

“ကၽြန္ေတာ္တို႔အဓိကလုပ္ရမွာက ဒီစမ္းသပ္ကိရိယာေတြဟာ သာမန္ျပည္သူေတြ အသံုးျပဳဖို႔အတြက္ တိက်ေသခ်ာတဲ့ ရလဒ္ေတြ ရေစႏိုင္လားဆိုတာ တြက္ဆရမွာပါ။ တကယ္လို႔ မယံုၾကည္ႏိုင္ေလာက္ေအာင္ကို တိက်မႈေတြရွိတယ္ဆိုရင္ ေစ်းကြက္ထဲကို အျမန္ဆံုးနည္းလမ္းနဲ႔ ျဖန္႔ခ်ိေပးသြားမွာပါ။ တိက်တဲ့ ရလဒ္မထြက္ဘူးဆိုရင္ေတာ့ ဒါေတြကို ျဖန္႔ခ်ိခြင့္ေပးသြားမွာ မဟုတ္ပါဘူး” ေဆးပညာအၾကံေပးအၾကီးအကဲ ခရစ္ ဝွစ္တီက ေျပာၾကားသည္။

ေနအိမ္တြင္ပင္ စမ္းသပ္ႏိုင္သည့္ အဆိုပါကိရိယာသည္ မိန္းကေလးမ်ား ကိုယ္ဝန္ရွိ၊ မရွိ စမ္းသပ္ပံုမ်ဳိးႏွင့္ မ်ားစြာဆင္တူျပီး ယခုစမ္းသပ္ကိရိယာတြင္မူ လက္ေခ်ာင္းမွ ေသြးေဖာက္ကာ ေသြးစက္တစ္စက္ရယူျပီး စမ္းသပ္ကိရိယာျဖင့္ အေျဖထုတ္ရျခင္း ျဖစ္သည္။

Amazon.com ကလည္း အဆိုပါစမ္းသပ္ကိရိယာမ်ားကို ျဖန္႔ခ်ိေပးသြားရန္ သေဘာတူထားျပီး ေဆးပစၥည္းဆိုင္မ်ားသို႔လည္း ျဖန္႔ျဖဴးေပးသြားမည္ျဖစ္သည္။

ေသြးတစ္စက္ရယူကာ ၁၀ မိနစ္မွ ၁၅ မိနစ္အတြင္း အေျဖသိရမည္ဆိုျခင္းမွာ လက္ရွိအေျခအေနမ်ားကို မ်ားစြာေျပာင္းလဲေပးလိုက္ႏိုင္မည့္ game-changer တစ္ခုျဖစ္လာႏိုင္သည္။

ကိုရိုနာဗိုင္းရပ္စ္လကၡဏာေပၚေပါက္ေနသည့္ က်န္းမာေရးဌာနမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ားသည္ အဆိုပါကိရိယာျဖင့္ ၁၅ မိနစ္အတြင္း ေရာဂါမရွိေၾကာင္း သိရလွ်င္ မိမိတို႔ တာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္ျခင္း ျပဳလုပ္ႏိုင္မည္ျဖစ္သည္။

ေရာဂါရွိေၾကာင္း အေျဖထြက္ပါကလည္း အျခားသူမ်ားကို မကူးစက္ေစမီ ေဆာလ်င္စြာသိရွိကာ သီးျခားခြဲကာ ေနထုိင္ျခင္းမ်ား ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။

Covid-19 ကူးစက္ခံရျပီးသူမ်ားသည္ အဆိုပါပိုးကို ခုခံႏိုင္သြားၾကသည္ဟု ဆိုသည္။ ေရာဂါျဖစ္ပြားျပီးသူမ်ား ျပန္လည္ျဖစ္ပြားျခင္းရွိေသာ္လည္း အလြန္ရွားပါးသည္။

ယခုကိရိယာက စမ္းသပ္ေဖာ္ထုတ္သည္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ အစပိုင္းကာလမ်ားတြင္ ခႏၶာကိုယ္က ထုတ္လုပ္သည့္ ေရာဂါကာကြယ္သည့္ ပစၥည္းတစ္မ်ဳိးျဖစ္ေသာ IGM ရွိ၊ မရွိႏွင့္ ေရာဂါပိုးကို တံု႔ျပန္သည့္ IGG ပဋိပစၥည္းရွိ၊ မရွိ စမ္းသပ္ရွာေဖြျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service