အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကွပ်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကွပ်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
28 Mar 2020 11:43 am တွင် တင်ခဲ့သည်
952 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
အင်္ဂလန်တွင် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကွပ်ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီ ဖြစ်သည်။ မစ္စတာ ဟန်းကွပ်က သူ၏တွစ်တာအကောင့်တွင် ရေးသားခဲ့ရာ၌ “ဆေးဘက်အကြံပြုချက်တွေအရ ကျွန်တော့်ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကြည့်ဖို့ အကြံပြုခဲ့ကြပါတယ်။ ကျွန်တော့်ဆေးစစ်ချက်အဖြေမှာ ပိုးရှိတယ်လို့ အဖြေထွက်ပါတယ်။ ဝမ်းသာစရာတစ်ခုက ကျွန်တော့်ရောဂါလက္ခဏာတွေက မပြင်းထန်တာပါပဲ။ အခု အိမ်ကနေ အလုပ်လုပ်နေပြီး သီးခြားခွဲ နေနေပါတယ်” ဟု ရေးသားထားသည်။
အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ်ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ကာ ဝန်ကြီးချုပ်၏ ဒေါင်းနင်းလမ်းရုံးတွင် သီးသန့်ခွဲကာ နေထိုင်ခဲ့ရကြောင်း အတည်ပြုလိုက်ပြီး နာရီပိုင်းမျှအကြာတွင် ကျန်းမာရေးဝန်ကြီး၏ သတင်းပေါ်ထွက်လာခြင်း ဖြစ်သည်။
ဗွီဒီယိုဖိုင်ဖြင့် ပေးပို့သော သတင်းစကားပေးပို့မှုတွင် ဝန်ကြီးဟန်းကွပ်က ပြောကြားခဲ့ရာ၌ လာမည့် ကြာသပတေးနေ့အထိ တစ်ဦးတည်း သီးခြားနေထိုင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
“ကျွန်တော့်အတွက် ကံကောင်းတာက ရောဂါလက္ခဏာတွေက တော်တော်လေး ပျော့ပျောင်းမှုရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှု ဖြေရှင်းကိုင်တွယ်ရေးတွေမှာ ဆက်လက်ကူညီတာဝန်ထမ်းဆောင်သွားနိုင်လိမ့်မှာ ဖြစ်ပါတယ်။ nhs တွင်ရှိသူများ၊ လူမှုရေးစောင့်ရှောက်မှု လုပ်ကိုင်နေသူများနှင့် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လုပ်ဆောင်နေသူ တစ်ယောက်မကျန် အားလုံးကို အလွန်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် ” ဟု မစ္စတာ ဟန်းကွပ်ကဆိုသည်။
“ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေသူတွေအတွက် သူတို့လိုအပ်မယ့်အရာကို ကျွန်တော်တတ်နိုင်သမျှအားလုံး ကူညီပံ့ပိုးပေးသွားပါမယ်။ ဒါတွေကို ဒီနေရာကနေ ကျွန်တော်လုပ်ဆောင်သွားမှာပါ။ လာမယ့်ကြာသပတေးနေ့၊ ရောဂါလက္ခဏာတွေ ကင်းစင်ပြီး တစ်ယောက်ထဲသီးသန့်ခွဲနေနေခြင်းကနေ ပြန်ထွက်လာပြီဆိုရင် လိုအပ်တဲ့တာဝန်တွေ ထမ်းဆောင်ဖို့ ကျွန်တော် ပြန်ရောက်လာမှာပါ” ဟု ကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။
ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်သည်လည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိကာ တစ်ဦးတည်းသီးသန့်နေထိုင်နေရသော်လည်း ဗိုင်းရပ်စ်ကူးစက်မှုကို အမျိုးသားအဆင့်တိုက်ထုတ်နေမှုတွင် ဆက်လက်ဦးဆောင်နေမည် ဖြစ်သည်။
ဝန်ကြီးချုပ်က ပြောကြားရာတွင် ၎င်း၏ ရောဂါလက္ခဏာများမှာ မပြင်းထန်ကြောင်း၊ ကိုယ်ပူုချိန်မြင့်မားခြင်းနှင့် အဆက်မပြတ် ချောင်းဆိုးခြင်းသာရှိပြီး လာမည့် ရက်သတ္တပတ်အထိ ဒေါင်းနင်းလမ်း၊ အမှတ် ၁၁ ရုံးမှ အလုပ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် ဝန်ကြီးချုပ်သည် တာဝန်များကို ဗွီဒီယိုကွန်ဖရင့် နည်းပညာဖြင့် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service